← Chapters

အခန်း (၁၀၀)

Vol. 7 Ch. 100

အခန်း (၁၀၀)

Vol. 7 Ch. 100

ကျီလင်းချန်က သူ့အဖေ မသက်မသာဖြစ်နေမှာကို စိုးရိမ်နေသေးသဖြင့် ကိတ်မုန့်တစ်လုံးကို ထုတ်ကာ သူနဲ့အတူ စားခဲ့သည်။

လူနာခန်းက အရမ်းတိတ်ဆိတ်နေသည်။ အသက်ရှုသံနဲ့ အစားဝါးစားနေတဲ့အသံကိုသာ ကြားနိုင်သည်။

ကျီလင်းချန်နဲ့ သူ့အဖေက ဆယ်နှစ်ကျော်ကြာအောင် အဆင်ပြေပြေ မနေခဲ့ပေ။ ဒီလို အေးချမ်းတဲ့ အခိုက်အတန့်ကို သူတို့ ဘယ်တုန်းကမှ မမျှဝေခဲ့ဖူးချေ။

သခင်ကြီး ကျီ ချောင်းဆိုးခဲ့သည်။ ကျီလင်းချန်က သူ့ကို ချက်ချင်း ရေနည်းနည်းထည့်ပေးဖို့ သွားလိုက်သည်။ သားအဖနှစ်ယောက် တခြားဘာမှ မပြောခဲ့ကြပေ။ သခင်ကြီးကျီက သူနဲ့ သူ့ရဲ့ဒုတိယသားကြားမှာ တခဏတာ ငြိမ်းချမ်းခြင်းကိုပင် ခံစားနေရသည်။

သူတို့မုန့်တွေ စားပြီးတဲ့အခါမှာ ဖန့်ရှောင်နွမ် ပြန်ရောက်လာခဲ့သည်။ သူမက သစ်သီးဖျော်ရည်ပုလင်းကို ကိုင်ထားသည်။ အခု သူမရဲ့ယောက္ခထီး ဗိုက်ဆာနေမယ်ဆိုတာ သူမလည်း သဘောပေါက်သွားသည်။ ဒါပေမယ့် သူ့ရဲ့ညာလက်က IV နဲ့ ချိတ်ထားကြောင်း သူမသိသည်။ စားဖို့ခက်တာမို့ သူ့ကိုကျွေးဖို့ တစ်ယောက်ယောက်ကို အားကိုးဖို့ လိုသည်။ ထိုအချိန်တွင် သူမနှင့် သူမ၏ခင်ပွန်းက သူ့ကို ဘယ်လိုခွံ့ကျွေးရမလဲဆိုတာကို မသိတာကြောင့် သူ့ကိုယ်သူ ဗိုက်မဆာပါဘူးလို့ အတင်းအကြပ် ပြောနေခဲ့သည်။

ဖန့်ရှောင်နွမ်က စပ်တဲ့မုန့်ကို အပြီးသတ်ဖို့ ကော်ရစ်တာကိုသွားမယ်လို့ ပြောခဲ့ပေမယ့် လက်တွေ့မှာတော့ သူမ မစားခဲ့ပါချေ။ စင်္ကြံမှာစားတာက တခြားလူတွေကို အနှောင့်အယှက် ဖြစ်စေသည်။ သူမက အတွင်းလူနာဌာနမှထွက်ကာ ဆေးရုံအပြင်ဘက်ရှိ စူပါမားကတ်သို့ ပြေးသွားခဲ့သည်။ သူမရဲ့ယောက္ခထီးအတွက် သစ်သီးဖျော်ရည်တစ်ပုလင်း ဝယ်လာခဲ့သည်။ သူမ ပုလင်းအဖုံးကို လိမ်ပြီးဖွင့်ကာ သခင်ကြီး ကျီ ကို ပေးလိုက်သည်။

"အဖေ၊ ဗိုက်ဆာတာပြေသွားအောင် အရင်သောက်ထားလိုက်။ ဒီဆေးရည်တွေသွင်းပြီးသွားရင် လင်းချန်က က ကျွန်မတို့ကို နေ့လယ်စာသွားစားဖို့ ပို့ပေးလိမ့်မယ်။ ဆေးရုံက စားစရာတွေက အရမ်းဆိုးဝါးတယ်”

သခင်ကြီး ကျီ ပုလင်းကိုကြည့်ပြီး ချောင်းဆိုးခဲ့သည်။ "မင်း ငါ့အတွက် ဖျော်ရည်ဝယ်ဖို့ အပြင်ထွက်သွားတာလား။"

ဖန့်ရှောင်နွမ် ခေါင်းညိတ်လိုက်သည်။ "ကျွန်မအတွက်လည်း မုန့်အစပ်နောက်တစ်ထုပ် ထပ်ဝယ်လာခဲ့တယ်"

သခင်ကြီး ကျီနဲ့ ကျီလင်းချန်က ဒီကလေးမလေး လိမ်နေတယ်ဆိုတာကို သိသည်။ ဖျော်ရည်ဝယ်ဖို့ပဲ သူမ သွားခဲ့တယ်ဆိုတာ ထင်ရှားသည်။

သခင်းကြီး ကျီ အရမ်းခံစားလိုက်ပြီး တစ်ငုံသောက်လိုက်သည်။ သူ့သားနဲ့ စားခဲ့တဲ့ မုန့်တွေအကြောင်း တွေးနေတုန်းပဲ။ သူက အမှတ်ရစရာဟောင်းတွေကို ပြန်တွေးပြီး သတိမထားမိဘဲ မျက်ရည်ကျလာခဲ့သည်။

ဖန့်ရှောင်နွမ်က မုန့်စားတာကို ရပ်လိုက်သည်။ ဆိုဖာပေါ်တွင် ထိုင်ကာ ယောက္ခထီးရဲ့ IV ချိတ်ထားတာကို ပျင်းရိစွာ ကြည့်နေသည်။ ကျီလင်းချန်က သူမ မသက်မသာနဲ့ထိုင်နေတာကို တွေ့လိုက်ရတာကြောင့် လက်ဆန့်ကာ သူ့မိန်းမကို ဖက်လိုက်သည်။ သူက သူမကို သူ့ရင်ခွင်ထဲ ထည့်ထားလိုက်သည်။

ဖန့်ရှောင်နွမ်က မူနေတာတွေ မလုပ်ခဲ့ပေ။ အဲ့ဒီအစား သူမက ခင်ပွန်းဖြစ်သူထံကပ်ကာ သူ့ရင်ဘတ်ကို အမှန်တကယ် မှီလိုက်သည်။ "ယောကျ်ား၊ အဖေ IV ကုသတာပြီးသွားရင် ရှု့ရှန်း ဥယျာဥ်မှာ သွားစားကြရအောင်!"

ကျီလင်းချန်ရဲ့ နှုတ်ခမ်းတွေက အပြုံးရေးရေးလေးတစ်ခုအဖြစ် ကွေးညွတ်သွားသည်။ "ဘာလဲ၊ စားချင်တာရှိလို့လား"

ဖန့် ခေါင်းညိတ်လိုက်သည်။ “ဒါပေမယ့် အဲ့က အစားအသောက်က အရမ်းဈေးကြီးတယ်။ ကျွန်မ အဲ့အပေါ် ပိုက်ဆံသုံးဖို့ မတတ်နိုင်ဘူး။ ရှင့်မှာ ပိုက်ဆံရှိတယ်ဆိုတော့ ရှင့် ပိုက်ဆံကို ကျွန်မတို့သုံးလို့ရတယ်။"

ကျီလင်းချန်က သူ့မိန်းမနဲ့ စကားစမြည်စပြောခဲ့သည်။ "တုံးလိုက်တဲ့ ကောင်မလေး၊ ကိုယ့်ဥစ္စာက မင်းဥစ္စာပဲမဟုတ်ဘူးလား"

ဖန့်ရှောင်နွမ် ပြောလိုက်သည်။ "ဟမ့်၊ အဲဒါက မတူဘူး။ ကျွန်မတို့က အခု တစ်သားတည်းဖြစ်နေပေမယ့် တစ်ခုခုအတွက် ရှင် ပိုက်ဆံပေးလိုက်တိုင်း ကျွန်မရဲ့ပိုက်ဆံမကုန်သလိုမျိုး ခံစားနေရတုန်းပဲ။"

ကျီလင်းချန် အလိုလိုက်သလို ပြောလိုက်သည်။ “ဟုတ်ပါပြီ၊ ခဏနေ မင်းကြိုက်သလောက်မှာ။ ကိုယ် ပိုက်ဆံ ပေးပါ့မယ်။" ခေတ္တရပ်ပြီးနောက် သူ ထပ်မေးလိုက်သည်။ “မင်းကိုယ့်ကို လက်မထပ်ခင် မင်းမှာ ပိုက်ဆံမရှိဘူးလား”

သူသိသလောက်တော့ ဖန့် မိသားစုက မိသားစုကြီးမဟုတ်ပေမယ့် သူတို့ရဲ့ နှစ်စဉ်အမြတ်ငွေကတော့ မနည်းပါပေ။ သူမ ရှု့ရှန်းဥယျာဥ်သို့ အစားအသောက်သွားစားချင်ရင် အဲ့တာက လွယ်ကူမှာပင်။

ဖန့်ရှောင်နွမ် စဥ်းစားမနေဘဲ ဖြေလိုက်သည်။ “ကျွန်မမှာ ပိုက်ဆံရှိပါတယ်၊ ဒါပေမယ့် ကျွန်မ မသုံးနိုင်ဘူး။ အဖေ့ကို အပြင်ထွက်စားဖို့ အမြဲတောင်းဆိုခဲ့ပေမယ့် သူက အမြဲတမ်း အလုပ်ရှုပ်နေခဲ့တာ။ သူက လူမှုရေးပွဲတွေနဲ့ ပူးပေါင်းတဲ့ကိစ္စတွေအကြောင်း ဆွေးနွေးရတာကြောင့်မို့ ကျွန်မနဲ့အဖော်လိုက်ပေးဖို့ အချိန်မရှိခဲ့ဘူး။ ပြီးတော့ အမေကလည်း ဘယ်တုန်းကမှ အသုံးအဖြုန်းမကြီးခဲ့ဘူး။ တစ်ခါတစ်လေတော့ သူမက ကျွန်မနောက်အဖော်လိုက်ပေးပါတယ်။ မောင်လေးကျတော့ အိမ်မှာ မနေဘူး။ ကျွန်မတစ်ယောက်တည်းသွားရင် အဆင်မပြေဘူးလေ။ ဒါကြောင့် အပြင်ထွက်စားတယ်ဆိုတာက ရှားတယ်”

ကျီလင်းချန် သူ့ဘာသာ တွေးလိုက်မထသည်။ 'ဒါကြောင့်မို့လို့ကို' အဲ့တာကြောင့် သူ့ဇနီးလေးက သူမရဲ့ကိုယ်ပိုင်ငွေကို မသုံးချင်တာ။ ဒါပေမယ့် သူမက အခြားသူတွေရဲ့ပိုက်ဆံကိုသုံးဖို့တော့ နှစ်သက်သည်။

တိုက်တိုက်ဆိုင်ဆိုင်ပဲ သူက အလွန်ချမ်းသာသည်။

ကျီလင်းချန်က သူ့ဇနီးလေးရဲ့ စကားတွေကိုကြားပြီးနောက်မှာ သူ ပွင့်ပွင့်လင်းလင်းပြောခဲ့သည်။ “အနာဂတ်မှာ မင်းလုပ်ချင်တာကို လုပ်။ မင်းရဲ့ကိုယ်ပိုင်ပိုက်ဆံကို မသုံးချင်ဘူးဆိုရင် မင်းပြေစာတစ်ခုရှိထားဖို့တော့ လိုတယ်။ မင်းအိမ်ပြန်ရောက်ရင် မင်းယောကျ်ားက မင်းကိုပြန်ပေးလိမ့်မယ်"

"တကယ်လား " ဖန့်ရှောင်နွမ် ခေါင်းမော့ပြီး ယောကျ်ားဖြစ်သူကို မော့ကြည့်လိုက်သည်။ အတည်ပြုချက်ရှာနေစဉ် သူမမျက်လုံးတွေက အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေသည်။

"တကယ်ပေါ့။ အနာဂတ်မှာ ကုမ္ပဏီက CEO ရဲ့ဇနီးအတွက် သီးသန့်အကောင့်ဖြစ်တဲ့ အကောင့်အသစ်တစ်ခုကို ထပ်ထည့်ပေးထားလိမ့်မယ် "ကျီလင်းချန် စကားပြောလို့ပြီးသွားသောအခါ ဖန့်ရှောင်နွမ်က သူမရဲ့ရှက်နေတဲ့မျက်နှာကို သူ့ရင်ခွင်ထဲမှာ ဖွက်ထားခဲ့သည်။

ဆေးရုံကုတင်ပေါ်တွင် တစ်ယောက်တည်း လှဲနေတဲ့ သနားစရာ လူနာက ဝမ်းနည်းခြင်းအခိုက်အတန့်ကို ခံစားခဲ့ရသည်။ 'ကါ ဘာလို့ ဒီအိမ်ထောင်ရေး အဆင်ပြေအောင် လုပ်ခဲ့မိတာလဲ၊ ငါ့ရှေ့မှာ သူတို့ကို ဒီလို ပြုမူခွင့် ပေးထားရတာလဲ'

အရင်ကတော့ သူတို့နှစ်ယောက်လုံး အိမ်ထောင်မပြုချင်ကြပေ။ သူက သူတို့ကို ခြိမ်းခြောက်ခဲ့တဲ့သူဖြစ်သည်။ နောက်ဆုံးမှာ သူတို့က စုံတွဲတစ်တွဲ ဖြစ်လာခဲ့ကြသည်။ အခုတော့ ဒီစုံတွဲက လူနာတစ်ယောက်ရဲ့ရှေ့မှာ သူတို့ရဲ့ ချစ်ခြင်းမေတ္တာတွေကို ပြောင်ပြောင်တင်းတင်း ထုတ်ဖော်ပြသခဲ့ပြီး သူ့ရဲ့ခံစားချက်တွေကို လုံးဝဂရုမစိုက်ခဲ့ကြပေ။ သခင်ကြီး ကျီက ဤလူငယ်စုံတွဲကို မုန်းတီးခဲ့သည်။

တစ်နာရီလောက်ကြာတော့ သူနာပြုဆရာမ ရောက်လာပြီး အပ်ကို ဖြုတ်ပေးခဲ့သည်။ ဒါကလည်း သခင်ကြီး ကျီ သက်သာသွားပြီလို့လည်း ဆိုလိုသည်။ အပ်ကို ဖြုတ်ပြီးနောက် စိတ်အနှောင့်အယှက်ဖြစ်စေသော လင်မယားနှစ်ယောက်ကို လူနာခန်းအပြင်ဘက်သို့ ချက်ချင်း မောင်းထုတ်ခဲ့သည်။

"ဟေး အဖေ၊ ကျွန်မတို့ကို ဘာလို့ နှင်ထုတ်တာလဲ" ဖန့်ရှောင်နွမ်က လူနာခန်းထဲမှ တွန်းထုတ်ခံခဲ့ရပြီး ကျီလင်းချန်ရဲ့ နောက်မှာ အနီးကပ် လိုက်ပါသွားခဲ့သည်။

All Chapters