အခန်း (၁၀၆)
Vol. 8 Ch. 106
ကျီလင်းချန်က ဆရာဝန် ဆိုလိုတာကို နားမလည်ပေ။ သူ ဆရာဝန်ကို မှင်သက်စွာ ကြည့်နေမိသည်။
ဆရာဝန်က ဆက်ပြောခဲ့သည်။ “ကျွန်တော် ဒီဟင်းတွေအကြောင်း ပြောနေတာ။ အဲ့တာတွေအားလုံးက လူနာရဲ့ ကျန်းမာရေးအတွက် ကောင်းတယ်။”
ကျီလင်းချန် နောက်ဆုံးမှာ တုံ့ပြန်ခဲ့သည်။ သူ တစ်ခုခုကို စဉ်းစားပြီး မေးလိုက်သည်။ “ဒါဆို ကျွန်တော့်အဖေ သစ်သီးဖျော်ရည် သောက်လို့ရလား”
"ရတာပေါ့။ သစ်သီးဖျော်ရည်သောက်တာက ရေဓာတ်နဲ့ ဗီတာမင်တွေကို ထိထိရောက်ရောက် ဖြည့်တင်းပေးနိုင်တယ်။ ဒါပေမယ့် သတိတော့ထား။ သူ နို့မသောက်စေနဲ့” လို့ ဆရာဝန်က ပြန်ဖြေခဲ့သည်။
ကျီလင်းချန်က သူနားလည်ကြောင်း ညွှန်ပြရင်း ခေါင်းညိတ်လိုက်သည်။ သူ့ဇနီးက ရေသွားဝယ်တုန်းက နွားနို့ပူပူ အစား သစ်သီးဖျော်ရည်ကို တမင်တကာ တောင်းဆိုခဲ့တာကို သူ သတိရမိသည်။ သူမက အိမ်စာ ကြိုလုပ်ထားတာဖြစ်ရမည်။ ပြီးတော့ အသီးဖျော်ရည်အပူကိုဝယ်ဖို့က အရမ်းမလွယ်ကူပေ။
လူနာခန်းထဲပြန်ရောက်တော့ ကျီလင်းချန်က သူ့ဇနီး သူ့အဖေနဲ့ စကားစမြည်ပြောနေတာကို တွေ့လိုက်ရသည်။ နှစ်ယောက်လုံး အရမ်းပျော်နေကြသည်။ သူမအနားမှာရှိနေသရွေ့ သူ့အဖေက လုံးဝမပျင်းတော့သလိုပဲ။ သူမရဲ့ ဦးခေါင်းသေးသေးလေးမှာ စကားပြောဖို့ အဆုံးမရှိတဲ့ စိတ်ဝင်စားစရာကောင်းတာတွေရှိနေပုံရသည်။
"တကယ်လား။ မင်း ငါ့ကို ခေါ်သွားမှာလား" သခင်ကြီးကျီက တအံ့တသြ မေးခဲ့သည်။
ဖန့်ရျောင်နွမ်က အခိုင်အမာ ခေါင်းညိတ်ပြီး ပြောခဲ့သည်။ “ခေါ်မှာပေါ့ အဖေကလည်း။ ကျွန်မရဲ့မောင်လေးနဲ့ အဖေ့ကိုခေါ်သွားပေးမယ်။ ကျွန်မတို့ အဲဒီနေရာကို အမြဲသွားနေကြ။ အဲဒါနဲ့ ကျွန်မတို့ အရမ်းရင်းနှီးနေပြီ”
သခင်ကြီး ကျီက ကလေးတစ်ယောက်လိုမျိုး စိတ်လှုပ်ရှားနေခဲ့သည်။ သူ ကောင်းပြီလို့ပြောခဲ့သည်။
ထိုအချိန်တွင် ဖန့်ရှောင်နွမ်က တံခါးဝမှာ ကျီလင်းရှန်ရောက်နေတာကို သတိပြုမိပြီး အလျင်အမြန်မေးခဲ့သည်။ “ယောကျ်ား၊ ပြန်လာပြီလား။ ဒေါက်တာက ဘာပြောတာလဲ။ ကျွန်မတို့ အဖေ့ကို အခု ဘယ်ကို ခေါ်သွားရမှာလဲ"
ကျီလင်းချန်က စစ်ဆေးမှုစာရွက်တစ်ရွက်ကို ကိုင်ထားပြီး ပြောခဲ့သည်။ "စာရင်းမှာပါတဲ့ ဘယ်အရာကိုမဆို အရင်လုပ်လို့ရတယ်"
ဖန့်ရှောင်နွမ်က သခင်ကြီး ကျီ အား ဆေးရုံကုတင်ပေါ်မှ ဆင်းဖို့ ကူညီပေးခဲ့သည်။ ဇနီးမောင်နှံနှစ်ဦးက သခင်ကြီး ကျီ အား ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးရန် ခေါ်ဆောင်သွားခဲ့သည်။
ဒါပေမယ့်လည်း ကျီလင်းချန်က ဒီအချိန်မှာ အရမ်းအလုပ်များနေသည်။ ဆေးစစ်ဖို့ သွားနေတဲ့လမ်းမှာ သူ ဖုန်းခေါ်ဆိုမှု (၅)ကြိမ် လက်ခံရရှိခဲ့ပြီး ၎င်းတို့အားလုံးက သူ့ရဲ့ ဆုံးဖြတ်ချက်ချတာကို လိုအပ်နေသည်။
“ဒီကိစ္စကို ခဏလောက် ထားလိုက်။ ဒါကို ဖြေရှင်းဖို့ ငါကုမ္ပဏီကို ပြန်လာတဲ့အထိ စောင့်” လို့ကျီလင်းချန် က တည်ငြိမ်စွာ ဖြေကြားခဲ့သည်။
ဖန့်ရှောင်နွမ်က သူမရဲ့ယောကျ်ား ဖုန်းချလိုက်တာကိုမြင်တော့ မေးလိုက်သည်။ "ယောကျ်ား၊ ရှင်အလုပ်များနေတယ်ဆိုရင် ကုမ္ပဏီကို အရင်သွားလိုက်လေ။ အဖေ့ကို ကျွန်မတစ်ယောက်တည်း ဂရုစိုက်ပေးနိုင်တယ်"
“မလိုပါဘူး၊ ရပါတယ်” ကျီလင်းချန်က တည်ငြိမ်စွာပြောခဲ့သည်။
ကျီလင်းချန်က သူ့မိန်းမကို တစ်ယောက်တည်း ဆေးရုံမှာ အဖိုးကြီးကို ပြုစုစောင့်ရှောက်ခိုင်းဖို့ ဘယ်လိုလုပ်ထားခဲ့နိုင်မှာလဲ။
ဖန့်ရှောင်နွမ်က လေးလေးနက်နက် ပြန်ပြောခဲ့သည်။ "အဖေ့အတွက် သိပ်စိတ်မပူပါနဲ့။ အဖေ စောစောက ကျွန်မနဲ့ စကားများ ရန်ဖြစ်ခဲ့တဲ့အချိန်တုန်းက သူ မောတောင် မမောဘူး။ အခု သူနေကောင်းနေတယ်ဆိုတာ သိသာတယ်။”
သခင်ကြီး ကျီ က သူ့ချွေးမရဲ့ စကားတွေက နည်းနည်းလေး စိတ်မသက်မသာဖြစ်စေမိတယ်လို့ ခံစားမိပေမယ့် သူ့ကျန်းမာရေးက အခုဆို ပိုကောင်းလာပါပြီ။ သူ ပြောလိုက်သည်။ "လင်းချန် ရုံးခန်းကိုပြန်သွားလိုက်။ ရှောင်နွမ် ဒီမှာနေပြီး ငါနဲ့ စကားပြောနေလို့ရတာပဲ။ မင်း သူ့ကို ညဘက်ကျမှ ပြန်လာခေါ်လိုက် "
ဖန့်ရှောင်နွမ် ခေါင်းညိတ်သဘောတူလိုက်သည်။
ကျီလင်းချန်က သူတို့ နှစ်ယောက် စကားကိုနားမထောင်ပေ။ အဲဒီအစား ဖုန်းကိုချပြီး သူ့အဖေကို စစ်ဆေးတဲ့အခန်းထဲပို့ဖို့ ဆက်ပြီးကူပေးခဲ့သည်။
နေ့လည်ခင်း နေရောင်က မျက်စိကျိန်းလောက်အောင် တောက်ပနေသည်။ အဲ့တာက ပြတင်းပေါက်မှတဆင့် ကော်ရစ်တာရှိ စကျင်ကျောက်ပေါ် တောက်ပနေသည်။ ရှည်လျားသော ခုံတန်းလျားကို အရောင်ပျောက်ပျက်သွားပုံပေါ်စေသည်။ ဖန့်ရှောင်နွမ်က မျက်လုံးတွေကိုမှိတ်ထားပြီး နေ၏နွေးထွေးမှုကို ခံစားရင်း ခုံတန်းလေးပေါ်တွင် ထိုင်နေသည်။ သူမ အနည်းငယ် ပင်ပန်းနေခဲ့သည်။
ဘေးမှာထိုင်နေတဲ့ ကျီလင်းချန် က သူ့မိန်းမရဲ့ မှိန်းနေတဲ့ပုံစံကိုမြင်ပြီး နူးနူးညံ့ညံ့ မေးခဲ့သည်။ “မင်း အိပ်ချင်နေတာလား”
ဖန့်ရှောင်နွမ်က သူမရဲ့မျက်လုံးတွေကို ညင်သာစွာဖွင့်လိုက်ပြီး အထိန်းအကွပ်မဲ့စွာ သမ်းလိုက်သည်။ "နည်းနည်းပါ"
ကျီလင်းချန်က သူ့မိန်းမကို သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။ "ခဏလောက် လှဲနေလိုက်။ အဖေ့ကိုစစ်ဆေးတာက အဲ့လောက်မမြန်ဘူး။ အနည်းဆုံး မိနစ်နှစ်ဆယ်လောက်တော့ ကြာလိမ့်မယ်။"
ဖန့်ရှောင်နွမ်က ခင်ပွန်းဖြစ်သူရဲ့ ခန္ဓာကိုယ်ကို မှီပြီး မျက်လုံးမှိတ်ကာ အနားယူနေလိုက်သည်။
ကျီလင်းချန်ရဲ့ ဖုန်းက ထပ်မမြည်လာတော့ဘဲ မက်ဆေ့ခ်ျတွေကတော့ ဆက်တိုက်ဝင်နေခဲ့သည်။ သူက ဇနီးဖြစ်သူကို လက်တစ်ဖက်နဲ့ထိန်းထားကာ အခြားတစ်ဖက်နဲ့ မက်ဆေ့ခ်ျ ပြန်နေခဲ့သည်။
မိနစ်နှစ်ဆယ်ကျော်ကြာအောင် စောင့်ပြီးမှ နေရောင်အောက်တွင် နှစ်ယောက်သား တိတ်တဆိတ်နဲ့ ကြားလေမတိုးအောင် ပူးကပ်လျက်ရှိနေကြသည်။ သူတို့ရဲ့ ကျောပြင်တွေကို နွေးထွေးတဲ့ အဝါရောင်အလင်းတန်းများဖြင့် ဖုံးလွှမ်းနေပုံရသည်။ ကော်ရစ်တာက အလွန် တိတ်ဆိတ်နေပြီး လူတိုင်း ပင်ပန်းနေကြပုံရသည်။
ဖန့်ရှောင်နွမ်က ခဏလောက် တစ်ရေးတစ်မော အိပ်ချင်ခဲ့ပေမယ့် ခင်ပွန်းဖြစ်သူရဲ့ ရင်ခွင်ထဲမှာ အမှန်တကယ်ပင် အိပ်မောကျသွားခဲ့သည်။ သူမ အရမ်းကိုနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပြီး လှပတဲ့ အိပ်မက်တစ်ခု မက်နေပုံရသည်။ အိပ်မက်ထဲမှာ သူမနဲ့ သူမယောကျ်ားက သစ်ပင်စိုက်နေကြသည်။ ဘာသစ်ပင်လဲဆိုတာတော့ သူမ မသိပေမယ့် သူတို့နှစ်ယောက်သား အရမ်းပျော်နေပုံရသည်။ အိပ်မက်ထဲမှာ သူမရဲ့ ပျော်ရွှင်မှုကို လက်တွေ့အဖြစ်သို့ သယ်ဆောင်သွားကာ သူမ ကျယ်လောင်စွာ ရယ်ခဲ့သည်။
ကျီလင်းချန် အသံကိုကြားတော့ အောက်ကိုငုံ့ကြည့်လိုက်သည်။ ဇနီးဖြစ်သူရဲ့ နှုတ်ခမ်းတွေကော့တက်နေတာကို မြင်လိုက်ရတော့ သူ နူးနူးညံ့ညံ့လေးမေးလိုက်သည်။ “မင်း ပျော်စရာကောင်းတာ တစ်ခုခုကို အိပ်မက်မက်နေတာလား”
"ဟုတ်တယ် ယောကျ်ား..." ဖန့်ရှောင်နွမ်က သူ့ကို နူးညံ့စွာခေါ်လိုက်ပေမယ့် သူမ နိုးမလာခဲ့ပေ။
ကျီလင်းချန် ပိုလို့တောင် ပျော်ရွှင်စွာ ပြုံးလိုက်သည်။ "မင်း ကိုယ့်ကို အိပ်မက်မက်နေတာလား"
ဖန့်ရှောင်နွမ်က မဖြေခဲ့ပေ။ သူမက နှုတ်ခမ်းကိုအသံမြည်အောင်စုပ်ကာ ဆက်အိပ်နေခဲ့သည်။
ကျီလင်းချန် အလုပ်သွားလုပ်ချင်စိတ် မရှိတော့ပေ။ သူ ဖုန်းကိုချထားပြီး ဇနီးဖြစ်သူရဲ့ အိပ်နေတဲ့ပုံကို တိတ်တဆိတ် ကြည့်နေခဲ့သည်။ သူ့မိန်းမရဲ့ မျက်ခွံတွေက ပန်းချီကားတစ်ချပ်ကဲ့သို့ ချောမွေ့နေသည်။ သူမရဲ့ အသားအရေက မွေးကင်းစကလေးလို နူးညံ့သည်။ သူမရဲ့ မျက်နှာပေါ်မှာ အမွှေးနုလေးတွေတောင်ရှိနေသည်။ သူမရဲ့နှုတ်ခမ်းတွေက ပန်းနုရောင်သန်းပြီး ဆွဲဆောင်မှုရှိသည်။ သူတို့က မက်မွန်သီးလို ပျော့ပျောင်းပြီး နူးညံ့နေကာ သူ့ကို တစ်ကိုက်လောက် ကိုက်စားကြည့်ဖို့ ဖိတ်ခေါ်နေသလိုပင်။