← Chapters

အခန်း (၉၉)

Vol. 7 Ch. 99

အခန်း (၉၉)

Vol. 7 Ch. 99

အခုတော့ သူ့သမီးက တခြားလူနောက်မှာ ပုန်းနေသည်။ ကျီလင်းချန်လည်း အလားတူခံစားရမည်ဟု သူယုံကြည်ခဲ့သည်။ တစ်စက္ကန့်အတွင်း မစ္စတာဖန့်က ဆုံးရှုံးမှုကို ခံစားလိုက်ရသည်။

အဲ့တာက တခြားလူက သူ့သမီးရဲ့ အကာအကွယ်ဖြစ်လာတော့သည်။

ကျီလင်းချန်က သူ့ယောက္ခထီးရဲ့ ထူးဆန်းတဲ့အမူအရာကို သတိပြုမိခဲ့သည်။ သူ့လက်မောင်းကို ဖက်ထားတဲ့ ဇနီးလေးကို တစ်ချက်ကြည့်လိုက်သည်။ ဖြစ်ပျက်နေတာတွေကို သူနားလည်သည်။ "အဖေ၊ ရှောင်နွမ် နဲ့ ကျွန်တော် အဖေတို့နှစ်ယောက်ဆီ ရက်အနည်းငယ်အတွင်း လာလည်ပါ့မယ်။"

မစ္စတာဖန့် ပြောလိုက်သည်။ “ဟိုပြေးလိုက်သည်ပြေးလိုက်လုပ်ရတာ အရမ်းဒုက္ခများတယ်။ မင်းအဖေကို အရင် ဂရုစိုက်လိုက်ပါ။ အိမ်ပြန်သွားရင် ရက်အနည်းငယ် အနားယူလိုက်ကြဦး"

ကျီလင်းချန် ပြုံးလိုက်သည်။ “အဆင်ပြေပါတယ်။ ကျောင်းပြီးရင် သူမအတွက် ဖြစ်မှာ။ ကျွန်တော် အလုပ်ပြီးရင် အိမ်ပြန်မယ်။ အဖေ သူမကိုလွမ်းရင် ကျွန်တော်တို့ဆီဖုန်းဆက်လိုက် ကျွန်တော်တို့ အဖေ့ဆီလာလည်မယ်။ အခု သူမကလက်ထပ်ပြီးပြီ ဆိုတော့ အဲဒါကို ကျင့်သားရဖို့ အချိန်တစ်ခုတော့လိုလိမ့်မယ်။ အဖေတို့ဆီ အလည်လာဖို့ ကျွန်တော် သူမကို ခေါ်လာပေးပါ့မယ်"

သူ့သားရဲ့စကားကြားတော့ သခင်ကြီး ကျီက သူ့မိသားစုက "ဖန့်မိသားစုရဲ့ပုလဲ" ကို လုယူသွားခဲ့မိကြောင်း သိလိုက်ရသည်။ လင်မယားနှစ်ယောက် အိမ်မှာ ဘယ်လောက် အထီးကျန်နေလိုက်ကြမလဲ!

“ဟုတ်တယ်၊ ဟုတ်တယ်! မစ္စတာဖန့်၊ ခင်များ ရှောင်နွမ် ကို လွမ်းနေတယ်မလား။ ဒီနေ့ သူမကို အိမ်ပြန်ခေါ်သွားလိုက်။ ပြဿနာမရှိဘူး။ သူမကို ရက်အနည်းငယ်လောက် အိမ်မှာပြန်ခေါ်ထားလိုက်" သခင်ကြီးကျီ က ဒီ စိတ်တိုစရာကောင်းတဲ့ ချွေးမကို ခေါ်သွားဖို့ အမြန်ပြောခဲ့သည်။ သူမ ဒီမှာဆက်နေနေရင် သူ ဒီထက်ပိုပြီး ဒေါသထွက်ရမှာ။

ဖန့်ရှောင်နွမ်က အိပ်ယာပေါ်မှာ လှဲနေတဲ့ ယောက္ခထီးကို ကြည့်လိုက်သည်။ "အဖေ၊ အဖေ့ကို ဒီအတိုင်းထားမသွားနိုင်ပါဘူး။ ကျွန်မယောကျ်ားနဲ့ ကျွန်မ အဖေ့ကို ကောင်းကောင်း ဂရုစိုက်ပေးပါ့မယ်"

“မလိုပါဘူး။ ပြန်သွားပြီး ကစားသင့်တယ်!"

ဖန့်ရှောင်နွမ် ထွက်မသွားပေ။ သခင်ကြီး ကျီက အရမ်းစိတ်ဆိုးနေပေမယ့် ကူကယ်ရာမဲ့နေသည်။

ဒါကိုမြင်တော့ ဖန့် စုံတွဲက သူတို့ရဲ့သမီးလေး ကျီ မိသားစုမှာ နေထိုင်တတ်နေပြီဆိုတာ သိလိုက်ရသည်။ လင်မယားနှစ်ယောက်က ထပ်ပြီးအကြာကြီး မနေတော့ပေ။ သူတို့ အလုပ်ရှုပ်နေတဲ့ကြားကနေ လာခဲ့သဖြင့် အချိန်ခဏလောက်လည်ပြီးနောက် ထပြီး ပြန်သွားကြသည်။

သူတို့မထွက်သွားခင်မှာ မစ္စစ်ဖန့်က သူ့သမီးလေးကို နဖူးကိုရိုက်လိုက်ပြီး သူမကိုတုန်နေအောင် ချစ်တဲ့လေသံနဲ့ သင်ခန်းစာပေးခဲ့သည်။ “မုန့်တွေကို နည်းနည်းပဲစား။ အိမ်ထောင်က ကျနေပြီ၊ အခု အရွယ်ရောက်နေပြီနော်"

ဖန့်ရှောင်နွမ်က မခို့တရို့ ပြုမူခဲ့သည်။ “သမီးက အဲ့တာတွေ စားချင်နေလို့မှ မဟုတ်တာ။ သမီးယောက်ျားက သမီးအတွက် ဝယ်လာပေးခဲ့လို့ "

ကျီလင်းချန် ခေါင်းညိတ်လိုက်သည်။ "အဖေနဲ့အမေ၊ ကျွန်တော် ရှောင်နွမ်ကို ထိခိုက်အောင် မထားပါဘူး။ တစ်ချို့အရာတွေကို သူမ နှစ်သက်တယ်ဆိုရင် သူ့အတွက် ကျွန်တော်ဝယ်ပေးမှာ "

ရှောင်နွမ်ရဲ့ မိဘတွေက ခေတ္တမျှဘာပြောရမှန်းမသိဘဲ တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသည်။ နှစ်ယောက်သား ကားပေါ်ပြန်တက်ခဲ့ကြသည်။ မစ္စစ်ဖန့်က က အံ့အားသင့်စွာဖြင့် မေးလိုက်သည်။ “ယောကျ်ား၊ နွမ်နွမ် လင်းချန်နဲ့ လက်ထပ်လိုက်တာက သူတို့ တစ်ယောက်နဲ့တစ်ယောက် ခံစားချက်တွေ ပေါက်ဖွားလာကြပြီလား”

မစ္စတာဖန့်က ကားကို စတင်နှိုးလိုက်သည်။ သူ ပြန်ဖြေခဲ့သည်။ “သူတို့ အတူတူနေရဖို့ ကံကြမ္မာဖန်လာကြတာ ”

လူနာခန်းထဲက မထွက်သွားခဲ့တဲ့ ဖန့်ရှောင်နွမ်က အပူပေးစက်တောင် မဖွင့်ခဲ့တာကို သခင်ကြီး ကျီ မြင်လိုက်ရသည်။ 'ငါအိမ်ပြန်ရရင် ဆံပင်စိုက်ပစ်ဦးမယ်' လို့ သူ့ စိတ်ထဲမှာ တိတ်တဆိတ် ကျိန်ဆိုခဲ့သည်။

လူနာကို ဘယ်လို ပြုစုရမှန်း မသိတဲ့ လူနှစ်ယောက် ရှိနေတာကြောင့်၊ သခင်ကြီး ကျီက နေ့လည်စာ စားချိန်ရောက်တဲ့အထိ ဘာမှ မပြောဖြစ်ခဲ့ပေ။ ကုတင်ပေါ်တွင်ထိုင်ကာ ကုတင်နှင့်မနီးမဝေး ဆိုဖာပေါ်မှာ ထိုင်နေတဲ့ သူ့ချွေးမကို ကြည့်လိုက်သည်။ သူမ မုန့်စားနေသည်။

ဖန့်ရှောင်နွမ်က စပ်ပြီး အာဟာရမရှိတဲ့မုန့်ထုပ်ကို ဖောက်လိုက်သည်။ သင်းပျံ့တဲ့ရနံ့က အခန်းတစ်ခုလုံးကို လွှမ်းခြုံသွားသည်။ သခင်ကြီး ကျီ တံတွေးတွေ မျိုချလိုက်သည်။ အနံ့က အရမ်းကောင်းတယ်!

ကျီလင်းချန်က သူ့အဖေဗိုက်ဆာနေတာကိုမြင်တော့ မေးလိုက်သည်။ "အဖေ၊ ဗိုက်ဆာနေပြီလား"

"ငါဗိုက်မဆာဘူး၊ ငါဗိုက်မဆာဘူး!" သခင်ကြီးကျီက အလေးပေးကာ ပြောခဲ့သည်။ သူ့ခန္ဓာကိုယ်ထဲကို ထိုးသွင်းထားတဲ့ အေးစက်တဲ့အရည်တွေကိုကြည့်ပြီး သူ့ကိုယ်သူပြောခဲ့သည်။ 'ခဏလေးပဲနေလိုက်ဦး။ နှစ်ပုလင်းပဲ ကျန်တော့တယ် '

ဖန့်ရှောင်နွမ်လည်း သူ့အဖေက စပ်ပြီးအာဟာရမရှိတဲ့မုန့်ကို စားချင်နေတယ်ဆိုတာကို သတိထားမိလိုက်သည်။ သူမ အထုပ်ကို ကိုင်ကာ သူ့ဆီချဉ်းကပ်သွားလိုက်သည်။ "အဖေ ပါးစပ်ဟ အဖေ့ကို ပါးစပ်အပြည့်ကျွေးမယ်"

သခင်ကြီး ကျီ က တကယ်ပဲ ပါးစပ်ဟခဲ့သည်။ “စိတ်မပူပါနဲ့။ ငါ နည်းနည်းပဲစားမယ်။"

ကျီလင်းချန်က သူ့ရဲ့ မိုက်မဲတဲ့ ဇနီးလေးကို အမြန်တားလိုက်သည်။ "ရှောင်နွမ်၊ အဖေက ခုထိ မသက်သာသေးဘူး။ သူ ဒီအစပ်တွေ စားလို့မရဘူး"

ဖန့်ရှောင်နွမ်က သူ့ယောက္ခထီးရဲ့ ဖြူဖျော့နေတဲ့မျက်နှာကို ကြည့်ပြီး သူနာပြုရဲ့သတိပေးချက်ကို တွေးနေမိသည်။ သူမ လက်ကို ပြန်ရုတ်လိုက်သည်။ “အဖေ၊ အဖေ အခု ဒါတွေကို စားလို့မရသေးဘူး။ အဖေ ဆေးရုံက ဆင်းတာနဲ့ အဖေ့ကိုဝယ်ကျွေးမယ်နော်"

သခင်ကြီး ကျီက သူ့သားကို စိုက်ကြည့်ခဲ့သည်။ သူ့သားက အခု သူ အာဟာရမရှိတဲ့ဟာတွေ စားလို့မရမှန်း သိပေမယ့် သူက သူ့မိန်းမအတွက် အဲ့မုန့်တွေ အများကြီး ဝယ်ထားပေးသေးသည်။ အဆိုးဆုံးကတော့ သူ့မိန်းမက သူ့နှာခေါင်းအောက်မှာ အကုန်စားနေတာ။

သူမ သူ့ကို ဆွဲဆောင်နေတာ မဟုတ်ဘူးလား?

ကျီလင်းချန် သူ့မိန်းမကို ပြောလိုက်သည်။ "ရှောင်နွမ်၊ ထပ်မစားတော့နဲ့"

ဖန့်ရှောင်နွမ်က အပိုင်းအစ အနည်းငယ်သာ ကျန်ရှိတော့သည်ကို မြင်လိုက်ရကာ ပြောလိုက်သည်။

“ကျွန်မ အပြင်ကော်ရစ်တာမှာ သွားစားလိုက်မယ်။ စားပြီးတာနဲ့ ပြန်လာခဲ့မယ်။ အဖေ့ကို ဒီအနံ့တွေမခံစေချင်ဘူး" အဲဒါနဲ့ သူမက စပ်ပြီးအာဟာရမရှိတဲ့မုန့်တစ်ဝက်တဲ့အထုပ်ကို ယူပြီး ထွက်သွားခဲ့သည်။

လူနာခန်းထဲမှာ သားအဖနှစ်ယောက်ပဲ ရှိတော့သည်။ သခင်ကြီး ကျီရဲ့ ဗိုက်က တဟုန်ထိုးမြည်လာသည်။ သူ ရှက်ရွံ့စွာ ကြည့်လိုက်သည်။ ကံကောင်းထောက်မစွာ၊ သူ့သားတစ်ယောက်ပဲ ရှိနေခဲ့သည်။

ကျီလင်းချန်က သူ့အဖေကို မကြည့်ခဲ့ပေ။ သူ့အဖေ ဗိုက်ဆာလားဆိုတာကိုလည်း မမေးချေ။ အဲဒီအစား ကုတင်ခြေရင်းကိုသွားပြီး သူ့ယောက္ခမနဲ့ ယောက္ခထီးယူလာတဲ့လက်ဆောင်တွေကို ဖွင့်ကြည့်လိုက်သည်။ ဂျုံနဲ့ထောပတ်တို့ဖြင့်လုပ်ထားတဲ့မုန့် တစ်ဘူးရှိနေသည်။ သူ အထုပ်တစ်ထုပ်ကို ထုတ်၍ဖောက်ပြီး သူ့အဖေကိုပေးလိုက်သည်။ “အဖေ၊ ဒါလေးစားမလား။ အဖေ့ရဲ့ဘယ်လက်ကိုသုံး "

အပ်က သခင်ကြီး ကျီရဲ့ ညာလက်မှာ ရှိနေသည်။ သူ့ဘယ်ဘက်လက်ဖြင့် တူကိုအသုံးပြုလို့ အဆင်မပြေသော်လည်း ဒီဟာက ယူရခက်မည်မဟုတ်ပေ။

All Chapters