← Chapters

အခန်း (၁၀၃)

Vol. 7 Ch. 103

အခန်း (၁၀၃)

Vol. 7 Ch. 103

ဒါပေမယ့် အဆောက်အဦးရဲ့ ဆန့်ကျင်ဘက်ထောင့်မှ တစ်စုံတစ်ယောက် သူတို့ကို စိုက်ကြည့်နေသည်ကို ဘယ်သူမှ သတိမထားမိခဲ့ကြပေ။

လင်းချမ်ရဲ့ ဖုန်းက သူမလက်ထဲမှာရှိနေပြီး ဖန့်ရှောင်နွမ် သူမရဲ့ အစားအသောက်ကို နှစ်သက်စွာစားနေတာ သူမ ကြည့်ရှုနေခဲ့သည်။ ခဏအကြာတွင် ဖုန်းဝင်လာသည်။ သူမ ပြောလိုက်သည်။ “ဝမ်းကွဲ၊ ငါ အဲဒီအမျိုးသမီးကို တွေ့ခဲ့တယ်…”

မိနစ်နှစ်ဆယ်အကြာမှာ ဖိတ်မထားတဲ့ ဧည့်သည်တစ်ဦး ရောက်လာခဲ့သည်။

"လင်းချန်" လင်းရိုက လူတိုင်းရှေ့မှာ သနားစရာကောင်းစွာ ပေါ်လာခဲ့သည်။

ထိုအသံကို သူမ ကြားတော့ ဖန့်ရှောင်နွမ်မော့ကြည့်လိုက်တဲ့အခါမှာ “အားနည်းနေတဲ့” ထိုအမျိုးသမီးကို ထပ်တွေ့လိုက်ရသည်။ ဖန့်ရှောင်နွမ်ရဲ့ အမူအရာက မည်းမှောင်သွားသည်။ ပြီးခဲ့တုန်းက ဒီအမျိုးသမီးက သူမနဲ့ သူမရဲ့ယောက်မကြား သဘောထားကွဲလွဲစေရန် တမင်ကြိုးစားခဲ့သည်။ သူမရဲ့ ရန်လိုတဲ့ သဘောသဘာဝကို သူမ မေ့မရခဲ့ပေ။ ဒီအမျိုးသမီး သူတို့ရှေ့မှာ ပေါ်လာလိမ့်မယ်လို့ သူမ မျှော်လင့်မထားပေ။ ဖန့်ရှောင်နွမ် တူတွေကို ချပြီး ပြောလိုက်သည်။ "မစ္စ လင်း၊ ရှင် ဘာလို့ ကျွန်မယောက်ျားရဲ့ နာမည်ကိုခေါ်နေရတာလဲ။"

"ငါ သူ့ကို တွေ့ဖို့လိုလို့" လင်းရိုက သူမ၏မျက်နှာပေါ်မှာ နစ်နာတဲ့အကြည့်ဖြင့် ကြည့်နေသည်။ သူမ ကျီလင်းချန်ကို ကြည့်နေရင်း မျက်လုံးထဲက မျက်ရည်တွေ စီးကျလာခဲ့သည်။ သူမ ကြီးစွာသော မတရားမှုကို ခံစားခဲ့ရပုံရသည်။

ထပ်ပြီး သနားစရာကောင်းချင်ယောင်ဆောင်နေတာလား။ ဖန့်ရှောင်နွမ် ပြောစရာစကားမဲ့သွားသည်။ သနားစရာကောင်းသလို ဟန်ဆောင်တာက ယောက်ျားတစ်ယောက်ရဲ့နှလုံးသားကို အနိုင်ယူနိုင်တယ်လို့ ဒီအမျိုးသမီး ထင်နေတာလား။ သာမန်လူတစ်ယောက်အပေါ်မှာတော့ ဒါကအလုပ်ဖြစ်ပေမယ့် ကျီမိသားစုက သူမရဲ့ယောကျ်ားအပေါ်မှာတော့အလုပ်မဖြစ်ပေ။

ကျီလင်းချန်ရဲ့မျက်လုံးတွေက ဖန့်ရှောင်နွမ်ဆီမှာသာရှိနေသည်။ သူ လင်းရိုကိုတောင် မကြည့်ခဲ့ပေ။ သူက ငြိမ်နေသည်။

ဖန့်ရှောင်နွမ် ပြောလိုက်သည်။ "ရှင့်မှာ ပြောစရာရှိရင် ကျွန်မကိုပြော။ ကျွန်မယောက်ျားက ရှင့်ကို မုန်းတယ် ပြီးတော့ သူ ရှင်နဲ့ စကားမပြောချင်ဘူး"

ကျီလင်းချန် သူမကို လျစ်လျူရှုနေတာကိုမြင်တော့ လင်းရိုက သခင်ကြီးကျီကို ကြည့်လိုက်သည်။ သခင်ကြီး ကျီက ဘာမှမပြောခဲ့ပေ။ သူလည်း သူမကို လျစ်လျူရှုထားပုံရသည်။

ကျီလင်းချန်က ဖန့်ရှောင်နွမ်ရဲ့ ပန်းကန်ထဲ အစားအသောက်တွေကို ဆက်ပြီးထည့်ပေးနေသဖြင့် လင်းရိုကို လုံးဝကြည့်မယ့်ပုံမပေါ်ပေ။

လင်းရို အရှုံးမပေးဘဲ ထပ်မေးလိုက်ပြန်သည်။ "လင်းချန်၊ နင် ဒီကို ခဏလောက်လာလို့ရမလား။ ငါ နင့်ကိုပြောစရာရှိတယ်"

သူမရဲ့ခင်ပွန်းဖြစ်သူကို မရပ်မနား နှောင့်ယှက်နေတာမြင်တော့ ဖန့်ရှောင်နွမ် မျက်ဖြူလှန်လိုက်သည်။ သူမရဲ့ ဗိုက်ကို ဆုပ်ကိုင်လိုက်သည်ပြီး နာနေသလိုဟန်ဆောင်ကာ အော်လိုက်သည်။ "အား!"

"ဘာဖြစ်လို့လဲ ရှောင်နွမ် " ကျီလင်းချန် စိုးရိမ်စိတ်ဖြင့် ချက်ချင်းမေးလိုက်သည်။သခင်ကြီး ကျီ လည်း သူ့ချွေးမကို စိုးရိမ်တကြီး ကြည့်နေသည်။ သူ့ဘာသာ တွေးနေခဲ့သည်။ 'သူမလည်း အစာအိမ်ရောဂါ ဖြစ်နေတာလား'

ဖန့်ရှောင်နွမ်က လင်းရိုရဲ့ တုံ့ပြန်မှုကို တစ်ချက်ကြည့်လိုက်ပြီး ကျီလင်းချန်အား ချွဲတဲ့အသံဖြင့် ပြောလိုက်သည်။ "ယောကျ်ား၊ ကျွန်မ အဆင်ပြေပါတယ်။ ကလေးကန်နေတာ ဖြစ်နိုင်တယ်”

"ဖူး!" ဒါကိုကြားတော့ သခင်ကြီး ကျီက သူသောက်နေတဲ့လက်ဖက်ရည်ကို ထွေးထုတ်မိသွားသည်။ သူ မရပ်မနား ချောင်းဆိုးတော့သည်။ သူကြားတာများ မှားနေတာလား။ ကလေးလား? ကလေးက ဘယ်ကရောက်လာတာလဲ။

သခင်ကြီး ကျီ ချောင်းဆိုးနေတာကို ဖန့်ရှောင်နွမ် မြင်ပြီး အမြန်မေးလိုက်သည်။ “အဖေ ဘာဖြစ်လို့လဲ”

သခင်ကြီးကျီက သူ့လက်ကို ဝှေ့ယမ်းကာ အကြိမ်အနည်းငယ် ချောင်းဆိုးပြီး နောက်ဆုံးမှာတော့ ရပ်သွားခဲ့သည်။

ဖန့်ရှောင်နွမ်က လင်းရိုကို ဒေါသတကြီးစိုက်ကြည့်ကာ ပြောလိုက်သည်။ "မစ္စလင်း၊ရှင်ရှိနေတာက ကျွန်မယောက္ခထီးကို နေရတာမကောင်းစေဘူးဆိုတာ ရှင်းနေတယ်။ ရှင် ဒီမှာ ဆက်ရပ်ဖို့ အာရုံရှိနေတုန်းလား"

သခင်ကြီး ကျီ တွေးလိုက်သည်။ 'ငါက နေရတာမကောင်းတာလား'

လင်းရိုရဲ့ မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်သွားသည်။ သူမက သူမရဲ့ဒေါသကို ပြင်းပြင်းထန်ထန် မျိုသိပ်ကာ ဖန့်ရှောင်နွမ်အား ပြောလိုက်သည်။ "ငါ မကြာခင် ထွက်သွားမှာပါ၊ ဒါပေမယ့် ငါ လင်းချန် ကို ပြောစရာတစ်ခုရှိတယ်။ ငါ သူနဲ့ နှစ်ယောက်တည်း စကားပြောချင်တယ်"

ဖန့်ရှောင်နွမ် သူမကို မျက်ဖြူလှန်ပြလိုက်ပြီး ကျီလင်းချန် ရဲ့လက်ကို ဆွဲယူပြီး သူမရဲ့ဗိုက်ပေါ်တင်လိုက်သည်။ သူမက ကလေးဆန်တဲ့လေသံဖြင့် ပြောခဲ့သည်

“ယောကျ်ား ၊ ကလေးလေး ဒေါသထွက်နေတာဖြစ်နိုင်တယ်။ ရှင် တခြားမိန်းမနဲ့တွေ့ပြီး ရှင့်မိန်းမနဲ့ကလေးကို တစ်ယောက်တည်းထားခဲ့လို့မရဘူးနော်”

ကျီလင်းချန် ကြက်သေသေသွားသည်။ ကလေးက ဒေါသထွက်နေတာလား? သူ့မိန်းမက ဒီလိုပြောရဲတာ အမှန်ပဲ။

"ကောင်းပြီ ကိုယ်သိပြီ။ ကိုယ် ဘယ်မှမသွားပါဘူး” လို့ ကျီလင်းချန် ကတိပေးလိုက်သည်။

ထိုစကားကိုပြောပြီးနောက် သူ့လက်ကို သူမရဲ့အပေါ်တင်ထားရာမှ အောက်သို့ရွှေ့လိုက်သည်။ သူက သူမကို အသံတိုးတိုးနဲ့ ပြန်သတိပေးလိုက်သည် “ချစ်လေး၊ ကလေးက ဒီမှာ။ စောနက အစာအိမ်နေရာ”

“အိုး အိုကေ၊” ဖန့်ရှောင်နွမ်က သူမရဲ့အမူအရာ မပြောင်းလဲဘဲ ပြန်ဖြေခဲ့သည်။ ထို့နောက် သူမက သူမ၏ ဝမ်းဗိုက်အောက်ပိုင်းကို ငြိမ်သက်စွာ ဆက်ဆုပ်ကိုင်ထားသည်။

လင်းရိုရဲ့ မျက်နှာက ဒေါသအဖြစ်ပြောင်းသွားသည်။ သူမက ဖန့်ရှောင်နွမ်ကို ခုန်အုပ်ပစ်ပြီး သတ်ပစ်ချင်နေသလို ပြင်းပြင်းထန်ထန် စိုက်ကြည့်နေသည်။

လင်းရိုရဲ့ တုံ့ပြန်မှုကို မြင်တော့ ဖန့်ရှောင်နွမ် အရမ်းကျေနပ်သွားသည်။ သူမအား ဂုဏ်ယူစွာဖြင့်ပြောလိုက်သည်။ “ရှင် ပြောစရာရှိရင် မြန်မြန်ပြော။ ဒီနေရာမှာပဲပြော။ ရှင်ပြောပြီးရင် ထွက်သွားလိုက်တော့။ ဒီမှာ မပြောချင်ဘူးဆိုရင် ထွက်သွားလိုက်”

"ဖန့်ရှောင်နွမ်၊ နင်က ဒီနေရာမှာ ငါ့ကို တကယ်ပြောစေချင်တာလား။" လင်းရို သူမရဲ့နှုတ်ခမ်းကို ကိုက်ထားသည် ။

ဖန့်ရှောင်နွမ် ခေါင်းညိတ်ပြီး ပြောလိုက်သည်။ "ရှင့်မှာက လိမ်ညာမှုတွေနဲ့ ပြည့်နေတာ။ ကျွန်မတို့မိသားစုတစ်စုလုံး ရှင့်ကို သတိထားရမယ်။ ရှင်က ဗီလိန်တစ်ယောက်ပဲ!"

လင်းရိုရဲ့ သွေးတွေ ပွက်ပွက်ဆူလာသည်။ သူမ ဘာမှမပြောနိုင်ခင်မှာ သူမကို ဗီလိန်လို့ခေါ်နေပြီ။ သူမ ဖန့်ရှောင်နွမ်ရဲ့ ဗိုက်ကိုကြည့်ကာ လှောင်ခဲ့သည်။ "နင်ကသာ လိမ်ညာမှုတွေ ပြည့်နှက်နေတဲ့သူ ဟုတ်တယ်မလား"

"ကျွန်မကလား။ ကျွန်မက လိမ်နေတာလားဆိုတာကို ကျွန်မယောကျ်ားနဲ့ ယောက္ခထီးကို ဘာလို့မမေးရတာလဲ။ နောက်ပြီး ရှင်ပြောတာတွေကို သူတို့ကြားချင်နေမယ်လို့ ရှင်ထင်လား။" ဖန့်ရှောင်နွမ် တမင်တကာစိတ်ကိုဆွပေးပြီး ပြန်ဖြေလိုက်သည်။ သူမဆိုတဲ့ ဖန့်ရှောင်နွမ်က လိမ်လည်ခဲ့ရင်တောင် သူမရဲ့မိသားစုက သူမကို ယုံလိမ့်မယ်ဆိုတာ လင်းရိုကို သိစေချင်သည်။ ဒါပေမယ့် လင်းရိုက အမှန်တရားကိုပြောရင်တောင် ဘယ်သူမှ သူမရဲ့စကားကို နားထောင်ချင်မှာ မဟုတ်ဘူး။

"ဖန့်ရှောင်နွမ်၊ ပြီးခဲ့တုန်းက ယောက်မကို ရိုက်တဲ့အတွက် နင့်ကို မကျေသေးဘူး!" လို့ လင်းရို ပြောလိုက်သည်။

ဒါကိုကြားတော့ ဖန့်ရှာင်နွမ် ရုတ်တရက် ထရပ်ပြီး လင်းရို ရှေ့ကို လျှောက်သွားလိုက်သည်။ ထို့နောက် သူမ လက်မြှောက်ပြီး သူမရဲ့ ပါးကိုရိုက်လိုက်သည်။

လင်းရိုက ပါးရိုက်ခံလိုက်ရတာကြောင့် ကြက်သေသေသွားပြီး ခဏတာမျှ မတုံ့ပြန်ခဲ့ပေ။ ကျီလင်းချန်လည်း ကြက်သေသေသွားသည်။ သခင်ကြီး ကျီက လုံးဝကို ရှော်ခ့်ရသွားခဲ့သည်။ သူ့ချွေးမက တကယ်ကြီး လှုပ်ရှားလိမ့်မယ်လို့ သူ မမျှော်လင့်ထားခဲ့ပေ။

All Chapters