← Chapters

အခန်း (၉၈)

Vol. 7 Ch. 98

အခန်း (၉၈)

Vol. 7 Ch. 98

“အဖေ၊ အမေ။” ဖန့်ရှောင်နွမ်က ခင်ပွန်းသည်ရဲ့ပေါင်ပေါ်မှာ ထိုင်နေသည်။ တံခါးဝမှာ သူမရဲ့မိဘတွေကို တွေ့လိုက်ရတော့ သူအံ့သြတကြီး အော်ခေါ်လိုက်သည်။

"နွမ်နွမ်၊ ဘာလို့သမီးကို လင်းချန်က ချီထားတာလဲ။" မစ္စစ်ဖန်က မေးလိုက်သည်။

ဖန့်ရှောင်နွမ်နဲ့ သူမရဲ့ခင်ပွန်းတို့ တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြသည်။ ခင်ပွန်းသည်ရဲ့လက်မှ ချက်ချင်းဆင်းကာ စကားထစ်ထစ်နဲ့ ပြောလိုက်သည်။ "သမီးတို့... သမီးတို့ ပတ်ဆော့နေကြတာ!"

ဖန့် စုံတွဲက လက်ဆောင်တွေကို ချပြီး သခင်ကြီးကျီ ကို ကြည့်လိုက်သည်။ "သခင်ကြီး ကျီ၊ သခင်ကြီးကဘာလို့မတ်တပ်ရပ်နေတာလဲ။ လှဲနေသင့်တယ်"

"ငါ အခုလေးတင် ရှောင်နွမ်နဲ့ ငြင်းခုံနေတာ" သခင်ကြီး ကျီက ဒေါသတကြီးဖြင့် သူ့ချွေးမကို စိုက်ကြည့်ကာ ကုတင်ပေါ် ပြန်ထိုင်လိုက်သည်။

မစ္စစ်ဖန်က သူ့သမီး၏ စရိုက်ကို သဘာဝကျကျ နားလည်သည်။ သူမ လက်ကိုဆန့်ကာ သူမသမီးရဲ့ကျောကို ရိုက်လိုက်သည်။ "နင့်ပါးစပ်ကို လွှတ်ထားပြန်ပြီလား။ နင် စိတ်တိုအောင် လုပ်လိုက်တာမလား"

“အမေ၊ သမီး မလုပ်ပါဘူး။ သမီးက အိမ်ထောင်ကျပြီးနေပြီ။ သမီးမှာ ယောကျ်ားရှိနေပြီ။ အမေ သမီးကိုထပ်ပြီးရိုက်လို့မရဘူး။" ဖန့်ရှောင်နွမ် နှုတ်ခမ်းစူပြီး သူ့ခင်ပွန်းနောက်မှာ စိတ်ပျက်စွာ ပုန်းနေလိုက်သည်။

ကျီလင်းချန်ရဲ့ အမူအရာက သူ့ဇနီး အရိုက်ခံရတာကိုမြင်တော့ ချက်ချင်းအေးစက်သွားသည်။ သူ့လက်ကို သူ့မိန်းမရဲ့ ကျောပေါ်ထားပြီးမေးလိုက်သည်။ “နာသွားလား”

ဖန့်ရှောင်နွမ်က ခင်ပွန်းဖြစ်သူအား ချွဲနေခဲ့သည်။ "နားသွားတယ် အခု နီတောင်နီသွားလောက်ပြီ "

ဖန့်ရှောင်နွမ်က ခင်ပွန်းဖြစ်သူကို ချွဲပြနေပေမယ့် ဆေးရုံကုတင်ပေါ်မှာ လှဲနေတဲ့သခင်ကြီး ကျီက သူမရဲ့စကားကို နားထောင်နေခဲ့သည်။ ဖန့်ရှောင်နွမ်က ဘယ်လောက်ပဲ ဒေါသထွက်စရာကောင်းနေပါစေ၊ သူမက သူ့ချွေးမဖြစ်နေဆဲပင်။ သူ့ရှေ့မှာ သူ့ရဲ့ခမည်းခမည်းက သူ့ချွေးမကို ရိုက်လိုက်တာကတော့ အဓိပ္ပါယ်မရှိဘူး!

“မစ္စတာ ဖန့်၊ ခင်များတို့ အိမ်မှာဆိုရင် ရှောင်နွမ်ကို ခဏခဏရိုက်တတ်တာလား။" သခင်ကြီး ကျီ မေးလိုက်သည်။

သခင်ကြီး ကျီက ဒါကို ရည်ရွယ်ချက်ရှိရှိနဲ့ ထုတ်ပြောနေတာလို့ မစ္စတာဖန့် က ခံစားလိုက်ရပြီး အနည်းငယ် စိတ်မကောင်းဖြစ်မိသည်။ သူ့သမီးက အရိုက်ခံရဖို့အတွက် အသက်အရမ်းကြီးနေပြီ။

မစ္စစ်ဖန့်က သူ့ခင်ပွန်းကိုယ်စား ပြန်ဖြေခဲ့သည်။ “သူမက ကျွန်မတို့ရဲ့စကားကို နားမထောင်ဘူး။ ကျွန်မတို့ နားပူနားဆာလုပ်ရုံနဲ့တင် မလုံလောက်ဘူး။သူမ နည်းနည်းလေးကြောက်သွားအောင်လုပ်ဖို့ လိုတယ်”

သခင်ကြီး ကျီက လေးနက်စွာ ခေါင်းညိတ်ခဲ့သည်။ “ကျွန်တော့်မိသားစုက ကလေးတွေကို ဘယ်တော့မှ မရိုက်ဘူး။ ပြဿနာရှိရင် သူတို့ကို ဆင်ခြင်သုံးသပ်ခိုင်းရမယ်။ ကလေးတွေ စကား နားမထောင်တာက မိဘတွေမှာ အရည်အချင်းမရှိလို့။ အတိုချုပ်ပြောရရင် ကျွန်တော့်ရဲ့ သွန်သင်ဆုံးမတဲ့ပုံစံက ကလေးတွေအပေါ် အကြမ်းဖက်တာက သည်းမခံနိုင်ဘူး။ ခင်များတို့ ကျွန်တော့်မိသားစုဆီက သင်ယူရမယ်!"

ကျေးဇူးတင်စရာကောင်းစွာဖြင့် ကျီဝမ်က သခင်ကြီး ကျီ အခု ပြောလိုက်တာကို မကြားလိုက်ရပေ။ ကျီမိသားစုက တကယ်မှန်လို့လား။ သူ ငယ်ငယ်ကတည်းက အရိုက်မခံရဖူးဘူးလား။ သူကြီးပြင်းလာချိန်မှာ ဘယ်သူကမှ သူ့ကိုအကြောင်းပြချက်မပေးခိုင်းတာလဲ။ သူ နားထောင်လိုစိတ်ရှိသည်။

ဖန့်ရှောင်နွမ် နားလည်သွားသည်။ သခင်ကြီး ကျီက သူမကို ကာကွယ်ပေးနေတာ။ သူမက အဆင်မပြေဖြစ်နေတဲ့လေထုကို ဖြေလျှော့ဖို့ ရှေ့ကို အမြန်ထွက်လာခဲ့သည်။ “အဖေ၊ တစ်ခါတလေကျရင် ကျွန်မက လူတွေကို စိတ်အနှောင့်အယှက်ဖြစ်စေတယ်။ ခုနကလိုပဲ ကျွန်မပြုမူမိတဲ့အခါ ကျွန်မရဲ့မိဘတွေက ကျွန်မကို ရိုက်တယ်"

သခင်ကြီး ကျီက ဖန့်ရှောင်နွမ် သူ့ကို အိပ်ရာပေါ်ကနေဆင်းလာအောင် တွန်းအားပေးခဲ့တယ်ဆိုတာကို ချက်ချင်း သတိရသွားသည်။ ဒီလိုသာ တကယ်ဖြစ်ခဲ့ရင် သူမကို တကယ်ရိုက်ခံသင့်တယ်။ သူ ကိုးရိုးကားရားနိုင်စွာ ချောင်းဆိုးလိုက်သည်။

မစ္စတာဖန့် က အကြောင်းအရာကို အမြန်ပြောင်းလိုက်သည်။ "သခင်ကြီး ကျီ၊ အခုနေကောင်းနေတဲ့ပုံပဲ။ သခင်ကြီးဘာလို့ ဆေးရုံက မဆင်ရသေးတာလဲ"

ဖန့်ရှောင်နွမ် ရှင်းပြလိုက်သည်။ “အဖေ၊ အဖေက၊ သူ…” သူမ ရုတ်တရက် သတိရသွားသည်။ အခန်းထဲမှာ ယောက်ျား သုံးယောက် ရှိပြီး သူတို့ထဲက နှစ်ယောက်က သူမရဲ့အဖေတွေ။ သူမ သူတို့ကို ဘယ်လိုနာမည်တပ်ရမလဲ။ သူမ ဒီခေါင်းစဉ်ကိုပဲ ကျော်သွားနိုင်ခဲ့သည်။

“သူက အသက်ကြီးလာလို့ ဗိုက်လည်း မကောင်းတော့ဘူး။ သူ့ရဲ့ အစာချေဖျက်မှုကလည်း မကောင်းတဲ့အတွက် အစာအိမ်ရောဂါခံစားရပြီး ဆေးရုံတက်ရတာ” အဖိုးကြီးက သူ၏ကောင်းတဲ့ပုံရိပ်ကို ထိန်းသိမ်းချင်ကြောင်း ဖန့်ရှောင်နွမ် သိသည်။ ထို့ကြောင့် သူ ရေခဲမုန့်ခိုးစားလိုက်လို့ ဆေးရုံတက်ရတာဆိုတာကို သူမ မပြောခဲ့ပေ။ အဲဒီအစား သူ အသက်ကြီးလာတာကြောင့်လို့ ပြောခဲ့သည်။

သခင်ကြီး ကျီရဲ့ အမူအရာက ပိုကောင်းလာသည်။ ဤလိမ္မာပါးနပ်တဲ့ချွေးမရဲ့ ရည်ရွယ်ချက်ကောင်းတွေကို သူလက်ခံခဲ့သည်။ “အသက်ကြီးလာတဲ့အခါ ခန္ဓာကိုယ်မှာ ပြဿနာတွေမျိုးစုံ စပြီးကြုံလာရလိမ့်မယ်။ မင်းတို့နှစ်ယောက်က အရမ်းအလုပ်များကြတာကို။ မင်းတို့လာလည်ဖို့ မလိုပါဘူး"

မစ္စတာဖန့် ပြောလိုက်သည်။ "ဘာကိုဆိုလိုတာလဲ။ ရှောင်နွမ်က သခင်ကြီး ဆေးရုံတင်ထားရတယ်လို့ ကျွန်တော်တို့ကို ပြောတော့ ဘာတွေဖြစ်နေလဲဆိုတာကို ကျွန်တော်တို့ အပြေးအလွှား လာကြည့်ကြတာ။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကျန်းမာနေသေးတဲ့ လူတစ်ယောက် ဘာကြောင့် ဆေးရုံကို ရုတ်တရက် ရောက်သွားတာလဲ။ နွမ်နွမ်က ဒီမနက်ထိ အဲ့တာကို ရှင်းရှင်းလင်းလင်း မရှင်းပြခဲ့ဘူး။ ဒီကိုလာတဲ့လမ်းမှာ သူ့အမေနဲ့ကျွန်တော် စိတ်မသက်မသာဖြစ်နေခဲ့တာ ”

"အဖေ၊ ဒီမနက် အဖေတို့နဲ့ စကားစမြည်ပြောပြီးတော့ သမီးရဲ့ယောက်ျားက မုန့်တွေ တစ်ပုံကြီးနဲ့ ပြန်လာတာ။ သမီးလည်း ပျော်သွားပြီး အဲ့တာကို မေ့သွားတယ်” လို့ ဖန့်ရှောင်နွမ်က ဝမ်းနည်းစွာ ရှင်းပြခဲ့သည်။

သူမ ဝမ်းနည်းသလို ခံစားရသည်။ ဒါက သူမရဲ့အမှားဖြစ်ကြောင်း ရှင်းရှင်းလင်းလင်းသိရပေမယ့် ကျီလင်းချန်ကတော့ ဒါဟာ တရားမျှတတဲ့အသံလို့ မထင်ပေ။

“ရပါတယ်။ အစားအသောက်က အရေးကြီးဆုံးအရာပဲ” ကျီလင်းချန်ပြောလိုက်သည်။

ဖန့် စုံတွဲက သူတို့ရဲ့သမီးလေး ကျီ မိသားစုမှာ ကောင်းမွန်တဲ့ဘဝမျိုး မရရှိမှာ စိုးရိမ်ခဲ့ကြသည်။ အခုတော့ ဆယ်မိနစ်လောက် စကားစမြည်ပြောပြီးသွားတော့ သူတို့ လုံးဝ စိတ်သက်သာရာရသွားကြသည်။

သခင်ကြီးကျီက ရှောင်နွမ်ကို ကာကွယ်ပေးခဲ့ပြီး သူမရဲ့မိဘတွေကို သူမအား ရိုက်ခွင့်မပြုခဲ့ပေ။ သားမက်က သူ့သမီးလေးကို ရင်ခွင်ထဲမှာ ထည့်ထားပြီး သူမကို မြတ်နိုးတယ်ဆိုတာ သိသာသည်။

ထို့အပြင် သူ့သမီး အမှားလုပ်မိတဲ့အခါမှာ သူမ ပထမဆုံးရှာတဲ့လူမှာ ကျီလင်းချန် ဖြစ်သည်ကို မစ္စတာဖန့် သတိပြုမိခဲ့သည်။ သူမ ကြောက်နေတဲ့အခါမှာ ကျီလင်းချန်ရဲ့ နောက်မှာ ပုန်းနေလိမ့်မယ်။

သူ့မိန်းမက အဲဒါကို သတိမထားမိတာ ဖြစ်နိုင်သည်။ ယောက်ျားတစ်ယောက်အနေနဲ့ သူ အဲ့တာကို ခံစားမိနိုင်သည်။ ထိုဟာက နားမလည်နိုင်တဲ့ ယုံကြည်မှုနဲ့ အားကိုးမှုတစ်မျိုးပါပင်။

တစ်ခါတုန်းက သူ့သမီး အမှားလုပ်မိတဲ့အခါ သူ့နောက်မှာ ပုန်းနေခဲ့သည်။ သူ့သမီးက သူ့ကို အားကိုးတယ်ဆိိုတာမျိုး သူ ခံစားခဲ့ရသည်။ ဘာကြောင့်လဲဆိုတော့ သူက သူမကို ကာကွယ်စောင့်ရှောက်ပေးမှာပဲလို့ စိတ်ထဲမှာ သိနေတာကြောင့်ပင်။

All Chapters