← Chapters

အခန်း (၁၂၅၅-၁၂၆၀)

Vol. 82 Ch. 1255-1260

အခန်း (၁၂၅၅-၁၂၆၀)

Vol. 82 Ch. 1255-1260

အခန်း ၁၂၅၅ အခြားနည်းဖြင့် အသက်ရှင်ရပ်တည်ခြင်း

စွင်းချောင် နှင့် ကောယိရန်တို့ ထွက်သွားချိန်တွင် ကုနင်းသည် ရေကန်ဘေးသို့ သွားလိုက်ပြီး “ထွက်ခဲ့တော့” ဟု ပြောလိုက်သည်။

နတ်ဆိုးကျောင်းသည် ကုနင်း၏အသံကို ကြားလိုက်သည်နှင့် တစ်ပြိုင်နက် ချက်ချင်းထွက်လာပြီး “သခင် ငါ အဲ့ကောင်လေးကို ဝါးမြိုလိုက်ပြီ။” ဟုပြောလာသည်။

မြွေကြီးသည် နတ်ဆိုးကျောင်းနှင့်ယှဉ်လိုက်လျှင် အရွယ်အစား သေးငယ်နေသည် မဟုတ်ပါလား။

“ဟိုကျောက်တုံးတွေကို မပြီး ရေကန်ကို ပိတ်လိုက်။” ကုနင်းသည် အနီးအနားမှ ကျောက်တုံးများကို ညွှန်ပြရင်း ပြောလိုက်သည်။

“ကောင်းပါပြီ သခင်။” နတ်ဆိုးကျောင်းသည် အမြီးဖြင့် ကျောက်တုံးကို ရစ်ပတ်လိုက်ပြီး ဆွဲချလိုက်သည်။

ရေကန်ကို ပိတ်ရန် ကျောက်တုံးတစ်တုံးထဲနှင့် မလုံလောက်သောကြောင့် အခြားကျောက်တုံးများကိုလည်း ဆက်ရွှေ့လိုက်သည်။

မြွေကြီးသေသွားပြီဖြစ်သော်လည်း ရေကန်သည် ထူးဆန်းနေသောကြောင့် အခြားသတ္တဝါများ ထပ်ထွက်မလာစေရန် ပိတ်နေခြင်း ဖြစ်လေသည်။

ကျောက်တုံးများသည် အစွမ်းရှိသော မကောင်းဆိုးဝါးများကိုတော့ ပိတ်ထားနိုင်စွမ်းမရှိသော်လည်း ပြင်ပကမ္ဘာသို့ ထွက်မလာအောင် သတိပေးထားသည့် သဘောမျိုးဖြစ်သည်။

မိနစ်အနည်းငယ်ကြာပြီးနောက်တွင် ကုနင်းသည် စွင်းချောင် နှင့် ကောယိရန်တို့ကို အမှီလိုက်နိုင်သွားလေသည်။

သူတို့သည် လမ်း‌ကို မြန်မြန်လျှောက်နေကြသော်လည်း ကုနင်းကတော့ သူတို့ထက် ပိုမြန်လေသည်။

ထို့နောက် တစ်နာရီခွဲခန့်အကြာတွင် ဂူအပေါက်၀သို့ ရောက်သွားလေသည်။

လီမြောင်စုန့်နှင့်ကျောက်ကျန်းချွမ်တို့သည် အနားပင်မယူနိုင်ကြပဲ ဂူပေါက်၀သို့ ကြည့်နေကြသည်။ အပြင်မှာ စောင့်နေသူတို့ကို အချိန်ပိုကြာကြာ စိတ်မပူစေချင်ကြသည်လေ။

သေချာတာတစ်ခုကတော့ ကုနင်းသည် သူတို့မှန်းထားသည်ထက်ပင် ပြဿနာကို ကောင်းကောင်းဖြေရှင်းနိုင်လိုက်ခြင်းပင်။ အထဲတွင် တစ်နာရီခန့်အတွင်း ဖြေရှင်းလိုက်သည် မဟုတ်ပါလား။

သို့သော် သူတို့သည် ကုနင်းမှာ နတ်ဆိုးကျောင်း၏ အကူအညီကို ယူလိုက်ရသည်ကို လည်းကောင်း၊ ကျောက်စိမ်းမျက်လုံးရှိသည်ကိုလည်းကောင်း မသိကြပါချေ။

ကောယိရန်တစ်ယောက် အန္တရာယ်ကင်းစွာ ထွက်လာနိုင်သည်ကိုပင် ၀မ်းသာပျော်ရွှင်နေကြလေသည်။

လီမြောင်စုန့် နှင့် ကျောက်ကျန်းချွမ်တို့သည် ကောယိရန်ကို တွေ့လိုက်ရသောအခါတွင်တော့ မျက်ရည်များပင် ကျကြလေသည်။

“ဦးလေးလီ ၊ ကျန်းချွမ် စိတ်ပူအောင်လုပ်မိလို့ တောင်းပန်ပါတယ်။” ကောယိရန်သည်လည်း ငိုကြွေးကာ လီမြောင်စုန့် နှင့် ကျောက်ကျန်းချွမ်တို့ကို တောင်းပန်လိုက်သည်။

“မင်းအဆင်ပြေတာပဲ ၀မ်းသာပါတယ်ကွာ။” လီမြောင်စုန့်နှင့်ကျောက်ကျန်းချွမ်တို့သည် မျက်ရည်များကို သုတ်ပြီး ပြောလိုက်သည်။ ထို့နောက် ကုနင်းကိုလည်း ကျေးဇူးအထပ်ထပ်တင်နေကြလေသည်။

“ကဲ.. ညစာသွားစားကြရအောင် ကျွန်မတော့ဗိုက်ဆာနေပြီ။” ဟု ကုနင်း ပြောလိုက်သည်။

“အိုး ဟုတ်တာပေါ့ ပြန်ကြရအောင်။” လီမြောင်စုန့်လဲ ချက်ချင်းသဘောတူလိုက်သည်။

ထို့နောက် တောင်အောက်သို့ ဆင်းလာလိုက်ကြသည်။

“မစ္စကု ဒီရွာက သေးသေးလေးဆိုတော့ စားသောက်ဆိုင် ကောင်းကောင်းတော့ မရှိဘူး။ မြို့ထဲကလည်း သွားရမှာဝေးတယ်။ ဦးလေးအိမ်မှာပဲ စားလိုက်မလား?” လီမြောင်စုန့် ကုနင်းကို မေးလိုက်လေသည်။

“ရတာ‌ပေါ့။”

ထို့နောက် သူတို့အားလုံး လီမြောင်စုန့်၏အိမ်သို့ ရောက်သွားကြပြီး လီမြောင်စုန့်က ချက်ပြုတ်ကျွေးမွေးလေသည်။

လီမြောင်စုန့်၏မိဘများသည် သူငယ်ရွယ်စဉ်ကတည်းက ဆုံးပါးသွားကြပြီဖြစ်သည်။ ထို့ကြောင့် သူ့ကိုယ်သူထိန်းကျောင်းရင်း ကိုယ်တိုင်ချက်ပြုတ်တတ်ခြင်း ဖြစ်သည်။

အိမ်ကိုတော့ သူပြန်ရောက်ကတည်းက ရှင်းထားခဲ့ပြီးဖြစ်ရာ ရေခဲသေတ္တာထဲတွင်လည်း အသီးအရွက်နှင့် အသားငါးများ ထည့်ထားပြီး ဖြစ်လေသည်။

သူတို့သာ သာမာန်လူများကဲ့သို့သာ ၀တ်စားနေကြသော်လည်း တကယ်တမ်းတော့ အလွန်ချမ်းသာကြလေသည်။ သူတို့သည် ဂူတူးရာတွင် အောင်မြင်ကြသူများဖြစ်ပြီး တစ်ယောက်စီတွင် ယွမ်ပေါင်းသန်းရာချီ ပိုင်‌ဆိုင်ထားကြသည်ပင်။

သူတို့သည် ဈေးကြီးသည့် အ၀တ်အစားများကို မမက်မောကြသော်လည်း အစားအသောက်တွင်တော့ ရက်ရောစွာ သုံးစွဲကြလေသည်။ ထို့ကြောင့်လည်း သူတို့တွင် တန်ဖိုးရှိ အစားအသောက်များ ရှိနေခြင်းဖြစ်သည်။

ကျောက်ကျန်းချွမ်သည် လီမြောင်စုန့်ကို ချက်ပြုတ်ရာတွင် ကူညီပေးပြီး စွင်းချောင်နှင့် ကောယိရန်တို့ကတော့ ဘေးတွင် အနားယူနေကြသည်။ သူတို့သည် သေဘေးနှင့် ကြုံခဲ့ရသည် မဟုတ်ပါလား။

ကုနင်းသည်လည်း ဧည့်ခန်းတွင် ထိုင်နေရင်း ညစာစားရန် စောင့်နေလေသည်။

စွင်းချောင်နှင့်ကောယိရန်တို့လည်း ဧည့်ခန်းသို့သွားကာ ကုနင်း နှင့် စကားပြောနေလိုက်ကြသည်။

မိနစ် ၄၀ ခန့်ကြာသော်အခါ ညစာများအဆင်သင့်ဖြစ်ပြီဖြစ်၍ သူတို့လည်း စတင်စားသောက်ကြလေသည်။

ညစာစားပြီးနော် ကုနင်း သည် “ဦးလေးတို့ ဂူတူးတာကို ဆက်လုပ်ကြဦးမှာလား? ဒါမှမဟုတ် လုပ်ငန်းပြောင်းဖို့ အစီအစဉ် ရှိကြလား။ ဂူတူးတာက တရားမ၀င်တဲ့အပြင် အရမ်းလည်း အန္တရာယ်များပါတယ်။ အချိန်မရွေး သေသွားနိုင်တယ်။ ကျွန်မလည်း အမြဲတမ်းလာနိုင်မှာမဟုတ်တော့ အမြဲတမ်းကံကောင်းနေမယ်လို့ မဆိုနိုင်ဘူး။” ဟု ပြောလိုက်သည်။

ထိုစကားကိုကြားပြီး သူတို့သည် ကြက်သေသေသွားကြသည်။ သူတို့ကိုယ်တိုင်လည်း လုပ်ငန်းပြောင်းဖို့ အတွေးရှိကြသော်လည်း ဘာလုပ်ရမှန်း မသိကြခြင်း ဖြစ်သည်။

ကုနင်းသာမရှိလျှင် သူတို့လည်း တစ်ကွေ့ကွေ့တော့ အသက်အန္တရာယ်နှင့် ကြုံရဦးမည်ပင်။

သူတို့တွင် ပိုက်ဆံများပြားစွာရှိသော်လည်း ဘ၀မှာ အဓိပ္ပါယ်မရှိသလို ဖြစ်နေကြခြင်း ဖြစ်သည်။ သို့သော် အခြားဘာလုပ်ရမှန်းလည်းမသိ လမ်းပျောက်နေကြလေသည်။

“အင်း ဦးလေးတို့လည်း တခြားအလုပ်ပြောင်းလုပ်ချင်နေတာပါ။ မင်းပြောသလိုပဲ ဂူတူးတာက တရားမ၀င်တဲ့အပြင် အန္တရာယ်လည်း များတယ်။ မစ္စကုသာမရှိရင် ဦးလေးတို့လည်း တစ်ချိန်ချိန်တော့ သေဘေးနဲ့ တွေ့ဦးမှာပဲ။ ‌ဒါပေမယ့် ဦးလေးတို့ ဘာလုပ်ရမှန်းမသိဘူး။”

“စီးပွားရေးလုပ်ငန်းကိုလည်း လည်ပတ်အောင် ဘယ်လိုလုပ်ရမလဲ မသိဘူး။ ဦးလေးတို့မှာ တခြားအရည်အချင်းလည်း မရှိဘူးလေ။ ဦးလေးတို့က သာမာန်အလုပ်တွေကိုလည်း စိတ်မ၀င်စားတော့ လမ်းပျောက်နေကြတာပေါ့။” လီမြောင်စုန့် ပြောလိုက်သည်။

***

အခန်း ၁၂၅၆ ကုနင်း အကြံကို လိုက်နာခြင်း

လီမြောင်စုန့်သည် သူတို့၏ အဖွဲ့ခေါင်းဆောင်ဖြစ်ပြီး ကျန်အဖွဲ့သားများကလည်း သူပြောသည်ကို ထောက်ခံလိုက်ကြသည်။

“အင်း.. အမှန်အတိုင်းပြောရရင်တော့ ကျွန်မအဲဒီလိုမေးတာ အကြောင်းရှိတယ်.. တကယ်လို့ ဦးလေးတို့ ဒီအလုပ်ကိုပဲ ဆက်လုပ်ချင်လဲ ကျွန်မ,မတားပါဘူး.. ဒါပေမယ့် ဦးလေးတို့ ဘ၀ကို ပြောင်းလဲပေးချင်လို့ ကျွန်မဆီမှာ အလုပ်ခန့်ချင်လို့ပါ.. ‌အခုခေတ်မှာ အရည်အချင်းရှိတဲ့သူတွေလည်း ပေါတယ်ဆိုပေမယ့် ယုံကြည်အားကိုးရတဲ့သူတော့ ရှားတယ်.. ဒါပေမယ့် ကျွန်မက ဦးလေးတို့ကို ယုံကြည်သလို ဦးလေးတို့ကလည်း ကျွန်မကို ယုံကြည်ကြတယ်.. အဲဒါကြောင့် အတူတူ အလုပ်လုပ်ချင်တယ်.. ဦးလေးတို့မှာ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ရွေးချယ်ပိုင်ခွင့် ရှိပါတယ်.. ဦးလေးတို့ သေချာစဉ်းစားပြီး ဆုံးဖြတ်ပါ” ကုနင်း ပြောလိုက်သည်။

ထိုစကားကို ကြားသောအခါ လီမြောင်စုန့်တို့ အလွန်အံ့ဩသွားပြီး စိတ်လှုပ်ရှားသွားကြသည်။

တကယ်လည်း သူတို့သည် ကုနင်းထံတွင် အလုပ်လုပ်ချင်ကြလေသည်။ ကုနင်း၏ထူးခြားမှုကို သူတို့ သိကြသည်လေ။ သူတို့သာ ကုနင်းအတွက် အလုပ်လုပ်ရမည်ဆိုပါက အကောင်းဆုံးလုပ်ပေးနိုင်ကြမည်ဖြစ်သည်။

ကုနင်း က သူတို့ကို မခန့်ချင်မှာကိုပြန်ပြီး စိုးရိမ်နေကြခြင်းသာ ဖြစ်လေသည်။ သို့သော် အံ့အားသင့်စရာကောင်းစွာပင် ကုနင်းဘက်က လိုလိုလားလားပြောလာသောအခါ အလွန်ပျော်ရွှင်သွားကြလေသည်။

“မစ္စကု တကယ်ပြောတာလား” ကောယိရန် က မေးလိုက်သည်။

“ဟုတ်တာပေါ့” ကုနင်း က ခေါင်းငြိမ့်ရင်း ပြောလိုက်သည်။

“လုပ်မှာ‌ပေါ့” ကောယိရန်သည် တွေဝေခြင်းမရှိဘဲ အဖြေပေးလိုက်လေသည်။

ကုနင်းသည် ကောယိရန်၏အသက်ကို နှစ်ခါပင် ကယ်ခဲ့သောကြောင့် ကောယိရန်သည်လည်း အလွန်ကျေးဇူးဆပ်ချင်နေသည် မဟုတ်ပါလား။

“မစ္စကု ဦးလေးတို့လည်း လုပ်ပါမယ်” လီမြောင်စုန့်နှင့် အခြားသူများကလည်း ချက်ချင်း သဘောတူလိုက်ကြသည်။ သူတို့သည် မဟာအခွင့်အရေးကို လက်လွှတ်မခံချင်ကြပေ။

လီမြောင်စုန့်သည် “ဦးလေးတို့လည်းတကယ်တော့ မစ္စကုဆီမှာ အလုပ်လုပ်ချင်နေခဲ့တာ.. မင်းမလိုလားမှာကိုပဲ ဦးလေးတို့က စိုးရိမ်နေလို့…” ဟု ပြောလိုက်သည်။

“ဦးလေးတို့ဆီက အခုလိုကြားရတာ ၀မ်းသာပါတယ်.. ဒါပေမယ့် ဦးလေးတို့ ဂူတူးတာကို တစ်သက်လုံးမလုပ်ခိုင်းတော့တာ မဟုတ်ပါဘူး.. ဦးလေးတို့ တစ်ခါတလေလုပ်ချင်ရင် ကျွန်မလည်း လိုက်ပေးမယ်လေ။” ကုနင်း က ပြောလိုက်သည်။ သူမ၏ စိတ်စွမ်းအင်အာကာပြင်ထဲတွင် ရှေးဟောင်းပစ္စည်းများ အများအပြားရှိပြီး ရှန်းယွင်ရှေးဟောင်းပစ္စည်းဆိုင်နှစ်ဆိုင်ကိုလည်း ပိုင်ဆိုင်ထားပြီး ဖြစ်သောကြောင့် ဂူတူးခြင်းကို လုံး၀ရပ်လိုက်လို့တော့ မဖြစ်ပါချေ။ သို့သော် သူမသည် ရိုးသားသောသူများကို မထိခိုက်စေချင်သောကြောင့် ဂရုမစိုက်တော့ပေ။

ဂူတူးခြင်းကို ရပ်လိုက်ရတော့မည် ဖြစ်သော်လည်း လီမြောင်စုန့်တို့သည်လည်း ဂရုမစိုက်တော့ပါချေ။

“ဦးလေးတို့လုပ်ချင်တယ်ဆိုရင်တော့ ကျွန်မစီစဉ်ပေးလိုက်ပါမယ် .. ဦးလေးတို့က ဝီရိယရှိတဲ့သူတွေဆိုတော့ အဲဒါက အားသာချက်ပဲ.. ဦးလေးတို့ လုံ့လမထုတ်ရင်တော့ ကျွန်မက အလုပ်ထုတ်မှာနော်” ကုနင်း က ပြောလိုက်သည်။

ကုနင်း အတည်အတံ့ပုံစံဖြင့် ပြောလိုက်သောကြောင့် လီမြောင်စုန့်တို့သည်လည်း သေချာမှတ်ထားလိုက်ကြသည်။

ကုနင်းသည် တကယ်လည်း သူတို့ကို လိုအပ်နေပင်။ ထိုသူများသည် တစ်ထောင့်တစ်နေရာမှ အသုံး၀င်နိုင်မည် မဟုတ်ပါလား။

“မစ္စကု ဦးလေးတို့ကို မင်းကို စိတ်မပျက်စေရပါဘူး။” လီမြောင်စုန့် သည် သေချာကတိပေးလိုက်သည်။

“မစ္စကု ဦးလေးတို့အားလုံး မင်းကို သစ္စာစောင့်သိပေးမှာပါ။” တခြားသူများကလည်း ကတိပေးလိုက်ကြသည်။

“ကောင်းပါပြီ ကျွန်မအလုပ်က မြို့ထဲမှာဆိုတော့ အမျိုးသားကောလိပ်၀င်ခွင့် စာမေးပွဲပြီးရင် အဲဒီကို ပြန်သွားရမယ်.. အဲဒီနောက်ပိုင်း မြို့ထဲမှာပဲ နေတော့မှာဆိုတော့ ဦးလေးတို့ လိုက်လာတာနဲ့ ကျွန်မတိုက်ခန်းစီစဉ်လိုက်မယ်.. တကယ်လို့ တိုက်ခန်းမလိုချင်ရင်လည်း ဦးလေးတို့ အိမ်၀ယ်လိုက်ပေါ့.. ကျွန်မ ၁၀ရာခိုင်နှုန်းစိုက်ပေးမယ်” ကုနင်း က ပြောလိုက်သည်။

တကယ်တော့ သူတို့သည် ရှန်းနဉ်လုပ်ငန်းစု ရုံးချုပ်အနီးအနားတွင် အိမ်တစ်လုံး၀ယ်ရန် ခက်ခဲသူများမဟုတ်ကြပါပေ။

“မစ္စကု ဦးလေးတို့အားလုံးက လူလွတ်တွေဆိုတော့ မိသားစုလည်း မရှိကြပါဘူး.. ဦးလေးတို့ မင်းနဲ့အတူ မြို့ထဲမှာ လိုက်နေမယ်.. အဲ့လိုနေမယ်ဆိုရင်လည်း အိမ်ကိုတော့ ဦးလေးတို့ဘာသာ ၀ယ်လိုက်ပါ့မယ်”

“မင်းရဲ့ပိုက်ဆံကိုလည်း ဦးလေးတို့ မလိုပါဘူး.. ဦးလေးတို့အားလုံး မြို့ထဲမှာ အိမ်ကောင်းကောင်း၀ယ်နိုင်တဲ့ အနေအထားရှိပါတယ်” လီမြောင်စုန့် က ပြောလိုက်သည်။

“မစ္စကုရဲ့ အကူအညီနဲ့ ပိုက်ဆံတွေ အများကြီး ရှာခဲ့ပြီးပါပြီ.. အဲဒါကြောင့် ထပ်မကုန်စေချင်ပါဘူး.. ဦးလေးတို့ ဘယ်နေရာမှာ အိမ်၀ယ်ရမလဲဆိုတာကိုသာ ပြောပြပါ” ကျောက်ကျန်းချွမ် ကပြောလိုက်သည်။

သူတို့သည် မြို့ထဲနှင့် မရင်းနှီးသောကြောင့် ကုနင်း ၏ အကြံကိုတော့ လိုအပ်လေသည်။

“ဟုတ်တယ်” စွင်းချောင်နှင့် ကောယိရန်တို့ကလည်း ထောက်ခံလိုက်ကြသည်။

သူတို့သည် သူမကို မ၀ယ်ပေးစေချင်သောကြောင့် ကုနင်းလည်း မပြောသာတော့သည်ပင်။

သူတို့သည် အချင်းချင်း ကူညီခဲ့ကြသူများဖြစ်သောကြောင့် တွက်ကပ်နေဖို့လည်း မလိုပါချေ။ ထို့အပြင် အတူတကွ အလုပ်လုပ်မည်ဆိုပါက ပို၍ပင် အကျိုးဖြစ်ထွန်းကြမည်ဖြစ်သည်။

ကုနင်း သူတို့အတွက် အိမ်မ၀ယ်ပေးလိုက်ရသော်လည်း တစ်ချိန်ချိန်တွင်တော့ တစ်ခုခု ပြန်လုပ်ပေးဦးမည်ဖြစ်သည်။

ထို့နောက် ကုနင်းက ရှန်းနဉ်လုပ်ငန်းစု၏တည်နေရာကို ပြောပြလိုက်ပြီး သူမ၏ စာမေးပွဲပြီးပါက သူတို့အားလုံး သူမနှင့်လိုက်နေဖို့ကို ဆုံးဖြတ်လိုက်ကြပြီ ဖြစ်သည်။

လီမြောင်စုန့်တို့အားလုံးလည်း သဘောတူကြပြီး ကုနင်းအတွက် သူတို့သည် အရေးပါသောကြောင့် ထိုသို့ခေါ်သည်ကိုလည်း ခံစား‌မိလိုက်ကြသည်။

ထို့နောက် ကုနင်း မလိုလားအပ်သော အနေခက်မှုများ မဖြစ်ရအောင် တစ်ယောက်တည်း ပြန်လိုက်လေသည်။

သူမ Fမြို့သို့ ပြန်ရောက်ချိန်တွင် နောက်ကျနေပြီ ဖြစ်သောကြောင့် ကျောင်းသို့ ပြန်မသွားလိုက်တော့ချေ။

သူမ၏ အတန်းပိုင်ဆရာမနှင့် ကျောင်းအုပ်ကိုတော့ အိမ်ပြန်ရောက်သည်နှင့် ဖုန်းဆက်လိုက်ပြီး အဆင်ပြေကြောင်း ပြောပြလိုက်လေသည်။

***

အခန်း ၁၂၅၇ ကုနင်း၏ သရုပ်မှန်ကို လင်းဖေး သိသွားခြင်း

Gမြို့တွင် လင်းဖေးသည် သူငယ်ချင်းများနှင့်အတူ ဘားတွင်ထိုင်နေရင်း အမြန်လမ်းမတွင် ကြုံတွေ့ခဲ့သည်ကို ပြောပြသောအခါ သူ့သူငယ်ချင်းများကလည်း အံ့ဩနေကြလေသည်။

သူတို့သည် ကားပြိုင်ခြင်းကို ကြိုက်နှစ်သက်ကြသူများဖြစ်သောကြောင့် LandRover မောင်းပြီး ပြိုင်ကားကို ကျော်တက်နိုင်သူကို လေးစားသဘောကျနေကြခြင်းဖြစ်သည်။ ကားမောင်းသူကလည်း လှပကျော့ရှင်းသော မိန်းကလေးဖြစ်နေသည် မဟုတ်ပါလား။

သူတို့သည် လင်းဖေးတွင် အလှအပနှင့်ပတ်သက်၍ တော်ရုံကို စကားထဲထည့်မပြောတတ်သည့် စိတ်ရှိမှန်း သိကြသည်။ သူတို့သူငယ်ချင်းသည် ကုနင်း၏အလှအပကို အမွှမ်းတင်နေကြောင်းတွေ့သောအခါ ကုနင်းသည် တော်ရုံမဟုတ်မှန်း သဘောပေါက်သွားကြလေသည်။

ထို့ကြောင့် သူတို့စိတ်ထဲတွင် ကုနင်းကို နတ်ဘုရားမတစ်ပါးသဖွယ် ထင်မြင်မိလိုက်ကြသည်။

လင်းဖေးသည် ကုနင်း၏ ဖုန်းနံပါတ်ကိုလည်း ရထားကြောင်းပြောလိုက်ပြီး မိတ်ဆွေဖွဲ့ခဲ့ကြောင်းလည်း ပြောလိုက်လေသည်။ ထို့ကြောင့် လင်းဖေး၏ သူငယ်ချင်းများသည် မနာလို ဖြစ်သွားကြပြီး ကုနင်းနှင့် တစ်ရက်လောက် ချိန်းတွေ့ရန် ပြောကြလေသည်။

လင်းဖေး က “ငါဆုံးဖြတ်လို့မရဘူးလေ သူကလည်း တွေ့ချင်ဦးမှပေါ့>” ဟု ပြောလိုက်သည်။

“မင်းကလည်း နာမည်ကျော် သခင်လေးလင်း တစ်ယောက်လုံးလုပ်နေပြီးတော့ မင်းကို ငြင်းနိုင်တဲ့ မိန်းကလေးမျိုး ရှိပါ့မလားကွာ။” လင်းဖေး ၏ သူငယ်ချင်း A က ပြောလိုက်သည်။

လင်းဖေး အနေဖြင့် ချိန်းတွေ့ဖို့ရန် မိန်းကလေးတစ်ယောက်၏ ခွင့်ပြုချက်ကို လိုအပ်သည်ဟု ကြားသိရသည်မှာ သူတို့အတွက် မယုံနိုင်စရာပင် ဖြစ်နေလေသည်။

ထိုသူငယ်ချင်းသည် ထိုစကားကို လင်းဖေးကို စိတ်ကျေနပ်အောင် ပြောလိုက်ခြင်းလဲ ဖြစ်ပေသည်။ လင်းဖေး၏မိသားစုသည် Gမြို့တွင် အချမ်းသာဆုံးဖြစ်ပြီး သူသည်လည်း အရှိန်အဝါကြီးသူတစ်ယောက် မဟုတ်ပါလား။

လင်းဖေး၏သူငယ်ချင်းများသည်လည်း ချမ်းသာသော မိသားစုများမှဖြစ်သော်လည်း လင်းဖေး၏မိသားစုနှင့်ယှဉ်လျှင်တော့ အကွာကြီး ကွာနေသည်မို့ လင်းဖေးကိုမြှောက်ပင့်နေရခြင်းလည်း ဖြစ်သည်။

သူတို့ထိုသို့ မြှောက်ပင့်ခြင်းကိုလည်း လင်းဖေးကြိုက်သည်ဟု ထင်ကြလေသည်။ သူတို့ ပြောသည်ကို လင်းဖေးက မကြိုက်ကြောင်း တစ်ခါမှ မပြောဖူးသောကြောင့်ဖြစ်သည်။ သို့သော် ဒီတစ်ကြိမ်တွင်တော့ သူကိုယ်တိုင်လည်း ရှင်းပြရတော့သည်။

“ငါ့ထက်သာတဲ့သူတွေလည်း အများကြီးရှိပါတယ်ကွာ.. လောကမှာ လုပ်ချင်တိုင်းလုပ်လို့ ရနေတဲ့သူဆိုတာမျိုးလည်း မရှိပါဘူး.. ငါကလည်း အဲဒီလောက် တစ်ကိုယ်ကောင်းဆန်တဲ့သူ မဟုတ်ပါဘူး။” လင်းဖေး အနည်းငယ်ပင် စိတ်ရှုပ်ထွေးသွားလေသည်။

တကယ်လဲ လင်းဖေးသည် မိသားစု၏အရှိန်အဝါကို အသုံးချကာ အနိုင်ကျင့်ပြီး သူတစ်ပါးအပေါ် အမြတ်ထုတ်တတ်သူတစ်ဦး မဟုတ်ပါချေ။

သူငယ်ချင်းအေသည်လည်း လင်းဖေး စိတ်မကြည်တော့သည်ကို သိသောကြောင့် ဘာမှဆက်မပြောတော့ပေ။

သူတို့သည် တွဲသွားတွဲလာ ရှိကြသော်လည်း အရမ်းတော့ မရင်းနှီးကြပါချေ။ ကောလိပ်ကျောင်းသားများဖြစ်သောကြောင့် အတန်းများတက်နေရသဖြင့် အချင်းချင်းတွေ့စရာအချိန်လည်း သိပ်မရှိကြခြင်း ဖြစ်လေသည်။

“အင်း ပြီးတော့ ငါသူ့နာမည်ကိုလည်း တစ်နေရာမှာ ကြားဖူးနေသလိုပဲ.. ဒါပေမယ့် မမှတ်မိဘူးဖြစ်နေတယ်။” လင်းဖေး က ရုတ်တရတ်ထပြောလိုက်သည်။

“သူ့နာမည်က ဘာတဲ့လဲ?” သူငယ်ချင်း B က မေးလိုက်သည်။

“ကုနင်းတဲ့။” လင်းဖေး က ပြောလိုက်သည်။

“ကုနင်း ဟုတ်လား? သူက ဘယ်မှာနေတာလဲ?” သူငယ်ချင်း Cက အံ့ဩတကြီး မေးလာသည်။

“သူ့ကားနံပါတ်ပြားကို ကြည့်ရတာတော့ သူက Fမြို့ကပဲ.. အဲဒါကြောင့် ငါကတော့ သူ့ကို Fမြို့ ကလို့ပဲ ထင်တယ်။” လင်းဖေး က ပြောလိုက်သည်။

“Fမြို့ က ကုနင်း၊ ငါလည်း သူ့နာမည်ကို ကြားဖူးနေသလိုပဲ” သူငယ်ချင်း C က ပြောလိုက်သည်။

“မဟုတ်မှလွဲရော.. နာမည်ကြီးတွေ ဘာတွေများလား?” သူငယ်ချင်း A က အလန့်တကြား ပြောလိုက်သည်။

“ဖြစ်နိုင်တယ်.. ငါတို့ သူ့အကြောင်း စုံစမ်းကြည့်ရအောင်!” သူငယ်ချင်း B က ပြောလိုက်သည်။

“ရှာကြမယ်!” သူငယ်ချင်းစီ သည် ချက်ချင်းပင် လိုက်ရှာတော့သည်။

သူငယ်ချင်းCသည် ကုနင်း၏အကြောင်းများကို အင်တာနက်တွင် ရှာလိုက်သောအခါ ကုနင်း၏နာမည်ကို ဘာကြောင့်ကြားဖူးမှန်း သိသွားလေသည်။ ချက်ချင်းပင် ကုနင်း နှင့်ဆိုင်သော သတင်းများကို လိုက်ဖတ်လိုက်သည်။

“သခင်လေးလင်း ဒီကိုလာကြည့်ပါဦး.. ဒီနေ့တွေ့ခဲ့တာ သူမဟုတ်လား?” သူငယ်ချင်းစီက လင်းဖေး ကို ပြောလိုက်သည်။

“မဖြစ်နိုင်တာ သူကတကယ် နာမည်ကြီးတာလား?” ကျန်သောသူများလည်း အံ့ဩသွားကြလေသည်။

“ဟုတ်တယ် အဲဒါသူပဲ” လင်းဖေး လည်း မျက်လုံးပြူးသွားသည်။

ကုနင်း၏ ဓာတ်ပုံသည် သူငယ်ချင်းစီ၏ ဖုန်းမျက်နှာပြင်တွင် ရှိနေလေသည်။ သို့သော် ကုနင်း၏ အောင်မြင်မှုများအကြောင်းကိုတော့ အကုန်မတွေ့ကြသေးပေ။

“အဲဒါကြောင့် သူ့နာမည်ကို ကြားဖူးနေတာကိုး.. သူက ဒီနှစ် အမျိုးသားသင်္ချာစွမ်းရည်ပြိုင်ပွဲမှာ ချန်ပီယံရထားတာမလား?” လင်းဖေး ပြောလိုက်သည်။

သူသည် ပြိုင်ပွဲအကြောင်းကို မကြာခင်က ကြားထားခဲ့တာဖြစ်ပြီး မီဒီယာများကလည်း တောက်လျှောက် ကြေညာနေခဲ့ခြင်း ဖြစ်သည်လေ။

ထိုအရာသည် လင်းဖေးတစ်ယောက် ကုနင်း နှင့် ပတ်သက်ပြီး သိထားသော တစ်ခုတည်းသော အချက်ဖြစ်သည်။ ထို့ကြောင့် သူမ၏ လုပ်ငန်းပိုင်းဆိုင်ရာ သတင်းများကိုပါ တွေ့လိုက်ရသောအခါ လွန်စွာ အံ့ဩသွားလေသည်။

“ဘုရားရေ.. သူပိုင်ဆိုင်ထားတဲ ကုမ္ပဏီတွေ များလှချေလား.. ဒါတောင် ငါ့ထက်ငယ်သေးတယ်။” လင်းဖေး သည် တအံ့တဩ ရေရွတ်လိုက်သည်။

“JadeBeautyရတနာဆိုင်.. အဲဒီနာမည်ကို ကြားဖူးတယ်.. နာမည်ကြီး ရတနာဘရန်းတစ်ခုပဲ.. ပိုင်ဆိုင်မှုက ယွမ်ကိုဘီလီယံနဲ့ ချီပြီး ရှိတယ်” သူငယ်ချင်းဘီက ပြောလိုက်သည်။ သူ့အမေသည် ရတနာပစ္စည်းများကို ကြိုက်သောကြောင့် သူမဆီက ကြားဖူးထားခြင်း ဖြစ်သည်။

“ဘာ… ဘီလီယံနဲ့တောင် ချီတယ်.. မဖြစ်နိုင်တာ”

“…”

လင်းဖေး ၏ သူငယ်ချင်းများသည် လှုပ်လှုပ်ရှားရှား ဖြစ်နေကြပေသည်။ ကြားရသော အကြောင်းအရာများမှာ အံ့မခန်း ဖြစ်နေသည် မဟုတ်ပါလား။

“သခင်လေးလင်း ဒီကုနင်းက ဒီနေ့တွေ့ခဲ့တဲ့ မိန်းကလေးဆိုတာ သေချာလား?” သူငယ်ချင်းများက မယုံနိုင်စွာဖြင့် ထပ်မေးလိုက်လေသည်။

“သူမှသူပါပဲကွာ” လင်းဖေး သည်လည်း အလွန်စိတ်လှုပ်ရှားနေသည်။

သူတို့သည် ကုနင်း၏လူများကို ကယ်ဆယ်သည့် အကြောင်းများလည်း ဖတ်လိုက်ရသောအခါ သူမကို လေးစားအားကျသွားကြလေသည်။

ပုံမှန်အားဖြင့် လူတို့သည် ကိုယ်ခံပညာများကို မတတ်မြောက်ကြသော်လည်း လင်းဖေးကတော့ ကုနင်းကို သူ့ဆရာအဖြစ်ပင် တင်ချင်နေတော့သည်။

***

အခန်း ၁၂၅၈ ကုမန့်၏ အားပေးမှု

ကုနင်းသာ သူတို့နှင့် အတူရှိနေပါက လင်းဖေးသည် ချက်ချင်းပင် ထိုသို့ လုပ်လိုက်ချင်သော်လည်း ကံဆိုးသည်က ခင်မင်မှုပင် မရသေးခြင်းဖြစ်သည်။

လင်းဖေးသည် ကုနင်းကို စာပို့ပြီး မေးလိုက်ချင်နေသည်။ ကုနင်းသည် အင်တာနက်တွင် နာမည်ကြီးသူ ဖြစ်သော်လည်း ကုနင်း ကိုယ်တိုင် ဖြေတာကို သေချာအတည်ပြုချင်နေတာဖြစ်သည်။

သို့သော် ကုနင်းသည် အမျိုးသားကောလိပ်ဝင်ခွင့် စာမေးပွဲအတွက် အလုပ်များနေမည်မှန်းသိသောကြောင့် ထို့နောက်မှသာ စာပို့လိုက်ဖို့ ဆုံးဖြတ်လိုက်သည်။

…

ကုနင်း သူမအိမ်ပြန်ရောက်သောအခါ ကောင်းယိကို ဖုန်းခေါ်လိုက်ပြီး သူမယနေ့ သတ်မှတ်ရှိန်နှုန်းထက် ကျော်လွန်ပြီး မောင်းထားသည့် ကိစ္စကို ဖြေရှင်းပေးရန် ဖုန်းခေါ်လိုက်သည်။ သူမ,ကားသည် ကောင်းယိ၏နာမည်နှင့် ဖြစ်နေသောကြောင့် ရဲများသည် ကောင်းယိကိုသာ ဆက်သွယ်ကြမည်မဟုတ်ပါလား။

နောက်နေ့မနက်တွင် ကုနင်းသည် ကောင်းယိဆီမှ ပို့ထားသော စာကို ဖတ်လိုက်ရသည်။ သူမသည် ၁၂ မှတ်လျှော့ခံထားရပြီး ဒဏ်ကြေးအနေဖြင့် ယွမ် ၂၀၀၀၀ ပေးဆောင်ရမည် ဖြစ်သည်။

သူမသည် ၁၂ မှတ်လျှော့ခံထားရသောကြောင့် ယာဉ်မောင်းလိုင်စင်ကို ထပ်လျှောက်ရမည်ဖြစ်သည်။

ကောင်းယိသည် စာမေးပွဲနီးနေသောကြောင့် ထိုကိစ္စကို ချောင်ယက ဖြေရှင်းပေးမည်ဟုလည်း ပြောထားလေသည်။

ကုနင်းကလည်း သဘောတူလိုက်သည်။ ယာဉ်မောင်းလိုင်စင်ကို ချောင်ယယူပေးပါက ပိုအဆင်ပြေပေမည်။ ထို့ကြောင့် ကောင်းယိ နှင့် ချောင်ယတို့သည် ကားကို ယူရန် ကုနင်း အိမ်သို့လာကြလေသည်။

ကုနင်း သူမ၏ အဆက်အသွယ်များကို အသုံးချပြီး ထိုကိစ္စကို ဖြေရှင်းလိုက်နိုင်သော်လည်း မလိုအပ်ပါက အသုံးမချချင်ပေ။

…

စာမေးပွဲရက် မတိုင်ခင်တစ်ရက်တွင် ကျောင်းသားများသည် ဝင်ခွင့်လက်မှတ်များကို ရကြသည်။

ကုနင်း, ချူးဖေ့ဟန်နှင့် မုခယ်တို့သည် စာမေးပွဲကို အမှတ် ၁ အထက်တန်းကျောင်းတွင် ဖြေရမည်ဖြစ်ပြီး ယွီမီရှီနှင့်အန်းယိတို့မှာ အမှတ် ၂ အထက်တန်းကျောင်းတွင် ဖြေရမည် ဖြစ်ကာ ဟောင်ရန်, ချင်ကျီရွှမ်းနှင့် ကျန်းထျန်ပင်းတို့ကတော့ သူတို့ကျောင်းမှာပင် ဖြေရမည်ဖြစ်သည်။

စာမေးပွဲနှင့် ပတ်သတ်၍ ဖြေရသည့်နေရာများ ကွဲပြားခြင်းမှာ သူတို့၏ အမှတ်များနှင့် မသက်ဆိုင်သော်လည်း တော်သောကျောင်းသားအများစုကတော့ အမှတ် ၁ အထက်တန်းကျောင်းတွင် သွားဖြေကြရလေသည်။

ဟောင်ရန်နှင့် သူ၏ ညီနောင်များသည် ပုံမှန်အားဖြင့် စာညံ့ကြသော်လည်း ကုနင်း၏ တိုက်တွန်းမှုဖြင့် ဒီစာမေးပွဲတွင်တော့ သေချာစာကြိုးစားကြလေသည်။

ဝင်ခွင့်လက်မှတ်များကို ရရှိပြီးနောက် သူတို့သည် အမှတ် ၁ အထက်တန်းကျောင်းသို့သွားကြပြီး ကုနင်းနှင့် အခြားသူများ မည်သည့်အခန်းတွင် ဖြေရမည်ကို သွားစစ်ဆေးလိုက်ကြသည်။ ထို့နောက်တွင်တော့ အန်းယိနှင့် ယွီမီရှီတို့အတွက် အမှတ် ၂ အထက်တန်းကျောင်းကို သွားစစ်ဆေးကြမည်ဖြစ်သည်။

ကုနင်းနှင့်ဟောင်ရန်တို့တွင် ကားရှိကြသောကြောင့် သွားရေးလာရေးမှာ အဆင်ပြေလေသည်။

…

Fမြို့ တွင် လူတော်တော်များများသည် ကုနင်း၏မျက်နှာကို မှတ်မိကြလေသည်။ အထူးသဖြင့် အထက်တန်းကျောင်းသားများသည် သင်္ချာစွမ်းရည်ပြိုင်ပွဲနှင့် ပတ်သက်ပြီး ပိုသိကြလေသည်။ JadeBeautyရတနာဆိုင်နှင့် ပတ်သက်သည်ကိုတော့ တော်တော်များများက မသိကြပါချေ။

လူတော်တော်များများသည် ကုနင်းနှင့် ပတ်သက်ပြီး များများစားစား မသိကြသော်လည်း သူမကို လေးစားအထင်ကြီးကြလေသည်။

ကုနင်းသည် လူသိများပြီး သူမသူငယ်ချင်းများလည်းပါသောကြောင့် အမှတ် ၁ အထက်တန်းကျောင်းသို့ ရောက်သွားကြသောအခါ အာရုံစိုက်မှုကို အများအပြား ရရှိကြလေသည်။

“အိုး.. အဲဒါ ကုနင်း မလား?”

“သူက သင်္ချာစွမ်းရည်ပြိုင်ပွဲမှာ ဆုရထားတာမလား?”

“ဟုတ်တယ် သူကလှတယ်နော်။”

“မနာလိုတောင်ဖြစ်မိတယ်။”

“…”

သူတို့သည် ကုနင်းကို အထင်ကြီးလေးစားမှုဖြင့် ပြောနေကြလေသည်။ တချို့မှာတော့ ကုနင်းကို မနာလို ဖြစ်ကြသော်လည်း ကျယ်ကျယ်ပင်မပြောရဲပါချေ။

…

အခန်းများကို စစ်ပြီးသောအခါ ၁၁ နာရီပင်ထိုးပြီ ဖြစ်သောကြောင့် နေ့လည်စာစားချိန် ရောက်ပြီ ဖြစ်လေသည်။ ထိုအချိန်တွင် ကုနင်းဆီသို့ ကုမန့်ထံမှဖုန်း ဝင်လာသည်။

“နင်းနင်း ဘယ်မှာလဲ?” ကုမန့် က မေးလိုက်သည်။

“အမှတ် ၂ အထက်တန်းကျောင်းမှာ သူငယ်ချင်းတွေနဲ့ ရှိနေတာ.. နေ့လည်စာစားကြမလို့။” ကုနင်း က ပြောလိုက်သည်။

“ဟွမ်းဒင် ဟိုတယ်ကို လာခဲ့ပါလား XX လမ်းမပေါ်က မြို့တော်ခန်းမမှာရှိတယ်.. အဖေနဲ့ အဖိုးလည်းရောက်နေတယ်.. အားပေးဖို့လိုက်လာကြတာ။” ကုမန့် က ပြောလိုက်သည်။

ဟွမ်းဒင် ဟိုတယ်သည် မကြာသေးခင်ကပင် City F တွင် အခွဲအနေဖြင့် ဖွင့်ထားခြင်းဖြစ်သည်။ သို့သော် ကုနင်း သည် ဂရုမစိုက်သောကြောင့် မသိခြင်းဖြစ်သည်။

ထန်ယွင်ဖန်းနှင့် ထန်ဟိုင်ဖုန်းတို့သည်လည်း ကုမန့်နှင့်အတူ Fမြို့ သို့လိုက်လာပြီး ကုနင်းကို လိုက်အားပေးကြခြင်းဖြစ်သည်။ နောက်တစ်နေ့ဆို စာမေးပွဲ ဖြေရတော့မည် မဟုတ်ပါလား။

ထိုစာမေးပွဲသည် အထက်တန်းကျောင်းသားများအတွက် အရေးကြီးသော စာမေးပွဲဖြစ်ပြီး ဆယ်ကျော်သက်လေးများ၏ အနာဂတ်ကို အဆုံးအဖြတ်ပေးနိုင်သည်ပင်။

ယခုအခါ ကောလိပ်ကျောင်းသားများ အများအပြား ရှိနေပြီ ဖြစ်သော်လည်း ကောလိပ်ဒီပလိုမာသည် ယခုတိုင် အသုံးဝင်နေဆဲ ဖြစ်လေသည်။ ထို့ကြောင့်လည်း အထက်တန်းကျောင်းသားများ၏ မိဘများသည် ထိုစာမေးပွဲကို အထူးဂရုစိုက်ကြခြင်း ဖြစ်လေသည်။

ကုမန့်သည် ကုနင်းကို သူတို့လာမည့်အကြောင်း မပြောထားသောကြောင့် ကုနင်း ရုတ်တရတ် အံ့ဩသွားလေသည်။

ကုနင်းအတွက် ထိုစာမေးပွဲသည် အလွန်လွယ်ကူနေသောကြောင့် စိတ်ပူခြင်း အလျဉ်းမရှိနေပေ။

ကုမန့်သည်လည်း ကုနင်းမှာ စာတော်သော ကျောင်းသူဖြစ်သောကြောင့် ထိုစာမေးပွဲသည် သူမအတွက် အလွယ်လေး ဖြစ်ကြောင်း သိလေသည်။ သို့သော် သူမကို အားမပေးမိလျှင်လည်း အပြစ်မကင်းစိတ် ဖြစ်နေရမည် မဟုတ်ပါလား။

“လာမယ်လေ အခုလာပြီ။” ကုနင်း သည် ပျော်ရွှင်စွာ ပြောလိုက်လေသည်။

ထိုသို့ဖြင့် ကုနင်း သူမသူငယ်ချင်းများကိုပါ သူမ၏မိသားစုနှင့် နေ့လည်စာစားရန် ဟွမ်းဒင်ဟိုတယ်သို့ ဖိတ်ခေါ်လိုက်လေသည်။

သူမသူငယ်ချင်းများသည်လည်း ကုနင်း၏မိဘများနှင့် အဖိုးကပါ ပါမည်ဖြစ်သောကြောင့် ရုတ်တရတ် စိတ်လှုပ်ရှားသွားကြသည်။ ထန်မိသားစုသည် အရှိန်အဝါကြီးမားသောကြောင့် ထိုသို့ဖြစ်ကြသည်မှာ အဆန်းမဟုတ်ပါချေ။ သူတို့ကိုယ်တိုင်လည်း ဆယ်ကျော်သက်လေးများသာ ဖြစ်နေကြသေးသည် မဟုတ်ပါလား။

***

အခန်း ၁၂၅၉ ယွင်ကျီစုန့်နှင့် တွေ့ဆုံခြင်း

အမှန်အားဖြင့် သူတို့၏ အဆင့်အတန်းသည် ကုနင်းနှင့် ယှဉ်၍မရသော်လည်း ကုနင်း မအောင်မြင်လာခင်ကတည်းမှ ခင်ခဲ့ကြသူများဖြစ်သောကြောင့် ထန်မိသားစုနှင့် လိုက်တွေ့လိုက်ကြသည်။

အကယ်၍သာ ကုနင်းနှင့် သူတို့သည် ယခုမှ ခင်ကြသူများဖြစ်ပါက သူတို့လည်း ရှိန်နေကြမည် ဖြစ်လေသည်။

မုခယ်နှင့် အခြားသူများသည် ကုနင်း၏မိသားစုကို တွေ့ရမည်ဖြစ်သောကြောင့် စိတ်လှုပ်ရှားနေကြသည်မှာ အမှန်ပင်။ သို့သော် ကုနင်း အကြိုက်လိုက်ပေးလိုက်ကြသည်။

ကုနင်း ည်လည်း သူတို့စိတ်လှုပ်ရှားနေသည်ကို သိသောကြောင့် ဟာသများပြောပြီး စိတ်ပျော်အောင်လုပ်ပေးသော်လည်း သိပ်တော့အလုပ်မဖြစ်ပါပေ။

ထိုသို့ဖြင့် ၁၀ မိနစ်ခန့်ကြာသောအခါ ဟွမ်းဒင်ဟိုတယ်သို့ ရောက်သွားကြလေသည်။

စားပွဲထိုးမလေးသည် သူတို့ကို ကုမန့်ရှိရာ သီးသန့်ခန်းသို့ ခေါ်ဆောင်သွားလိုက်သည်။

စားပွဲထိုးမလေးသည် ကုနင်းပြောသည့် အခန်းနံပါတ်ကို ကြားလိုက်စဉ်က သူ့နားသူပင် မယုံနိုင်ဖြစ်သွားသောကြောင့် နောက်တစ်ကြိမ် ထပ်မေးလိုက်ရသေးသည်။

သီးသန့်အခန်းထဲတွင် အထူးပုဂ္ဂိုလ်များရှိသည်ကို သိထားသောကြောင့် အထက်တန်းကျောင်းသားအုပ်စုက ထိုအခန်းကို သွားမည်ဟု ပြောသောအခါ ဇဝေဇဝါ ဖြစ်သွားရခြင်း ဖြစ်လေသည်။

စားပွဲထိုးမလေးသည် မယုံနိုင်ဖြစ်နေသော်လည်း ယဉ်ကျေးမှုတော့ ရှိပေးလေသည်။ ကုနင်းကလည်း အခန်းနံပါတ်ကို ထပ်ပြောပေးလိုက်သည်။

ကုနင်းဖက်က သေချာနေသဖြင့် စားပွဲထိုးမလေးကလည်း ခေါ်သွားပေးလိုက်လေသည်။

သီးသန့်ခန်း၏ရှေ့တွင် ကိုယ်ရံတော်လေးယောက်ရပ်နေပြီး ကုနင်းကို မြင်သောအခါ လေဒီနင်းဟု တလေးတစား ခေါ်လိုက်ကြသည်။

ထိုအချိန်မှ စားပွဲထိုးမလေးလဲ ကုနင်းသည် သာမာန်ကျောင်းသူလေးမဟုတ်မှန်း သိသွားလေသည်။ ထို့ကြောင့် ကုနင်း သီးသန့်အခန်းထဲရောက်သွားသည်နှင့် သူမလည်း ထွက်သွားလိုက်လေသည်။

ကိုယ်ရံတော်သည် ကုနင်းနှင့် သူငယ်ချင်းများကို တံခါးဖွင့်ပေးလိုက်သည်။

ထိုအခန်းသည် ဟိုတယ်၏ အကောင်းဆုံးအခန်းဖြစ်ပြီး ကြီးမားခမ်းနားကာ လှပစွာ ပြင်ဆင်ထားလေသည်။

အလယ်တွင် စားပွဲဝိုင်းကြီးရှိပြီး လူအယောက် ၂၀ စာလောက် ဆန့်လေသည်။

ထန်ဟိုင်ဖုန်း, ထန်ယွင်ဖန်း နှင့် ကုမန့်တို့သည် သူတို့ကို စောင့်နေကြသည်။

“ဟိုင်း နင်းနင်း!” ထန်ဟိုင်ဖုန်းသည် ကုနင်းကို တွေ့သောအခါ ပျော်ရွှင်သွားလေသည်။ သူ၏မြေးမလေးကို မတွေ့ရတာကြာပြီ မဟုတ်ပါလား။

“ဟိုင်း အဖိုး အဖေနဲ့ အမေ။” ကုနင်း ပြုံးရွှင်စွာ နှုတ်ဆက်လိုက်သည်။

ချူးဖေ့ဟန် နှင့် အခြားသူများကလည်း ယဉ်ကျေးစွာ နှုတ်ဆက်လိုက်ကြသည်။

“တွေ့ရတာ၀မ်းသာပါတယ် အဖိုး ဦးလေးနဲ့ အန်တီ။”

ထန်ဟိုင်ဖုန်းနှင့် ထန်ယွင်ဖန်းတို့ကလည်း ကြင်နာစွာ ပြန်ပြုံးပြလိုက်ကြသည်။

“ကဲ ထိုင်ကြလေ” ကုမန့် က ပြောလိုက်သည်။

“အန်တီတို့ ကြိုတော့မှာထားပြီးပြီ.. သားတို့ သမီးတို့လည်း စားချင်တာရှိရင် မှာကြနော်..” ကုမန့်ကပြောပြီး စားပွဲထိုးလေးက မီနူးကို ကမ်းပေးလိုက်သည်။

“ကျေးဇူးပါအန်တီ ကျွန်တော်တို့ အစားမရွေးပါဘူး.. မှာထားတာပဲ စားလိုက်ပါမယ် ” မုခယ်က ယဉ်ကျေးစွာ ပြန်ပြောလိုက်သည်။ သူကြိုက်သော အစားအစာများကိုပင် မမှာရဲလောက်အောင် စိတ်လှုပ်ရှားနေသည် မဟုတ်ပါလား။

“ဟုတ်တယ် အစားမရွေးပါဘူး” ကျန်သူများကလည်း ထောက်ခံလိုက်ကြသည်။ သူတို့အားလုံးသည် ဘာမှမဖြစ်သလိုတော့ ဟန်မဆောင်နိုင်ကြပေ။

“ကဲ အဲဒါဆို ငါမှာလိုက်မယ်” ကုနင်း သည် ပြောရင်းဆိုရင်း မီနူးကို ယူလိုက်ကာ သူမသူငယ်ချင်းများအတွက် စားစရာအချို့ကို မှာလိုက်သည်။

မကြာမီ ကုချင်တို့မိသားစုလည်း ရောက်လာကြသည်။

စားနေစဉ်တွင် ကုနင်း ဖုန်းထံသို့ သူမမိတ်ဆွေများ၏ စာများ၀င်လာနေလေသည်။ စားနေရင်း ဖုန်းကိုကိုင်လို့ မကောင်းသော်လည်း သူမသည် စာများကို ဖတ်ချင်နေလေသည်။

သူမ မိတ်ဆွေများသည် သူမကို စာမေးပွဲအောင်ဖို့ ဝိုင်းဆုတောင်းပေးနေကြခြင်း ဖြစ်သည်။ ကုနင်း တစ်ချက်ပြုံးလိုက်ပြီး စားပြီးမှ စာများကို ပြန်တော့မည်ဟု တွေးလိုက်သည်။

သူတို့စားပြီးချိန်တွင် အပြင်ထွက်လမ်းလျှောက်ကြသည်။ ထိုအချိန်တွင် ယွင်ကျီစုန့်နှင့် တွေ့ကြသည်။

ယွင်ကျီစုန့်နှင့်အတူ လူ ၅ ယောက်ရှိနေပြီး ၃ ယောက်မှာ အသက် ၄၀ အရွယ်ခန့်ဖြစ်ကြပြီး ၂ ယောက်မှာ အသက် ၃၀ အရွယ်ခန့်ဖြစ်ကြသည်။ ကုနင်းသည် အသက် ၄၀ အရွယ် ၃ ယောက်ကို စုမိသားစုကျင်းပသော မွေးနေ့ပွဲတွင်တော့ တွေ့ဖူးပြီး ဖြစ်သည်။

သူတို့ထဲမှ တစ်ယောက်မှာ နာမည်ကြီးကုမ္ပဏီတစ်ခုမှ အဆင့်မြင့် မန်နေဂျာဖြစ်ပြီး ထန်ယွင်ဖန်းကို တွေ့လိုက်သောအခါ သူတို့ဆီ လျှောက်လာသည်။

ယွင်ကျီစုန့်ကလည်း တွေ့လိုက်သောကြောင့် ကုနင်း ဆီသို့ လျှောက်သွားလိုက်သည်။

“တွေ့ရတာ ဂုဏ်ယူစရာပါပဲ သခင်ကြီးထန်၊ ဥက္ကဌထန်နှင့် ထန်ကတော်!”

အဆင့်မြင့်မန်နေဂျာသည် ထန်ယွင်ဖန်းကို နှုတ်ဆက်လိုက်သည်။

ယွင်ကျီစုန့်သည်တော့ လွန်စွာ အံ့ဩသွားလေသည်။

ဥက္ကဌထန်.. ထန်ဟွမ်ရဲ့ ဥက္ကဌလား..

ချွမ်မင်ခိုင်သည် ကားအက်စီးဒင့်ဖြစ်ခဲ့စဉ်က သူ့ကို ခေါ်ခဲ့သောကြောင့် ထန်ယွင်ဖန်းသည် ထန်ဟွမ် မှ အရေးကြီး ပုဂ္ဂိုလ်ဟုသာ ထင်ခဲ့လေသည်။ ထန်ယွင်ဖန်းသည် အမှန်တကယ်ပင် ထန်ဟွမ်၏ အရေးပါအရာရောက်သူ ဖြစ်နေသည် မဟုတ်ပါလား။

သူသည် ကုနင်း၏အမေ ကုမန့်ကိုပါ တွေ့လိုက်ရသောအခါ သူမသည် ဥက္ကဌ၏ဇနီးမှန်းသိလိုက်ရပြီး ပိုမို အံ့အားသင့်သွားလေသည်။ ကုနင်း၏မိခင်သည် ဥက္ကဌ၏ ဇနီးဆိုပါက ထန်ယွင်ဖန်းသည် ကုနင်း၏ပထွေးဖြစ်ပေမည်။

ယွင်ကျီစုန့် ထိုကဲ့သို့တွေးလိုက်သည်။

သူသည် ကုနင်း၏မိခင်မှာ ထန်ယွင်ဖန်း နှင့် လက်ထပ်ထားသည် ဆို‌သောအချက်ကိုတော့ မအံ့ဩမိပါချေ။

“အိုး ဟိုင်း မန်နေဂျာမူ တွေ့ရတာ၀မ်းသာပါတယ်” ထန်ယွင်ဖန်းက ပြုံးပြီး ပြောလိုက်သည်။

“ဥက္ကဌထန် တွေ့ရတာ၀မ်းသာပါတယ်.. ကျွန်တော်က Fမြို့ မြူနီစီပါယ်ပါတီကော်မတီရဲ့ အထွေထွေအတွင်းရေးမှူး ယွင်ကျီစုန့်ပါ” ယွင်ကျီစုန့်ကလည်း သူ့ကိုယ်သူ ထန်ယွင်ဖန်းထံ မိတ်ဆက်လိုက်သည်။

***

အခန်း ၁၂၆၀ သူမကို အားပေးဖို့

ထန်ယွင်ဖန်းသည် ထန်ဟွမ်၏ မည်သည့်နေရာတွင် ရှိနေပါစေ သူသည် အရေးပါသူဖြစ်သောကြောင့် ယွင်ကျီစုန့်သည် ယဉ်ကျေးမှုကို ပြလိုက်သည်။

“တွေ့ရတာ၀မ်းသာပါတယ်။ အတွင်းရေးမှူးယွင် ကျွန်တော့် အတွင်းရေးမှူးဆီက ခင်ဗျားအကြောင်းတွေ ကြားမိပါတယ်.. ကျွန်တော် ကားအက်စီးဒင့်ဖြစ်တုန်းက ခင်‌ဗျားကူညီပေးခဲ့တာကို ကျေးဇူးတင်ပါတယ်။” ဟု ထန်ယွင်ဖန်းက ယွင်ကျီစုန့်ကို ပြောလိုက်ပြီး သူတို့နှစ်ယောက် လက်ဆွဲနှုတ်ဆက်လိုက်ကြသည်။

“ရပါတယ်.. ကျွန်တော်လုပ်ပေးခဲ့တာ ဘာမှမဟုတ်ပါဘူး တကယ်တော့ မစ္စကု ကို ကျေးဇူးတင်ရမှာပါ။” ယွင်ကျီစုန့် က ပြောလိုက်သည်။

“နှိမ့်ချလွန်းနေပါပြီ နင်းနင်းက ကယ်ခဲ့တာ ဆိုပေမယ့် ခင်ဗျားရဲ့ အကူအညီကလည်း တကယ်အထောက်အကူ ဖြစ်ခဲ့တာပါ။” ထန်ယွင်ဖန်းသည် ယွင်ကျီစုန့်ကို ထပ်ပြီး ကျေးဇူးတင်လိုက်သည်။ ယွင်ကျီစုန့်သာအချိန်မှီ မကူညီခဲ့ပါက သူလည်း အသက်ဆုံးရှုံးရမည် မဟုတ်ပါလား။

ထန်ယွင်ဖန်းအနေဖြင့်လည်း ယွင်ကျီစုန့်ကို လက်ဆောင်များ မပေးနိုင်လျှင်တောင် အနည်းဆုံးတော့ ကိုယ်တိုင်ကျေးဇူးတင်စကားပြောသင့်သည်ပင်။

“ဦးလေးယွင် နှိမ့်ချနေစရာ မလိုပါဘူး.. တကယ်လည်း အများကြီး ကူညီပေးခဲ့တာပဲဟာ။” ကုနင်းကပါ ဝင်ပြောလိုက်သည်။

“အင်း…” ယွင်ကျီစုန့် ဘာပြန်ပြောရမှန်းပင် မသိတော့ပါချေ။

ထို့နောက်တွင် သူတို့သည် ခေတ္တစကားပြောပြီး လမ်းခွဲလိုက်ကြသည်။

ဟိုတယ်မှ ထွက်လာပြီးနောက် ချူးဖေ့ဟန်တို့သည်လည်း ကုနင်း နှင့် လမ်းခွဲလိုက်ကြသည်။ ကုနင်း၏မိသားစု ရှိနေသည် မဟုတ်ပါလား။

ကုနင်း ည် ချူးဖေ့ဟန်နှင့် သူငယ်ချင်းများကို ပြန်ပို့ပေးချင်သော်လည်း သူတို့သည် ငြင်းလိုက်ကြပြီး တက္ကစီသာ ငှား‌ပြန်မည်ဟု ပြောလိုက်ကြသည်။

ကုနင်းလည်း မတတ်သာတော့ပဲ သူမမိသားစုနှင့်အတူ ဖန်ဟွားအဆင့်မြင့်အိမ်ရာသို့ ပြန်သွားလိုက်သည်။

ကျန်းရှုသည် အလုပ်များသူဖြစ်သောကြောင့် သူကတော့ အိမ်ပြန်မလိုက်ပါချေ။ ကုချင်ကတော့ ကုမန့် နှင့် မတွေ့တာကြာပြီ ဖြစ်သောကြောင့် သူမနှင့် တွေ့ချင်နေသေးသည်ပင်။

…

ကုနင်းတို့မိသားစု ထွက်သွားသောအခါ ယွင်ကျီစုန့်သည် မန်နေဂျာမူအား “မန်နေဂျာမူ ဥက္ကဌထန်က ဘယ်လိုလူလဲ?” ဟု မေးလိုက်သည်။

ထိုစကားကို ကြားသောအခါ မန်နေဂျာမူသည် အံ့ဩသွားလေသည်။ “အတွင်းရေးမှူးယွင် ခင်ဗျား ဥက္ကဌထန်အကြောင်း မသိဘူးလား?”

“ကျွန်တော်သူ့အကြောင်း သိပ်မသိလို့ပါ” ယွင်ကျီစုန့် သည် ရှက်ကိုးရှက်ကန်း ဖြစ်နေလေသည်။

“ဥက္ကဌထန်ဆိုတာ Bမြို့ ရဲ့ ဒုတိယအကြီးဆုံး ကုမ္ပဏီအုပ်စုဖြစ်တဲ့ ထန်ဟွမ်ကုမ္ပဏီရဲ့ ဥက္ကဌ.. သူ့နာမည် အပြည့်အစုံက ထန်ယွင်ဖန်းတဲ့.. ခုနက အဖိုးကြီးက သူ့အဖေ၊ သူ့နားက အမျိုးသမီးကတော့ သူ့မိန်းမပေါ့.. မစ္စကု ကတော့ သူတို့သမီး‌လေ။” မန်နေဂျာမူက ရှင်းပြလိုက်သည်။

ဘာ ဒါဆို ကုနင်း က ထန်ယွင်ဖန်း ရဲ့ သမီးအရင်းပေါ့..

ယွင်ကျီစုန့် မယုံနိုင်ဖြစ်နေလေသည်။ သူသည် ကုနင်းကို ထန်ယွင်ဖန်း၏ မယားပါသမီးဟု ထင်နေခြင်းဖြစ်သည်။ ကုနင်း ည် အံ့အားသင့်စရာများနှင့် ပြည့်နှက်နေသူ ဖြစ်လေသည်။

ယွင်ကျီစုန့်သည် ကုနင်းကို ပို၍ပင် အထင်ကြီးသွားလေသည်။

…

ကုနင်း သူမအိမ်ပြန်ရောက်မှသာ သူမ မိတ်ဆွေများကို စာပြန်နိုင်လေသည်။ သူတို့အားလုံး၏ ဂရုစိုက်မှုအတွက် ကျေးဇူးတင်စကား ဆိုလိုက်လေသည်။

တိုက်ခန်းထဲတွင် အခန်းသုံးခန်း ရှိသောကြောင့် သူတို့မိသားစု လုံလောက်စွာ နေနိုင်ကြလေသည်။

ကုမန့်နှင့်ထန်ယွင်ဖန်းတို့သည် ဇနီးမောင်နှံများ ဖြစ်သောကြောင့် တစ်ခန်းထဲတွင် နေကြသည်။ ကုနင်းကတော့ သူမအိပ်ခန်းတွင်နေပြီး ထန်ဟိုင်ဖုန်းကတော့ ဧည့်သည်ခန်းတွင် နေလေသည်။ ကိုယ်ရံတော်များကတော့ ဟိုတယ်တွင်သာ နေလေသည်။

ထန်ဟိုင်ဖုန်းသည် အသက်ကြီးပြီဖြစ်သောကြောင့် နေ့လည်နေ့ခင်း တစ်ရေးအိပ်ဖို့ လိုလေသည်။ ထို့ကြောင့် အိမ်ပြန်ရောက်သောအခါ တစ်ရေးတစ်မော အိပ်လိုက်သည်။

ကုနင်းလည်း အိပ်ခန်းဆီသို့သွားလိုက်သည်။ မကြာမီ လင်ရှောင်းထင်က သူမကို ဖုန်းခေါ်ပြီး သူ Fမြို့တွင်ရောက်နေကြောင်း၊ စာမေးပွဲအတွက် လာအားပေးခြင်းဖြစ်ကြောင်း ပြောလေသည်။

ကုနင်းသည် လင်ရှောင်းထင်နှင့်တွေ့ရတော့မည်ဖြစ်သောကြောင့် အလွန်ပျော်ရွှင်သွားတော့သည်။

တစ်ချိန်တည်းမှာပင် သူမမိသားစုနှင့် သူမချစ်သူတိူ့၏ ဂရုစိုက်ပေးမှုကြောင့်လည်း ကြည်နူးမိပြန်သည်။

အချိန်မှာ ၂ နာရီခွဲခန့် ရှိနေပြီ ဖြစ်သည်။ သူတို့သည် ပုံမှန်အားဖြင့် ၆ နာရီမှသာ ညစာစားလေ့ရှိသောကြောင့် ကုနင်းသည် လင်ရှောင်းထင်နှင့် စောစောတွေ့ရန် ထွက်လာလိုက်သည်။

ကုနင်း မထွက်သွားခင် သူမအမေကို လင်ရှောင်းထင် လာနေသည့်အကြောင်း ပြောထားကာ ညစာလည်း အတူစားမည်ဖြစ်ကြောင်း ပြောလိုက်သည်။

ထန်မိသားစုသည် လင်ရှောင်းထင်ကို လက်ခံထားပြီး ဖြစ်သောကြောင့် သူ့ကိုလည်း မိသားစု၀င်တစ်ယောက်အဖြစ် သဘောထားကြလေသည်။

…

ကုနင်း ကားကို အိမ်ရာအ၀ဆီသို့ မောင်းလာပြီး လင်ရှောင်းထင်ကို စောင့်နေလိုက်သည်။ ငါးမိနစ်ခန့်ကြာသောအခါ လင်ရှောင်းထင်သည် တက္ကစီတစ်စီးဖြင့် ရောက်လာလေသည်။

သူသည် ကုနင်းကားကို မှတ်မိသောကြောင့် တက္ကစီပေါ်မှ ဆင်းလာလိုက်သည်။ သူသည် တစ်ကိုယ်လုံး အနက်ရောင်၀တ်ထားသဖြင့် ပို၍ပင် ဆွဲဆောင်မှု ရှိနေလေသည်။

ကုနင်းသည် ကားမောင်သူဘေးခုံတွင် ပြောင်းထိုင်လိုက်ပြီး လင်ရှောင်းထင်၏ ဆွဲဆောင်မှုပြည့်နေသော ခန္ဓာကိုယ်ကို စိုက်ကြည့်လိုက်သည်။ သူ၏ အ၀တ်မပါသော ခန္ဓာကိုယ်ကိုသာ တွေ့ရပါက သူမစိတ်ကိုပင် ထိန်းနိုင်မည် မဟုတ်ပါချေ။

လင်ရှောင်းထင်ကလည်း သူမဖြစ်နေသော ပုံကိုကြည့်ပြီး ပြုံးလိုက်သည်။ ကုနင်း ရှက်သွားကာ “ကားမောင်းတော့လေ” ဟု ပြောလိုက်သည်။

“သဘောတော်အတိုင်းပါ” လင်ရှောင်းထင်ကလည်း ပြန်ပြောလိုက်သည်။

ထို့နောက် ကားကို စက်မနှိုးသေးပဲ “နင်းနင်း ခုနက ဘာတွေတွေးနေတာလဲ” ဟူ၍ ရုတ်တရတ်ထမေးလိုက်လေသည်။

All Chapters