← Chapters

အခန်း (၁၁၀)

Vol. 8 Ch. 110

အခန်း (၁၁၀)

Vol. 8 Ch. 110

ဖန့်ရှောင်နွမ်က ဒီအချီမှာ အနိုင်ရနိုင်တဲ့ ဘုရင်ကို ဖမ်းမိခဲ့သော်လည်း အဆုံးမှာတော့ သူမ ရှုံးနေတုန်းပင်။

ဖန့်ရှောင်နွမ် က သူမ ရှုံးသွားလို့ ဒေါသထွက်သွားကာ အော်ခဲ့သည်။ "ယောကျ်ား!"

ကျီလင်းချန်က သူ့ဇနီးသည် ဝုန်းဒိုင်းကြဲနေတာကို တွေ့လိုက်ရပြီး သူ့နှုတ်ခမ်းထောင့်က ကွေးညွတ်သွားသည်။ သူက အိမ်သာသုံးစက္ကူတစ်ခြမ်းကို ဆုတ်ဖြဲကာ ရေထဲနှစ်ပြီး သူမရဲ့မျက်နှာပေါ် ကပ်ခဲ့သည်။ စက္ကူ ပြုတ်ကျမှာကို တားဆီးဖို့အတွက် သူက အဲ့တာကို တမင်ဖိလိုက်သေးသည်။

"မင်းအမှားကို ဝန်ခံပြီလား" ကျီလင်းချန် မေးလိုက်သည်။ ဇနီးဖြစ်သူ သူ့ဘက်မှာ မနေခဲ့တာကို နောင်တရစေအောင် သူ တစ်ချိန်လုံး ဖဲချပ်တွေကို အနိုင်ယူခဲ့သည်။

ဖန့်ရှောင်နွမ် စိတ်ရှုပ်ထွေးစွာဖြင့် မျက်တောင်ခတ်ပြီး မေးလိုက်သည်။ "ကျွန်မအမှားကို ဝန်ခံရမှာလား" သူမ ဘာအမှားလုပ်ခဲ့လို့လဲ?

ဒါပေမယ့် အဲ့တာကို သေသေချာချာ တွေးကြည့်ပြီးတဲ့နောက်မှာတော့ အဲ့တာက ... သူမ အခုလေးတင် ပြောခဲ့တာတွေကြောင့်လို့ ရုတ်တရက် သိလိုက်ရသည်။

အစပိုင်းတုန်းက ကျီလင်းချန် ခေါ်ခဲ့တဲ့ landlord ဂိမ်းတစ်ခုရှိသည်။ သခင်ကြီးကျီရဲ့ ကတ်တွေက အရမ်းကောင်းသည်၊ သူ ခေါ်ချင်ပေအယ့်လည်း ချီတုံချတုံဖြစ်နေဆဲပင်။ ဖန့်ရှောင်နွမ်က အကြံပေးခဲ့သည်။ “အဖေ၊ ဒီဂိမ်းကို မခေါ်နဲ့။ ကျွန်မတို့ နှစ်ယောက်က တစ်ဖက်တည်း။ အဖေ ကျွန်မကို အောင်ပွဲဆီ ဦးဆောင်ပို့ပေးနိုင်ပါတယ်!”

ထို့ကြောင့် နောက်ဆုံးမှာ ကျီလင်းချန်က အနိုင်ရသောလက်ကို ရရှိခဲ့သည်။ ဖန့်ရှောင်နွမ် အနည်းငယ် အကူအညီမဲ့သွားသည်။ ဒါကြောင့် သူ ဒီဟာကြောင့်လား။ သူမက အဖေ့ဘက်မှာ နေမယ်လို့ ပြောလိုက်တာကြောင့်လား။

ဇနီးဖြစ်သူ၏ ရှောခ့်ရနေတဲ့ အမူအရာကိုမြင်တော့ ကျီလင်းချန်က သူမမျက်နှာလေးကို တို့ကာပြောလိုက်သည်။ “အခြေအနေတွေကို ကောင်းကောင်းမဖတ်ခဲ့တာက မင်းရဲ့အပြစ်ပဲ။ အာရုံစိုက်။ မဟုတ်ရင် မင်းအနိုင်ရဖို့ နည်းလမ်းမရှိဘူး”

ဖန့်ရှောင်နွမ် လျှာထုတ်ပြလိုက်သည်။ သူမရဲ့ လက်နှစ်ဖက်ကို အလျင်အမြန်ဖြန့်ကာ ခင်ပွန်းဖြစ်သူရဲ့ကိုယ်ပေါ်ခုန်အုပ်လိုက်ပြီး ချွဲတဲ့အသံနဲ့ပြောလိုက်သည်။ "ယောကျ်ား၊ ကျွန်မမှားသွားပါတယ်။ နောက်တစ်ခါကျရင် ရှင့်ဘက်မှာ ကျွန်မ သေချာပေါက် နေပေးပါ့မယ်နော်။ အဖေ့ရဲ့ အရည်အချင်းက အရမ်းညံ့လွန်းတယ်။”

"ဖန့်ရှောင်နွမ်၊ မင်း... မင်းက ခြံစည်းရိုးစောင့်တစ်ယောက်ပဲ!" သခင်ကြီး ကျီက ဒေါသတကြီးပြောလိုက်သည် ။

ကျီလင်းချန်က ဖန့်ရှောင်နွမ်ရဲ့ ပြသထားတဲ့ အားနည်းချက်ကို ဝန်လေးစွာ လက်ခံခဲ့သော်လည်း သူ့ အပြုံးက သူ့အတွင်းစိတ်ပျော်ရွှင်မှုကို ကြာရှည်စွာ ထုတ်ဖော်ပြသခဲ့သည်။

ကျီလင်းချန်ပြောလိုက်သည်။ "နောက်တစ်ခါ Poker ဂိမ်းဆော့ရင် မင်းကိုခေါ်မယ်"

“အိုခေ၊ အိုခေ။ ယောကျ်ား၊ ရှင်က ကျွန်မအပေါ် တကယ်ကောင်းတယ်။ အိုး ဟုတ်သားပဲ။ မြန်မြန် အဖေ့ကို စတစ်ကာတစ်ခုကပ်လိုက်ဦး။ သူ့ကို မုတ်ဆိတ်ဖြူ အဖိုးကြီးဖြစ်အောင်လုပ်လိုက်" လို့ ဖန့်ရှောင်နွမ်က ရက်စက်တဲ့ အပြုံးဖြင့် ပြောလိုက်သည်။

ထိုအချိန်တွင် သူနာပြုဆရာမက လူနာခန်းတံခါးကို တွန်းဖွင့်ခဲ့သည်။ သူနာပြုဆရာမလေး အထဲဝင်လာတော့ ဖြစ်ပျက်နေတာကို မြင်လိုက်တဲ့အခါ သူမ ပျာယာခတ်စွာ ပြောခဲ့သည်။ “CEO ကျီ ၊ ကျွန်မ သခင်ကြီး ကျီရဲ့ သွေးပေါင်ချိန်လာတိုင်းတာပါ ”

ဒါကိုကြားတော့ ဖန့်ရှောင်နွမ်က ကမန်းကတန်းထပြီး သခင်ကြီး ကျီ ကို အိပ်ယာပေါ်ပြန်တင်ဖို့ ကူညီပေးခဲ့သည်။ ထို့နောက် သူမက လမ်းဖယ်ပေးပြီးပြောခဲ့သည်။ “ကောင်းပါပြီ၊ သူ့သွေးပေါင်ချိန်ကို လာစစ်လိုက်”

သူနာပြုဆရာမလေးက မဝံ့မရဲနဲ့ လျှောက်သွားလိုက်ကာ သခင်ကြီးကျီရဲ့ မျက်နှာနဲ့ မိန်းကလေးရဲ့မျက်နှာပေါ်မှာ စတစ်ကာများစွာ ကပ်ထားသည်ကို တွေ့လိုက်ရသည်။ သူတို့ကြည့်ရတာ အရမ်းရယ်စရာကောင်းသည်။ သူမ ရယ်ချင်နေတာကို ထိန်းထားပြီး ကိုယ့်ဘာသာတွေးလိုက်သည်။ 'ငါ maskတပ်ထားလို့ တော်သေးတယ်။ မဟုတ်ရင် ငါရယ်နေတာကို သူတို့ သိသွားလိမ့်မယ်။ ဒါပေမယ့် ဒီမိသားစုက အရမ်းသဟဇာတဖြစ်ပုံရတယ်။ သူတို့က အရမ်းအဆင်ပြေနေကြတယ်'

ခဏအကြာတွင်တော့ သူမက သူ့ရဲ့သွေးပေါင်ချိန်ကို တိုင်းပြီးသွားပြီ။ သူနာပြုဆရာမက အဲ့တာကိုဖတ်ကြည့်ပြီး သံသယရှိစွာမေးခဲ့သည်။ “သူ့ရဲ့သွေးပေါင်ချိန်က နေ့လည်ကထက် ဘာလို့ပိုမြင့်နေတာလဲ”

သခင်ကြီးကျီက ဒေါသတကြီးနဲ့ပြောလိုက်သည်။ "ဒီမိမစစ်ဖမစစ်လေးနှစ်ကောင်ကြောင့်ပဲ ဖြစ်ရမယ်!" ထိုစကားကို ပြောပြီးနောက် သူတို့နှစ်ယောက်ဆီကို မျက်ဖြူတောင်လှန်ပြခဲ့သည်။

သူနာပြုဆရာမက တစ်ဖက်မှာရပ်နေတဲ့ ကျီလင်းချန် နဲ့ ဖန့်ရှောင်နွမ် ကိုကြည့်ပြီး ပြောခဲ့သည်။ “CEO ကျီ၊ မစ္စစ် ကျီ၊ လူနာရဲ့ ခန္ဓာကိုယ်က ပြန်သက်သာလာပါပြီ။ သူ့ရဲ့စိတ်ခံစားချက်တွေ အရမ်းကြီး မပြောင်းလဲသွားအောင် ထိန်းပေးကြပါ။ မဟုတ်ရင် သူ့ကျန်းမာရေးအတွက် မကောင်းဘူး။”

ကျီလင်းချန် ဘာမှ မပြောခဲ့ပေမယ့် ခေါင်းညိတ်ခဲ့သည်။

သူနာပြုကို လွှတ်လိုက်ပြီးနောက် ဖန့်ရှောင်နွမ်က ကုတင်ပေါ်မှာ ဒေါပွနေတဲ့ သခင်ကြီးကျီကို ကြည့်လိုက်သည်။ သူမ သူမရဲ့ယောကျ်ားကိုကြည့်ကာ ပြောလိုက်သည်။ “ယောကျ်ား၊ အဖေဘက်မှာရှိနေပေးတာက ကျွန်မအတွက် ပိုကောင်းမယ်လို့ထင်တယ်။ ဒါမှပဲ ကျွန်မအနိုင်ရဖို့ အခွင့်အလမ်းရှိမှာ။"

ကျီလင်းချန် မျက်ခုံးပင့်ပြီး သူမကို ကြည့်လိုက်သည်။ သူ့အဖေကို ရည်ရွယ်ချက်ရှိရှိ သူ အရှုံးတော့မယ်ဆိုတာ သူမ သိထားပြီးပြီမို့ သူမက အဖေဘက်ကနေချင်နေတာလား။

ဖန့်ရှောင်နွမ် ဒီလို တွေးနေတာအတိအကျပဲ။ သူမရဲ့ယောကျ်ားက သင်ယူမှုနှေးကွေးတဲ့သူဖြစ်သည်။ သူ့အဖေကို သူဘယ်လောက်ပဲ ဂရုစိုက်နေပါစေ သူ စကားကောင်းကောင်း မပြောတတ်ဘူး။ ၎င်းကိုဖော်ပြရန် သူက လုပ်ဆောင်ချက်တွေကိုသာ အသုံးပြုသည်။

သူနာပြုဆရာမရဲ့ စကားတွေက ရှင်းရှင်းလင်းလင်းဖြစ်နေပြီ။ ထို့ကြောင့် သူမရဲ့ယောကျ်ားက နောက်ပိုင်မှာ ရည်ရွယ်ချက်ရှိရှိ အရှုံးပေးတော့မယ်ဆိုတာ သူမ သေချာပေါက် သိနေသည်။ ထိုနည်းအားဖြင့် သခင်ကြီး ကျီကို ပိုမိုကောင်းမွန်တဲ့ ခံစားချက်ကို ရရှိစေမည်ဖြစ်သည်။

သေချာတာပေါ့၊ သူတို့ပြန်ပြီးကစားကြတဲ့အခါ သခင်ကြီးကျီက သုံးပွဲဆက်တိုက် အနိုင်ရခဲ့သည်။

ဖန့်ရှောင်နွမ်က အာလူးချောင်းကြော်စားနေသည်။ သူမလက်ထဲက ကတ်တွေကို ကြည့်ပြီး သခင်ကြီး ကျီ ကို ကြည့်လိုက်သည်။ သူမ ပြောခဲ့သည်။ “အဖေ၊ အဖေ့မှာ အမျိုးအစားလေးမျိုးက ဘယ်နှစ်ခုရှိလဲ”

သခင်ကြီးကျီရဲ့ King လေးခုကို ဘယ်သူကမှ မချေပနိုင်သောကြောင့် သူက အမျိုးအစားသုံးမျိုးထဲမှ နှစ်ခုကို ကစားခဲ့သည်။

ဒီတစ်ကြိမ်မှာ ကျီလင်းချန်က ၎င်းကို စီမံခဲ့သော်လည်း သခင်ကြီး ကျီက ထိတ်လန့်ခြင်းမရှိသည်မှာ ထင်ရှားသည်။ သေချာတာကတော့ သူ့လက်ထဲမှာ တစ်ခုခု ကြီးကြီးမားမား ရှိနေသည်။

ဖန့်ရှောင်နွမ်က ကတ်တွေကို ရိုးရှင်းစွာပိတ်ထားပြီး သူမရဲ့ အာလူးချောင်းကြော်ကို စားရန် အာရုံစိုက်ခဲ့သည်။

“ဖဲလေးပွင့်”သခင်ကြီး ကျီက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ မျှော်လင့်ထားသည့်အတိုင်း သူ့မှာ အောင်ပွဲခံတဲ့ လက်ရှိသည်။

သခင်ကြီးကျီရဲ့ ကတ်တွေ နည်းလာသည်ကို တွေ့ရသဖြင့် သူမ ရိုးရိုးရှင်းရှင်း ကစားတာကို စွန့်လွှတ်လိုက်သည်။ မည်သို့ပင်ဖြစ်စေ သူမ အနိုင်ရမည်ဖြစ်သည်။

ဒီအချိန်မှာ သခင်ကြီးကျီက သူ့လက်ထဲမှာ ကတ်နှစ်ကတ်သာ ကျန်တော့သည်။ ဖန့်ရှောင်နွမ်က အဲ့တာကို တစ်စုံလို့ မှန်းဆခဲ့သည်။

ဒါပေမယ့် အချိန်အကြာကြီးစောင့်ဆိုင်းပြီးနောက် ကျီလင်းချန်က ဘုရင်ကို မကစားခဲ့သေးပေ။ ရုန်းကန်ခြင်းကို သူ စွန့်လွှတ်လိုက်ပုံရသည်။

သေချာတာပေါ့ သခင်ကြီး ကျီ က နောက်ဆုံး ကတ်နှစ်ကတ်ကို ကုတင်ပေါ် လှဲချလိုက်ပြီး စိတ်လှုပ်ရှားစွာအော်ခဲ့သည်။ "ဘုရင်တွေပဲကွ!"

အဲဒီလိုပြောပြီးနောက် လက်ခုပ်တီးခဲ့သည်။ သူ ပြီးခဲ့သည့် အကြိမ်အနည်းငယ်တွင် အနိုင်ရရှိခဲ့သည်။ သူ့လက်ထဲက ကတ်တွေက ကောင်းကင်ဘုံကို အံတုနေတာ။ သူ အနိုင်ရတာ အရမ်းမြန်တယ်။

ကျီလင်းချန်က ကတ်တွေကို အပုံလိုက် ချခဲ့ပြီး သူ့အဖေနဲ့ သူ့ရဲ့ဇနီး သူ့ကို စတစ်ကာကပ်ဖို့ တိတ်တဆိတ် စောင့်ဆိုင်းနေခဲ့သည်။

All Chapters