အခန်း (၁၂၇၃-၁၂၇၈)
Vol. 83 Ch. 1273-1278
အခန်း ၁၂၇၃ မာဆအိချီ ယိုရှီဒါ
၂ နာရီထိုးရန် ၁၀ မိနစ်ခန့်အလိုတွင် Rနိုင်ငံမှ ပြောင်းလာသောကျောင်းသားသည် သူ၏သူငယ်ချင်းလေးယောက်နှင့်အတူ ရောက်လာခဲ့သည်။
ထိုလေးယောက်သည် တကယ်တော့ သူ၏ကျိုးနွံသော ဘက်တော်သားမျှသာဖြစ်သည်။
“သူ့နာမည်က မာဆအိချီ ယိုရှီဒါ .. သူ့မိသားစုက ချမ်းသာပြီး Rနိုင်ငံမှာ အရှိန်အဝါကြီးတယ်.. ဟိုလေးယောက်ကတော့ သူ့သူငယ်ချင်း ခိုင်းဖော်ခိုင်းဖက်တွေပေါ့” လင်းဖေးက ကုနင်းကို ပြောပြလိုက်သည်။ လင်းဖေးသည် ထိုလေးယောက်ကို မုန်းတီးနေလေသည်။
ကုနင်း သူတို့ကို တစ်ချက်ကြည့်လိုက်ပြီး ဘာမှတော့ မပြောပါချေ။
သူတို့ လင်းဖေး နားသို့ရောက်လာချိန်တွင် သူ့ကို မကြည်လင်စွာဖြင့် ကြည့်လိုက်ကြသော်လည်း ကုနင်းကို မြင်လိုက်သောအခါတွင်တော့ သူမ၏ အလှအပတွင် မျောပါသွားကြလေသည်။ မာဆအိချီ ယိုရှီဒါသည် ကုနင်းကို ခြေဆုံးခေါင်းဆုံး ကြည့်နေသောကြောင့် သူမသည်ပင် စိတ်ပျက်နေလေသည်။
ထို့ကြောင့်လည်း သူ့ကို သင်ခန်းစာပေးရန် သူမဆုံးဖြတ်လိုက်သည်။
“ဟုတ်ပြီ ငါတို့အားလုံးရောက်ပြီဆိုတော့ စလိုက်ကြတာပေါ့” သူတို့ထဲမှ တစ်ယောက်က ပြောလိုက်သည်။
“အင်း ငါမနေ့က ထောင်ချောင်ဆင်ခံရပြီး ထိခိုက်သွားလို့ ဒီနေ့ကားမမောင်းနိုင်ဘူး… မစ္စကုက မာဆအိချီ ယိုရှီဒါ ကို ငါ့အစားပြိုင်ပေးလိမ့်မယ်.. အဆင်ပြေတယ်မလား?” လင်းဖေးက မာဆအိချီ ယိုရှီဒါဘက်သို့ လှည့်ရင်းပြောလိုက်သည်။
ထောင်ချောက်ဆင်ခံရသည်မှာ သူတို့ကြောင့်မှန်းသိသော်လည်း သက်သေမရှိသောကြောင့် လင်းဖေးလဲ ဘာမှ မမေးလိုက်ချေ။ တကယ်တော့ သက်သေရှာရန် မခက်ခဲသော်လည်း သူ့မိသားစုကို စိတ်မပူစေချင်ခြင်းကြောင့်ဖြစ်သည်။ မာနလည်း မထိခိုက်ချင်သောကြောင့် မာဆအိချီ ယိုရှီဒါကို အနိုင်ပိုင်းဖို့သာ စိတ်ဆုံးဖြတ်ထားလေသည်။
မာဆအိချီ ယိုရှီဒါနှင့် အပေါင်းအပါများသည် လင်းဖေး ထောင်ချောက်ဆင်ခံရသည်ဟု ပြောလိုက်သောအခါ အနည်းငယ် ထိတ်လန့်သွားလေသည်။ တကယ်တော့ ထိုလေးယောက်သည် လင်းဖေး၏မိသားစုအရှိန်အဝါကြောင့် သွားမထိရဲသော်လည်း မာဆအိချီ ယိုရှီဒါက ဖိအားပေးသောကြောင့်သာ လုပ်လိုက်ရခြင်းဖြစ်သည်။
သူတို့မှာ မာဆအိချီ ယိုရှီဒါ ကိုလည်း မတွန်းလှန်ရဲကြသည်ကြောင့် လူမိုက်များကိုငှားပြီး လုပ်ခဲ့ခြင်း ဖြစ်သည်။,
သို့သော် လင်းဖေးမိသားစုကိုလည်း ကြောက်ရသည်ကြောင့် ကားမမောင်းနိုင်အောင်လောက်သာ လက်ကို ထိခိုက်အောင် လုပ်လိုက်ခြင်းဖြစ်သည်။
“သူနဲ့ ပြိုင်ရမယ်ဆိုလည်း ကိစ္စမရှိပါဘူး.. ဒါပေမယ့် တစ်ခုတော့ရှိတယ်” မာဆအိချီ ယိုရှီဒါ က ပြောလိုက်သည်။
ကုနင်း သည် နှုတ်ခမ်းကို ကိုက်လိုက်ရင်း ပြန်မေးလိုက်သည်။ “ဘာများလဲ?”
“တကယ်လို့ ငါနိုင်ရင် ငါနဲ့ တစ်ညအိပ်ပေးရမယ်။” မာဆအိချီ ယိုရှီဒါ ပြောလိုက်သည်။ သူသည် သူ၏စိတ်ဆန္ဒကို ဖုံးကွယ်ထားဖို့ ဝန်လေးသူ မဟုတ်ချေ။ သူ့တွင်လည်း သူ၏ စိတ်ဆန္ဒကို ဖြည့်ဆည်းဖို့ ကျေးကျွန်များ ရှိနေသည်ပင်။
ကုနင်းကလည်း မအံ့ဩမိပါချေ။
လင်းဖေးကတော့ အလွန်ဒေါသထွက်သွားလေသည်။ သူသည် မာဆအိချီ ယိုရှီဒါကို ထိုးကြိတ်တော့မည့် စဲစဲတွင် ကုနင်းက တားလိုက်ကာ၊ “ရပါတယ် ကျွန်မကို ယုံလိုက် အဲဒီလို လုံးဝမဖြစ်စေရဘူး။”
ထိုအခါကျမှ လင်းဖေးလဲ အနည်းငယ် တည်ငြိမ်သွားလေသည်။ သူ ကုနင်းကို ယုံကြည်သော်လည်း သူမကို ထိုသို့စော်ကားပြောဆိုသည်ကိုတော့ လက်မခံနိုင်ပါပေ။
ကုနင်း မာဆအိချီ ယိုရှီဒါကို စိုက်ကြည့်လိုက်ကာ ပြန်မေးလိုက်သည်။ “ရှင်ရှုံးရင်တော့ ရှင့်ရဲ့ လက်တစ်ချောင်းကို ဖြတ်ပေးရမယ်.. သဘောတူလား?”
သူ့ဘက်က အရှက်အကြောက်မရှိမှတော့ သူမလဲ မယဉ်ကျေးနိုင်တော့ပါချေ။ ထို့အပြင် ကုနင်းသည်လဲ အားနွဲ့သော မိန်းကလေးတစ်ယောက် မဟုတ်သောကြောင့် သူမကို အနိုင်ရစရာအကြောင်း ရှိမနေပေ။
မာဆအိချီ ယိုရှီဒါ ရုတ်တရတ် ကြက်သေသေသွားသည်။
“မာဆအိချီ ယိုရှီဒါက ကျောင်းပြောင်းလာတဲ့သူလေ.. ဘာလို့ ဒီလို ပြောရတာလဲ?” မာဆအိချီ ယိုရှီဒါ၏ သူငယ်ချင်းတစ်ယောက်က ကာကွယ်ပြောဆိုလိုက်သည်။
ထိုသို့ ပြောသည်ကိုလည်း အားလုံးက အံ့ဩသွားလေသည်။
“ဘာလို့လဲ မာဆအိချီ ယိုရှီဒါ ရှုံးသွားမှာ စိုးလို့လား.. အဲဒါဆိုရင်တော့ အစတည်းက မပြိုင်တာကောင်းမယ်နော်။” ကုနင်း မခံချင်အောင် မီးတေ့ပေးလိုက်သည်။
ထိုစကားကို ကြားသောအခါ မာဆအိချီ ယိုရှီဒါကလည်း မကျေမနပ်ဖြစ်သွားရင်း
“ပေါက်ကရတွေ.. ငါမပြိုင်ဘူးလို့ မပြောပါဘူး။” ဟု ဒေါသတကြီး ငြင်းလိုက်သည်။
“သူကတောင် ဘာမှမပြောတာကို ရှင်တို့ပါးစပ်ပိတ်ထားသင့်တယ်.. မာဆအိချီ ယိုရှီဒါက သူ့ဆုံးဖြတ်ချက်တော့ သူချနိုင်တယ်မလား?” ကုနင်း သည် ထပ်ဆွလိုက်ပြန်သည်။
“မင်း…” ထိုသူသည် ဒေါသထွက်နေလေသည်။
“ရှင်က တော်တော်အာရုံနောက်ပြီး နားညီးတဲ့သူပဲ။” ကုနင်း စိတ်မရှည်တော့ပေ။
“မင်းပါးစပ်ကို ပိတ်ထားလိုက်တော့” လင်းဖေးကလဲ ကုနင်း ကို ထောက်ခံရင်း ပြောလိုက်သည်။
“မင်းတို့…” ထိုသူသည် ဒေါသငယ်ထိပ်ရောက်နေပြီ ဖြစ်သည်။ သို့သော် ဘာပြောရမှန်းလည်း မသိသောကြောင့် ကုနင်းရှေ့တွင် အရှက်ကွဲနေလေသည်။
ကုနင်းသည် သူ့ကိုစိတ်ပျက်လက်ပျက်ကြည့်လိုက်ရင်း မာဆအိချီ ယိုရှီဒါဘက်သို့ လှည့်ကြည့်လိုက်သည်။
“မာဆအိချီ ယိုရှီဒါ ရှင်လက်ခံလား လက်မခံဘူးလား?”
“လက်ခံတယ်။” မာဆအိချီ ယိုရှီဒါသည်လဲ ယုံကြည်မှုအပြည့်နှင့် ဖြစ်နေလေသည်။ သူသည် ကုနင်းကို လင်းဖေး အစားလာပြိုင်သည် ဆိုကတည်းက သာမာန်မိန်းကလေးမဟုတ်ကြောင်းတော့ သိသော်ငြား သူရှုံးမည်ဟုလည်း မထင်နေပေ။
သူသည် အနိုင်ယူဖို့ စိတ်ဆုံးဖြတ်ထားပြီ ဖြစ်သည်။ ထို့အပြင် ကုနင်း၏အလှအပကလည်း သူ့ကို ဆွဲဆောင်နေပြီ ဖြစ်သောကြောင့် သူမကို မြည်းစမ်းရန် စိတ်လှုပ်ရှားနေသည် မဟုတ်ပါလား။
“ကောင်းပြီလေ ကျွန်မတို့ ကားသွားရွေးကြတာပေါ့။” ကုနင်း က ပြောလိုက်သည်။
***
အခန်း ၁၂၇၄ အနိုင်ရသူ ကုနင်း
ထို့နောက်တွင် ကုနင်းနှင့် မာဆအိချီ ယိုရှီဒါတို့ ကားသွားရွေးကြလေသည်။ မာဆအိချီ ယိုရှီဒါသည် သူ့သူငယ်ချင်းကို မကျေမချမ်းကြည့်လိုက်သည်။ သူ့အပြုအမူကို မကြိုက်ဘူးဆိုသည့် သဘောဖြစ်သည်။
မာဆအိချီ ယိုရှီဒါမှာ သူ့ဘက်လိုက်ပြီး ပြောပေးခြင်းကို နားလည်သော်လည်း ထိုသူ၏ အပြုအမူကြောင့် သူလည်း အရှက်ရသွားသည် မဟုတ်ပါလား။
သူ့သူငယ်ချင်းသည် စိတ်ခုသွားသော်လည်း စောဒကတော့ မတက်ရဲပါပေ။
ပြိုင်ကားများသည် အမျိုးအစား အတူတူပင် ဖြစ်ကြသည်။ ကုနင်း နှင့် မာဆအိချီ ယိုရှီဒါတို့ ကားများကို သေချာလေ့လာလိုက်ကြသည်။
သူတို့ ကားရွေးပြီးသောအခါ ကားပြိုင်လမ်းကြောင်း၏ အစတွင် အသီးသီးရပ်လိုက်ကြသည်။
ကုနင်း ၏ကားမှာ အမှတ် ၂ ဖြစ်ပြီး မာဆအိချီ ယိုရှီဒါ၏ကားမှာ အမှတ် ၅ ဖြစ်သည်။
လင်းဖေးနှင့်သူငယ်ချင်းများသည် ကုနင်းကို ယုံကြည်ကြသော်လည်း စိတ်လှုပ်ရှားနေကြလေသည်။ သူတို့မှာ မာဆအိချီ ယိုရှီဒါ၏ ကားမောင်းအရည်အချင်းကို မသိကြသေးသောကြောင့် ကုနင်း ရှုံးသွားမည်ကို စိုးရိမ်နေကြခြင်းပင်။
သာမာန်အတိုင်း ရှုံးသွားမည်ဆိုပါက ရလဒ်ကို သူတို့ ကျေနပ်စွာ လက်ခံနိုင်ကြသော်လည်း ကုနင်းနှင့် မာဆအိချီ ယိုရှီဒါကြားမှ သဘောတူညီချက် ရှိနေသောကြောင့် လင်းဖေးလဲ ကုနင်းအတွက် စိတ်ပူနေမိလေသည်။
တစ်ဖက်တွင် မာဆအိချီ ယိုရှီဒါ၏ သူငယ်ချင်းများကတော့ စိတ်အေးလက်အေး ရှိနေကြသည်။ မာဆအိချီ ယိုရှီဒါသည် ကားပြိုင်ခြင်းဖြင့် ဆုများစွာ ရရှိထားသူ မဟုတ်ပါလား။
သေနတ်သံထွက်လာသည်နှင့် တစ်ပြိုင်နက် ကုနင်းနှင့် မာဆအိချီ ယိုရှီဒါတို့ ကားကို အမြန်ဆုံး မောင်းထွက်လိုက်ကြသည်။
ကြည့်နေသူများကလည်း စိတ်လှုပ်ရှားနေကြလေသည်။
ခဏတွင်းချင်း ကုနင်း၏ကားသည် မာဆအိချီ ယိုရှီဒါ၏ ကားကို ကျော်တက်သွားသည်။
လင်းဖေးနှင့် သူငယ်ချင်းများသည်လည်း စိတ်အေးသွားကြသည်။ တစ်ဖက်တွင် မာဆအိချီ ယိုရှီဒါ၏ အပေါင်းအပါများကတော့ စိတ်လှုပ်ရှားသွားကြလေသည်။
မာဆအိချီ ယိုရှီဒါသည်လည်း စိတ်ပူသွားပြီး ကားကို အရှိန်မြှင့်လိုက်သည်။ သို့သော် ကုနင်းကို လိုက်မမှီနိုင် ဖြစ်နေလေသည်။
ကုနင်း၏ ကားသည် တဖြည်းဖြည်း အဝေးသို့ ကျော်တက်နေသောကြောင့် မာဆအိချီ ယိုရှီဒါ သည်လည်း ပိုမိုပူပန်လာလေသည်။
“အိုး သူကတော့ ရှုံးတော့မှာပဲ” လင်းဖေး ပြောလိုက်သည်။
“အပြောမစောပါနဲ့ဦး အခုမှ အစပဲရှိသေးတယ်” မာဆအိချီ ယိုရှီဒါ၏ အပေါင်းအပါများကလည်း ပြန်ငြင်းနေကြသည်။ သို့သော် သူတို့သည်လည်း မာဆအိချီ ယိုရှီဒါ ရှုံးနိမ့်မည်ကို စိတ်ပူနေကြသည်။
“ဖန်ထျန်းရှန် မင်းဒီလို သူ့အတွက်နဲ့ ဖြစ်ပျက်နေတာ ဘယ်လောက်ရွံစရာကောင်းလဲ သိလား?” လင်းဖေး စိတ်ပျက်စွာ ပြောလိုက်သည်။
“မင်းဘာပြောလိုက်တယ်?” ဖန်ထျန်းရှန် ဒေါသတကြီး ပြန်မေးလိုက်သည်။
“ငါပြောတာ ရှင်းရှင်းလေးပါ မင်းနားမလည်ဘူးလား?” လင်းဖေးသည် ဖန်ထျန်းရှန် ကို အလွန်မုန်းတီးနေလေသည်။
“မင်းကများ ငါ့ကို စော်ကားပြောရဲတာပေါ့?” ဖန်ထျန်းရှန် အသံကို မြှင့်ပြောလိုက်သည်။
“မင်းက သူ့မိသားစု အရှိန်အဝါကြီးတယ်ဆိုပြီး ကပ်ဖားယပ်ဖား လုပ်နေတာလေ.. ငါ့ကို တိုက်ခိုက်ဖို့ လူမိုက်ငှားလိုက်တာလည်း မင်းပဲဆိုတာ ငါသိတယ်။”
“မင်း…” ဖန်ထျန်းရှန်၏ မျက်နှာမှာ ဖြူဆုတ်သွားတော့သည်။ လင်းဖေးသည် ငအတစ်ယောက်မဟုတ်မှန်း သူသိသော်လည်း လင်းဖေးတွင် သက်သေမရှိသောကြောင့် အဖြစ်မှန်ကို သိထားလျှင်တောင် ဘာမှလုပ်နိုင်မည် မဟုတ်ဘူးဟု တွေးလိုက်သည်။ သို့သော် လင်းဖေးသည် သူရဲဘောကြောင်သူတစ်ယောက် မဟုတ်မှန်း မေ့လျော့နေလေသည်။ သူသည် ထိုကိစ္စကို ဒီတိုင်းထားမည် မဟုတ်ပါပေ။
ဖန်ထျန်းရှန် အနည်းငယ်တော့ ထိတ်လန့်သွားလေသည်။ လင်းဖေး၏မိသားစုသည်လဲ အရှိန်အဝါကြီးသည် မဟုတ်ပါလား။
“ဝိုး အမှတ် ၂ ကားက မိုက်တယ်ဟေ့.. အမှတ် ၅ ကားက တော်တော်တောင် ပြတ်ကျန်ခဲ့ပြီ”
လူတစ်ယောက်က ထအော်လိုက်သောကြောင့် လင်းဖေး နှင့် ဖန်ထျန်းရှန်တို့၏ အချင်းများပွဲရပ်သွားပြီး ပြိုင်ပွဲကို အာရုံစိုက်ထားလိုက်ကြသည်။
ကုနင်းကို အရှိန်ကို မြှင့်ထားဆဲဖြစ်သည်။ သူမသည် ပထမအကွေ့သို့ မရောက်မချင်း အရှိန်လျှော့ဖို့ စိတ်ကူးမရှိချေ။
“ဘုရားရေ ယုံတောင်မယုံနိုင်ဘူး။”
“အမှတ် ၂ ကားသမားက တော်တော်ကျွမ်းတာပဲ။”
“ကားမောင်းကျွမ်းကျင်ရှင် ထင်တယ်။”
“…”
လူများသည် ကုနင်းကို တောက်လျှောက်ချီးကျူးနေကြသည်။ သူတို့သည် အမှတ် ၂ ကားကသာ နိုင်မည်ဟု တစ်ထစ်ချ တွေးလိုက်ကြသည်။
မာဆအိချီ ယိုရှီဒါသည်လည်း ကားထဲတွင် ဇောချွေးပြန်နေလေသည်။ ကုနင်းသည် စက္ကန့်အနည်းငယ်အတွင်းမှာပင် သူ့ကားကို ကျော်တက်သွားသည် မဟုတ်ပါလား။ သူမည်မျှပင် မှီဖို့ ကြိုးစားသော်လည်း ဘယ်လိုမှ လိုက်မမှီပါချေ။
လင်းဖေးတို့သည်လည်း ကုနင်း အနိုင်ရတော့မည်ဖြစ်၍ အလွန်စိတ်လှုပ်ရှားနေကြလေသည်။
စက္ကန့်အနည်းငယ်အကြာတွင်တော့ အမှတ် ၂ ကားသည် အဆုံးသတ်မျဉ်းပေါ်တွင် ရပ်လိုက်လေသည်။ ကုနင်း သည် အနိုင်ရသွားပြီဖြစ်သည်။ မာဆအိချီ ယိုရှီဒါ၏ ကားကတော့ မီတာတစ်ရာလောက်တွင် ပြတ်ကျန်ခဲ့လေသည်။
“ဟုတ်တယ် သူနိုင်သွားပြီ။”
“ကုနင်း နိုင်သွားပြီ။”
“သူနိုင်သွားပြီ။”
လင်းဖေးနှင့် သူငယ်ချင်းများ ပျော်ရွှင်စွာ ထခုန်လိုက်ကြလေသည်။
***
အခန်း ၁၂၇၅ လက်ချောင်းဖြတ်ခြင်း
ကုနင်း ကားထဲမှ ထွက်လိုက်သောအခါ လင်းဖေးတို့ကလဲ သူမဘေးတွင် ဝိုင်းရပ်လိုက်ကြရင်း “ကုနင်း မင်းက တကယ်အံ့ဩဖို့ကောင်းတာပဲ။”
“ကျွန်တော် ထင်တောင်မထင်ထားဘူး။”
“မင်းက အစတည်းက ပြိုင်ကားမောင်းကျွမ်းတဲ့သူလား?”
“ကုနင်း ကျွန်တော်ကတော့ မင်းဖန်ဖြစ်သွားပြီ။”
“…”
သူတို့သည် ကုနင်းကို ဝိုင်းဝန်းချီးမွမ်းနေကြသည်။
ကြည့်နေသူများကလည်း ကုနင်းကို မတွေ့ခင်အထိ အမှတ် ၂ ကားကို မောင်းသူမှာ မိန်းကလေးဟု မသိကြသောကြောင့် အလွန်အံ့ဩသွားကြသည်။
“ဘုရားရေ သူက မိန်းကလေးပဲ။”
“ယုံတောင်မယုံနိုင်ဘူး။”
“မိန်းကလေးက ယောင်္ကျားလေးထက် ပိုပြီး ကားမောင်းတော်လိမ့်မယ်လို့ မထင်ခဲ့မိဘူး။”
“မိန်းကလေးလည်း ယောင်္ကျားလေးထက် သာနိုင်တာပေါ့။”
“အံ့ဩစရာပဲ”
“…”
မာဆအိချီ ယိုရှီဒါ ရောက်လာချိန်တွင် ကုနင်း သူ့ကားနားကို လျှောက်သွားလိုက်သည်။ လင်းဖေးတို့ကလည်း နောက်က လိုက်သွားလိုက်ကြပြီး မာဆအိချီ ယိုရှီဒါကို လှောင်ပြောင်ရန် အသင့်ဖြစ်နေကြသည်။
“ဟိုင်း အရှုံးသမားလေး” ကုနင်းက မာဆအိချီ ယိုရှီဒါကို ခနဲ့လိုက်သည်။
“အဲဒီတော့ ဘာဖြစ်လဲ .. မင်းက ငါ့လက်ချောင်းကို ဖြတ်မယ်ပေါ့.. ငါက မင်းတို့နိုင်ငံကိုလာတဲ့ ရွှေ့ပြောင်းကျောင်းသားနော်.. ငါတစ်ခုခုဖြစ်ရင် နိုင်ငံတကာ ဥပဒေတွေနဲ့ ညိသွားလိမ့်မယ်.. မင်းဒုက္ခရောက်သွားမှာ” မာဆအိချီ ယိုရှီဒါ ပြောလိုက်သည်။
သူသည် ကုနင်း နှင့် သဘောတူညီချက်ကို ဖောက်ဖျက်တော့မည့် အနေအထား ဖြစ်နေလေသည်။
မာဆအိချီ ယိုရှီဒါသည်လည်း လက်ချောင်းကို မဆုံးရှူံးချင်သောကြောင့် ကုနင်းကို လက်စားချေဖို့ ဆုံးဖြတ်လိုက်သည်။
လင်းဖေးတို့အဖွဲ့မှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့သည် မာဆအိချီ ယိုရှီဒါကို မုန်းတီးနေပြီး ပညာပေးချင်နေကြသော်လည်း သူပြောသည်မှာလည်း အမှန်ပင် ဖြစ်လေသည်။
“ဒါဆို ရှင်က သဘောတူညီချက်ကို ဖောက်ဖျက်ချင်တယ်ပေါ့?” ကုနင်း မေးလိုက်သည်။
“ဟုတ်တယ် အဲ့တော့ဘာဖြစ်ချင်လဲ?” မာဆအိချီ ယိုရှီဒါဘက်က အလျင်အမြန်ပင် ဝန်ခံလိုက်သည်။ သူသည် အရှက်တရား ကင်းမဲ့သူ ဖြစ်သည့်အပြင် ကုနင်း သူ့ကို ဘာမှမလုပ်နိုင်မှန်းသိသောကြောင့် အမြင်ကတ်စရာဟန်ပန်ပင် လုပ်နေသေးသည်။
“ဒါဆို ကျွန်မရှုံးရင်ရော ဖောက်ဖျက်လို့ရလား?” ကုနင်း မေးလိုက်ရာ-
“လာနောက်နေတာလား ဘယ်ရမလဲ?” မာဆအိချီ ယိုရှီဒါ ပြောလိုက်သည်။
ကုနင်း သည် ဒေါသထွက်သွားပြီး “ဒါဆိုရင် ရှင်လည်း ဖောက်ဖျက်လို့ရမှာမဟုတ်ပါဘူး” ဟု ပြောလိုက်ရင်း
ခဏအတွင်းမှာပင် ကုနင်းသည် မာဆအိချီ ယိုရှီဒါ အနားသို့သွားလိုက်ပြီး သူ့လက်ကို လျင်မြန်စွာ ဖမ်းဆုပ်လိုက်သည်။ ထို့နောက် တွေဝေတုံ့ဆိုင်းခြင်းမရှိပဲ သူ့လက်သန်းကို ဓားဖြင့် ဖြတ်လိုက်လေသည်။
ဖြစ်ပျက်သွားသည်က အလွန်လျင်မြန်သောကြောင့် သူမ၏ လှုပ်ရှားမှုများကို မည်သူမျှ သေချာမမြင်လိုက်ရပါချေ။ မာဆအိချီ ယိုရှီဒါသည်ပင် သူ့လက်သန်းပြတ်သွားသည်အထိ ဘာဖြစ်သွားမှန်း မသိလိုက်ပေ။
သူသည် နာကျင်မှုဖြင့် အော်လိုက်သောကြောင့် အားလုံးထိတ်လန့်သွားကြလေသည်။
ကောင်းယိ နှင့် ချောင်ယတို့ကတော့ တည်ငြိမ်စွာပင် ရှိနေကြသည်။
တကယ်တော့ ထိုကဲ့သို့ အရှက်မရှိသူကို ရက်စက်စွာ ပညာပေးခြင်းသည် ကုနင်းအတွက် ပထမဆုံး မဟုတ်ပါချေ။
ကုနင်းသည် မာဆအိချီ ယိုရှီဒါ၏ လက်သန်းကို ဖြတ်လိုက်ချိန်တွင်လည်း နာကျင်မှုသက်သာစေရန် သူမ၏ မှော်အစွမ်းကိုတော့ တိတ်တဆိတ်ထည့်လိုက်လေသည်။
ကုနင်း သူ့အပေါ် သက်ညှာပေးခြင်းမဟုတ်ပဲ သူ၏လက်ကို ဖြတ်ဖို့ ရည်ရွယ်ချက်ကို ဖြစ်အောင်လုပ်လိုက်ကာ အခြေအနေကို ပိုမဆိုးသွားလိုခြင်းကြောင့် ဖြစ်သည်။
မာဆအိချီ ယိုရှီဒါ အလွန်ဒေါသထွက်နေသောကြောင့် ကုနင်း၏ လုပ်ဆောင်ချက်ကိုလည်း မသိလိုက်ပါချေ။
ထို့နောက် ကုနင်း သူ့ကို လွှတ်ပေးလိုက်ပြီး နောက်ပြန်ဆုတ်နေလိုက်သည်။
“ရှင့်ကြောင့် ရှင့်နိုင်ငံကို အရှက်မရပါစေနဲ့” မာဆအိချီ ယိုရှီဒါကို အထင်သေးမှုအပြည့်ဖြင့်ပြောလိုက်သည်။
မာဆအိချီ ယိုရှီဒါသည် အရင်လောင်းကြေးထပ်သူ ဖြစ်သည့်အပြင် ကုနင်းကိုလည်း စော်ကားခဲ့သည်ပင်။ ကုနင်းသည် သူမကိုယ်သူမ ကာကွယ်လိုက်ခြင်းသာ ဖြစ်သည်။
“မင်း…” မာဆအိချီ ယိုရှီဒါသည်တော့ ထိတ်လန့်နေတုန်းပင် ဖြစ်သည်။ ကုနင်း သူ့လက်ကို တကယ်ဖြတ်ရဲမည်ဟုလည်း မထင်ခဲ့ပေ။ ထို့ကြောင့် ဒေါသထွက်သလို အရှက်လည်း ရနေလေသည်။ မာဆအိချီ ယိုရှီဒါ စိတ်ထဲတွင် ကုနင်းသည် ငယ်ရွယ်သူဖြစ်သောကြောင့် သူ့ကို ရင်မဆိုင်ရဲလောက်ဟု ထင်ခဲ့သည်ပင်။
မာဆအိချီ ယိုရှီဒါသည် တစ်ကိုယ်ကောင်းဆန်သူ ဖြစ်သလောက် ယုတ်ညံ့သူလည်း ဖြစ်လေသည်။
“မာဆအိချီ ယိုရှီဒါ ရှင်ကဘယ်လောက်တောင် အရှက်မရှိသူဖြစ်ပြီး ရွံစရာကောင်းလဲဆိုတာ မသိဘူးမလား.. ရှင့်အပြုအမူကြောင့် ဘယ်သူမှရှင့်ကို သဘောလည်း မကျကြဘူး.. ရှင့်မှာ လူ့ကျင့်ဝတ်ဆိုတာရော ရှိသေးရဲ့လား?” ကုနင်း ဆက်ပြောလိုက်သည်။
အမှန်တကယ်လည်း လာကြည့်သူများသည် မာဆအိချီ ယိုရှီဒါကို ဒေါသထွက်နေကြလေသည်။ သူသည် လူအချင်းချင်း လေးစားမှုဆိုသည်ကိုလည်း နားမလည်ပေ။ လူ့အောက်မကျို့ချင်သူ ဖြစ်သည်။
ထို့ကြောင့် သူ့ကို ဘယ်သူမှ သဘောမကျကြခြင်းဖြစ်သည်။ ဖန်ထျန်းရှန်နှင့်အခြားသူများသည်လည်း တကယ်တော့ အဆင့်မရှိကြသူများပင်။
***
အခန်း ၁၂၇၆ ကပ်ဖားယပ်ဖား
“မင်း…” မာဆအိချီ ယိုရှီဒါသည် လူပုံအလယ်တွင် အရှက်ခွဲခံရခြင်းကြောင့် ဒေါသအလွန် ထွက်နေသည်။
“ရဲကိုခေါ်လိုက်” သူသည် ဖန်ထျန်းရှန် ကို အော်ပြောလိုက်သည်။
ကုနင်း၏မှော်အစွမ်းကြောင့်သာ သူအော်နိုင်နေခြင်းဖြစ်သည်။
ကုနင်းဘက်က မာဆအိချီ ယိုရှီဒါကို ဂရုမစိုက်သော်လည်း သူကတော့ သူ့ကိုယ်သူ အရေးကြီးပုဂ္ဂိုလ်ဟု ထင်မှတ်ကာ ရဲကိုပင် ခေါ်နေသေးသည်။
“ရဲခေါ်လိုက်လေ” ကုနင်း သည်ကြောက်ရွံ့နေခြင်း အလျဉ်းမရှိပါချေ။ သူမသည် ဖုန်းကို ထုတ်လိုက်ပြီး မာဆအိချီ ယိုရှီဒါ ရှေ့တွင် ယမ်းပြလိုက်ကာ “ကျွန်မမှာလည်း ရှင်ပြောထားတာတွေကို အသံသွင်းထားတာရှိတယ်.. ရဲတွေကတော့ ဘယ်သူမှားတယ် ဘယ်သူမှန်တယ် သိမှာပါ” ဟု ပြောလိုက်သည်။
ထိုသို့ဆိုလျှင် ကုနင်းဘက်က ဆေးကုသစရိတ်သာ ပေးရတော့မည် ဖြစ်သည်။
ဖန်ထျန်းရှန် တွေဝေသွားရသည်။ တကယ်တော့ ရဲကိုခေါ်ပါက သူတို့အတွက် အကျိုးယုတ်မည်သာ ဖြစ်သည်။ မာဆအိချီ ယိုရှီဒါ၏ ပြတ်သွားသော လက်သန်းကိုလဲ ပြန်ဆက်နိုင်တော့မည် မဟုတ်ပါချေ။
ဖန်ထျန်းရှန် တွေဝေနေပုံကို မြင်လိုက်ရသောကြောင့် မာဆအိချီ ယိုရှီဒါ ဒေါသထွက်သွားပြီး ဖန်ထျန်းရှန်ကို ဖြတ်ရိုက်လိုက်ကာ “ငါပြောတာမကြားဘူးလား ရဲကိုခေါ်လိုက်လို့ ပြောနေတယ်လေ!” ဟု ပြောလိုက်သည်။
“ဟုတ် ဟုတ်” ဖန်ထျန်းရှန်သည်လဲ မာဆအိချီ ယိုရှီဒါကို မဆန့်ကျင်ရဲပါချေ။
“ဖန်ထျန်းရှန် မင်းကလည်း တကယ် ကပ်ဖားယပ်ဖားနဲ့ တော်တော်ရွံစရာကောင်းတာပဲ.. မင်းလည်း အရှက်တရားလေး နည်းနည်းမှတောင် မရှိဘူးလား?” လင်းဖေးသည် ဖန်ထျန်းရှန်ကို လှောင်ပြောင်ရယ်မောရင်း ထပ်ပြောလိုက်သည်။ သူသည် ထိုကဲ့သို့သူများကို အလွန်ပင် မုန်းတီးလေသည်။ ထို့အပြင် သူနှင့် မာဆအိချီ ယိုရှီဒါတို့၏ ရန်ငြိုးသည် ဖန်ထျန်းရှန်ကြောင့်ပင် ပိုဆိုးသွားခဲ့သည် မဟုတ်ပါလား။
ဖန်ထျန်းရှန် ခေတ္တကြောင်ရပ်သွားသည်။ အမှန်တကယ်လည်း မာဆအိချီ ယိုရှီဒါက သူ့ကို ကျွန်တစ်ယောက်သဖွယ် ဆက်ဆံနေခြင်းကို မကျေနပ်သည်ပင်။
မာဆအိချီ ယိုရှီဒါ သည် စိတ်မရှည်တော့ပဲ “ဖန်ထျန်းရှန် မင်းဘာလုပ်နေတာလဲ.. မင်းကို ဘယ်သူက ကူညီပေးခဲ့တာလဲ မေ့သွားပြီလား.. မင်းငါ့ကို ကျေးကျွန်တစ်ယောက်လို သဘောထားပြီး ကူညီပါ့မယ်ဆို?”
မာဆအိချီ ယိုရှီဒါသည် ဖန်ထျန်းရှန်ကို လူအများရှေ့တွင် ထိုင်စော်ကားနေလေသည်။ သို့သော် ဖန်ထျန်းရှန်သည် မာဆအိချီ ယိုရှီဒါကို သူကိုယ်တိုင်မှစကာ ရိုကျိုးခဲ့သူ ဖြစ်သောကြောင့် မာဆအိချီ ယိုရှီဒါကို မတွန်းလှန်ရဲပါပေ။
ဖန်ထျန်းရှန်သည် မာဆအိချီ ယိုရှီဒါအတွက် ဘာမဆို လုပ်ပေးနိုင်သော်လည်း ကျေးကျွန်တစ်ယောက်လိုတော့လည်း အဆက်ဆံမခံရချင်ပေ။
သူကိုယ်တိုင်က ခိုင်းသမျှလုပ်ပေးမည်ဟု ဆိုထားပြီး ဖြစ်သော်လည်း မာဆအိချီ ယိုရှီဒါသည် သူ့ကို အမှန်တကယ်ပင် ကျေးကျွန်တစ်ယောက်ကဲ့သို့ ဆက်ဆံလိမ့်မည်ဟုတော့ မထင်ခဲ့မိချေ။ ဖန်ထျန်းရှန်သည် မာဆအိချီ ယိုရှီဒါ မှာ သူ့ကို ကျေးကျွန်တစ်ယောက်သာသာ သဘောထားခြင်းဖြစ်ကြောင်း ယခုမှသာ သဘောပေါက်သွားလေသည်။
အခြားသူများအမြင်တွင် သူသည် ကပ်ဖားယပ်ဖားလုပ်နေသူ တစ်ယောက်သာ ဖြစ်နေသည်။
ဖန်ထျန်းရှန် ဒေါသထွက်နေပြီး အမှန်တရားကို လက်မခံချင်သော်လည်း မာဆအိချီ ယိုရှီဒါသည် သူ့ကို အရင်က ကူညီခဲ့ဖူးသောကြောင့် သူ့စကားကို နားထောင်ရပေမည်။ ထို့ကြောင့် ဖန်ထျန်းရှန်လည်း မာနကို ခဝါချပြီး ရဲကို ခေါ်လိုက်သည်။
“ကုနင်း ကျွန်တော့်အဖေကို ခေါ်ပေးရမလား.. သူဆိုဒီပြဿနာကို အေးဆေးဖြေရှင်းနိုင်တယ်?” လင်းဖေးက ကုနင်းကို မေးလိုက်သည်။
သူသည် ကုနင်း ကို သာမာန်မိန်းကလေးတစ်ယောက် မဟုတ်မှန်းသိသော်လည်း သူမကိုတော့ ထိုအရှုပ်ထုပ်ထဲ မပါစေချင်ပေ။
“ရပါတယ် ကျွန်မဖြေရှင်းနိုင်တယ်။” ကုနင်း က ပြောလိုက်သည်။
“သူက ပြောင်းရွှေ့ကျောင်းသားဆိုတော့ ရှင့်ရဲ့ မိသားစုကို မထိခိုက်စေချင်ဘူး.. ကျွန်မမှာက သက်သေရှိတော့ ကိုယ့်ကိုယ်ကို ကာကွယ်တဲ့အနေနဲ့ ဖြေရှင်းလို့ရတယ်.. နောက်ဆုံး ကျွန်မဆေးကုသစရိတ်လေး ပေးလိုက်ရတာနဲ့ပဲ ပြီးသွားမှာ.. ဘာမှ မဖြစ်ဘူး။”
ထိုစကားကို လင်းဖေး ခေါင်းငြိမ့်ထောက်ခံလိုက်သည်။ သူတို့အားလုံးသည် ချမ်းသာသူများ ဖြစ်ကြသောကြောင့် ဆေးကုသစရိတ်ကိုတော့ မမှုကြပါချေ။
ကုနင်း ကလည်း ထွက်မသွားပဲ ရဲကို စောင့်နေလေသည်။
မာဆအိချီ ယိုရှီဒါသည် ဖန်ထျန်းရှန်ကို ဆေးရုံကားခေါ်ဖို့လည်း ပြောလိုက်သည်။ သူ့ဒဏ်ရာကို ကုသရဦးမည် မဟုတ်ပါလား။
ကားပြိုင်ကွင်းအနီးတစ်ဝိုက်တွင် ရဲစခန်းရှိသောကြောင့် မကြာမီတွင် ရဲများရောက်လာလေသည်။
“အိုး ဟိုင်း သခင်လေးလင်း!” သူတို့သည် အနားသို့လျှောက်လာရင်း လင်းဖေးကို မှတ်မိလိုက်ကြသည်။ ကားပြိုင်ကွင်းသည် လင်းမိသားစုပိုင်ပြီး လင်းဖေးကလည်း မကြာခဏ လာလေ့ရှိသောကြောင့် အနီးအနား ရဲစခန်းမှရဲများသည် သူနှင့် ရင်းနှီးနေခြင်း ဖြစ်သည်။
“ဟိုင်း ရဲမေကျန်းနဲ့ ရဲမေဝူ” လင်းဖေး သည် ပြုံးပြနှုတ်ဆက်လိုက်သည်။
“ဟေး ဒီမှာ ရဲခေါ်ထားတာ ကျုပ်တို့ပဲ” မာဆအိချီ ယိုရှီဒါသည် ရဲမေများက လင်းဖေးနှင့်ရင်းနှီးကြသည်ကို မကျေမနပ်ဖြစ်နေလေသည်။
ရဲမေများသည် သူ့ဘက်သို့ လှည့်ကြည့်လိုက်ကြသောအခါ မာဆအိချီ ယိုရှီဒါသည် ကုနင်းကို လက်ညိုးထိုးကာ “ဒီမိန်းမက ကျုပ်လက်ချောင်းကို ဖြတ်လိုက်တယ်.. အဲဒါကြောင့် သူ့ကိုဖမ်းပြီး ဒီကိစ္စကို ဖြေရှင်းပေး!”
သူ့လေသံသည် အမိန့်ဆန်နေလေသည်။ မာဆအိချီ ယိုရှီဒါသည် ရဲများကိုပင် သူ့ကျွန်သဖွယ် ဆက်ဆံနေခြင်း ဖြစ်သည်။
ရဲများသည် မာဆအိချီ ယိုရှီဒါ၏လေသံကို မနှစ်ခြိုက်ကြပေ။ ထို့နောက်သူ့ကို နိုင်ငံခြားသားမှန်း သိလိုက်ကြသည်။
ထို့နောက်သူတို့သည် သွေးတစ်စက်စက်ကျနေသော သူ၏ လက်သန်းဆီသို့ အကြည့်များ ရောက်သွားကြလေသည်။
***
အခန်း ၁၂၇၇ ဆေးကုသစရိတ်ပေးခြင်း
ရဲမေက ကုနင်းကို “အဲဒါအမှန်ပဲလား? ဘယ်လိုဖြစ်တာလဲ?” ဟု မေးလိုက်သည်။
ရဲမေဝူသည် ကုနင်းကို လင်းဖေးနှင့် အတူရပ်နေသည်ကို တွေ့သောကြောင့် ကုနင်းသည် လင်းဖေးနှင့် ရင်းနှီးမှန်းသိလိုက်သည်။ ထို့ကြောင့် ကုနင်းကို မေးခွန်းများ မေးချင်သော်လည်း ပေါ့ပေါ့ပါးပါးပင် မေးလိုက်သည်။
“ဟုတ်ပါတယ်.. ကျွန်မသူ့ရဲ့ လက်သန်းကို ဖြတ်ခဲ့တယ်။” ကုနင်းကလည်း မငြင်းပါချေ။ “ကျွန်မတို့က ဒီကို ကားပြိုင်ပွဲရှိလို့ လာတာပါ.. ဒါပေမယ့် မာဆအိချီ ယိုရှီဒါ က ကျွန်မရှုံးရင် သူနဲ့ အတူအိပ်ရမယ်လို့ ပြောခဲ့တယ်.. သူက အဲဒီလို အရှက်မရှိတဲ့အတွက် ကျွန်မကလည်း သူရှုံးရင် သူ့လက်ချောင်းတစ်ချောင်းကို ဖြတ်မယ်လို့ ပြန်ပြောခဲ့တာပါ.. သူကလည်း သဘောတူခဲ့ပါတယ်.. သက်သေအနေနဲ့ ကျွန်မမှာ သဘောတူထားတဲ့ အသံဖိုင်လည်း ရှိပါတယ်။”
ထို့နောက် ကုနင်းသည် အသံဖိုင်ကို အားလုံးကြားအောင် ဖွင့်ပြလိုက်သည်။
“အဲဒီတော့ ဘာဖြစ်လဲ.. မင်းကငါ့ကို ထိခိုက်အောင် လုပ်တာလေ.. အဲဒီအတွက် ပြန်ပေးဆပ်ရမှာပေါ့။” မာဆအိချီ ယိုရှီဒါ အော်ပြောလိုက်သည်။ သဘောတူညီချက်ကို ဂရုမစိုက်တော့ပါချေ။
ရဲမေနှစ်ယောက်သည် မာဆအိချီ ယိုရှီဒါ ၏ ရိုင်းပြမှုကို အလွန်အံ့ဩသွားလေသည်။
တကယ်လည်း သူတို့သည် ကုနင်း၏ ရှင်းပြချက်အပြီးတွင် မာဆအိချီ ယိုရှီဒါ အပေါ် သက်ညှာစိတ် မရှိတော့ကြပေ။ သို့သော် သူက အမှုဖွင့်ထားသူ ဖြစ်လေသည်။ ကုနင်းသည်လည်း လက်ချောင်းကို အမှန်ပင် ဖြတ်ထားသည် မှန်သောကြောင့် သူမသည်လည်း တစ်ခုခုတော့ ပြန်ပေးဆပ်ရမည် ဖြစ်လေသည်။
“ကျွန်မလည်း ဒါကို မလုပ်သင့်မှန်းသိပါတယ်.. အဲဒါကြောင့် ကျွန်မ သူ့အတွက် ဆေးကုသစရိတ် ပေးပါ့မယ်။” ကုနင်း ပြောလိုက်သည်။
သူမသည်လည်း တာဝန်ယူဖို့ ဆန္ဒရှိနေသောကြောင့် ထိုအမှုသည် အေးဆေးစွာ ဖြေရှင်းနိုင်သွားလေသည်။
“ဟုတ်ပြီလေ အဲဒါဆို ပြီးပြီပေါ့.. မာဆအိချီ ယိုရှီဒါ အတွက် ဆေးကုသ စရိတ်ပေးလိုက်ပါ။” ရဲမေဝူက ပြောလိုက်သည်။
“ကျုပ်ပိုက်ဆံမလိုချင်ဘူး.. သူ့လက်ချောင်း ၂ ချောင်းကိုပဲ ဖြတ်ချင်တာ” မာဆအိချီ ယိုရှီဒါ သည် ဒေါသူပုန်ထနေလေသည်။
“မာဆအိချီ ယိုရှီဒါ ရှင်က မစ္စကု နဲ့ သဘောတူညီထားပြီးသားပါ.. ရှင်ကရှုံးခဲ့တဲ့သူ ဖြစ်တဲ့အတွက် ရလဒ်ကို လက်ခံသင့်ပါတယ်.. ရှင့်လက်ချောင်းကို ဖြတ်တာက မစ္စကု ရဲ့ အမှားဆိုပေမယ့် သူကရှင့်ရဲ့ ဆေးကုသစရိတ်ကို ခံဖို့ ပြောပြီးပြီပဲ.. ရှင်လည်း ဒီလောက်ဆို ရပ်တန်းက ရပ်ပြီး အေးအေးဆေးဆေး နေလိုက်ပါတော့။” ရဲမေဝူက ပြောလိုက်သည်။
“ကျုပ်ကတော့ လုံးဝလက်မခံနိုင်ဘူး။” မာဆအိချီ ယိုရှီဒါ အလွန်ဒေါသထွက်လာပြီး ခြိမ်းခြောက်လေတော့သည်။ “ငါက ပြောင်းရွှေ့ကျောင်းသား တစ်ယောက်ပဲ.. ငါဒီကိစ္စကို မကျေနပ်ရင် ငါတို့အစိုးရကို တင်ပြပိုင်ခွင့်ရှိတယ်.. အဲဒါဆို နိုင်ငံရေးတွေပါ ပါလာတော့မှာ.. ခင်ဗျားတို့ အဲလိုဖြစ်လာရင် ဒုက္ခများသွားမယ်နော်။”
ထိုစကားကို ကြားသောအခါ ရဲမေနှစ်ယောက် တစ်ယောက်နှင့် တစ်ယောက် ကြည့်မိလိုက်ကြသည်။
ကုနင်းကတော့ ရယ်ချင်ပက်ကျိ ဖြစ်သွားပြီး “အဲဒီတော့ ရှင်က ရှင့်နိုင်ငံရဲ့ အရှက်မဲ့ကျင့်ဝတ်ကို ယူဆောင်လာတဲ့ ရွှေ့ပြောင်း ကျောင်းသားဆိုပါတော့.. ရှင့်အစိုးရကလည်း ရှင့်လို အရှက်မရှိတဲ့သူကို ကာကွယ်ပေးမယ်လို့ ထင်နေလား?”
ကုနင်းကလည်း အလျှော့ပေးဖို့ စိတ်ကူးမရှိပါချေ။
“ကျွန်မတို့ အစိုးရကတော့ သူ့ပြည်သူတွေကို စော်ကားတဲ့ ရှင့်လိုလူကို ဆက်ထားဖို့ ခွင့်ပြုတော့မှာ မဟုတ်တာသေချာတယ်.. ရှင်လုပ်ချင်တာလုပ်ပါ.. ဘယ်သူက အပြစ်ပေးခံရမလဲ ကြည့်ကြသေးတာပေါ့။”
သူမသည် Rနိုင်ငံကို အထင်သေးမိနေသော်လည်း Rနိုင်ငံသည်လည်း မာဆအိချီ ယိုရှီဒါ ကာကွယ်ပေးနိုင်မည်ဟု မထင်ပါချေ။ ထို့အပြင် ကုနင်းသည်လည်း သာမာန်မိန်းကလေးမဟုတ်သောကြောင့် သူမတွင် အဆက်အသွယ်ကောင်း များစွာ ရှိနေသည် မဟုတ်ပါလား။
မာဆအိချီ ယိုရှီဒါ ၏ မိဘများမှာ ချမ်းသာပြီး အရှိန်အဝါကြီးသည်ဆိုလျှင်တောင် ကုနင်းသည် စိုးစဉ်းမျှပင် မကြောက်ပါချေ။
မာဆအိချီ ယိုရှီဒါ သည် ဒေါသထွက်နေပြီး ဝန်မခံချင်သော်လည်း မငြင်းဆန်နိုင်သော အခြေအနေ ဖြစ်နေလေသည်။
ပိုဆိုးသည်မှာ သူ၏မိသားစုသည် အစိုးရကို လာဘ်ထိုးနိုင်သည်အထိလောက်တော့ အရှိန်အဝါမကြီးနေခြင်း ဖြစ်သည်။
လင်းဖေး၏မိသားစုသည်လည်း Gမြို့တွင် အရှိန်အဝါကြီးသောကြောင့် ကုနင်းကို ထောက်ပံ့ပေးနိုင်လေသည်။ ထို့ကြောင့် မာဆအိချီ ယိုရှီဒါတစ်ယောက် ကုနင်းကို လွယ်လွယ်နှင့် ထိလို့ရတော့မည် မဟုတ်ပါချေ။
မာဆအိချီ ယိုရှီဒါ ချောင်ပိတ်မိနေချိန်တွင်ပဲ ဆေးရုံကား ရောက်လာခဲ့သည်။
မာဆအိချီ ယိုရှီဒါ ဆေးရုံကားထဲ ရောက်သွားသည်နှင့် သူနာပြုက ဒဏ်ရာကို ကုသပေးလေသည်။ သူသည် ဒဏ်ရာ အခြေအနေကို သိရရန် ဆေးရုံကိုတော့ သွားရမည် ဖြစ်သည်။
ကုနင်းက ဆေးကုသစရိတ်ခံမည်ဟု ပြောထားသောကြောင့် သူမသည်လည်း ဆေးရုံသို့ လိုက်သွားရမည်ဖြစ်သည်။
ထိုအချိန်တွင် လင်းဖေးသည် ကုနင်းမှာ သူ့အတွက် လုပ်ပေးခဲ့ခြင်း ဖြစ်သောကြောင့် ဆေးကုသစရိတ်ကို သူပေးမည်ဟု တွေးလိုက်သည်။
“ကုနင်း ဆေးကုသစရိတ်ကို ကျွန်တော်ခံပေးလိုက်ပါမယ်။” လင်းဖေး က ပြောလိုက်သည်။
“ကောင်းပြီလေ” ကုနင်း ကလည်း သဘောတူလိုက်သည်။
ထို့နောက်တွင် သူတို့အားလုံး ဆေးရုံသို့ လိုက်သွားကြသည်။
မာဆအိချီ ယိုရှီဒါကတော့ လမ်းတစ်လျှောက် ဆိတ်ဆိတ်သာ ပါလာလေသည်။
…
ထိုအချိန်တွင် လူများသည် ကားပြိုင်ပွဲမှ ဗီဒီယိုများကို အင်တာနက်ပေါ်တွင် တင်လိုက်သောကြောင့် နာမည်ကြီးသွားလေသည်။
လူတော်တော်များများသည် ကားပြိုင်ပွဲနှင့် မရင်းနှီးကြသော်လည်း အမှတ် ၂ ကားကိုတော့ အံ့ဩချီးမွမ်းနေကြလေသည်။
***
အခန်း ၁၂၇၈ ကုနင်းကို တိတ်တဆိတ် လက်စားချေခြင်း
သူမသည် လျင်မြန် ချောမွေ့စွာ ကျော်တက်နိုင်ပြီး အမှတ် ၅ ကားကိုပါ အဝေးတွင် ဖြတ်ချန်ထားခဲ့နိုင်ခြင်းမှာ အလွန်အံ့ဩစရာ ကောင်းပေသည်။
ထိုအမှတ် ၂ ကားကို မောင်းနှင်သူမှာ မိန်းကလေးဖြစ်နေခြင်းကြောင့်လည်း ကြည့်မိသောသူများသည် အလွန် အံ့အားသင့်နေကြလေသည်။ အချို့သော သူများကတော့ သူမကို ကုနင်းမှန်း သိကြလေသည်။
ကုနင်း ၏ အောင်မြင်မှုများအကြောင်း သိထားပြီးသူများကတော့ အလွန်အံ့ဩခြင်း မဖြစ်ကြပေ။ သူတို့ မျက်လုံးထဲတွင် ကုနင်းသည် မည်သည့်အရာကို မဆို အကောင်းဆုံး လုပ်နိုင်သော မိန်းကလေးဖြစ်သည်။ သို့သော် ဆက်ဖြစ်လာသော အကြောင်းအရာကို ကြည့်ပြီးနောက်တွင်တော့ ထိတ်လန့်သွားကြသည်။
ကုနင်း သည် အမှတ် ၅ ကားမောင်းသူ၏လက်သန်းကို ဖြတ်လိုက်သည် မဟုတ်ပါလား။
ထိုသူများသည် ကုနင်း နှင့် မာဆအိချီ ယိုရှီဒါတို့၏ အကြောင်းစုံကို သိပြီးမှပင် ကုနင်း၏လုပ်ရပ်ကို နားလည်သွားကြလေသည်။
“ဘုရားရေ ကြောက်ဖို့ကောင်းလိုက်တာ!”
“ကြောက်ဖို့ကောင်းတယ်ဆိုပေမယ့် Rနိုင်ငံကလူကလည်း တကယ်ရိုင်းစိုင်းပြီး ရွံဖို့ကောင်းတဲ့သူပဲ။”
“ဟုတ်တယ် ငါလည်း သွေးထွက်သံယိုတွေကို မကြိုက်ပေမယ့် ဒီဟာကိုတော့ ကျေနပ်မိတယ်။”
“ငါရောပဲ”
…
“သူကလည်း ကုနတ်ဘုရားမကို ဘယ်လိုတောင် ဒီလိုစကားပြောရဲတာလဲ.. ဖြစ်တာတောင် နည်းသေးတယ်။”
ကုနင်း ၏ ပရိသတ်များသည် အင်တာနက်တွင် ပေါ်ထွက်လာလေသည်။
“သူ့ကို သိလို့လား ဘာလို့သူ့ကို ကုနတ်ဘုရားမလို့ ခေါ်တာလဲ?”
“ကုနတ်ဘုရားမ လို့ ရိုက်ရှာကြည့်လိုက်လေ သိရမှာပေါ့။”
ဤသို့ဖြင့် ကုနတ်ဘုရားမဆိုသည်ကို သိချင်သူများသည် အင်တာနက်တွင် ရှာဖွေကြလေတော့သည်။
…
“ဒီမိန်းကလေးဒီလောက် တော်တာ မပြောနဲ့လေ သူက တကယ် ကုနတ်ဘုရားမပဲ!”
“ကုနတ်ဘုရားမကို ထောက်ခံပါတယ်။”
“ကုနတ်ဘုရားမ လုပ်တာမှန်တယ်.. အဲဒီ Rနိုင်ငံက လူက တကယ်ကို ရိုင်းစိုင်းတဲ့သူပဲ။”
“ကုနတ်ဘုရားမ က သူ့ကိုတောင် ဆေးကုသစရိတ် စိုက်ပေးခဲ့တယ်တဲ့ စိတ်ကောင်းရှိလိုက်တာ။”
…
“အိုး ငါ ကုနတ်ဘုရားမ အကြောင်းထပ်သိထားတယ်.. သူက လှပပြီး စာတော်ပြီး စီးပွားရေးမှာပါ အောင်မြင်တဲ့အပြင် ကွန်ဖူးလည်း ကျွမ်းကျင်တယ်တဲ့။”
“ငါကတော့ သူ့ဖန်ဖြစ်နေပြီ။”
“တကယ်ကို မယုံနိုင်စရာပဲ။”
အင်တာနက်သုံးသူများသည် ကုနင်း ကို ဝိုင်း၀န်းချီးမွှမ်းနေကြလေသည်။
တစ်ချိန်တည်းမှာပင် သူမကို မုန်းသူများလည်း ပေါ်လာလေသည်။
“ကုနတ်ဘုရားမ တဲ့လား ရယ်စရာပဲ.. ငယ်ငယ်ရွယ်ရွယ်နဲ့ ရက်စက်တတ်လိုက်တာ.. နာမည်ကြီးဖို့တောင် မထိုက်တန်ဘူး။”
“ဟုတ်တယ် ထောင်ကျသွားရမှာ။”
“…”
သူတို့သည် ကုနင်းကို မုန်းခြင်းသက်သက်ဖြင့်သာ မုန်းကြသောကြောင့် မာဆအိချီ ယိုရှီဒါ ၏ အပြုအမူကိုတော့ ထည့်မပြောကြပါချေ။
သို့သော် ကုနင်း ဘက်တော်သားများသည် သူမဘက်မှ ကာကွယ်ပေးကြသောကြောင့် သူမကို ဆန့်ကျင်သူများလည်း ပါးစပ်ပိတ်နေရလေသည်။
ကုနင်း မာဆအိချီ ယိုရှီဒါ၏လက်သန်းကို ဖြတ်လိုက်သည့် လုပ်ရပ်မှာ မသင့်တော်သော်လည်း မာဆအိချီ ယိုရှီဒါ သည် ထိုအရာနှင့်ထိုက်တန်လောက်အောင် ဆိုးရွားသူဖြစ်သည်။
အင်တာနက်သုံးသူများသည် Weibo တွင်လည်း ကားမောင်းကျွမ်းသူများကို မန်းရှင်းခေါ်ကာ ပြကြသောကြောင့် ထိုသူများသည်လည်း ကုနင်း၏ကားမောင်းစွမ်းရည်ကို ချီးကျူးကြလေသည်။ ကုနင်း၏လုပ်ရပ်ကိုတော့ မည်သူကမျှ မရှုံ့ချကြပဲ သူမဒုက္ခမရောက်စေရန်ပင် မျှော်လင့်ပေးကြလေသည်။
…
ဆေးရုံတွင် မာဆအိချီ ယိုရှီဒါ သည် ဒဏ်ရာများကို ကုသပြီးနောက် သူ့ဖခင်ဆီ ဖုန်းခေါ်လိုက်သည်။ သူသည် သူ၏ဖခင်ကို အဖြစ်မှန်ကိုလည်း ထိန်ချန်ပြီး မပြောရဲပေ။ အခြေအနေများကို သေချာရှင်းပြမှသာ ကောင်းကောင်းဖြေရှင်းနိုင်မည် မဟုတ်ပါလား။
မာဆအိချီ ယိုရှီဒါ၏ဖခင်သည် ထိုအကြောင်းကို ကြားသောအခါ အလွန်စိတ်ဆိုးသွားသော်လည်း သူ့သားအမှားမှန်းလည်း သိပေသည်။
သို့သော် သူသည် လက်လျှော့တတ်သူ မဟုတ်သောကြောင့် သူ့သားအတွက် ကုနင်းကို တိတ်တဆိတ် လက်စားချေမည်ဟု ဆုံးဖြတ်လိုက်သည်။
မာဆအိချီ ယိုရှီဒါ၏မိသားစုသည် Rနိုင်ငံတွင် အရှိန်အဝါအကြီးဆုံးမဟုတ်သော်လည်း ချမ်းသာပြီး သင့်တင့်သလောက်တော့ ဩဇာသက်ရောက်လေသည်။ ထို့ကြောင့် မာဆအိချီ ယိုရှီဒါ သည် Gမြို့ကိုလည်း သက်တော်စောင့်လေးယောက်နှင့် လာခြင်းဖြစ်သည်။
ထိုလေးယောက်သည် မာဆအိချီ ယိုရှီဒါ မလိုအပ်မချင်း ထွက်မလာပေ။ မာဆအိချီ ယိုရှီဒါသည် ကျောင်းသားဖြစ်သောကြောင့် သက်တော်စောင့်လေးယောက်နှင့် လျှောက်သွားနေရန် မသင့်တော်ခြင်းကြောင့် ဖြစ်သည်။
မာဆအိချီ ယိုရှီဒါသည် သူ့ဖခင်စကားကို နားထောင်ပြီး ထိုသက်တော်စောင့်လေးယောက်အား ကုနင်းကို လက်စားချေရန် စေလွှတ်လိုက်သည်။
သူသည် ကုနင်းအကြောင်း သေချာမသိသောကြောင့် လင်းဖေးဘက်သို့ အရင် လှည့်လိုက်သည်။ ထိုအချိန်တွင် အင်တာနက်မှ သတင်းများကို တွေ့လိုက်ပြီး ထပ်မံဒေါသထွက်သွားပြန်သည်။ သူနှင့် သူ့သူငယ်ချင်းများသည် နာမည်ပျက်နေပြီ မဟုတ်ပါလား။
ထိုအချိန်တွင် သူသည် ကုနင်း၏ သရုပ်မှန်ကို တွေ့လိုက်ရသည်။
သူသည် ကုနင်းမှာ သာမာန်မိန်းကလေး မဟုတ်သောကြောင့် အံ့ဩသွားသည်။ လက်စားချေဖို့ မလွယ်တော့သည် မဟုတ်ပါလား။ သို့သော် သူသည် လက်မလျှော့ပါချေ။
ဘာတွေပဲဖြစ်နေပါစေ မာဆအိချီ ယိုရှီဒါသည် လုပ်ဖြစ်အောင် လုပ်မည် ဖြစ်သည်။ ထို့ကြောင့် သူသည် သူ့ဖခင်ကို မပြောပဲ တစ်ယောက်တည်း ဆုံးဖြတ်လိုက်သည်။
…
ကုနင်း ပြန်ချင်ပြီဖြစ်သော်လည်း လင်းဖေးသည် ကျေးဇူးဆပ်သည့်အနေဖြင့် ထမင်းအတူ စားချင်လေသည်။
လင်းဖေး၏သူငယ်ချင်းများသည်လည်း ကုနင်းကို ခဏနေစေချင်ကြလေသည်။ သူတို့သည် ကုနင်းကို လေးစားအထင်ကြီးကြသောကြောင့် သူမနှင့် တွေ့ချင်နေကြသေးသည်ပင်။
ကုနင်းကလည်း ခေတ္တစဉ်းစားပြီး သဘောတူလိုက်သည်။
ထို့နောက် လင်းဖေးသည် ကုနင်းကို ဟွမ်းဒင်ဟိုတယ်သို့ ခေါ်သွားလိုက်သည်။
အဆင့်မြင့်မြို့တော်ဖြစ်သောကြောင့် Gမြို့တွင် ကြယ်ငါးပွင့်ဟိုတယ် များစွာရှိသော်လည်း လူများသည် ဟွမ်းဒင်ဟိုတယ်ကိုသာ နှစ်ခြိုက်ကြလေသည်။
ဟွမ်းဒင်ဟိုတယ်သည် သူ၏ ၀န်ဆောင်မှုနှင့် ဟင်းလျာများကြောင့် နာမည်ကြီးသည် မဟုတ်ပါလား။