အခန်း (၁၀၇)
Vol. 8 Ch. 107
ကျီလင်းချန် တံတွေး မျိုချလိုက်သည်။ သူ့မိန်းမရဲ့ ဇနီးနှုတ်ခမ်းတွေက အချိုဆုံးမက်မွန်သီးထက် အဆတစ်သောင်း အဆထောင်တောင် ချိုမှန်း သူ သိသည်။ ဇနီးဖြစ်သူရဲ့ ဆံပင်ရှည်တွေထဲ လက်ကိုထည့်လိုက်သည်။ သူ အဲ့တာကို ရှူရှိုက်လိုက်သည်နှင့် မွှေးကြိုင်သော မွှေးရနံ့ကို ရှူရှိုက်မိသည်။ သူ့ဇနီးရဲ့ အစိတ်အပိုင်းတိုင်းကို သူနှစ်သက်တယ်ဆိုတာကို တွေ့ရှိခဲ့ရသည်။
သူမရဲ့ အသွင်အပြင်၊ အသံ၊ အနံ့၊ ဒေါသထွက်လွယ်တာ နဲ့ လူတွေကို ရိုက်တဲ့ပုံစံကိုတောင် သူ သဘောကျသည်။ ဇနီးဖြစ်သူရဲ့ လက်ကို ကိုင်ကာ ညှစ်လိုက်သည်။ အဲ့တာက အရိုးမရှိသလို ပျော့ပျောင်းနေသည်။ ဒီလိုဇနီးမျိုးရလို့ သူတကယ်ပျော်သည်။ သူမက သူ့ကို နားလည်ရုံသာမက သူ့မိသားစုကိုလည်း ဂရုစိုက်ပေးသည်။ သူမက သူ့အဖေရဲ့ ကျန်းမာရေးကိုပင် ဦးစားပေးခဲ့သည်။
သူမက ထိုအကြောင်းကို လေ့လာရန် အချိန်ယူခဲ့ကာ အစားအသောက် မှာယူသည့်အခါတွင် သူမက သူနဲ့ သူ့အဖေအတွက် ဟင်းပွဲများစွာကို မှာပေးခဲ့သည်။ သူမရဲ့ အပြုအမူလေးတွေက သူ့နှလုံးသားကို နွေးထွေးစေခဲ့သည်။ ဒါပေမယ့် အဲ့လိုဆိုရင်တောင် သူမကအကြွေးဝယ်ကတ်ကို မတောင်းဆိုဖူးပေ။ သူသာ မတော်တဆ ရှာတွေ့မသွားခဲ့ဘူးရင် သူ့မိန်းမ တိတ်တိတ်လေး အားထုတ်ကြိုးစားနေတယ်ဆိုတာကို သူသိလိုက်ရမှာ မဟုတ်ချေ။
"ရှောင်နွမ်" အချိန်နီးလာသည်ကိုတွေ့လိုက်ရသဖြင့် ကျီလင်းချန်က သူမကို ညင်သာစွာ နှိုးလိုက်သည်။
နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့ ဖန့်ရှောင်နွမ်က ခင်ပွန်းဖြစ်သူ၏ အသံကို လုံးဝမကြားရပေ။
ကျီလင်းချန် ခေါင်းကို ငုံ့ပြီး သူမရဲ့ခေါင်းထိပ်ကို ညင်သာစွာ နမ်းလိုက်သည်။ သူ သူမကို နှိုးဖို့ ဆက်မကြိုးစားတော့ပေ။
မကြာခင်မှာပဲ သခင်ကြီး ကျီရဲ့ စစ်ဆေးမှုတွေ ပြီးဆုံးသွားတော့ ဖန့်ရှောင်နွမ် နိုးလာခဲ့သည်။ သူမက ဆေးရုံကော်ရစ်တာကို သူမရဲ့အိမ်အဖြစ် သဘောထားနေပုံရသည်။ ခင်ပွန်းဖြစ်သူရဲ့ ရင်ခွင်ထဲမှ ဖြည်းညှင်းစွာ ထလာလိုက်သည်။ သူမထိုင်ပြီး အကြောဆန့်လိုက်သည်။ "ဒီမှာနေရတာ အရမ်းသက်တောင့်သက်သာရှိတယ်!"
“ပြန်ကြရအောင်” သခင်ကြီးကျီက ပြောလိုက်သည်။
ကျီလင်းချန် မတ်တပ်ထရပ်ပြီး သူ့မိန်းမရဲ့ နူးညံ့တဲ့လက်ကိုကိုင်ကာ လူနာခန်းထဲ ပြန်သွားခဲ့သည်။
အခုဆို နှစ်နာရီကျော်သွားပြီ။ ကျီလင်းချန် ဆရာဝန်ရဲ့ရုံးခန်းသို့ တန်းသွားခဲ့သည်။ သူ့အဖေရဲ့ ပကတိအခြေအနေကို သူ နားလည်ချင်သည်။
ဖန့်ရှောင်နွမ်က သခင်ကြီး ကျီနဲ့ လူနာခန်းထဲမှာ နေခဲ့ကာ ပြောလိုက်သည်။ "အဖေ၊ ကျွန်မယောကျ်ားက ဘယ်လောက် သားသမီးဝတ္တရားကျေပွန်လဲဆိုတာ ကြည့်လိုက်!"
သခင်ကြီး ကျီလည်း အရမ်းစိတ်လှုပ်ရှားနေသည်။ သူ နေမကောင်းဖြစ်နေတဲ့ချိန်မှာ သားဖြစ်သူ သူ့ဘေးမှာ ရှိနေပေးတာ ဒါပထမဆုံးအကြိမ်ဖြစ်သည်။
“ဟုတ်တယ်၊ လင်းချန်က သားသမီးဝတ္တရားကျေပွန်တဲ့ကလေးပဲ” သခင်ကြီး ကျီ ပြောလိုက်သည်။
“ကျွန်မယောကျ်ား အေးစက်စက်နိုင်ပေမယ့် တကယ်တော့ သူက ခံစားချက်ပြင်းထန်တဲ့သူတစ်ယောက်ပါ။ သူက သူ့မိသားစုကို အရမ်းဂရုစိုက်ပေမယ့် သူ အဲ့တာကိုထုတ်ဖော်ပြသတဲ့နေရာမှာတော့ မတော်ဘူး” ဖန့်ရှောင်နွမ်က ပြုံးပြီး ပြောခဲ့သည်။
သခင်ကြီး ကျီက ခေါင်းညိတ်သဘောတူခဲ့သည်။ သူ့ ချွေးမရဲ့ စကားတွေက နွေးထွေးတဲ့ စမ်းချောင်းတစ်ခုလို သူ့နှလုံးသားထဲသို့ တိုက်ရိုက် စီးဆင်းသွားသည်။ ဖန့်ရှောင်နွမ်ရဲ့ ချိုမြိန်တဲ့ အပြုံးမျက်နှာကို ကြည့်ပြီး အဲ့ပုဂ္ဂိုလ်က သူ့ရဲ့ဒုတိယသားကို သူမနဲ့ ဘာကြောင့် လက်ထပ်ပေးချင်ကြောင်းကို နောက်ဆုံးမှာတော့ နားလည်သွားခဲ့သည်။
အဲ့အချိန်မှာ ကျီလင်းချန် ပြန်လာခဲ့သော်လည်း မကြာမီ သူပြန်ထွက်သွားပြန်သည်။ သူပြန်ရောက်လာတဲ့အချိန်မှာ သူ့လက်ထဲတွင် ရေနွေးဘူးတစ်ဘူး ရှိနေသည်။ သူ ကုတင်ဘေးသို့ လျှောက်သွားခဲ့သည်။ သူ့အဖေအတွက် ရေနွေးတစ်ခွက်လောင်းထည့်ပေးပြီး ပြောခဲ့သည်။
“ဒေါက်တာက အဖေ့ကို ရေနွေးများများသောက်ဖို့ ပြောထားတယ်။ မနက်ဖြန် ထပ်ပြီးတော့ ဆေးသွင်းရမယ် ပြီးတော့ သဘက်ခါကျရင် ဆေးရုံကဆင်းရမယ်။ အိမ်ပြန်ရောက်တာနဲ့ ဒေါက်တာပြောတာတွေကို နားထောင်ပြီး ကိုယ်စားချင်သမျှကို မစားဖို့ မှတ်ထား။ အဖေက ကလေးတစ်ယောက်လိုစားဖို့ အသက်ကြီးနေပြီ။ ကိုယ့်ရဲ့ဗိုက်ကို ဂရုစိုက်ရမယ်။ မဟုတ်ရင် နောက်ဆုံးမှာ အဖေ ဒုက္ခရောက်လိမ့်မယ်။"
သူ့စကားတွေက အေးစက်နေပေမယ့် အဲ့စကားလုံးတွေ တကယ်ကို စိုးရိမ်ပူပန်မှုတွေ အပြည့်နဲ့ပြောနေတာဖြစ်သည်။ ရေလောင်းထည့်ပြီးတာနဲ့ ရေနွေးခွက်ကို ကုတင်ဘေးမှာ ထားပေးလိုက်သည်။ သူ့အဖေကို အဲ့တာ မတိုက်ခင် အအေးခံဖို့ စိတ်ကူးထားတာဖြစ်သည်။
အဲဒီညမှာပဲ ဖန်ချီ နဲ့ မြို့တော်ဝန် ကျီတို့ ရောက်လာကြသည်။ သခင်ကြီးကျီက သူ့သားအကြီးဆုံးနဲ့ ချွေးမကိုတွေ့တော့ အရမ်းပျော်သွားသည်။ သူက မြန်မြန်ပြောခဲ့သည်။ "ဖန်ချီ၊ နောက်ဆုံးတော့ မင်းဒီကိုရောက်လာပြီပေါ့။ မင်း ဒီည ငါနဲ့အတူနေလို့ရတယ်။ ဒီနှစ်ယောက်ကို မြန်မြန်ထွက်သွားဖို့ ပြောလိုက်။ ဒီနှစ်ယောက်က ဘယ်လို စောင့်ရှောက်ရမှန်းမသိဘူး။ ငါ့ရဲ့ကောင်းမွန်တဲ့ကံကြမ္မာကြောင့်မဟုတ်ရင် ငါ ဒီနေ့ ငြိမ်းချမ်းမှုကို ခံစားနိုင်တော့မှာတောင်မဟုတ်ဘူး"
ဖန့်ရှောင်နွမ် ဒေါသထွက်ကာ ပြောလိုက်သည်။ “အဖေ၊ ချဲ့ကားပြီးပြောနေတာပဲ။ အဖေပြောသလို ကြောက်စရာမကောင်းပါဘူး။ အဖေက ကျွန်မနဲ့ ကျွန်မယောက်ျားက အဖေ့ကို အနိုင်ကျင့်နေတဲ့လေသံလိုမျိုး ပြောနေတယ်"
“မင်းရဲ့ အနိုင်ကျင့်ခံရဖို့ ငါမျှော်လင့်တယ်။ အဲ့တာက ဓာတ်ခွဲခန်းက ကြွက်တစ်ကောင်လို ဆက်ဆံတာထက် ပိုကောင်းတယ်လေ ဟုတ်တယ်မလား” သခင်ကြီး ကျီက အထင်အမြင်သေးစွာဖြင့် ပြောလိုက်သည်။
ဖန်ချီ စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။ "ရှောင်နွမ် ၊ ဘာဖြစ်နေတာလဲ"
ဖန့်ရှောင်နွမ် နှုတ်ခမ်းစူပြီး မနက်ခင်းမှာ ဖြစ်ပျက်ခဲ့တာတွေကို ရှင်းပြလိုက်ရသည်။ သူမ ပြောလိုက်သည်။ “ဟူး တကယ်တော့ ကျွန်မယောက်ျားနဲ့ ကျွန်မ မေ့သွားတယ်…”
အဲဒါကိုကြားတော့ သခင်ကြီး ကျီက ထပ်ပေါင်းပြောခဲ့သည်။ “ဟုတ်တာပေါ့၊ သူမ ဒါကို မေ့သွားတာ။ သူမက ငါ့ကို နောက်ထပ် ဆေးထိုးစေချင်နေသေးတာလေ…”
သခင်ကြီး ကျီက စကားများများပြောလေ၊ သူပိုပြီး စိတ်လှုပ်ရှားလာလေပင်။ ဖန်ချီ ခေတ္တရပ်တန့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။ " သိပြီ။ တကယ်တော့ နင့်အစ်ကိုနဲ့ ငါ လုံလုံလောက်လောက် အနားယူပြီးပြီ။ ဒီည ငါတို့အဖေ့ကို ပြုစုလိုက်မယ်။ နင်တို့နှစ်ယောက် အိမ်ပြန်ပြီး အနားယူလိုက်ကြတော့"
“ယောက်မ၊ ကျွန်မတို့ကို မသွားခိုင်းပါနဲ့။ လင်းချန်နဲ့ ကျွန်မ အဲ့အကြောင်း ဆွေးနွေးပြီးပါပြီ။ ဒီနေ့ ကျွန်မတို့ အဖေ့ကို အဖော်လုပ်ပေးလိုက်မယ် ” လို့ ဖန့်ရှောင်နွမ်က သူမယောက်မရဲ့ မောပန်းနွမ်းနယ်ရာမှ နီရဲလာတဲ့မျက်လုံးတွေကို ပြန်အမှတ်ရသောအခါတွင် ရင်နာစွာဖြင့် ပြောလိုက်သည်။
အဲဒီညက အပင်ပန်းဆုံးပဲ။ ယောက္ခထီးဖြစ်သူ ဆေးသွင်းဖို့ လိုအပ်ပြီး တစ်ယောက်ယောက်က သူ့ကို မျက်ခြေမပြတ် စောင့်ကြည့်ပေးနေရသည်။ အဲဒီအချိန်မှာ သူမရဲ့ခဲအိုနဲ့သူ့မိန်းမက သူမရဲ့ယောက္ခထီးကို ပြုစုစောင့်ရှောက်ပေးခဲ့သည်။ ဘာပဲဖြစ်ဖြစ် ဒီနေ့ သူတို့ကို ဒီမှာနေဖို့ ခွင့်မပြုနိုင်ဘူး။