← Chapters

အခန်း (၉၂)

Vol. 7 Ch. 92

အခန်း (၉၂)

Vol. 7 Ch. 92

ဒီနှုန်းနဲ့ဆိုရင် သူတို့ရဲ့ ဆက်ဆံရေးက ရေတိုမှာ သေချာပေါက် တိုးတက်လာမှာ။ သူသည် ၎င်းကို သူမနှင့်အတူ တစ်ဆင့်ပြီးတစ်ဆင့်တက်သွားပြီး သူမကို သူ့ဆီရောက်လာအောင် ဖြည်းဖြည်းချင်း ဆွဲဆောင်ရန် လိုအပ်သည်။

ကျီလင်းချန် မျက်လုံးမှိတ်လိုက်ပြီး နှုတ်ခမ်းထောင့်မှာ အပြုံးတစ်ခု ရှိနေခဲ့သည်။ သူ တံတွေးမျိုချလိုက်သောအခါတွင်၊ သူ့ရဲ့လည်ဇလုတ်က အပေါ်အောက်လှုပ်ရှားသွားကာ ဖန့်ရှောင်နွမ်တောင် အဲ့တာကို ခံစားမိနိုင်သည်။

ဒီညမှာတော့ ဖန့်ရှောင်နွမ်ရဲ့ နှလုံးသားက သူမရဲ့ခင်ပွန်းကြောင့် နွေးထွေးသွားသလို ခံစားရသည်။ သူမ အဲ့အကြောင်းကို တွေးလိုက်တိုင်း သူမ အပြုံးကို မဖုံးကွယ်နိုင်တော့ပေ။ ထို့ကြောင့် သူမက သူမရဲ့ခင်ပွန်းဖြစ်သူဆီ နီးနီးကပ်ကပ် တိုးသွားလိုက်သည်။

ကျီလင်းချန်က သူ့ဇနီးလေး သူ့အနားတိုးလာတာကို သတိပြုမိသည်။ ထုံးစံအတိုင်း သူမကို ပိုပြီး တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်မိသည်။

ကျီလင်းချန်မှာ ရိုးသားတဲ့ ကိုယ်ရည်ကိုယ်သွေးရှိသည်။ သူက လူတွေကို နှစ်သက်မှာမဟုတ်သလို သူတို့ကို နှစ်သက်ပုံကိုလည်း သူ မသိပေ။ နှစ်သက်တယ်ဆိုတာက ပိုင်ဆိုင်ခြင်းဆီသို့ ရည်ညွှန်းသော ခံစားချက်တစ်ခုဖြစ်ကြောင်း သူသိသည်။

အဲဒီတုန်းက သူ ကလေးတစ်ယောက်နဲ့ လက်ထပ်ဖို့ အတင်းအကြပ် တွန်းအားပေးခံရတုန်းက ထိုအယူအဆကို သူ လုံးဝ ငြင်းပယ်ခဲ့သည်။ သူ့မိန်းမကို အရှက်တကွဲအကျိုးနည်းတောင်လုပ်ဖို့တောင် တွေးနေခဲ့သည်။ ဒီမိန်းကလေးက ဉာဏ်နီဉာဏ်နက်များတဲ့မိန်းမလို့ သူထင်ခဲ့မိသည်။

နောက်ပိုင်းမှ ကျီလင်းချန်က သူမှားသွားမှန်သိလာသည်။ ဒီမိန်းကလေးက ဉာဏ်နီဉာဏ်နက်များတဲ့သူမဟုတ်ပေ။ သူမက တခြားသူတွေကို သေစေတဲ့အထိ ဒေါသထွက်စေမည့် အမျိုးအစားဖြစ်သည်။ သူမ သူ့ကို ဦးလေးလို့ ရည်ရွယ်ချက်ရှိရှိ ခေါ်ခဲ့တာကို သူ မှတ်မိနေသေးသည်။ ကျီလင်းချန်က နှစ်ပေါင်းများစွာ မြင့်မားတဲ့ရာထူးမှာ ရပ်တည်ခဲ့ပြီး မည်သူမဆို သူ့ကို ရည်ရွယ်ချက်ရှိရှိ မစော်ကားခဲ့သည်မှာ အချိန်အတော်ကြာခဲ့ပြီဖြစ်သည်။

နောက်ပိုင်းမှာ ကျီလင်းချန်က သူ့အိမ်မှာ မသက်မသာဖြစ်မှုကို သူ့မျက်လုံးများနှင့် မြင်တွေ့ခဲ့ရသည်။ တခြားသူနဲ့ ရန်ဖြစ်တဲ့အခါ တစ်ဖက်က ဘယ်သူပဲဖြစ်ဖြစ် သူမ လက်လျှော့မှာ မဟုတ်ဘူး။ ရန်ဖြစ်နေတဲ့အချိန်မှာ တစ်ဖက်လူက ဘယ်သူပဲဖြစ်ဖြစ် သူမ ကရုဏာတရားမပြတတ်ပေ။ သူ့ဇနီးလေးမှာ ရိုးရှင်းတဲ့ ပင်ကိုယ်စရိုက်ရှိပြီး သူမ မကျေနပ်တဲ့အခါကျရင် သူ့ကို တိုက်ရိုက် ဆူသည်။ သူမမှာ မာကျောတဲ့ ကိုယ်ရည်ကိုယ်သွေးရှိပြီး သူမက ရန်တောင်ဖြစ်ရဲသည်။

ဒါပေမယ့်လည်း ဖန့်ရှောင်နွမ်ရဲ့ ကိုယ်ရည်ကိုယ်‌သွေးမှာလည်း နူးညံ့တဲ့ ပုံစံရှိသည်။ သူမက ကြောင်ပေါက်လေးတစ်ကောင်လို သူ့နောက်မှာ ပုန်းနေပြီး သူ့ကို ယောကျ်ားလို့ တိုးတိုးလေးခေါ်တတ်သည်။

ထိုစကားက အရမ်းဆွဲဆောင်မှုရှိသည်။ သူမ သူ့ကို ယောကျ်ားလို့ တိုးတိုးလေး ခေါ်လိုက်တာနဲ့ သူ့နှလုံးသားက တုန်လှုပ်သွားပြီး သူ ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်ပြီး ထွက်သွားတာမျိုး၊ ဒါမှမဟုတ် သူ အေးစက်စက်နဲ့ သူမကို ဂရုမစိုက်သလို ဟန်ဆောင်တာမျိုးလုပ်သည်။

သူမက အလွန်လိမ္မာရေးခြားရှိသည်။ သူမလုပ်ခဲ့တာတွေကို သူ ဘယ်တော့မှ မငြီးငွေ့ပေ။ ဒါပေမယ့် သူမ အပြောအဆိုကတော့ မကောင်းပေ။ သူမက မရပ်မနားနဲ့ စကားတွေ မကြာခဏ ပြောတတ်သည်။

တခါတရံမှာ သူမက အလွန်ဉာဏ်ကောင်းသည်။ သူမ အလွန်ဉာဏ်ကောင်းနေတာကြောင့် လူအများ၏ နှလုံးသားကို နာကျင်စေခဲ့သည်။

"ယောကျ်ား၊ မနက်ဖြန် ကျွန်မတို့ အဖေနဲ့တွေ့ဖို့သွားရင် ဒီနေ့ ရေခဲမုန့်ခိုးတဲ့အကြောင်း သူ့ကို ပြောသင့်တယ်လို့ထင်လား။ အဖေက အသက်လည်းကြီးနေပြီ။ သူ ရေခဲမုန့်ခိုးခဲ့တဲ့အကြောင်း ကျွန်မတို့ကို သေချာပေါက်သိစေချင်မှာမဟုတ်ဘူး။ ကျွန်မတို့ မသိသလို ဟန်ဆောင်နေလိုက်ရင်ကော။ သူ့ရဲ့အတ္တကို လေးစားကြရအောင်လေ " ဖန့်ရှောင်နွမ်ရဲ့ စကားတွေက ကျီလင်းချန်ရဲ့ အတွေးရထားကို အနှောင့်အယှက် ဖြစ်စေခဲ့သည်။

“သူ ခံစားရတာကို ကိုယ် သိပ်ဂရုမစိုက်ဘူး။ မင်း မနက်ဖြန် အဲ့တာကို ပြောချင်တယ်ဆိုရင် ပြောလိုက်။ မင်း မပြောချင်ဘူးဆိုရင်ရင် အဲ့တာကို လျစ်လျူရှုလိုက် " ကျီလင်းချန်က ဖန့်ရှောင်နွမ်လောက် အဝေးကြီး မတွေးနေပေ။ သူ တွေးခဲ့ရင်တောင်မှ သူ နှုတ်နဲ့ ဝန်ခံမှာတော့မဟုတ်ချေ။

ဖန့်ရှောင်နွမ်က သူဘာကိုဆိုလိုမှန်းကို မပြောခဲ့တဲ့ သူမယောကျ်ားဖြစ်သူကို မော့ကြည့်ကာပြောလိုက်သည်။ “အဲဒါက မမှန်ဘူး! ယောကျ်ား၊ စိတ်ထဲမှာတော့ ရှင် အဖေ့ကို အရမ်းဂရုစိုက်တယ်။"

ကျီလင်းချန် မေးလိုက်သည်။ "မင်း ဘယ်လိုသိတာလဲ"

ဖန့်ရှောင်နွမ်က ကုတင်ပေါ်၌ သူမခင်ပွန်းရဲ့ဘေး လှဲနေသည်။ သူမရဲ့လက်တွေက မငြိမ်မသက်ဖြစ်နေပြီး၊ ခင်ပွန်းသည်ရဲ့ ဘယ်ဘက်လက်ကို ပွတ်နေခဲ့သည်။ သူမ ပေါ့ပေါ့ပါးပါးနဲ့ သူ့လက်ကို ကိုင်မြှောက်လိုက်သည်။ သူမက ခင်ပွန်းဖြစ်သူရဲ့ လက်ဖြင့် ကစားနေပြီး သူမ၏ တွေးခေါ်မှု လုပ်ငန်းစဉ်ကို ရှင်းပြခဲ့သည်။

“အဖေ ဆေးရုံတက်ရတယ်လို့ ရှင့်ကို ဖုန်းဆက်ပြောတုန်းကဟာကြောင့်လေ။ ရှင် အရေးကြီးတဲ့ လူမှုရေးပွဲတစ်ခုနဲ့ အလုပ်ရှုပ်နေမှန်း သိသာပေမယ့် ရှင် ဆေးရုံကိုချက်ချင်း ပြေးလာလိုက်သေးတယ်။"

ထိုလူက ရယ်ပြီးမေးလိုက်သည်။ “ဒါဆို ဆေးရုံတက်ရတဲ့ သူ့ကိုစိတ်ပူတယ်လို့ တွေးပြီးတော့ ဖုန်းပြောပြီး ငိုနေတဲ့ မင်းကို စိုးရိမ်နေတာလို့ ဘာကြောင့် မတွေးမိခဲ့တာလဲ”

နှစ်ယောက်သား စကားစမြည်ပြောရင်း ထိုယောက်ျားက သူ့လက်မောင်းကို ရွှေ့လိုက်သည်။ သူ၏ဘယ်ဘက်လက်ဖဝါးနဲ့ ဖန့်ရှောင်နွမ်ရဲ့ပခုံးကိုပွတ်ခဲ့သည်။ သူက ကောင်မလေး၏ ဂါဝန်ကြိုးကို ဖြည်လိုက်ပြီး အဲ့တာကိုတွဲလောင်းချထားလိုက်သည်။ ကောင်မလေးက သူ့စကားများကို အလွန်အမင်း စွဲလန်းနေပြီး သူမပခုံးပေါ်ရှိ ထိုအမျိုးသား၏ လက်ဖဝါးကြီးကို လျစ်လျူရှုလိုက်သည်။

“အဖေနဲ့ ခဲအိုက ဒီနေ့ည ရှင် အရမ်းအရေးကြီးတဲ့ တစ်ခုခုအကြောင်းကို တစ်ယောက်ယောက်နဲ့ စကားပြောရတော့မှာလို့ပြောလို့လေ။ အဖေနဲ့ သူက အဲ့တာက အရေးကြီးတယ်လို့ ပြောတော့ ဒါက အရမ်း အရေးကြီးလို့ပဲ။ ကျွန်မ ငိုနေတဲ့အသံကို ရှင်ကြားတော့ ရှင့်အိမ်မှာ ကျွန်မထပ်ပြီး ပြဿနာရှာနေတယ်လို့ ရှင်ထင်သွားတယ်။ နောက်တော့ အဖေ ဆေးရုံတက်ရတယ်လို့ကြားတော့ ရှင် ပိုလို့တောင် စိတ်ပူလာလို့ ဆေးရုံကို အမြန်ပြေးလာတယ်။ ရှင်အဖေ့ကို ဂရုမစိုက်ဘူးဆိုရင် ရှင် အဲဒါကိုကြည့်ဖို့ အလျင်စလို ရောက်လာမှာမဟုတ်ဘူး။ ရှင် ဆေးရုံကိုရောက်လာတော့ ရှင့်အဖေ ဆေးရုံကုတင်ပေါ်မှာ လှဲနေတာကိုမြင်သွားပြီး ရှင့်မျက်ခုံးတွေက ဘယ်တော့မှ ပြေလျော့မသွားခဲ့ဘူး။ ရှင် စိုးရိမ်နေခဲ့တယ်ဆိုတာ သိသာနေပေမယ့် လူတိုင်းကို ရှင်က စိတ်မရှည်ဘူးလို့ ထင်စေခဲ့တယ်” ဖန့်ရှောင်နွမ်က အသေးစိတ်ရှင်းပြခဲ့သည်။

ကျီလင်းချန်က ပထမဆုံး သူ့ကို ကောင်းကောင်းနားလည်တဲ့ မိန်းကလေးကို ကြည့်လိုက်သည်။ "ရှောင်နွမ်၊ မင်း ကိုယ့်အကြောင်း ဘာသိထားသေးလဲ"

ဖန့်ရှောင်နွမ်က သူမခင်ပွန်း၏ လက်ကိုကစားကာ ပြန်မေးလိုက်သည်။ “ကျွန်မကို ကိစ္စအားလုံး ပြောပြစေချင်တာလား”

ကျီလင်းချန် ခေါင်းညိတ်လိုက်သည်။ "ကိုယ့်ကိုအကုန်ပြောပြ " သူကြားချင်သည်။ တစ်ယောက်ယောက်က သူ့ကို ကောင်းကောင်းနားလည်တယ်ဆိုတာက အချိန်တော်တော်ကြာခဲ့ပြီ။

ဖန့်ရှောင်နွမ် လှည့်ကြည့်လိုက်တော့ သူမရဲ့ပခုံးပေါ်တင်ထားတဲ့ လူတစ်ယောက်ရဲ့ လက်ဖဝါးကို တွေ့လိုက်ရသည်။ သူမ တစ်ချက်ကြည့်လိုက်သော်လည်း မတွန်းဖယ်လိုက်ပေ။ အဲဒီအစား သူမရဲ့ ခင်ပွန်းဖြစ်သူကို မေးလိုက်သည်။ “ယောကျ်ား၊ ကျွန်မရဲ့လက်ကို ကိုင်တဲ့အခါ ရှင့်မှာ အကျင့်တစ်ခုရှိတယ်ဆိုတာကို ရှင်သိလား”

ကျီလင်းချန် သံသယရှိခဲ့သည်။ လက်ကို ကိုင်တာက ဘယ်လိုအကျင့် ရှိနိုင်မှာလဲ။

All Chapters