အခန်း (၁၀၈)
Vol. 8 Ch. 108
သခင်ကြီး ကျီက စိတ်အားထက်သန်စွာ လက်ကိုဝှေ့ယမ်းပြီး ပြောခဲ့သည်။ "ရှောင်နွမ်၊ မင်းက သားသမီးဝတ္တရားကျေတဲ့သူဆိုတာ ငါသိတယ်။ မင်းရဲ့ ရည်ရွယ်ချက်ကောင်းတွေကို ငါနားလည်တယ်။ မင်း ဒီမှာနေစရာ မလိုဘူး။ မင်းတို့နှစ်ယောက် အရင်အိမ်ပြန်လို့ရပြီ"
ဖန့်ရှောင်နွမ် ပြတ်ပြတ်သားသား ပြောလိုက်သည်။ "မပြန်ပါဘူး၊ ရည်ရွယ်ချက်တွေက လွဲမှားနေတယ်။ ကျွန်မက အဖေ့ကိုစစ်မှန်တဲ့ သားသမီးဝတ္တရားကျေပွန်တာကို ခံစားစေချင်တာ”
“ဒါ့အပြင် အဖေ့မှာ သားနှစ်ယောက်ရှိတယ်။ ခဲအိုနဲ့ ယောက်မတို့ကိုပဲ အကုန်လုံးလုပ်ခွင့်ပေးလို့မရဘူး။ သူတို့နဲ့ အဖေ့ရဲ့နှောင်ကြိုးကို နားမလည်တဲ့လူတွေက အဖေ့ကို ဘက်လိုက်တယ်လို့ ထင်ပြီး သူတို့ကို အခွင့်ကောင်းယူတယ်လို့ ထင်ကြလိမ့်မယ်။ အဲဒါက လင်းချန်နဲ့ ကျွန်မကို ဘယ်လိုပုံစံမြင်သွားစေမလဲ"
"ဘာပဲဖြစ်ဖြစ် ကျွန်မက အဖေ့ရဲ့မိသားစုင်ထဲဝင်ထားတဲ့ အဖေ့ရဲ့ချွေးမပဲ၊ ကျွန်မရဲ့ဂုဏ်သတင်းက အရမ်းအရေးကြီးတယ်ဆိိုတာ အဖေသိလား။ ကျွန်မတို့မှာ ကောင်းမွန်တဲ့ဆက်ဆံရေးရှိတယ်ဆိုတာ လူတိုင်းကိုသိစေချင်တယ်။”
ဖန့်ရှောင်နွမ်ရဲ့ စကားကိုကြားတော့ လူနာခန်းအတွင်းရှိလူတိုင်း ရယ်မောသွားကြသည်။ ဒီစကားလုံးတွေက ရိုးရှင်းပေမယ့် လူတိုင်းကို သက်တောင့်သက်သာဖြစ်စေသည်။ ဒုတိယသားက သူ့အဖေ နေမကောင်းဖြစ်နေချိန်မှာ သူပြုစုစောင့်ရှောက်ချင်တယ်ဆိုတာကို သူတို့လည်းနားလည်ခဲ့သည်။ သူတို့နှစ်ယောက်စလုံးက သူ့ကို ပြုစုစောင့်ရှောက်ဖို့ ဆန္ဒရှိကြသည်။
ဖန်ချီက ဒီစကားကို ကြားတော့ နွေးထွေးသွားသည်။ ဖန့်ရှောင်နွမ်က သူ့ယောက္ခထီးက သူတို့နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိပြီး အဲ့တာက သူတို့ရဲ့ဆက်ဆံရေးကို သိသိသာသာ တိုးတက်စေတယ်လို့ပြောနေတာဖြစ်သည်။
ကျီလင်းချန်ရဲ့ နှုတ်ခမ်းတွေက အပြုံးတစ်ခုအဖြစ် ကွေးညွတ်သွားသည်။ သူ့မိန်းမရဲ့ စကားက သူပြောချင်တာနဲ့ အတိအကျပဲ။
သခင်ကြီး ကျီကတော့ အပျော်ဆုံးပါပင်။ ဒီစကားတွေက လူတိုင်းရဲ့ စိတ်နှလုံးကို အေးချမ်းစေသည်။ ယောက်မနဲ့ ခဲအိုကြားမှာ ရန်ဖြစ်တော့မည့် ရန်ကို ရှောင်ရှားရုံသာမက အပြစ်ရှာခံရခြင်းကိုလည်း လျော့ပါးစေသည်။ သူငြင်းနေသေးရင် ဒါက နည်းနည်းလေးမှ ယုတ္တိမတန်ပေ။
သခင်ကြီး ကျီ ကပိတ်ပင်ခဲ့သည်။ "ဒါပေမယ့် လင်းချန်က အရမ်းအလုပ်များတယ်"
ဖန့်ရှောင်နွမ် အလျင်အမြန် ပြောလိုက်သည်။ “သူ့အဖေကို ပြုစုဖို့လောက် သိပ်အလုပ်မများပါဘူး။ အလုပ်က ဘယ်လောက်ပဲ အရေးကြီးနေပါစေ အဲ့တာက အဖေ့လောက် အရေးမကြီးဘူး!"
"ကောင်းပြီ၊ ကောင်းပြီ၊ ကောင်းပြီ ငါ မင်းကို အနိုင်မယူနိုင်ပါဘူး။ မင်းဆက်နေဖို့ ခုခံနေတာဆိုတော့ နေလိုက်။မင်းရဲ့ အစ်ကိုနဲ့ ယောက်မတို့ ကောင်းကောင်းအနားယူသင့်ပါတယ်။ သူတို့ မနေ့ညက အရမ်းပင်ပန်းသွားကြတယ်” သခင်ကြီး ကျီ က ပြောလိုက်သည်။
ဖန့်ရှောင်နွမ်ရဲ့ အကြံအစည်က အောင်မြင်သွားသည်။သူမရဲ့ယောကျ်ားကို ဂုဏ်ယူစွာ မျက်စိမှိတ်ပြလိုက်သည်။
ကျီလင်းချန် ကူကယ်ရာမဲ့ ပြုံးနေပေမယ့် သူ့မျက်လုံးတွေက ချစ်ခင်မှုတွေ ပြည့်နှက်နေသည်။ သူ သူ့မိန်းမကို ပိုပိုပြီးသဘောကျလာသည်။
မြို့တော်ဝန် ကျီနဲ့ ဖန်ချီတို့ လူနာခန်းထဲမှာ ခဏလောက်ထိုင်ခဲ့ကြသည်။ သခင်ကြီး ကျီ က စကားပြောဖို့အစပြုခဲ့သည်။ "ငါတို့မိသားစုမှာ ရှောင်နွမ်လို လူတစ်ယောက် တစ်ခါမှ မရှိဖူးဘူး။ ငြင်းခုံဖို့ သူမပါးစပ်ကို ဟလိုက်တာနဲ့ သူမကို ဘယ်သူကမှ အနိုင်မယူနိုင်ဘူး။ လင်းရိုတောင်မှ သူမကိုမမီနိုင်ဘူး"
ဒါကိုကြားတော့ ဖန်ချီရဲ့ စိတ်ဝင်စားမှုက ချက်ချင်း တက်လာခဲ့သည်။ သူမ ဖန့်ရှောင်နွမ်ကိုကြည့်ပြီးမေးလိုက်သည်။ "ရှောင်နွမ်၊ ငါ့ကိုပြော၊ ဒီနေ့ လင်းရိုကို ဘာလုပ်လိုက်လဲ"
ဖန့်ရှောင်နွမ် ပေါ့ပေါ့ပါးပါး ပြန်ဖြေခဲ့သည်။ "ဘာမှသိပ်မလုပ်လိုက်ပါဘူး။ ကျွန်မ သူမကို ပါးနှစ်ချက်ပဲရိုက်လိုက်တာ။"
ဖန်ချီ စိုးရိမ်တကြီးမေးခဲ့သည်။ "နင်ကော ဘယ်လိုလဲ။ အဆင်ပြေရဲ့လား"
ဖန့်ရှောင်နွမ် ခေါင်းခါပြီး ပြောလိုက်သည်။ " စိတ်မပူပါနဲ့ ယောက်မရယ်။ ကျွန်မ အဆင်ပြေပါတယ်။ ကျွန်မယောကျ်ားနဲ့ အဖေက ကျွန်မဘေးမှာ ရှိနေတော့ သူမ ကျွန်မကို ဘာမှ မလုပ်ရဲဘူး ”
ဖန်ချီက သူမရဲ့ယောက်မ မဆင်မခြင် ပြုမူလွန်းတယ်လို့ ခံစားမိနေတုန်းပင်။
ဖန့်ရှောင်နွမ်က သူမကို ပြုံးပြီး နှစ်သိမ့်ပေးခဲ့သည်။ "ယောက်မ၊ ကျွန်မက အမြဲတမ်း အရမ်းနူးညံ့ပါတယ်"
"ဟုတ်လို့လား " ဖန်ချီက သူမရဲ့ မယုံကြည်မှုကို ထုတ်ဖော်ပြသခဲ့သည်။
“ယောက်မ၊ ဒါကို မယုံဘူးလား။ ကျွန်မယောကျ်ားက ကျွန်မကြောင်ပေါက်လေးလို့ မကြာခဏပြောနေကြ” ဖန့်ရှောင်နွမ်ကပြန်ပြောခဲ့သည်။
ကျီလင်းချန် ပြုံးပြီး ပြောလိုက်သည်။ "ဟုတ်တယ်၊ ကုတ်တတ်တဲ့ တောကြောင်က နာကျင်မှုကို အများကြီး ဖြစ်စေတယ်လေ!"
ဖန့်ရှောင်နွမ် ချွဲတဲ့အသံနဲ့ပြောလိုက်သည်။ “ယောကျ်ား၊ ကျွန်မကို ဘယ်လိုပြောလိုက်တာလဲ…”
ကျီလင်းချန် ပြောလိုက်သည်။ "ကိုယ်တို့က သူစိမ်းတွေမှ မဟုတ်တာ။ ဘာကြောက်စရာရှိလို့လဲ"
ဖန့်ရှောင်နွမ် စိတ်ဆိုးချင်ယောင်ဆောင်ပြီး သူမယောကျ်ားရဲ့ ပုခုံးကို တွန်းကာ ပြောလိုက်သည်။ "ရှင်က တော်တော်ဆိုးတဲ့သူပဲ!"
လူနာခန်းထဲမှာ ရယ်မောပျော်ရွှင်သံတွေနဲ့ ပြည့်နှက်နေခဲ့သည်။
အချိန်နောက်ကျနေပြီ ဖြစ်ကာ ဖန်ချီနဲ့သူမရဲ့ခင်ပွန်းတို့ အခုမှ အိမ်သို့ပြန်သွားကြသည်။ နောက်ဆုံးမှာ သူတို့သုံးယောက်သာ လူနာခန်းထဲမှာ ကျန်ရစ်ခဲ့သည်။
ဖန့်ရှောင်နွမ် သူမရဲ့ယောက္ခထီး၏ တုံ့ဆိုင်းနေတဲ့ အကြည့်ကိုကြည့်ပြီး ပြောလိုက်သည်။ “အဖေ၊ ကြည့်မနေတော့နဲ့။ အဖေ ဘယ်လောက်ပဲ ခက်ခဲအောင် ကြည့်နေပါစေ အစ်ကိုနဲ့ ယောက်မတို့ ပြန်လာနိုင်မှာ မဟုတ်ဘူး။”
“ငါ သူတို့ ပြန်လာစေချင်တယ်လို့ မပြောလိုက်ပါဘူး” သခင်ကြီးကျီက အားကိုးရာမဲ့စွာ ပြန်ဖြေလိုက်သည်။ ဤသည်မှာ ဒုတိယသားဖြစ်သူနှင့် ဒီလောက်အချိန်အကြာကြီးကြာပြီးမှ တစ်ခန်းတည်းမှာနေရသည့် ပထမဆုံးအကြိမ်ဖြစ်ပြီး အခု ရုတ်တရက် အနည်းငယ် အဆင်မပြေဖြစ်နေသည်။
ဖန့်ရှောင်နွမ်ရဲ့ စိတ်က အလွန်စူးရှသည်။ သူမရဲ့ယောက္ခထီးနဲ့ သူမယောကျ်ားကြားက သိမ်မွေ့နက်နဲတဲ့ အငွေ့အသက်ကို သူမ သတိထားမိခဲ့သည်။ သူမ မျက်ဖြူလှန်လိုက်ပြီး အကြံကောင်းတစ်ခုကို တွေးလိုက်မိသည်။ သူမ ပြောလိုက်သည်။ “အဖေ၊ ယောကျ်ား၊ ကျွန်မ တစ်ခုခုကို တွေးမိပြီ။ ကျွန်မကိုခဏစောင့်"
"မင်းဘယ်သွားမလို့လဲ" ကျီလင်းချန်က သူ့ဇနီးလေး ပျောက်ကွယ်သွားတဲ့အခါမှ စကားလုံးတွေ ထွက်သွားခဲ့သည်။
ဖန့်ရှောင်နွမ် ပြန်ရောက်လာတော့ သူမလက်ထဲမှာ ဖဲချပ်တစ်ထုပ်၊ အဆာပြေမုန့်တွေနဲ့ ဘီယာအချို့ရှိသည်။
ကျီလင်းချန် မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ "မင်း ဘီယာကို ဘယ်သူ့အတွက် ဝယ်လာတာလဲ"
ဖန့်ရှောင်နွမ်လျှာထုတ်ပြီး ချွဲတဲ့အသံနဲ့ပြောလိုက်သည်။ " ယောကျ်ား၊ ကျွန်မ ရှင့်အတွက် ဝယ်လာတာ " ဟုတ်ပါတယ်၊ သူမကိုယ်တိုင်အတွက်လည်းပါအောင် နှစ်ဗူးဝယ်ခဲ့တာ။
ဒီစကားကိုကြားတော့ ကျီလင်းချန် ချက်ခြင်းဒေါသတွေ ပျောက်ကွယ်သွားသည်။ တခြားအရာတစ်ခုကို မြင်ပြီး သူ မေးလိုက်သည်။ “ဒါက ဘာလဲ။”
“Poker ကတ်တွေလေ! ညဘက် ဒီမှာနေရတာ ခက်ခဲတယ်၊ ကျွန်မတို့ ခဏလောက် ကစားလို့မရဘူးလား” လို့ ဖန့်ရှောင်နွမ် ပြန်ဖြေလိုက်သည်။ ထိုစကားကိုပြောပြီးနောက် သူမက စားစရာတွေအားလုံးကို ကုတင်ပေါ်ပစ်ချလိုက်ပြီး ဘေးက ကုလားထိုင်ကို ဆွဲထုတ်လိုက်သည်။ သူမက သူမယောကျ်ားကို အော်လိုက်သည်။ "ယောကျ်ား၊ လာထိုင်"