အခန်း (၁၀၅)
Vol. 7 Ch. 105
ဖန့်ရှောင်နွမ်က ခေါင်းညိတ်သဘောတူခဲ့သည်။ အဲဒါက အဓိပ္ပာယ်ရှိတယ်။ ကျီလင်းချန်က တတ်နိုင်ရင် တစ်နေ့မှာ ၂၄ နာရီလုံး အလုပ်လုပ်မယ့်သူလို့ အဖေ ပြောဖူးသည်။ သူက အလုပ်သရဲ။
ကျီလင်းချန်က သူမရဲ့ ဗိုက်ပြားချပ်ချပ်ကို ကြည့်လိုက်သည်။ သူ့လက်ကိုအဲ့ပေါ်တင်ပြီး မေးခဲ့သည်။ “မစ္စစ် ကျီ၊ ကိုယ့်ရဲ့သားက အသက်ဘယ်လောက်ရှိပြီလဲ"
ဖန့်ရှောင်နွမ် မျက်ဖြူလှန်လိုက်သည်။ သူမရဲ့ယောက်ျားကိုကြည့်ပြီး တစ်ခစ်ခစ်ရယ်လိုက်သည်။ "သူ့အသက်က နာရီဝက်ရှိပြီ!"
ကျီလင်းချန် ကြက်သေသေသွားသည်။ ပြီးတော့ သူ မေးလိုက်သည်။ “သူ့အသက်နာရီဝက်မှာ လူကို ကန်နိုင်တယ်ပေါ့”
ဖန့်ရှောင်နွမ် ဇာတ်လမ်းတစ်ပုဒ် ဖန်တီးခဲ့သည်။ "ဟုတ်တယ်၊ သူက စပ်စလူးလေး။ ပြီးတော့ သူ ကျွန်မကို ကန်နေတယ်လို့ ခံစားရတယ်!”
ကျီလင်းချန် မနေနိုင်တော့ဘဲ ရယ်လိုက်သည်။ သူ သူ့ရဲ့ ဒီဇနီးလေးကို တကယ်ဘာမှမလုပ်နိုင်ဘူး။
"ရှောင်နွမ်၊ ငါ့ကို အမှန်အတိုင်းပြော။ မင်းက အမြဲတမ်း ဒီလိုမျိုး ဒေါသကြီးတတ်တာလား"သခင်ကြီး ကျီ အချိန်အတော်ကြာ စဉ်းစားပြီး မေးခဲ့သည်။ သူ့ဘဝမှာ ရန်ပွဲများစွာကို မြင်တွေ့ခဲ့ဖူးသော်လည်း ချွေးမဖြစ်သူက တစ်စုံတစ်ဦးကို အပြေးအလွှား သွားရိုက်ခဲ့သည့် မြင်ကွင်းကြောင့် သူ ရှော့ခ်ရနေဆဲပင်။ အဲဒါကို တွေးကြည့်ရင် ကျီ မိသားစုထဲကို သူမ ပထမဆုံး စဝင်တုန်းက အိမ်ရဲ့ ပတ်ဝန်းကျင်က အမြဲတမ်း တင်းမာနေခဲ့သည်။
ဖန့်ရှောင်နွမ် နှုတ်ခမ်း စူပြီးပြန်ပြောလိုက်သည်။ “မဟုတ်ပါဘူး အဖေ။ ကျွန်မက များသောအားဖြင့် အေးအေးဆေးဆေး နေတတ်တဲ့သူပါ။ အရင်က ကျွန်မ ရန်မဖြစ်ခဲ့ဖူးဘူး။ ကျွန်မမှာ အရမ်းနူးညံ့သိမ်မွေ့တဲ့ စိတ်ရှိပါတယ်။ ကျွန်မမောင်လေးက ကျွန်မအနိုင်ကျင့်ခံရမှာကို အမြဲကြောက်တော့ သူက ကျွန်မအနားမှာ ကာကွယ်ဖို့အမြဲရှိနေပေးတယ်”
သခင်ကြီးကျီက ကိုယ်လုံးကိုယ်ပေါက်ကျစ်လျစ်သေးသွယ်ပြီးလှပတဲ့ သူ့ချွေးမလေးကို ကြည့်နေသည်။ သူမက အမှန်တကယ် နူးညံ့သိမ်မွေ့ပြီး ချိုမြိန်ကာ ဆိုးဝါးတဲ့ ဒေါသစိတ်ရှိမယ့်ပုံမပေါ်ပေ။
“ဒါဆို ငါ အဲဒါကို စဉ်းစားလွန်သွားတာပဲ ” လို့သခင်ကြီး ကျီ က ရေရွတ်လိုက်သည်။
“မှန်တယ် အဖေ။ အဖေ စဥ်းစားလွန်ရင်တောင် ကျွန်မကဘယ်လောက် ကျိုးနွံပြီး ချိုမြိန်တယ်ဆိုတာ ကြည့်ကြည့်လိုက်။ ကျွန်မကဘယ်လိုဖြစ်လို့ ဒေါသကြီးရမှာလဲ" ဖန့်ရှောင်နွမ်က သူမယောက္ခထီးအတွက် လက်ဖက်ရည်တစ်ခွက်ကို အဆောတလျင် လောင်းထည့်ပေးရင်း ပြောခဲ့သည်။
ကျီလင်းချန်က ဘေးဘက်ကနေ သူ့ဇနီးကို ရေးရေးလေး ပြုံးနေခဲ့ပြီး ဘာမှ မပြောခဲ့ပေ။ သူ မှတ်ထားတာကမှန်တယ်ဆိုရင် သူ့မိန်းမ လူတော်တော်များများကိုရိုက်ခဲ့ပြီးပြီ။ ဒါပေမယ့်သူ သူမကို ထုတ်မပြခဲ့ပါပေ။ ဒါဆို သူ့မိန်းမက ဒေါသထွက်လွယ်တယ်ဆိုရင်ကော။ မိန်းကလေးတွေမှာ မိမိကိုယ်ကို ကာကွယ်နိုင်စွမ်းရှိရမည်။ မဟုတ်ရင် သူတို့ အနိုင်ကျင့်ခံရပြီး ဘယ်လိုပြန်တိုက်ခိုက်ရမှန်းမသိရင် သူ့နှလုံးသားက နာကျင်ရလိမ့်မည်။ မည်သို့ပင်ဆိုစေကာမူ သူ့ရဲ့ဇနီးလေးက သူ့ရင်ခွင်ထဲမှာ သိမ်မွေ့နေသရွေ့တော့ အဲ့တာက အဆင်ပြေနေလိမ့်မည်။
စားသောက်လို့ပြီးခါနီး သုံးယောက်သား စကားစမြည်ပြောဖြစ်ကြသည်။ တကယ်တော့ ဖန့်ရှောင်နွမ်နဲ့ သခင်ကြီး ကျီ စကားစမြည်ပြောနေခဲ့တာ။ ကျီလင်းချန်က တစ်ဖက်မှ နားထောင်နေခဲ့ပြီး စကားဝိုင်းထဲဝင်ပြောတာ ရှားသည်။
ဖန့်ရှောင်နွမ် မေးလိုက်သည်။ "အဖေ၊ အဖေ ဘာလို့ လင်းရိုကို သဘောမကျတာလဲ"
သခင်ကြီး ကျီ က ပြုံးပြီး ပြန်ပြောခဲ့သည်။ "ရှောင်နွမ်၊ မင်းရဲ့အရေပြားက ပိုထူလာပြီပဲ။ ငါ မင်းကို သဘောကျပါတယ်လို့ ဘယ်တုန်းက ပြောခဲ့လို့လဲ။"
ဖန့်ရှောင်နွမ် ခွန်းတုံ့ပြန်ပြောခဲ့သည်။ "အဖေ ကျွန်မကိုသဘောကျတယ်ဆိုတာ ကျွန်မသိတယ်။ မဟုတ်ရင် ကျွန်မကိုဘာလို့ အဖေ့ချွေးမ ဖြစ်စေချင်မှာလဲ။ ကျွန်မတို့ အရင်က တစ်ခါမှလည်း မဆုံဖူးဘူးလေ!"
သခင်ကြီး ကျီ ပေါ့ပေါ့ပါးပါးပြန်ပြောခဲ့သည်။ "ဘာလို့လဲဆိုတော့ မင်းက သူ့ထက် ပိုပြီးဒေါသထွက်စရာကောင်းလို့!"
ဖန့်ရှောင်နွမ် ပြောစရာစကားမဲ့သွားခဲ့သည်။
ကျီလင်းချန်က ခေါင်းငုံ့ထားကာ စကားတစ်ခွန်းမှ မပြောခဲ့ပေ။ သူ့မျက်နှာပေါ်မှာ လှပတဲ့ အပြုံးရှိနေတာကို ဘယ်သူမှ မမြင်နိုင်ပေ။ သူ့အဖေပြောတာ မှန်တယ်။ သူ့ရဲ့ ဇနီးလေးက လူတွေကို ဒေါသထွက်အောင်လုပ်တာ အရမ်းတော်တယ်။
ဖန့်ရှောင်နွမ် ပြင်းထန်စွာ မောဟိုက်နေသည်။ သူမ သခင်ကြီး ကျီ ရှေ့မှ အသားအားလုံးကို သူမရဲ့နံဘေးသို့ တမင်ရွှေ့ပြီး ပြောလိုက်သည်။ "ဟွန့်! အဖေ၊ ကျွန်မကို ကောင်းကောင်းမဖြေပေးဘူးဆိုရင် အဖေ့ကို အသားမကျွေးဘူး!"
သခင်ကြီး ကျီက စိတ်တိုချင်ယောင်ဆောင်ပြီး ပြောလိုက်သည်။ “ဟေ့ လူဆိုးမလေး။ ငါ့သားက ဒါဝယ်ဖို့ ပိုက်ဆံသုံးထားတာ!"
ဖန့်ရှောင်နွမ် မကျေမနပ်နဲ့ ပြောခဲ့သည်။ “ဟွန့်! ကျွန်မယောက်ျား ဒါကိုဝယ်ထားတာ!"
သခင်ကြီး ကျီ က ကျီလင်းချန် ကို လက်ညှိုးထိုးပြပြီး ပြောခဲ့သည်။ "ဒါက ငါ့သား! သူက ငါ့သားအရင်း!"
ဖန့်ရှောင်နွမ်က ကျီလင်းချန်ရဲ့လက်မောင်းကို လျင်မြန်စွာ တင်းတင်းကြပ်ကြပ်ဖက်ထားပြီး ပြောလိုက်သည်။ "ဒါက ကျွန်မယောကျ်ား! သူက ကျွန်မယောကျ်ားအရင်း !"
သူတို့နှစ်ယောက်လုံး ရှုံးနိမ့်မှုကို ဝန်ခံရန် ဆန္ဒမရှိခဲ့ကြပေ။ သူတို့ ကျီလင်းချန် ကိုကြည့်ကာ တစ်ချိန်တည်း စကားပြောခဲ့ကြသည်။
ဖန့်ရှောင်နွမ် ပြောခဲ့သည်။ "ယောကျ်ား၊ ကျွန်မက ရှင်အသက်ကြီးသွားတဲ့အထိ ရှင်နဲ့အဖော်လုပ်ပြီးနေပေးမယ့်သူဆိုတာကို မမေ့လိုက်နဲ့!"
သခင်ကြီးကျီက ပြောခဲ့သည်။ "ငါက မင်းကို လောကကြီးထဲ ရောက်လာအောင်ခေါ်ထားတဲ့သူနော်!"
ကျီလင်းချန် တိတ်ဆိတ်နေသည်။ ရေရှည်မှာ သူ့မိန်းမဘက်က ရပ်တည်တာ ပိုကောင်းပါတယ်။ နောက်ဆုံး သူလမ်းလျှောက်ဖို့ အသက်ကြီးလွန်းနေတဲ့အချိန်မှာ ဘီးတပ်ကုလားထိုင်မှာ ထိုင်ရမယ်ဆိုရင် သူ့မိန်းမကို တွန်းခိုင်းဖို့ လိုအပ်နေသေးသည်။ ဒီအဖြစ်အပျက်ကို တွေးကြည့်ပြီး သူ အသက်သွားကြီးတဲ့အထိ သူတို့အတူတူနေရတာက အရမ်းကောင်းတယ်လို့ ခံစားရသည်။
"ရှောင်နွမ်ပြောတာ မှန်တယ်!" ကျီလင်းချန်က သူ့ဇနီးကို အခိုင်အမာ ထောက်ခံခဲ့သည်။
သခင်ကြီး ကျီက ဒေါသတကြီးနဲ့ သူ့ကိုဆူပူကြိမ်းမောင်းလိုက်သည်။ "ဘယ်လိုမျိုး သစ္စာမရှိတဲ့သားလဲ!"
ဖန့်ရှောင်နွမ် အရမ်းဝမ်းသာသွားပြီး ခင်ပွန်းဖြစ်သူပါးကို နမ်းလိုက်သည်။
ကျီလင်းချန်ရဲ့ မျက်နှာပေါ်မှာ အပြုံးတစ်ခုပေါ်လာသည်။ သူ အဲ့တာကို ဖုံးကွယ်လို့ မရပေ။
ဆေးရုံက မထွက်ခွာခင်အချိန်မှာ သခင်ကြီးကျီကို အစားအသောက်တွေ အလွန်အကျွံ မစားသင့်ကြောင်း ဆရာဝန်က ညွှန်ကြားထားခဲ့သည်။ သခင်ကြီး ကျီ စားလို့ပြီးခါနီးမှာ ဖန့်ရှောင်နွမ်က သူ့ကို အများကြီးထပ်မစားတော့အောင် ဒီစကားတွေကို တမင်တကာ ပြောလိုက်တာဖြစ်သည်။
ခဏလောက်ထိုင်ပြီးနောက် သုံးယောက်သား စားသောက်ဆိုင်မှ ထွက်လာကြသည်။
နေ့လည်သုံးနာရီထိုးနေပြီ။ ကျီလင်းချန်က သူ့အဖေ ဆေးရုံတက်နေတဲ့အချိန်မှာ ဖခင်ဖြစ်သူအတွက် တစ်ကိုယ်လုံးစစ်ဆေးဖို့ စီစဉ်ခဲ့သည်။ ဆေးရုံကို ပြန်ရောက်တဲ့အခါ ဆရာဝန်က စစ်ဆေးမှုပုံစံအားလုံးကို ရေးပြီးသွားပြီ ဖြစ်သည်။
ကျီလင်းချန်က ဆေးစစ်မှုပုံစံများရယူရန် သွားသောအခါ ဆရာဝန်က မေးခဲ့သည်။ "သခင်ကြီး ကျီ နေ့လည်စာ ဘာစားထားလဲ"
ကျီလင်းချန်က သူတို့ နေ့လည်စာ စားထားသမျှ အစားအသောက်တွေအကြောင်း ဆရာဝန်ကို ပြောပြခဲ့သည်။ ဆရာဝန်က သူ့စကားကိုကြားပြီးနောက် သူက ပြုံးပြီးပြောခဲ့သည်။ "CEO ကျီ ၊ ခင်များက တကယ်ကို သားသမီးဝတ္တရားကျေပွန်တာပဲ။ သခင်ကြီးကျီ ရဲ့ ကျန်းမာရေးအတွက် တကယ်ပဲ ဒါကို ခင်များရဲ့နှလုံးသားထဲမှာ ထည့်ထားတယ်!"