အခန်း (၁၀၂)
Vol. 7 Ch. 102
ဖန့်ရှောင်နွမ်က သူတို့ မှာရတော့မယ်ဆိုတာကို ကြားတော့ ချက်ချင်းပြေးပြီး ကျီလင်းချန်ကို မှီလိုက်သည်။ သူမ သူ့ဘေးကို မှီလိုက်ကာ မီနူးကို မြင်တော့ မျက်လုံးတွေ တောက်ပလာခဲ့သည်။ သူမက ငါးတစ်ကောင်ကို လက်ညှိုးထိုးပြပြီး ပြောခဲ့သည်။ "ယောကျ်ား၊ ကျွန်မ ဒါစားချင်တယ်"
ကျီလင်းချန်က မန်နေဂျာကို ခေါင်းညိတ်ပြလိုက်ပြီး မန်နေဂျာက ချက်ခြင်း မှတ်လိုက်သည်။
ကျီလင်းချန်က သူ့ဇနီး မှာနေစဉ်မှာ မီနူးကို စိတ်ရှည်စွာ လှန်ပေးခဲ့သည်။ ရုတ်တရက် ခေတ္တရပ်လိုက်ပြီး တစ်စုံတစ်ခုကို ရိပ်မိသွားပုံရသည်။ “အဖေ့အတွက် ဒီစွပ်ပြုတ် မှာလိုက်။ အဖေက ဗိုက်မကောင်းဘူး။"
“ကောင်းပါပြီ၊ ဒါကိုတော့ ရှင့်အတွက် မှာလိုက်မယ်နော် ယောကျ်ား။ ပြီးတော့ ဒီဟာကော။ ရှင်က ပေါ့တဲ့ ဟင်းလျာတွေကို ကြိုက်တယ်။ ဒါက ရှင်နဲ့ ကိုက်လိမ့်မယ်"
“ကျွန်မက အသား ကြိုက်တယ်။ နောက်ထပ် အသားဟင်း နှစ်ပွဲ ထပ်မှာလိုက်မယ်…” ဖန့်ရှောင်နွမ်က မှာနေရင်း တိုးတိုးလေး ပြောခဲ့သည်။
ကျီလင်းချန်က သူမရဲ့ လေးနက်နေတဲ့ အမူအရာကို ကြည့်ပြီး ရယ်ခဲ့သည်။ "မင်း ကိုယ့်ရဲ့အကြိုက်ကို ဘယ်တုန်းက လေ့လာခဲ့တာလဲ"
ဖန့်ရှောင်နွမ်က ကျီလင်းချန်ရဲ့လက်မောင်းကို ဖက်ပြီး ချိုချိုသာသာလေး ပြောလိုက်သည်။ “ကျွန်မက ရှင့်ရဲ့မိန်းမလေ။ ကျွန်မ ဒါလေးကိုတောင် မသိဘူးဆိုရင် မိန်းမအဖြစ် ဘယ်လိုလုပ် သတ်မှတ်နိုင်မှာလဲ။”
ဖန့်ရှောင်နွမ် ပြောတာ မှန်သည်။ သူက ပေါ့တဲ့ ဟင်းလျာတွေကို နှစ်သက်ပြီး အဆီများလွန်းသော သို့မဟုတ် ငန်လွန်းသော အစားအစာများကို မကြိုက်ပေ။ ဒါပေမယ့် ဒီအကြောင်းကို သိတဲ့သူ အလွန်နည်းပါးသည်။ သူ့မိသားစုအရင်းတွေက အဲဒါကို သဘောမပေါက်သေးပေမယ့် သူ့ရဲ့ဇနီးအသစ်လေးက အဲဒီအပေါ်မှာ ကောက်ချက်ချခဲ့သည်။ သူ့အဖြေကို အပြုံးဖြင့်မတိုက် နိုင်တော့ဘဲ သူ့စိတ်တွေ ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့သည်။
ဖန့်ရှောင်နွမ်က စုစုပေါင်း ဟင်းခြောက်ပွဲနဲ့ စွပ်ပြုတ်ကို မှာခဲ့သည်။ ကျီလင်းချန်က နောက်ထပ် ဟင်းပွဲတွေ ထပ်မမှာအောင် ဆောလျင်စွာ တားလိုက်သည်။ အဲ့လိုမှမဟုတ်ရင် သူမ နောက်ထပ် ဒါဇင်ပေါင်းများစွာကို မှာနေလောက်ပြီ။
ဖန့်ရှောင်နွမ် မပျော်ရွှင်စွာပြောလိုက်သည်။ "ဟွန့် ၊ ယောကျ်ားကလည်း ကျွန်မတို့မှာ ပိုက်ဆံအလုံအလောက်ရှိတာကို၊ ဒါပေမယ့် ကျွန်မတို့ မစားရသေးတဲ့ အရသာရှိတဲ့ ဟင်းတွေအများကြီး ကျန်သေးတယ်လေလို့"
ကျီလင်းချန် က သူမကို နှစ်သိမ့်ပေးခဲ့သည်။ “လိမ္မာတယ်။ နောက်တခါ မင်း ထပ်မှာစားဖို့ အခွင့်အရေးရပါလိမ့်မယ်။"
ဖန့်ရှောင်နွမ်ရဲ့ မျက်လုံးတွေ တောက်ပလာပြီး သူမ အလျင်စလို မေးလိုက်သည်။ "အဲ့ဒါက ဘယ်တော့လဲ"
“ဒီနေ့မဟုတ်ရင် ဘယ်နေ့မဆို အဆင်ပြေတယ်။ မင်းလာတဲ့အချိန်တိုင်း ကိုယ်တို့ ဒီကိုလာလို့ရတယ်” လို့ ကျီလင်းချန်က ကတိပေးခဲ့သည်။
“အိုခေ၊ သိပြီ။” ဖန့်ရှောင်နွမ်က နာခံစွာဖြင့် မန်နေဂျာကို ကြည့်ကာ သူ့ကိုသတိပေးလိုက်သည်။ "ကျွန်မတို့ရဲ့ ဟင်းပွဲတွေမှာ ငရုတ်သီးတွေတစ်တောင့်မှ မပါလာအောင်ဂရုစိုက်ပေးနော်"
မှာထားတာကို စစ်ဆေးပြီးနောက် မန်နေဂျာမှ ထွက်ခွာသွားခဲ့သည်။
မန်နေဂျာထွက်သွားပြီးနောက် ကျီလင်းချန်က ဖန့်ရှောင်နွမ်ရဲ့ခါးကိုဖက်ကာ မေးလိုက်သည်။ "အပေါ်ထပ်မှာစားတာက ဒါ မင်းရဲ့ပထမဆုံးအကြိမ်လား။ မင်းနဲ့ အဖေ ဒီကို အရင်က မလာဖူးဘူးလား"
ဖန့်ရှောင်နွမ် ခေါင်းညိတ်ပြီး ပြန်ဖြေခဲ့သည်။ “အဖေက ကျွန်မကို ဒီကို ခေါ်မလာဘူး။ မိသားစုနဲ့ ဒီမှာစားတုန်းက အောက်ထပ်က ဧည့်ခန်းမှာ ထိုင်တာ”
ကျီလင်းချန် နားမလည်တာကိုမြင်တော့ သူမက ရှင်းပြခဲ့သည်။ “အပေါ်ထပ်က ထိုင်ခုံက လုပ်ငန်းကိစ္စဆွေးနွေးဖို့အတွက်လို့ အဖေက ပြောခဲ့တာ။ မိသားစုက အောက်ထပ်မှာ ထိုင်ရတာ ပိုအဆင်ပြေမယ်လို့ သူပြောခဲ့တာ”
ကျီလင်းချန် မျက်ခုံးပင့်ပြီးပြောလိုက်သည်။ “အဲဒါက ကျိုးကြောင်းဆီလျော်တယ်။ နောက်တခေါက် ကိုယ် ဧည့်ခန်းမှာ ထိုင်ကြည့်မယ်"
ဖန့်ရှောင်နွမ် မျက်တောင်ခတ်ပြီး စိတ်ဆိုးသွားသည်။ 'ငါအရမ်းအတာပဲ။ ငါ့ပါးစပ်ကို ဘာလို့အဲလို လွှတ်ထားလိုက်ရတာလဲ။' ဒါပေမယ့် သူတို့ထိုင်တဲ့နေရာက အရေးမကြီးပါပေ။ အရသာရှိတဲ့ အစားအစာတွေ စားနိုင်သရွေ့ သူမ ပျော်ရွှင်နေမှာ။
ခဏကြာတော့ ကျီလင်းချန် ရှု့ရှန်ဥယျာဥ် မှာ စားသောက်နေတယ်ဆိုတဲ့ သတင်းက ပျံ့နှံ့သွားခဲ့သည်။ သူ့ဇနီးကို ခေါ်လာတယ်လို့လည်း ပြောထားသည်။
မိနစ်အနည်းငယ်အကြာမှာ လူအများအပြားက ကျီလင်းချန်ကို လာနှုတ်ဆက်ကာ ကြုံဆုံခွင့်ရခဲ့တယ်လို့ အခိုင်အမာပြောထားကြသည်။
သူတို့ ဖန့်ရှောင်နွမ်ကိုတွေ့တော့ အားလုံးက မေးခဲ့ကြသည်။ "ဒါမစ္စစ် ကျီ ဖြစ်ရမယ် ဟုတ်တယ်မလား"
ကျီလင်းချန်က သူ့အပေါ် မှီထားတဲ့ မိန်းကလေးကို ကြည့်ပြီး အပြုံးလေးနဲ့ မိတ်ဆက်ပေးခဲ့သည်။ “ဒါက ကျွန်တော့်ရဲ့မိန်းမ ဖန့်ရှောင်နွမ် ”
ဖန့်ရှောင်နွမ်လည်း ထိုလူတွေကို အပြုံးဖြင့် နှုတ်ဆက်ခဲ့သည်။ သူမက ယဥ်ကျေးသိမ်မွေ့ပြီး မရှက်တတ်ပေ။ ဤငြိမ်သက်မှုက သခင်ကြီး ကျီကို အလွန်ကျေနပ်စေသည်။ ဒီမိန်းကလေးက တစ်ခါတစ်ရံ ကလေးဆန်ပေမယ့်၊ သူမက အလွန်ရဲရင့်ဆဲပင်။ သူမက သဘောထားသေးတဲ့သူ မဟုတ်ပေ။ သူ ဖန့်ရှောင်နွမ်နဲ့ ပထမဆုံးတွေ့ခဲ့ဖူးတဲ့အချိန်ကို တွေးမိသည်။ သူမက ရုပ်ဆိုးတဲ့သူလို ဟန်ဆောင်ရန် တမင်တကာ ဟန်ဆောင်နေသော်လည်း သူမ၏ စိတ်နေစိတ်ထားနှင့် သူမ၏ မျက်လုံးတွေက သာမန်လူတွေနဲ့ ကွဲပြားနေပြီးသားဖြစ်သည်။
ဒါကိုတွေးပြီး သခင်ကြီး ကျီက လက်ဖက်ရည်တစ်ငုံသောက်ပြီး ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ သူက လက်ဖက်ရည်ကို အရမ်းကျေနပ်ပုံရပြီး သူ့ချွေးမကိုလည်း ကျေနပ်ပုံရသည်။
အသိမိတ်ဆွေ ထွက်သွားပြီးနောက် ဖန့်ရှောင်နွမ်ရဲ့ အမူအရာက ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။ တောက်ပနေတဲ့ သူမရဲ့ မျက်လုံးကြီးကြီးတွေကို ဖွင့်ကြည့်ရင်းပြောခဲ့သည်။ “ယောကျ်ား၊ ဒီလူတွေကို ဒီမှာ မတော်တဆတွေ့ရတာ မဟုတ်ဘူးလို့ ခံစားရတယ်။ ရှင်ကောဘယ်လိုထင်လဲ"
“ဟုတ်တယ်” ကျီလင်းချန်က ဖန့်ရှောင်နွမ်ရဲ့ ဆံပင်ကို သပ်ပေးရင်း ပေါ့ပေါ့ပါးပါး ပြန်ဖြေခဲ့သည်။ သူချစ်ရတဲ့ အိမ်မွေးတိရိစ္ဆာန်လေးကို ပွတ်သပ်ပေးနေသလိုမျိုး သူ့လုပ်ရပ်တွေက စေ့စပ်ကာ လေးနက်နေခဲ့သည်။
ခဏအကြာတွင် စားပွဲထိုးတစ်ယောက်က ဟင်းလျာတွေကို စတင်တည်ခင်းပေးခဲ့သည်။ ဟင်းပေါင်း များစွာကို စားပွဲပေါ် ချထားသည်။ ဖန့်ရှောင်နွမ်ရဲ့ မျက်လုံးတွေ ချက်ချင်းပင် တောက်ပလာသည်။ “အဖေ၊ စားရအောင်။ ဒီအနံ့တွေ အားလုံးက အရမ်းစျေးကြီးတယ်!”
သခင်ကြီး ကျီက မရယ်ဘဲ မနေနိုင်ခဲ့ပေ။ "အနံ့ကကောင်းတယ်လို့ ပြောရမှာမဟုတ်ဘူးလား"
"ဟုတ်တယ် အနံ့လေးက အရမ်းကကောင်းတာပဲ! အဲဒါကြောင့် ဒါတွေက အရမ်းဈေးကြီးတာဖြစ်ရမယ်။” ထိုစကားကိုပြောပြီးနောက် ဖန့်ရှောင်နွမ်က ပုဇွန်တစ်ကောင်လုံးကိုယူကာ သူမပါးစပ်ထဲ ထည့်လိုက်သည်။
' ပုဇွန်အသားက လတ်ဆတ်တယ်၊ ချိုတယ်၊ နူးညံ့တယ်။' သူမ အကြိမ်အနည်းငယ်သာဝါးပြီးနောက် ချက်ခြင်းမျိုချလိုက်သည်။ ထို့နောက် သူမ ဒိန်ခဲနဲ့ ပြောင်းဖူးကို အလျင်အမြန် ခပ်လိုက်ပြီး ပါးစပ်ထဲ ထည့်လိုက်သည်။ ချက်ခြင်း ချိုမြိန်တဲ့ မွှေးရနံ့က သူမ ပါးစပ်ထဲ ပြည့်လျှံသွားသည်။ သူမ မျက်စိကိုမှေးပြီး ပြောလိုက်သည်။ “ဝိုး၊ အရမ်းအရသာရှိတယ်။ ယောကျ်ား၊ စားကြည့်။ အရမ်းအရသာရှိတယ်!”
ကျီလင်းချန်က အရိပ်တကြည့်ကြည့်နဲ့ ပြုံးလိုက်ပြီး သူ့တူတွေကို ကောက်ကိုင်ကာ စစားတော့သည်။