← Chapters

အခန်း (၁၂၇၉-၁၂၈၄)

Vol. 83 Ch. 1279-1284

အခန်း (၁၂၇၉-၁၂၈၄)

Vol. 83 Ch. 1279-1284

အခန်း ၁၂၇၉ လင်းဖေး၏အဖေ

စားသောက်နေချိန်တွင် လင်းဖေးထံသို့ သူ့အဖေထံမှ ဖုန်း၀င်လာသည်။

လင်းဖေးအဖေသည်လဲ ထိုနေ့လည်က ဖြစ်ခဲ့သည့် ကားပြိုင်ပွဲသတင်းကိုကြားပြီး ဆက်ခြင်းဖြစ်သည်။ သူ့ဖခင်သည် ဖုန်းဆက်ခဲ‌လှသည်။ သူကိုယ်တိုင်က အလုပ်များသူ ဖြစ်သလို သူ့သားသည်လည်း အရွယ်ရောက်ပြီးသူ ဖြစ်နေသောကြောင့်ပင်။

လင်းဖေး သည် ခွင့်တောင်းပြီး သူ့ဖခင်နှင့် ဖုန်းပြောရန် ထွက်သွားလိုက်သည်။

“ဟိုင်း အဖေ”

“ငါ့ကို အကြောင်းစုံပြောပြ။” လင်းဖေး၏ အဖေ လင်းကျန်းထန်က စိတ်ရှုပ်နေသော လေသံနှင့် မေးလိုက်သည်။

လင်းကျန်းထန်သည် ဗီဒီယိုကြောင့် စိတ်ဆိုးနေခြင်း မဟုတ်ပေ။ သူသည် Rနိုင်ငံမှ ကျောင်းသားကြောင့် ထိုသို့ ဖြစ်သည်ကို နားလည်လေသည်။ ထို့အပြင် လက်သန်းကို ဖြတ်သူမှာလည်း မိန်းကလေးသာ ဖြစ်နေသောကြောင့် လင်းဖေးကို စိတ်ဆိုးစရာအကြောင်းမရှိပေ။

သို့သော် လင်းဖေးသည် ကားပြိုင်ပွဲကို မိန်းကလေးတစ်ယောက်နှင့် အတူလာပြီး ထိုမိန်းကလေးမှာလည်း သူ့သားမိတ်ဆွေ ဖြစ်သောကြောင့် သူ့သားလည်း ထိုအရှုပ်ထုပ်တွင် ပါ၀င်ပတ်သက်နေလေသည်။

ထို့အပြင် လင်းမိသားစုပိုင်ကွင်းတွင် ဖြစ်ထားသော‌ကြောင့် လင်းကျန်းထန် ခေါင်းပူနေလေသည်။ သူသည် ဗီဒီယိုကိုသာ ကြည့်ထားရသောကြောင့် ကုနင်းအကြောင်းကိုလည်း သေချာမသိချေ။

လင်းကျန်းထန်သည် ရွှေ့ပြောင်းကျောင်းသား၏ အပြုအမူကိုလည်း စိတ်ပျက်မိသောကြောင့် သူ့ကိုလည်း သက်ညှာချင်စိတ်မရှိပေ။ သို့သော် ကုနင်း၏ ရဲရင့်မှုနှင့် ရက်စက်တတ်မှုကိုတော့ လက်ဖျားခါမိလေသည်။

လင်းကျန်းထန်သည် ကုနင်းကို သာမာန် မိန်းကလေး မဟုတ်မှန်းသိသောကြောင့် သူမနှင့်အတူ ဆက်ရှိနေလျှင် သူ့သားပါ ဒုက္ခရောက်မည်ကို တွေးပူနေလေသည်။

“အဖေ သူက သားမိတ်ဆွေ အသစ်ပါ.. သူက မာဆအိချီ ယိုရှီဒါနဲ့ပြိုင်ပွဲမှာ သားကို ကူညီပေးခဲ့တာ.. မာဆအိချီ ယိုရှီဒါဆိုတာက Rနိုင်ငံကနေ ပြောင်းလာတဲ့ ကျောင်းသားပ.. သူကသားကို စော်ကားတဲ့အပြင် သားတို့နိုင်ငံကိုပါ စော်ကားခဲ့တယ်.. သူတို့က ကားမပြိုင်ခင် သဘောတူညီချက်လုပ်ထားတာ.. သားမိတ်ဆွေကရှုံးရင် သူနဲ့တစ်ည အိပ်ပေးရမယ်.. သူရှုံးရင်တော့ လက်တစ်ချောင်းကို ဖြတ်မယ်ဆိုပြီးပေါ့.. ဒါပေမယ့် မာဆအိချီ ယိုရှီဒါက သူရှုံးသွားတာတောင် သဘောတူညီချက်ကို ဖောက်ဖျက်ခဲ့တယ်လေ။” လင်းဖေး ဒေါသတကြီး ပြောပြလိုက်သည်။

“မင်းရဲ့ မိတ်ဆွေအသစ်က ရဲရင့်ပါတယ်.. ဒါပေမယ့် သူအရင်က ဒါမျိုးတွေ လုပ်ခဲ့ဖူးတာလည်း ဖြစ်နိုင်တယ်။” လင်းကျန်းထန်ကတော့ စိတ်ပူနေရသည်။

လင်းဖေးလဲ သူ့အဖေ၏ စိတ်ပူမှုကို နားလည်စွာနှင့် “အဖေ သူ့အကြောင်းကို သေချာမသိသေးလို့ပါ.. သူ့နာမည်ကို အရင်ဆုံး အင်တာနက်မှာ ရှာကြည့်လိုက်ပါလား.. အဖေ သူ့အပေါ် အမြင်တွေ ပြောင်းသွားမှာပါ။”

လင်းဖေးသည် ကုနင်း၏ အောင်မြင်မှုများအကြောင်းကို သူ့အဖေ သိသွားပါက နားလည်ပေးနိုင်မည်ဟု ယုံကြည်လေသည်။

လင်းကျန်းထန်သည် ကုနင်းအကြောင်းကို သိချင်သွားပြီး လင်းဖေး နှင့် ဖုန်းချလိုက်ပြီးနောက်တွင် ကုနင်းကို စုံစမ်းလိုက်သည်။

လင်းဖေးသည် ဘေးသို့ထွက်လိုက်ကာ သူ့ဖခင်နှင့် ဖုန်းပြောနေခြင်း ဖြစ်သော်လည်း ကုနင်း ည် အကုန် ကြားနေရလေသည်။ သို့သော် ပြဿနာကြီးကြီးမားမား မရှိသောကြောင့် ဆက်သာစားနေလေသည်။

ထိုသို့ဖြင့် မကြာမီတွင် လင်းကျန်းထန်သည် ကုနင်းအကြောင်းများကို သိလိုက်ရသည်။

သူမသည် ကျောင်းတွင် စာတော်သူတစ်ဦးဖြစ်သည့်အပြင် သင်္ချာစွမ်းရည်ပြိုင်ပွဲ၏ ချန်ပီယံတစ်ယောက်လည်း ဖြစ်သည်။

စီးပွားရေးလောကတွင်လည်း သူမ၏ သတင်းများ ပျံ့နှံ့နေလေသည်။

ထိုအကြောင်းများကို ဖတ်လိုက်ရသောအခါ လင်းကျန်းထန် အံ့ဩသွားလေသည်။ ကုနင်းသည် စီးပွားရေးလောကတွင် သူ့ထက်ပင် အောင်မြင်နေသည် မဟုတ်ပါလား။

လင်းကျန်းထန်သည် Gမြို့တွင် ယခုလက်ရှိ အချမ်းသာဆုံး ဖြစ်သော်လည်း သူသည် နှိမ့်ချတတ်သူ ဖြစ်သည်။ ထို့အပြင် သူ အချမ်းသာဆုံးဖြစ်နေခြင်းမှာလည်း သူ့မိသားစုမှာ ချမ်းသာသော မိသားစုဖြစ်သောကြောင့် မျိုးရိုးစဉ်ဆက် အမွေဆက်ခံ ထားခြင်းသာ ဖြစ်လေသည်။

ကုနင်းကတော့ နှစ်၀က်အတွင်းမှာပင် ကိုယ်ပိုင်လုပ်ငန်း အင်ပါယာကြီးကို ထူထောင်နိုင်ထားသူ မဟုတ်ပါလား။

သူမသည် အသက်ငယ်သေးသောကြောင့် နောင်တွင် ပိုမိုအောင်မြင်ဦးမည်မှာလည်း အမှန်ပင်။ ထို့ကြောင့် ကုနင်းသည် မိတ်ဆွေဖွဲ့ထားဖို့ အသင့်တော်ဆုံး ဖြစ်နေလေသည်။

…

ကုနင်းနှင့် သက်တော်စောင့်နှစ်ယောက်သည် Fမြို့သို့ ည ၇ နာရီခွဲခန့်တွင် ပြန်လိုက်ကြသည်။

သူတို့ဟိုတယ်မှ ထွက်လာစဉ်တွင် လူတစ်ချို့ နောက်ယောင်ခံလိုက်လာသည်ကို သတိထားမိလိုက်ကြသည်။

ကုနင်း သူမ၏ ကျောက်စိမ်းမျက်လုံးကို အသုံးပြုလိုက်ရာ အနောက်တွင် ပါလာသော ကားထဲ၌ လူငယ်လေးယောက်ကို တွေ့လိုက်သည်။ သူတို့သည် သန်မာကြပြီး ခက်ထန်နေကြသောကြောင့် ကုနင်းသည် သူတို့ကို မူမမှန်ကြောင်း သိလိုက်သည်။

ကုနင်းလဲ မာဆအိချီ ယိုရှီဒါကို သတိရလိုက်သည်။ ထိုသူများသည် သူလွှတ်လိုက်သောလူများဟု ခံစားမိလိုက်လေသည်။ .

မာဆအိချီ ယိုရှီဒါ ဆေးရုံရောက်သွားချိန်မှစ၍ သူမကို ဘာမှမပြောတော့သော်လည်း မကျေနပ်သေးသည်ကို သူမသိလေသည်။ ကုနင်းသည် သူ့လက်သန်းကို ဖြတ်ခဲ့သူဖြစ်သောကြောင့် ဒီတိုင်းလွှတ်ပေးလိုက်စရာ အကြောင်းမရှိသည်ပင်။

တကယ်တော့ သူ့အမှားဖြစ်သော်လည်း သူကတော့ ကုနင်းကိုသာ အပြစ်ပုံချချင်နေသည် မဟုတ်ပါလား။

***

အခန်း ၁၂၈၀ တုကျင်းထုန် ဓားထိုးခံရခြင်း

တစ်ကိုယ်ကောင်းဆန်သော သူများသည် သူတို့ကိုယ်သူတို့ မှားသည်ဟု မထင်ကြသည့်အပြင် သူတို့၏အမှားကိုပင် ဝန်မခံချင်ကြချေ။

ကုနင်း လျစ်လျူရှုထားပြီး ကောင်းယိကို ကားသာဆက်မောင်း စေလိုက်သည်။ သူတို့သည် မြို့တော်ခန်းမနားတွင်သာ ရှိကြသေးသောကြောင့် သူမကို တိုက်ခိုက်လို့ မရသေးမှန်း သူတို့လဲသိလေသည်။ အဝေးပြေးလမ်းသို့ ရောက်မှသာ တစ်ခုခု လုပ်လာကြလိမ့်မည်။

ကုနင်း တွေးထားသလိုပင်။ ထိုလူများသည် အဝေးပြေးလမ်းမအထိ လိုက်လာကြသည်။

ကုနင်း သူတို့ကို မျက်ခြေဖြတ်နိုင်သော်လည်း မတိမ်းရှောင်ချင်ပေ။ သူတို့လိုက်လာကြပြီ ဖြစ်သောကြောင့် တစ်ခါတည်း ရင်ဆိုင်ရန် ဆုံးဖြတ်လိုက်သည်။

ထိုလူလေးယောက်သည် သူတို့လိုက်နေသည်ကို ကုနင်းပြန်သိနေမှန်း မသိကြချေ။ သူတို့သည် ကုနင်း၏အကြောင်းကိုလဲ သေချာမသိကြခြင်း ဖြစ်သည်။

သူတို့သည် မာဆအိချီ ယိုရှီဒါ၏ သက်တော်စောင့်များဖြစ်သော်လည်း သူ့ဖခင်၏ စကားကိုသာ နားထောင်ကြလေသည်။ တစ်ခုခု အရေးကြီးကိစ္စပေါ်လာပါက သူ့ဖခင်ကိုသာ ဆက်သွယ်ကြသည်။ ထို့ကြောင့် မာဆအိချီ ယိုရှီဒါက သူတို့ကို ကုနင်းအားတိုက်ခိုက်ရန် စေခိုင်းစဉ်က သူ့အဖေ၏ခွင့်ပြုချက်ကိုသာ အရင်တောင်းကြလေသည်။

မာဆအိချီ ယိုရှီဒါကလည်း သူ့ဖခင်ကို ကုနင်းအကြောင်း အသေးစိတ်ပြောပြထားလျှင် ခွင့်မပြုမည် စိုးသောကြောင့် တချို့သောအကြောင်းအရာများကို ထိမ်ချန်ထားခဲ့သည်။

အဝေးပြေးလမ်းမတွင် တချို့သော သတ်မှတ်ထားသောနေရာများသို့ မရောက်မချင်း ကားကို ရပ်ချင်တိုင်း ရပ်လို့မရကြပေ။

ကုနင်းသည် မကြာခင် ကောင်းယိကို ကားရပ်ခိုင်းလိုက်သည်။ ထိုလေးယောက်ကို ရင်ဆိုင်ရန် အချိန်ရောက်ပြီ ဖြစ်သည်။

မာဆအိချီ ယိုရှီဒါ၏ သက်တော်စောင့်များသည် ကုနင်း အဘယ်ကြောင့် ရုတ်တရတ်ရပ်လိုက်သည်ကို မသိကြသော်လည်း သူတို့ခွင်ထဲ ဝင်သွားသည် ဖြစ်သောကြောင့် ထွေထွေထူးထူးစဉ်းစားမနေတော့ပဲ ကုနင်းကားရှေ့သို့ ပိတ်ရပ်လိုက်သည်။ သူတို့ဘက်က ရုတ်တရတ် တိုက်ခိုက်လိုက်နိုင်ပြီဟု ထင်ထားသော်လည်း ကုနင်းမှာ အသင့်ပြင်ထားပြီး ဖြစ်လေသည်။

သက်တော်စောင့်တစ်ယောက်စီတွင် စတီးတုတ်များကို လက်တွင်ကိုင်ထားကြသည်။ ကုနင်းသည် မာဆအိချီ ယိုရှီဒါ၏ လက်သန်းကိုပင် ဖြတ်ထားသူ ဖြစ်သောကြောင့် သူမသည် သာမာန်မဟုတ်မှန်း သိကြလေသည်။ ထို့ကြောင့် လိုရမယ်ရ ယူဆောင်လာကြခြင်း ဖြစ်သည်။

သူတို့သည် ကုနင်းကို သတ်ဖို့အထိ စိတ်ကူးမရှိပဲ ထိခိုက်အောင်သာ လုပ်ဖို့လာကြခြင်း ဖြစ်သည်။ သို့သော် သူတို့၏ ပြိုင်ဖက်သည် ကုနင်းဖြစ်နေသရွေ့ သူတို့အတွက် နိုင်ချေမရှိပါချေ။

သူတို့သည် ကားထဲမှ ထွက်လိုက်ပြီးသည်နှင့် ကုနင်းဆီသို့ တန်းသွားလိုက်ကြသည်။ ကုနင်းကတော့ သူမ၏သက်တော်စောင့်များနှင့်အတူ တည်ငြိမ်စွာပင် စောင့်နေလေသည်။

သူတို့တွင် စတီးတုတ်များပါသည့်အပြင် ကုနင်းတို့ထက် လူအင်အားများနေသော်လည်း သူမအတွက် မှုစရာ မဟုတ်ပါချေ။

ကုနင်းနှင့် သူမ၏သက်တော်စောင့်နှစ်ယောက်တွင် လက်နက်များမပါသော်လည်း ထိုလေးယောက်ကို အလွယ်တကူ အနိုင်ယူလိုက်နိုင်လေသည်။ ထို့နောက်တွင် ထိုသူများထံမှ စတီးတုတ်များကိုပင် ပြန်ယူကာ ဆုံးမပေးလိုက်ကြသည်။

မကြာမီတွင် ထိုလေးယောက်သည် မြေပေါ်တွင် တုတ်ရာများနှင့် လဲကျသွားကြတော့သည်။ ကုနင်းနှင့် သူမသက်တော်စောင့်နှစ်ယောက်သည် သူတို့ကို ပြင်းထန်စွာ ထိခိုက်အောင် လုပ်လိုက်ပြီး အသက်တော့ ချမ်းသာပေးလိုက်ကြသည်။

ထိုလေးယောက်သည် ကုနင်း၏ခွန်အားနှင့် တိုက်ရည်ခိုက်ရည်တို့ကို အံ့အားသင့်နေကြသည်။

“ရှင်တို့ကို မာဆအိချီ ယိုရှီဒါ လွှတ်လိုက်တယ်ဆိုတာ ကျွန်မသိတယ်.. ကျွန်မကို ထပ်ထိရင် သူ့ကိုပါ ဒုက္ခိတဘဝရောက်သွားအောင် လုပ်ပေးလိုက်မယ်လို့ ပြန်ပြောလိုက်ကြပါ” ကုနင်း အေးစက်စွာ ပြောလိုက်ပြီး ကားထဲသို့ ပြန်ဝင်ကာ ထွက်သွားလိုက်သည်။

သူမထွက်သွားချိန်တွင် မာဆအိချီ ယိုရှီဒါ၏ သက်တော်စောင့်များသည် သူတို့ ကုနင်းကို ချောင်းတိုက်သည့် အစီအစဉ် ကျရှူံးကြောင်း ပြောပြလိုက်ကြသည်။

မာဆအိချီ ယိုရှီဒါ သည် ဒေါသထွက်သွားပြီး ကုနင်းကိုလည်း ကြောက်ရွံ့သွားလေသည်။ သူသာ နောက်တစ်ခေါက် ထပ်တိုက်ခိုက်ပါက ကုနင်း သူ့အား ဒုက္ခိတဖြစ်အောင် လုပ်မည်ကို သေချာ သဘောပေါက်လိုက်သည်။ ထို့အပြင် သူသည် တိုက်ရည်ခိုက်ရည်လည်း မရှိသောကြောင့် ကုနင်းကို ယှဉ်လို့ မရပါချေ။

သက်တော်စောင့်လေးယောက်သည်လည်း ပြင်းထန်စွာ ထိခိုက်သွားကြသောကြောင့် ကားမမောင်းနိုင်ကြတော့သည်မို့ မာဆအိချီ ယိုရှီဒါကပဲ သူတို့ကို သွားခေါ်ရန်ပင် ကားလွှတ်ပေးလိုက်ရလေသည်။

…

လင်းဖေး အိမ်ပြန်ရောက်ချိန်တွင် လင်းကျန်းထန်သည် သူ့ကို “ရှောင်ဖေး …သားနဲ့ ကုနင်းတို့ရဲ့ ဆက်ဆံရေးက ဘယ်လို အခြေအနေလဲ?”

“သားတို့သိတာ မကြာသေးပါဘူး.. ဒီနေ့က သူ့ကို နှစ်ခါမြောက်တွေ့ဖူးတာပါ”

“သိတာမကြာသေးပဲ သူကဘာလို့ သားကို ကူညီတာလဲ?”

“သူက သူ့မိတ်ဆွေတွေကို ဂရုစိုက်ပေးတဲ့ မိန်းကလေးကောင်း တစ်ယောက်မို့လို့ပါ။” လင်းဖေး လေးစားစိတ်အပြည့်ဖြင့် ပြောလိုက်သည်။ သူသည် ကုနင်း ၏ ဘက်တော်သားလုံးလုံး ဖြစ်နေပြီပင်။

လင်းကျန်းထန်သည်လည်း လင်းဖေးအပြောကို ခေါင်းငြိမ့်ထောက်ခံလိုက်သည်။

“သူ့နာမည်က ကုနင်း ပေါ့.. သူကတကယ်လည်း အံ့ဩစရာကောင်းတဲ့ မိန်းကလေးပါ.. သားသူနဲ့ ဆက်ဆံရေးကောင်းကို ဖန်တီးထားမှ ဖြစ်မယ် အဖေပြောတာနားလည်လား?”

“သားသိပါတယ်”

လင်းကျန်းထန် မတိုက်တွန်းလျှင်ပင် သူကိုယ်တိုင်က ရင်းနှီးချင်နေသည် မဟုတ်ပါလား။

…

ကုနင်းတစ်ယောက် Fမြို့သို့ ပြန်ရောက်ချိန်တွင် နောက်တစ်နေ့အတွက် Bမြို့ကို သွားရန် လေယာဉ်လက်မှတ် ဘိုကင် ယူလိုက်သည်။

နောက်တစ်နေ့ နေ့လည်တွင် ကုနင်းနှင့် သူမ သက်တော်စောင့်တို့သည် Bမြို့သို့ ပြန်ရောက်သွားကြသည်။

အမျိုးသားကောလိပ်ဝင်ခွင့် စာမေးပွဲ အပြီးတွင် ကုနင်းသည် ကောလိပ်ဝင်ခွင့်ကို အပြီးသတ်ရန် ကျောင်းပြန်သွားရဦးမည် မဟုတ်ပါလား။

တကယ်တော့ သူမအစား တစ်ယောက်ယောက်ကို လုပ်ခိုင်းထားလို့ရသော်လည်း သူမ၏အနာဂတ်အတွက် အရေးကြီးသောအရာဖြစ်သောကြောင့် သူမကိုယ်တိုင်ပင် လုပ်လိုက်လေသည်။

ကုနင်း Bမြို့သို့ ပြန်ရောက်ချိန်သည် နေ့လည်စာစားချိန် ဖြစ်သောကြောင့် သူမသက်တော်စောင့်နှစ်ယောက်နှင့်အတူ ထမင်းစားလိုက်သည်။

စားနေစဉ်တွင် တမြန်နေ့က ဖြစ်ခဲ့သော နောက်ဆုံးရ သတင်းတစ်ခု အကြောင်း ပြောနေကြသည်ကို သူမကြားလိုက်ရသည်။ အမျိုးသမီး SWAT(လက်နက်ကိုင်အထူးတပ်ဖွဲ့ဝင်) တစ်ယောက်ဖြစ်သည့် တုကျင်းထုန်ဆိုသူသည် မိန်းကလေးတစ်ယောက်ကို ကယ်တင်ဖို့သွားရင်း ဓားထိုးခံလိုက်ရသည်ဆိုသော သတင်း ဖြစ်သည်။

သူမသည် အရေးပေါ်ခန်းသို့ရောက်နေသည်မှာ ၆ နာရီခန့် ရှိပြီ ဖြစ်ပြီး အသက်အန္တရာယ် စိုးရိမ်ရလေသည်။

လူများသည် သူမကို သနားပြီး လေးစားစိတ် ဖြစ်နေကြသည်။

ကုနင်း ထိုသတင်းကို ကြားလိုက်ရသောအခါ အလွန်ပင် စိုးရိမ်သွားသည်။

သူမသည် တုကျင်းထုန် နှင့်မတည့်သော်လည်း တုကျင်းထုန်မှာ အလွန်ကျွမ်းကျင်ပြီး တာဝန်ယူမှုရှိသော SWATတစ်ယောက် ဖြစ်နေသည် မဟုတ်ပါလား။

***

အခန်း ၁၂၈၁ တုကျင်းထုန်ကို ကူညီခြင်း

ကုနင်း သူမဖုန်းကို ထုတ်လိုက်ပြီး တုကျင်းထုန်၏သတင်းများကို ရှာလိုက်သည်။ မကြာခင်မှာပဲ စိတ်မချမ်းမြေ့စရာ သတင်းများနှင့်အတူ တုကျင်းထုန်၏ ဒဏ်ရာရနေသောပုံတို့ကို အင်တာနက်တွင် တွေ့လိုက်ရသည်။

တုကျင်းထုန်၏ မျက်နှာကို ဝါးထားသော်လည်း ကုနင်းကတော့ သူမကို မှတ်မိလေသည်။ တုကျင်းထုန်၏နာမည်သည်လည်း သတင်းခေါင်းစီးတွင် ပါနေသည်ပင်။ သူမသည် နှလုံးတည့်တည့်ကို ဓားထိုးခံထားရခြင်း ဖြစ်သောကြောင့် အသက်အန္တရာယ် စိုးရိမ်ရလေသည်။

သတင်းများကို အတည်ပြုပြီးသောအခါ ကုနင်း လီကျုံးဝေ့ကို ချက်ချင်းဖုန်းခေါ်လိုက်သည်။

“ဟိုင်း မစ္စကု ဘာများကူညီပေးရမလဲ?” လီကျုံးဝေ့သည် ကုနင်း ရုတ်တရတ်ဖုန်းခေါ်လိုက်သောကြောင့် အံ့ဩနေလေသည်။

“မစ္စတာလီ ကျွန်မ တုကျင်းထုန် သတင်းကို အင်တာနက်မှာ တွေ့လိုက်ရလို့ပါ.. သူအခုဘယ်လိုနေလဲ?”

“အခြေအနေမကောင်းဘူး.. သူအရေးပေါ်ခန်းရောက်နေတာ ၆ နာရီလောက်ရှိပြီ.. အသက်အန္တရာယ်တော့ မစိုးရိမ်ရတော့ပေမယ့် အခုထိ သတိမရသေးဘူး။” လီကျုံးဝေ့ ဝမ်းနည်းနေသော အသံနှင့် ပြောလိုက်သည်။

“သူအခု ဘယ်မှာလဲ? ကျွန်မသွားတွေ့ချင်လို့။”

လီကျုံးဝေ့သည် ကုနင်းမှာ တုကျင်းထုန်နှင့်မတည့်ကြောင်း သိသောကြောင့် ကုနင်း ထိုသို့ ပြောသောအခါ အံ့ဩသွားသည်။ သို့သော် ကုနင်းက တုကျင်းထုန်ကို လိုလိုလားလား သွားတွေ့ချင်နေသည် ဖြစ်သောကြောင့် ကျေအေးလိုက်ပြီဟု တွေးလိုက်သည်။

လီကျုံးဝေ့လဲ ကုနင်းကို တုကျင်းထုန် ရောက်နေသော ဆေးရုံလိပ်စာကို ပြောပြလိုက်သည်။

ထိုအချိန်တွင် လီကျုံးဝေ့နှင့်သူ၏ လုပ်ဖော်ကိုင်ဖက်များသည် ဆေးရုံတွင် ရှိနေကြသည်။ သူတို့သည် ကုနင်းကို စောင့်လိုက်ဖို့ ဆုံးဖြတ်လိုက်ကြသည်။

ကုနင်းနှင့် သူမ သက်တော်စောင့်နှစ်ဦးတို့ တက္ကစီငှားပြီး ဆေးရုံသို့ တန်းသွားလိုက်ကြသည်။ ခရီးဆောင်အိတ်ကို စားသောက်ဆိုင်တွင် ထားခဲ့ပြီး နောက်မှ ဝင်ယူမည်ဖြစ်သည်။

ကောင်းယိနှင့် ချောင်ယတို့သည် သူမနားတွင်ရှိနေသောကြောင့် သူမ၏ စိတ်စွမ်းအင်အာကာပြင်ထဲသို့ ပစ္စည်းများကို ထားရန် အဆင်မပြေ ဖြစ်နေသည်ပင်။

…

အထူးကြပ်မတ်ဆောင်ထဲတွင် တုကျင်းထုန်သည် လူနာကုတင်ပေါ်တွင် ဖြူဖျော့ အားနည်းလျက် လှဲလျောင်းနေသည်။ သက်လတ်ပိုင်းအရွယ် သူမ၏ အမေကတော့ ဘေးတွင် ထိုင်နေလေသည်။

တုကျင်းထုန်၏မိခင်သည် နှစ်ရက်ခန့် မအိပ်ထားရသောကြောင့် မျက်တွင်းများ ကျနေသည်။

လီကျုံးဝေ့နှင့်လုပ်ဖော်ကိုင်ဖက်များသည် အထူးကြပ်မတ်ဆောင်ထဲတွင် အချိန်ကြာကြာ ဝင်နေခွင့်မရှိသောကြောင့် အပြင်ဘက်တွင် စောင့်နေရလေသည်။

တကယ်တော့ လီကျုံးဝေ့၏လုပ်ဖော်ကိုင်ဖက်များသည် သူ့ထက်အရင် ပြန်လို့ရကြသော်လည်း ကုနင်းကို စောင့်လိုက်ကြခြင်းဖြစ်သည်။ ကုနင်းသည် သူတို့အိုင်ဒေါဖြစ်သောကြောင့် ထပ်တွေ့ချင်နေကြခြင်းပင်။ သူတို့၏ အလုပ်ချိန် မဟုတ်တာကြောင့်လဲပါသည်။

လီကျုံးဝေ့ကလည်း ဘာမှမပြောနေတော့ပဲ နေခိုင်းလိုက်သည်။

မိနစ်နှစ်ဆယ်ခန့်ကြာသောအခါ ကုနင်း၊ ကောင်းယိနှင့်ချောင်ယတို့ ရောက်လာကြသည်။

“ဟိုင်း မစ္စကု ထပ်တွေ့ရတာ ဝမ်းသာပါတယ်။” သူတို့အားလုံး စိတ်လှုပ်ရှားစွာ နှုတ်ဆက်လိုက်ကြသည်။

“ဟိုင်း တွေ့ရတာ ဝမ်းသာပါတယ်။” ကုနင်းကလည်း ယဉ်ကျေးစွာ ပြန်နှုတ်ဆက်လိုက်သည်။

ထို့နောက်တွင် လီကျုံးဝေ့သည် အခန်းထဲသို့ ကုနင်း နှင့်အတူ ဝင်သွားလိုက်သည်။

ကျန်သူများကတော့ အပြင်ဘက်တွင် စောင့်နေခဲ့ကြသည်။

“တုကတော် ဒါက မစ္စကု ပါ.. ကျင်းထုန် ကို လာတွေ့တာပါ။” လီကျုံးဝေ့က တုကျင်းထုန်၏မိခင်ကို ပြောလိုက်သည်။

“တွေ့ရတာဝမ်းသာပါတယ် မစ္စကု အခုလို လာပေးလို့ ကျေးဇူးတင်ပါတယ်။”

သူမက ကုနင်းကို တုကျင်းထုန်၏ မိတ်ဆွေဟုသာ တွေးမိလေသည်။

“ရပါတယ်” ကုနင်း ပြန်ပြောလိုက်ကာ “တုကတော် ကျွန်မ တုကျင်းထုန်ကို အမြန်ဆုံး ပြန်ကောင်းသွားအောင် ကူညီပေးချင်ပါတယ်.. ကျွန်မကို ယုံကြည်ပေးနိုင်မလား?”

ကုနင်းသည် တုကျင်းထုန်ကို ကူညီပေးချင်သော်လည်း သူမ၏ မိသားစုဝင်၏ ခွင့်ပြုချက်ကိုတော့ တောင်းရပေမည်။

ထိုစကားကို ကြားသောအခါ တုကတော် နှင့် လီကျုံးဝေ့တို့ အံ့ဩသွားကြသည်။ ထိုအခန်းထဲတွင် ဆရာဝန်လည်း ရှိနေလေသည်။

“မင်းကဘယ်သူလဲ.. ပြီးတော့ မင်းကိုယ်မင်း ဘာထင်နေတာလဲ.. ဒီဆေးရုံမှာရှိတဲ့ အတွေ့အကြုံရင့် ဆရာဝန်ကတောင် တုကျင်းထုန်ကို သေချာစစ်ဆေးပြီး အသက်အန္တရာယ် စိုးရိမ်ရတယ်လို့ ပြောထားတာကို။” ဆရာဝန်က ပြောလိုက်သည်။

တုကတော် သည် နာကျင်ခံစားနေရလေသည်။ သူမသည် သူမ၏ သမီးကို ကုနင်းက ပြန်ကောင်းသွားအောင် လုပ်ပေးနိုင်မည်ဟု မယုံကြည်သော်လည်း မျှော်လင့်ချက်လေးတော့ ထားမိလေသည်။ သူမသမီးကို အမြန်ဆုံး နိုးထလာစေချင်သည်ပင်။

“ကျွန်မ သူ့ကို ကူညီနိုင်တယ်ဆိုတာ တကယ်ပြောတာပါ.. ဘာပဲ ဖြစ်လာလာ ကျွန်မတာဝန်ယူနိုင်ပါတယ်။” ကုနင်း တည်ငြိမ်စွာ ပြောလိုက်သည်။

“တကယ်လုပ်နိုင်ပါစေဦး” ဆရာဝန်ကတော့ မဲ့ရွဲ့ကာ ပြောနေလေသည်။

ကုနင်း သူ့ကို လျစ်လျူရှုလိုက်ကာ တုကတော်ဘက်သို့ လှည့်ပြီး “တုကတော် ကျွန်မရှင့်ရဲ့ သမီးကို သတိရလာအောင် ကူညီပေးမယ်လို့ ကတိပေးပါတယ်.. သတိရနိုင်ချေ ၉၀ ရာခိုင်နှုန်းကျော် ရှိပါတယ်.. ကျွန်မကို ယုံကြည်ရင် ကြိုးစားခွင့်ပေးပါ.. မယုံရင်တော့ ကျွန်မအခုချက်ချင်း ထွက်သွားလိုက်ပါမယ်။”

“ရယ်စရာပဲ မင်းက မှော်ပညာတွေများ တတ်နေလို့လား?” ဆရာဝန်သည် ကုနင်းကို တုကတော် ဘာမှ မပြောသေးခင်မှာပင် လှောင်ပြောင်ရယ်မောနေလေသည်။

လူနာကို တစ်ပါးသူက မထိတွေ့မိအောင် စောင့်ရှောက်ရမည်မှာ သူ၏ တာဝန်မှန်းသိသော်လည်း ထိုအပြုအမူကြောင့် ကုနင်း မကျေမနပ် ဖြစ်သွားလေသည်။ သို့သော် သူသည် ဆရာဝန်တစ်ယောက်ဖြစ်ပြီး သူ၏ လူနာကို ကာကွယ်ပေးနေခြင်း ဖြစ်သောကြောင့် ကုနင်းကလည်း ဘာမှ မပြောတော့ပါပေ။

“ကျွန်မယုံတယ်။” တုကတော် သည် ရုတ်တရတ် ထပြောလိုက်သည်။

တုကတော်သည် ရဲဝန်ထမ်းတစ်ယောက်အဖြစ်လည်း အထက်တန်းအရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်သည်။ သူမသည် ကုနင်း၏မျက်လုံးထဲမှ စိတ်စွမ်းအားကို ခံစားမိပြီး ယုံကြည်လိုက်ခြင်း ဖြစ်သည်။ သူမသည် သံသယအနည်းငယ်တော့ ရှိနေသော်လည်း သူမသမီးကို ဆေးရုံကုတင်ပေါ်တွင် သေရမည့်အဖြစ်ကို ထိုင်စောင့်နေရမည့်အစား တစ်ခုခုကို ကြိုးစားကြည့်ချင်ခြင်းဖြစ်သည်။ သူမ၏ချစ်လှစွာသော သမီးကို မဆုံးရှုံးချင်ပါချေ။

***

အခန်း ၁၂၈၂ မပြောပြနိုင်လို့ တောင်းပန်ပါတယ်

“တုကတော်…” ဆရာဝန်သည် တုကတော်ကို တားမြစ်ချင်သော်လည်း သူမက “ဒေါက်တာလင်း..

ဖြစ်လာသမျှ ကိစ္စအားလုံးကို ကျွန်မတာဝန်ယူပါတယ်။”

လီကျုံးဝေ့သည်လည်း မယုံနိုင်ဖြစ်နေပေမယ့် ကုနင်းသည် သူမ၏လုပ်နိုင်စွမ်းကို ပုံကြီးချဲ့ မပြောမှန်း သိလေသည်။ ထို့ကြောင့် သူသည်လည်း ကုနင်းကို ယုံကြည်လိုက်သည်။

“မင်း…” ဆရာဝန်သည် စိတ်ဆိုးနေသော်လည်း တုကတော်ကပင် သဘောတူနေသည်ကြောင့် သူမလည်း သဘောတူလိုက်ရလေသည်။ တစ်ခုခု ဖြစ်လာမည်ကိုတော့ စိုးသောကြောင့် အဖွဲ့ခေါင်းဆောင်ကို တင်ပြထားဖို့ ဆုံးဖြတ်လိုက်ကာ လှည့်ထွက်သွားလိုက်သည်။

တုကတော်က ကုနင်းကို “မစ္စကု ကျွန်မရှင့်ကို ယုံပါတယ်.. ကျင်းထုန်ပြန်ကောင်းသွားအောင် ဘာဖြစ်ဖြစ် လုပ်ပေးပါနော်။”

“ကောင်းပါပြီ” ကုနင်း ခေါင်းငြိမ့်လိုက်ရင်း တုကျင်းထုန်၏လက်ကို ကိုင်လိုက်ကာ သူမ၏

မှော်စွမ်းအင်ကို တိတ်တဆိတ် ထည့်လိုက်သည်။

တုကျင်းထုန်သည် အသက်အန္တရာယ်စိုးရိမ်ရသော အခြေအနေဖြစ်နေသောကြောင့် ကုနင်းသည် ဆေးလုံးကိုပါ ထပ်တိုက်လိုက်ဖို့ တွေးလိုက်သည်။

တုကတော်နှင့် လီကျုံးဝေ့တို့သည် ဘေးတွင်ရပ်ပြီး ကုနင်းကို နေရာဖယ်ပေးလိုက်ကြသည်။

တုကျင်းထုန် သည် ဒဏ်ရာပြင်းထန်သောကြောင့် သူမခန္ဓာကိုယ်သည် အချိန်တိုအတွင်း

ပြောင်းလဲမသွားသော်လည်း အသက်အန္တရာယ်ကတော့ စိတ်ချသွားရပြီ ဖြစ်လေသည်။

ထို့နောက် ကုနင်းသည် သူမလက်ကို ရုတ်လိုက်ကာ မှော်ဆေးလုံးကို ထုတ်လိုက်ပြီး တုကျင်းထုန်မျက်နှာမှ အောက်ဆီဂျင်ကို ဖြုတ်လိုက်သည်။

ကုနင်း ထိုသို့ လုပ်လိုက်စဉ်တွင် တုကတော် ထိတ်လန့်သွားလေသည်။ သူမသည် တုကျင်းထုန်ကို တစ်ခုခုထိခိုက်သွားမည်ကို အလွန်စိတ်ပူသွားခြင်း ဖြစ်သည်။ သို့သော် ကုနင်းကို ယုံကြည်ထားပြီး ဖြစ်သောကြောင့် ဆိတ်ဆိတ်သာ နေလိုက်လေသည်။

ကုနင်း သည် အောက်ဆီဂျင်ပိုက်ကို ဖြုတ်လိုက်ပြီးသည်နှင့် တုကျင်းထုန်ကို မှော်ဆေးလုံးတိုက်လိုက်သည်။ ဆေးလုံးသည် တုကျင်းထုန်၏ပါးစပ်ထဲတွင် စက္ကန့်အနည်းငယ်အကြာတွင် ပျော်ဝင်သွားသောကြောင့် သူမ သတိမရှိနေလည်း စိတ်ပူစရာ မလိုပါချေ။ ထိုအချိန်တွင် အပြင်ဘက်တွင် လူအချို့ ပြေးလာနေကြသည်။ သူတို့ထဲမှ ထိပ်ဆုံးတွင် သမားတော်ချုပ်ကြီးပါ ပါလာလေသည်။

သမားတော်ချုပ်ကြီးသည် ကုနင်းကို ပြောတော့မည့်အချိန်တွင် ကုနင်းကအရင် “ကျွန်မကို မဝေဖန်ခင် လူနာအခြေအနေကို အရင် စစ်ဆေးလိုက်ပါ။”

သမားတော်ချုပ်ကြီးသည် ကုနင်းကို တစ်ချက်ကြည့်လိုက်သည်။ သူသည် ကုနင်း၏အပြုအမူကို သဘောမကျသော်လည်း တုကျင်းထုန် ၏ အခြေအနေကို အရင်စစ်ဆေးရမည်ပင်။

“လူနာတစ်ခုခု ဖြစ်ခဲ့ရင် မင်းထောင်ကျပြီ မှတ်” သမားတော်ချုပ်ကြီးသည် ကုနင်းကို

သတိပေးလိုက်ပြီးနောက် တုကျင်းထုန် ကို စစ်ဆေးလိုက်သည်။

ကုနင်းသည် သမားတော်ချုပ်၏ သတိပေးချက်ကို စိတ်ထဲမထားပါချေ။ သူ့ဘက်မှ ကြည့်လျှင်လည်း မှန်နေသည် မဟုတ်ပါလား။ သူမသည် စည်းကမ်းချိုးဖောက်ခဲ့သူ တစ်ယောက်ပင်။

သမားတော်ချုပ်သည် ကုတင်ဘေးသို့ သွားကြည့်လိုက်သောအခါ ဘေးမှ ဖန်သားမျက်နှာပြင်တွင် ဂဏန်းလေးများ တက်နေသည်ကို တွေ့လိုက်ရသည်။ လူနာ၏ နှလုံးသည် ပြန်ကောင်းနေပြီ ဖြစ်သည်။

`သမားတော်ချုပ်သည် အလွန်အံ့ဩသွားလေသည်။ အခြားသူများသည်လည်း သွားကြည့်လိုက်ကြပြီး

အလွန်အံ့အားသင့်သွားကြလေသည်။

`တုကတော်သည်လည်း ဘာမှ မပြောနိုင်တော့လောက်အောင်ပင် အံ့အားသင့်နေလေသည်။

`သမားတော်ချုပ်သည် ကုနင်းကိုလှည့်ကြည့်လိုက်ကာ မယုံကြည်နိုင်ခြင်းများဖြင့် ပြည့်လို့နေသည်။

`ထို့နောက် ကုနင်းကို မမေးသေးပဲ တုကျင်းထုန်ကို အရင် စစ်ဆေးဖို့ ပြင်လိုက်သည်။

“အားလုံးဖယ်ကြ လူနာကို အခြေအနေကို ကြည့်မလို့” သမားတော်ချုပ်ကြီးသည် အမိန့်ပေးလိုက်သည်။

`ထို့နောက်တွင် အခန်းထဲမှ ဆရာဝန်များအားလုံး ထိတ်လန့်အံ့အားသင့်သွားကြသည်။

`တုကျင်းထုန် သည် အတော်ပြန်ကောင်းလာပြီ ဖြစ်သည်။ အသက်အန္တရာယ်ကို

လုံးဝပင်မစိုးရိမ်ရတော့သလို ဒဏ်ရာမှာလည်း အတော်ကျက်သွားပြီဖြစ်သည်။

သူတို့မျက်လုံးများပင် သူတို့မယုံနိုင်တော့ချေ။

`“ဘယ်လိုဖြစ်သွားပြီလဲ?” တုကတော် စိတ်ပူစွာ မေးလိုက်သည်။

`“အင်း.. သူတော်တော်ကောင်းသွားပြီ အသက်အန္တရာယ်လည်း စိတ်ချရပြီ။” သမားတော်ချုပ်ကြီးက

ပြောလိုက်သည်။

ထို့နောက်တွင် သူသည် တုကတော်ထံမှ လှည့်ထွက်ပြီး ကုနင်း ဆီသို့ သွားလိုက်သည်။ တုကတော်သည် ဝမ်းသာမျက်ရည်များပင် ကျလာပြီး တုကျင်းထုန်၏လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။

လီကျုံးဝေ့သည်လည်း မျက်လုံးများ ပြူးကျယ်အံ့ဩနေလေသည်။

“မစ္စတုကို ဘယ်လိုများလုပ်လိုက်လို့ ဒီလောက်တောင် ချက်ချင်းကောင်းသွားတာလဲ?” သမားတော်ချုပ်ကြီးသည် ကုနင်း ကို စိုက်ကြည့်ပြီး မေးလိုက်သည်။ သူသည် တစ်ခါမှ

မကြုံဖူးသောကြောင့် အိပ်မက်လိုပင် ဖြစ်နေလေသည်။

သူသည် မယုံနိုင်ဖြစ်နေသည်ပင်။

“တောင်းပန်ပါတယ် ကျွန်မ ပြောပြလို့ မရပါဘူး” ကုနင်း ငြင်းလိုက်သည်။

သမားတော်ချုပ်ကြီးလည်း စိတ်ရှုပ်ထွေးသွားလေသည်။

သို့သော် ကုနင်းက မပြောချင်နေသောကြောင့် သူကလည်း အတင်းမမေးတော့ပါချေ။

“မစ္စ မင်းမှာ လူတွေကို ကယ်တင်နိုင်တဲ့ အစွမ်းရှိတယ်ဆိုရင် ကျွန်မတို့ကိုလည်း သင်ပေးလေ.. သူများတွေကို ပိုပြီး ကူညီပေးနိုင်တာပေါ့။” ဒေါက်တာလင်းသည် ကုနင်းကို သိပ်မကျေနပ်သည့် လေသံဖြင့် မေးလိုက်သည်။ သူမသည် ကုနင်း ၏ အစွမ်းကို အထင်ကြီးမိသော်လည်း သူမ၏ အပြုအမူကိုတော့ သဘောမကျပါချေ။

“ဘာလို့ သင်ပေးရမှာပါလဲ.. ရှင်တို့မှာ ကျွန်မကို အမိန့်ပေးပိုင်ခွင့်မရှိပါဘူး”

သူမသည်လည်း ထိုဆရာဝန်၏ အပြုအမူကို သဘောမကျပါချေ။

ထို့ကြောင့် ဆရာဝန်မလဲ မကျေမနပ်ဖြင့် လက်လျှော့လိုက်ရလေသည်။

***

အခန်း ၁၂၈၃ ဆေးလုံး

“ကောင်းပါပြီ .. ဒေါက်တာလင်း သူများမလုပ်ချင်တာကိူ အတင်း ဖိအားမပေးပါနဲ့။” သမားတော်ချုပ်ကြီးက ဒေါက်တာလင်းကို တားလိုက်သည်။

ဒေါက်တာလင်း ပါးစပ်ပိတ်လိုက်ရသော်လည်း ကုနင်းကိုတော့ တစ်ချက်စိုက်ကြည့်လိုက်သေးသည်။

တုကတော် မတ်တပ်ရပ်လိုက်ပြီး ကုနင်းကို ကျေးဇူးတင်စကား ပြောလေသည်။ “မစ္စကု ကျွန်မ ဘယ်လို ကျေးဇူးတင်ရမလဲတောင် မသိတော့ပါဘူး.. ကျွန်မသမီးလေးကို ကယ်ပေးလို့ တကယ်ကျေးဇူးတင်ပါတယ်…”

ထိုသို့ ပြောရင်း တုကတော်သည် ကုနင်း ို ဦးညွှတ် အရိုအသေပြုလိုက်သည်။

“တုကတော် အဲဒီလို လုပ်စရာမလိုပါဘူး”

“မစ္စကု တစ်ချိန်ချိန် အကူအညီလိုလာခဲ့ရင် ကျွန်မကို ပြောပါ.. ကျွန်မ ချက်ချင်း ကူညီပေးပါ့မယ်”

တုကတော်က ကတိပေးလိုက်သည်။

“တုကတော် ကျွန်မ ဘာမှ ပြန်မလိုချင်ပါဘူး… တုကျင်းထုန်က တာဝန်သိတတ်တဲ့ SWAT တစ်ယောက်ဖြစ်ပြီး သူ့အလုပ်သူ လုပ်ခဲ့တာပါ” ကုနင်း ပြောလိုက်သည်။ သူမသည် လူတိုင်းကို အန္တရာယ်ကြားမှ အချိန်တိုင်း ကယ်တင်ပေးနိုင်သူ မဟုတ်သော်လည်း အခွင့်သာလျှင်တော့ ကူညီပေးချင်သည်ပင်။

သို့သော်လည်း တုကတော် သည် ကုနင်းအတွက် တစ်ခုခု ပြန်လုပ်ပေးချင်လေသည်။

“ရပါတယ် တုကျင်းထုန် အဆင်ပြေတယ်ဆိုရင်ကို ဝမ်းသာပါတယ်.. ကျွန်မကို ခွင့်ပြုပါဦး” ကုနင်း

တုကတော် ကို ပြုံးရင်း ပြောလိုက်သည်။

“မစ္စကု တကယ်ကျေးဇူးတင်ပါတယ်” တုကတော်သည် ကုနင်းကို ကျေးဇူးအထပ်ထပ်

တင်နေလေသည်။

“ရပါတယ်” ကုနင်း ကလည်း ပြောပြီး ထွက်သွားလိုက်သည်။

တုကတော်သည်လည်း တံခါးဝအထိ လိုက်ပါပို့ဆောင်ပေးသည်။

လီကျုံးဝေ့သည်လည်း တုကတော်ကို နှုတ်ဆက်ပြီး ကုနင်းနှင့်အတူ ထွက်သွားလိုက်သည်။

လီကျုံးဝေ့၏လုပ်ဖော်ကိုင်ဖက်များသည်လည်း ကုနင်းသည် တုကျင်းထုန်ကို အချိန်တိုအတွင်း ပြန်ကောင်းအောင် လုပ်ပေးလိုက်ကြောင်း သိလိုက်ရသောအခါ ဝမ်းသာသွားကြလေသည်။ သူတို့သည် ကုနင်းကို သိချင်စိတ်ဖြင့် ဝိုင်းမေးနေကြသော်လည်း ကုနင်းကတော့ ငြင်းနေလေသည်။

သေချာသည်ကတော့ ကုနင်းသည် ဒီတစ်ကြိမ်တွင်လည်း အားလုံး၏ အထင်ကြီးမှုကို

ထပ်ရလိုက်ခြင်းပင်။ သူတို့ မျက်လုံးထဲတွင် ကုနင်းသည် ဘာမဆို လုပ်နိုင်သူ ဖြစ်လေသည်။

…

ကုနင်း ထွက်သွားပြီးနောက် သမားတော်ချုပ်ကြီးလည်း ထွက်သွားလေသည်။

သူသည် ကုနင်း ထံမှ အရေးကြီးသော အချက်များကို မသိလိုက်ရသောကြောင့် စိတ်မကောင်း ဖြစ်မိသော်လည်း သူမထံမှ လျှို့ဝှက်ချက်ကို အတင်းဖိအားပေးပြီး မမေးချင်ပါချေ။

တုကတော် သည် သူမ၏ ခင်ပွန်းကို ဖုန်းခေါ်ပြီး သတင်းကောင်းကို ပြောပြလိုက်သည်။ တုကျင်းထုန်၏အဖေသည် အလွန်ဝမ်းသာသွားပြီး ဆေးရုံသို့ ချက်ချင်း တန်းလိုက်လာသည်။

တုကျင်းထုန်သည် အသက်အန္တရာယ်စိုးရိမ်နေရသေးသော်လည်း သူမ၏ ဖခင်သည် ပုံမှန်အတိုင်း အလုပ်သွားနေရလေသည်။ သူသည် အလုပ်ကို ခွင့်ယူလို့ မရနေခဲ့ချေ။ သို့သော် တုကျင်းထုန်သည် လူနာစောင့်တစ်ယောက်တော့ လိုအပ်နေသောကြောင့် သူမ၏မိခင်က နေပေးနေရခြင်း ဖြစ်သည်။

…

သမားတော်ချုပ်သည် ဆေးရုံဒါရိုက်တာနှင့် သွားတွေ့ပြီး ပြောပြလိုက်သောအခါ ဒါရိုက်တာသည်လည်း

ကုနင်း၏လုပ်ဆောင်ချက်ကို လွန်စွာ အံ့ဩနေလေသည်။

ဒါရိုက်တာသည် ကုနင်းကိုတွေ့ဖူးချင်သွားသော်လည်း သမားတော်ကြီးက သူမပြန်သွားပြီဖြစ်ကြောင်း ပြောလိုက်သည်။ ထို့အပြင် သူမသည်လည်း ထိုအကြောင်းကို လျှို့ဝှက်ထားချင်နေသည် မဟုတ်ပါလား။

လီကျုံးဝေ့သည် ကုနင်းကို အပြင်လိုက်ပို့လိုက်သောအခါ ကုနင်းတွင်

ကားမပါလာမှန်းသိလိုက်သောကြောင့် “မစ္စကု ဘယ်သွားမလို့လဲ လိုက်ပို့ပေးရမလား?”

“ကျေးဇူးပါ.. တက္ကစီပဲ စီးလိုက်ပါတော့မယ်။”

ကုနင်းက ထိုသို့ ပြောနေသောကြောင့် လီကျုံးဝေ့သည်လည်း ဘာမှ မပြောသာတော့ပါချေ။

သူသည် ကုနင်းကို အကြိမ်ကြိမ် တွေ့ဖူးသောကြောင့် သူမအကြောင်း ကောင်းကောင်း သိနေပြီပင်။

ထို့နောက် သူသည် ကုနင်းအတွက် တက္ကစီငှားပေးလိုက်သည်။

ကုနင်း ကျေးဇူးတင်စကား ပြောလိုက်ပြီး သက်တော်စောင့်နှစ်ယောက်နှင့် ပြန်သွားလေသည်။

သူမထွက်သွားချိန်တွင် SWAT အဖွဲ့ဝင်များသည် သူမအကြောင်း ပြောရင်းကျန်ခဲ့ကြသည်။

“မစ္စကုက ကျင်းထုန်ကို ပြန်ကောင်းအောင် ခဏလေးအတွင်း လုပ်ပေးသွားတာနော်။”

“ဟုတ်တယ် ဆေးရုံက အတော်ဆုံး ဆရာဝန်တောင် လက်လျှော့ထားတဲ့ဟာ။”

“လောင်လီ.. မစ္စကု ဘာလုပ်လိုက်တာလဲ သိလား?” ရုတ်တရတ် SWAT အဖွဲ့ဝင်တစ်ဦးသည် လီကျုံးဝေ့ကို မေးလိုက်သည်။

“ပြောပြစမ်းပါ.. ဘယ်သူ့ကိုမှ ပြန်မပြောဘူး။” အခြားသူများကလည်း လီကျုံးဝေ့ကို ဝိုင်းမေးလိုက်ကြသည်။

“ငါလည်း မစ္စကုက ကျင်းထုန်ကို ဆေးတစ်လုံးတိုက်လိုက်တာပဲ တွေ့လိုက်တာ.. အဲဒီနောက်ပိုင်း ကျင်းထုန် သက်သာသွားတာပဲ” လီကျုံးဝေ့သည်လည်း သူသိသလောက် ပြောပြလိုက်သည်။

ထို့ကြောင့် တုကျင်းထုန်သည် ဆေးလုံးကြောင့် ပြန်ကောင်းသွားသည်ဟု ယူဆလိုက်ကြသည်။

“ဘာ ဆေးလုံးလား?”

“မဖြစ်နိုင်တာ။”

“တကယ်ကြီးလား.. မယုံနိုင်စရာပဲ။”

သူတို့သည် အံ့ဩနေကြသော်လည်း ထိုအရာမှာ အမှန်ပင် ဖြစ်လေသည်။

…

တစ်နာရီခွဲခန့်ကြာသောအခါ တုကျင်းထုန်၏အဖေလည်း ရောက်လာလေသည်။

သူသည်လည်း သူ့သမီး ပြန်ကောင်းလာသောကြောင့် ပျော်ရွှင်နေလေသည်။ သူ့သမီးသည် မကြာခင်ပင်

ပြန်သတိရလာတော့မည်ဟု ထင်နေမိသည်။ တုကျင်းထုန် အပြည့်အဝပြန်ကောင်းလာဖို့အတွက်ဆိုလျှင် အချိန်ပေးကာ အနားယူဖို့တော့ လိုသေးသည်။

တုကျင်းထုန် မိဘများသည် သူမနိုးလာသည်အထိ အတူနေပေးဖို့ ဆုံးဖြတ်လိုက်ကြသည်။

တုကျင်းထုန် သတိရလာသောအခါတွင်လည်း သူမကို ကယ်ခဲ့သူမှာ ကုနင်းဖြစ်သည်ကို သိလိုက်ရပြီး လွန်စွာ အံ့ဩသွားလေသည်။

***

အခန်း ၁၂၈၄ သတ္တိခဲလင်းယုန်နှင့်ယှဉ်ပြိုင်ခြင်း

သူမသည် သူမတို့နှစ်ယောက်ကြား ပဋိပက္ခကြီးစွာဖြစ်ထားပြီးမှ အဘယ်ကြောင့် ယခုကဲ့သို့ ကူညီနေသည်ကို နားမလည်နိုင် ဖြစ်နေလေသည်။ သူမသည် ကုနင်း၏စိတ်ထားကောင်းမှုကိုတော့ အသိအမှတ်ပြုမိလေသည်။

တစ်ချိန်တည်းမှာပင် သူမသည် ကုနင်း၏စွမ်းရည်ကိုလည်း အံ့ဩမိလေသည်။ သူမသည် ကုနင်း မရောက်လာခင်အထိ သေခါနီးဆဲဆဲ ဖြစ်နေခဲ့သည် မဟုတ်ပါလား။

တုကျင်းထုန်သည် ကုနင်းကို ‌အထင်ကြီးမိသွားလေသည်။

…

ကုနင်းသည် Bမြို့တွင် ရက်အနည်းငယ်နေပြီးနောက် မြို့တော်သို့ ပြန်သွားလေသည်။

လင်ရှောင်းထင်သည် မြို့တော်တွင် မရှိသော်လည်း သူမသည် သခင်ကြီးလင်ကို ခေါ်ကာ

ထမင်းအတူစားလိုက်သည်။ သူမသည် ကျန်းကျုံးယွီနှင့် သခင်ကြီးရှုတို့ကိုလည်း ခေါ်ဖို့ မမေ့ပါချေ။

သခင်ကြီးများမှာ ကုနင်းဆီက သတိတရအခေါ်ခံရသောကြောင့် ပျော်ရွှင်သွားကြပြီး ချက်ချင်းသဘောတူလိုက်ကြသည်။ ထို့ကြောင့်တွေ့နေကျ နေရာတွင်ပင် တွေ့ဖို့ချိန်းလိုက်ကြလေသည်။

ထို့နောက် အချိန်သည် နေ့လည် ၂ နာရီသာ ရှိသေးသောကြောင့် ကုနင်းသည် ရှန်းနဉ်အဖွဲ့အစည်းရှိရာသို့ အရင်သွားလိုက်သည်။

ကောင်းယိနှင့်ချောင်ယတို့သည် သူမနှင့်ပါလာသောကြောင့် သူမသည် ဒီတစ်ခါတွင်တော့ လင်ရှောင်းထင်၏အိမ်တွင် မနေတော့ပဲ ချန်စန်းယိ ပြင်ပေးထားသော အိမ်တွင်နေလိုက်ကာ ကားတစ်စီးကိုလည်း တောင်းထားလိုက်သည်။

ကုနင်းသည် သူမ၏ Lamborghiniမှာ ထင်းထွက်နေသောကြောင့် တော်ရုံမစီးပေ။ သူမသည်

အတွင်းခန်းကျယ်၀န်းပြီး သက်သောင့်သက်သာရှိသော ကားမျိုးကိုသာ ပိုကြိုက်လေသည်။

ကုနင်း မြို့တော်သို့ ရောက်သောအခါ ကားသွားရွေးလိုက်သည်။

သူမသည် ရှန်းနဉ်ရုံးချုပ်သို့ရောက်စဉ်တွင် ချန်စန်းယိကို အရင်မခေါ်လိုက်ပဲ

လှည့်ပတ်ကြည့်ရှုနေလိုက်သည်။

ဖုန့်ဟွာအန်တာတိန်းမန့်သည် ထိုအဆောက်အအုံထဲသို့ ရွှေ့ပြောင်းလိုက်ပြီဖြစ်ပြီး ရှန်းနဉ်မျှော်စင်၏ ၇ လွှာ၊ ၈ လွှာနှင့် ၉ လွှာတို့တွင် တည်ရှိလေသည်။

ကုနင်းသည် ဖုန့်ဟွာ၀န်ထမ်းများရှိရာ ၉ လွှာသို့ တန်းသွားလိုက်သည်။

ကုနင်း ရောက်သွားချိန်သည် အလုပ်ချိန်ဖြစ်သောကြောင့် အားလုံးမှာ အလုပ်ရှုပ်နေကြလေသည်။ ‘ဘုရင်မတစ်ပါး၏ စစ်သွေးစစ်မာန်’ ရုပ်ရှင်သည်လည်း ရိုက်ကူးနေဆဲ ဖြစ်သောကြောင့် သရုပ်ဆောင်များသည် ရိုက်ကွင်းတွင် ရှိနေကြလေသည်။

ဖုန်းဟွာအန်တာတိန်းမန့်၏ ပိုင်ရှင်တစ်ယောက်အနေဖြင့် ကုနင်းသည် သူတို့နှင့်တွေ့သင့်သည်ဖြစ်သောကြောင့် နောက်တစ်နေ့တွင် သွားတွေ့ရန် ဆုံးဖြတ်လိုက်သည်။

‘ဘုရင်မတစ်ပါး၏ စစ်သွေးစစ်မာန်’၏ ဇာတ်ဆောင်မင်းသားသည် ကျော်ကြားပြီး အရည်အချင်းရှိသော သရုပ်ဆောင် ချောင်ဟန်ချန် ဖြစ်သည်။

ကုနင်းသည် ချောင်ဟန်ချန်မှာ သူ၏ကျော်ကြားမှုများ ကျဆင်းပြီးနောက် ယခုမှ ပြန်အောင်မြင်လာခြင်း ဖြစ်ကြောင်း လုကျန်းဆီမှ ကြားထားပြီး ဖြစ်သည်။ သူသည်ရဲများထံမှ အဖမ်းခံထားရပြီးနောက် လပေါင်းများစွာ ထောင်ကျနေခဲ့ခြင်း ဖြစ်သည်။

ချောင်ဟန်ချန်သည် သူနောက်ဆုံးလုပ်ခဲ့သော ကုမ္ပဏီမှ ထွက်ခဲ့ပြီးနောက်ပိုင်း အလုပ်ထပ်မလုပ်ဖြစ်တော့ပေ။ ထို့နောက်တွင် သူသည် အခြားကုမ္ပဏီများနှင့်လည်း မချိတ်ဆက်တော့ပဲ တစ်ယောက်တည်းသာ လုပ်နေလေသည်။

ကံကောင်းစွာပင် လုကျန်းသည် ချောင်ဟန်ချန်၏ အတိတ်ကို စိတ်မ၀င်စားပဲ သူ၏အရည်အချင်းကိုသာ သဘောကျသူဖြစ်သည်။

ကုနင်းသည်လည်း လုကျန်းကို ထောက်ခံပြီး ချောင်ဟန်ချန်ကို ငှားသည်မှာ မမှားဘူးဟု တွေးခဲ့ခြင်း ဖြစ်သည်။

ချောင်ဟန်ချန် သည် ‘ဘုရင်မတစ်ပါး၏ စစ်သွေးစစ်မာန်’၏ ခေါင်းဆောင်မင်းသားဖြစ်လာတော့မည်ဆိုသောသတင်း နိုင်ငံရပ်ခြားသို့ ပျံနှံ့သွားချိန်တွင် သူ၏ပရိသတ်များသည်လည်း အလွန်ပျော်ရွှင်သွားကြသည်။ သို့သော် သူ့ကို အင်တာနက်မှ တိုက်ခိုက်သူများလည်း ရှိနေကြပေသည်။

…

ကုနင်း ဖုန်းဟွာ အန်တာတိန်းမန့်ထဲတွင် လျှောက်သွားနေလိုက်ပြီးနောက် ချန်စန်းယိကိုတွေ့ရန် ၁၇ လွှာသို့ တက်သွားလိုက်သည်။

သူမသည် ကားသော့ကို ယူပြီး သွားတော့မည့်ဆဲဆဲတွင် လူတစ်ယောက်သည် သူမကို ခန်းမထဲတွင် လှမ်းခေါ်လိုက်ရင်း “ဟိုင်း ဘော့စ် .. ကျွန်တော်က သတ္တိခဲလင်းယုန်ပါ။”

သတ္တိခဲလင်းယုန်သည် ကေ မကြာသေးမီကမှ ငှားထားသော လူသတ်သမား ဖြစ်သည်။ သူသည် ကုနင်းကို တွေ့ဖူးချင်နေခဲ့ပြီး ယနေ့မှသာ တွေ့ရခြင်း ဖြစ်သည်။

“သတ္တိခဲလင်းယုန်လား.. တွေ့ရတာ၀မ်းသာပါတယ်.. အခုလို လက်တွဲပေးတာကိုလည်း ဖိတ်ခေါ်ပါတယ်။”

ကုနင်းကလည်း ပြုံးပြလိုက်ပြီး လက်ဆွဲနှုတ်ဆက်လိုက်သည်။

သတ္တိခဲလင်းယုန်သည် သူမအတွက် အလုပ်လုပ်သူဖြစ်ပြီး ထူးချွန်သူဖြစ်သောကြောင့် ကုနင်းသည် သူ့ကို သတိထားမိလေသည်။

သတ္တိခဲလင်းယုန်သည်လည်း ကုနင်း သူ့အပေါ်ကောင်းပေးသောကြောင့် အံ့ဩသွား‌လေသည်။

“ဘော့စ် အခုအချိန် ခဏလောက်ရှိလား.. ကျွန်တော်တို့ အပျော်တမ်း ပြိုင်ပွဲလေးလုပ်ကြည့်မလား?” သတ္တိခဲလင်းယုန်က ပြောလိုက်သည်။

သူသည် ကေထံမှ ခွင့်ပြုချက် တောင်းထားပြီးဖြစ်သည်။ ကုနင်း ကလည်း သဘောတူသည်ဆိုသောကြောင့် အခွင့်အရေးကိုရတုန်း လက်မလွှတ်ချင်ခြင်း ဖြစ်သည်။

“ကောင်းပြီလေ.. အကခန်းထဲ သွားကြတာပေါ့။” ကုနင်း ခေါင်းငြိမ့်ရင်း ပြောလိုက်သည်။

သူမသည် စိတ်မပျက်သွားစေချင်သောကြောင့် သဘောတူလိုက်သည်။ အချိန်လည်း ရနေသည် မဟုတ်ပါလား။

ထိုစကားကို ကြားသောအခါ သတ္တိခဲလင်းယုန်လည်း စိတ်လှုပ်ရှားသွားလေသည်။

ထို့နောက်တွင် သူတို့သည် ၇ လွှာသို့ အတူသွားလိုက်ကြသည်။ ၇ လွှာတွင် အကခန်းများ

များစွာရှိနေသည်ပင်။

တချို့အခန်းများတွင် ကြမ်းပြင်၌ ဖျာရှိသောကြောင့် သူတို့သည် ယှဉ်ပြိုင်ရန် ဖျာပါသော အခန်းကို ရွေးလိုက်ကြသည်။

သူတို့ အဆင်သင့်ဖြစ်သောအခါ စတင်လိုက်သည်။

ကုနင်းသည် သတ္တိခဲလင်းယုန်အား သူမသည် ခေါင်းဆောင်တစ်ယောက်၏ စစ်မှန်သော အရည်အချင်းကို ပြသလိုသောကြောင့် တွေဝေခြင်းမရှိပဲ ခွန်အားအပြည့် ထုတ်သုံးလိုက်သည်။

သတ္တိခဲလင်းယုန်ကလည်း ကုနင်း၏ဗီဒီယိုပေါင်းများစွာကို ကြည့်ဖူးထားသောကြောင့် သာမာန်အားနွဲ့သော မိန်းကလေးမဟုတ်မှန်း သိသလို သူမကို ယှဉ်နိုင်မည် မဟုတ်မှန်းကိုပင် သိထားလေသည်။

ပထမ တစ်မိနစ်တွင် နှစ်ယောက်လုံး လက်ရည်တူနေသလို ဖြစ်နေသော်လည်း ‌ခဏအကြာတွင်တော့ ကုနင်းဘက်မှ အားသာ လာလေသည်။

သတ္တိခဲလင်းယုန်သည် အနည်းငယ် အံ့ဩသွားသော်လည်း ကုနင်းကဲ့သို့ ကွန်ဖူးမာစတာနှင့် ယှဉ်ပြိုင်နေရခြင်းကိုပင် စိတ်လှုပ်ရှားနေလေသည်။

All Chapters