← Chapters

အခန်း (၁၂၈၅-၁၂၉၀)

Vol. 83 Ch. 1285-1290

အခန်း (၁၂၈၅-၁၂၉၀)

Vol. 83 Ch. 1285-1290

အခန်း ၁၂၈၅ မှော်စွမ်းအင်ကို ရှာတွေ့ခြင်း

ထိုသို့ဖြင့် တစ်မိနစ်ခွဲခန့်အကြာတွင် သူရှုံးနိမ့်သွားတော့သည်။

“ဘော့စ်က တကယ်မယုံနိုင်စရာပဲ” သတ္တိခဲလင်းယုန်က ပြောလိုက်သည်။

ကုနင်း ပြုံးရုံကလွဲ၍ ခွန်းတုံ့မပြန်ခဲ့ပါချေ။ ထို့နောက် သူမ၏ သက်တော်စောင့် နှစ်ယောက်နှင့်အတူ ချန်စန်းယိပြင်ဆင်ပေးထားသော အိမ်အသစ်သို့ သွားလိုက်သည်။

ထိုအိမ်သည် ရှန်းနဉ်နှင့်အလွန်မဝေးသော်လည်း တစ်နာရီခွဲခန့်သွားရလေသည်။ ကုနင်းသည် ပိုနီးသော အိမ်တွင် နေချင်သော်လည်း သင့်တော်သည့် အိမ်ကို ရှာမတွေ့ခဲ့သောကြောင့်ပင်။

ကုနင်း ထိုနေရာတွင် အချိန်ကြာကြာနေရမည် ဖြစ်သောကြောင့် လှပပြီး သက်သောင့်သက်သာရှိသော အိမ်ကိုသာ ပိုသဘောကျလေသည်။ ထို့ကြောင့် ချန်စန်းယိသည် သူမအတွက် ရာစုနှစ်မြို့တော်အနီးမှ အိမ်ကို ရွေးထားပေးခြင်း ဖြစ်သည်။ အိမ်နီချင်းများသည်လည်း ချမ်းသာကြွယ်၀သူများ ဖြစ်သည်ပင်။

ကုနင်း၏အိမ်သည် အလယ်အလတ်အရွယ်အစား ရှိပြီး စတုရန်းမီတာ ၄၀၀ ခန့်ကျယ်၀န်းကာ ဥယျာဉ်ခြံလည်း ပါ၀င်လေသည်။ သူမ၏ ချမ်းသာကြွယ်၀မှုနှင့် ယှဉ်လျှင်တော့ အကောင်းစား ဇိမ်ခံအိမ်ပုံစံမျိုး မဖြစ်နေပေ။

ကောင်းယိ နှင့် ချောင်ယတို့၏အိမ်မှာမူ ကုနင်း အိမ်၏ဘေးတွင်ရှိပြီး ကုနင်း၀ယ်ပေးထားခြင်းဖြစ်သည်။

ကောင်းယိနှင့်ချောင်ယတို့တွင်လည်း ပိုင်ဆိုင်မှုများစွာ ရှိသော်ငြား ကုနင်းဘက်က သူမ၏ ဂရုစိုက်မှုကို ပြသလိုခြင်း ဖြစ်သည်။

ကောင်းယိနှင့်ချောင်ယတို့သည် သူမအတွက် အရေးကြီးသော သူများဖြစ်သောကြောင့် အိမ်၀ယ်ပေးခြင်း ဖြစ်သည်။

ထို့အပြင် ကောင်းယိနှင့်ချောင်ယတို့သည် သူမသက်တော်စောင့်များဖြစ်သောကြောင့် သူမနှင့် အိမ်ချင်းနီးမှသာ ချက်ချင်းကာကွယ်နိုင်မည် မဟုတ်ပါလား။

အကယ်၍ ကောင်းယိ နှင့် ချောင်ယတို့ အိမ်ထောင်ပြုကြပြီး မိသားစုဘ၀ထူထောင်ကြမည်ဆိုလျှင်လည်း ကုနင်းသည် ချွင်းချက်မရှိ ထောက်ပံ့မည် ဖြစ်သည်။

သူတို့တွင် ထိုကဲ့သို့ စိတ်ကူးမရှိကြသေးသော်လည်း ကုနင်းသည် သူတို့အား သူမ၏ သက်တော်စောင့်များအဖြစ် ရာသက်ပန် ခေါ်ထားရန် အတွေးမရှိပါချေ။

သူတို့ Fမြို့မှ ယူလာသော LandRoverအပြင် ဂိုဒေါင်ထဲတွင် ဂျစ်ကားတစ်စီးလည်း ရှိသေးသည်။ ချန်စန်းယိက ပြင်ဆင်ပေးထားခြင်း ဖြစ်သည်။

ကုနင်းသည် နေရာစုံလျှောက်သွားလေ့ရှိသောကြောင့် သူမအတွက် ကားတစ်စီးကတော့ လိုကို လိုအပ်လေသည်။ သူမသည် ပုံမှန်အားဖြင့် LandRoverကို မောင်းလေ့ရှိသောကြောင့် ကောင်းယိနှင့်ချောင်ယတို့က ဂျစ်ကားကို အသုံးပြုကြသည်။

အိမ်နှစ်လုံးစလုံးမှာ သန့်ရှင်းထားပြီး ဖြစ်သောကြောင့် သူတို့သည် အဆင်သင့် ပြောင်းနေ၍ ရလေသည်။

သူတို့ ရာစုနှစ်မြို့တော်သို့ မသွားခင်တွင် ကုနင်း စားသောက်ဆိုင်သို့ ပြန်သွားပြီး အထုပ်အပိုးများ

၀င်ယူလိုက်သည်။

သူတို့ ၀င်ယူပြီးချိန်တွင် လေးနာရီခန့်ပင် ရှိပြီဖြစ်သည်။

ကုနင်းသည် အိမ်အသစ်တွင် တစ်နာရီခန့်အနားယူလိုက်ပြီး သခင်ကြီးလင် နှင့် ချိန်းထားသော နေရာသို့ သွားလိုက်သည်။ သူတို့သည် တောင်ဗီလာတွင် တွေ့ကြမည် ဖြစ်သည်။

သူမရောက်သွားချိန်တွင် အချိန်မှာ ၅ နာရီခွဲခန့်ပင် ရှိနေပြီ ဖြစ်သည်။ မကြာမီတွင် သခင်ကြီးလင်သည် သူ၏ အပေါင်းအပါများနှင့်အတူ ရောက်လာလေသည်။

သူတို့သည် ကုနင်းနှင့်တွေ့ရမည်ကို ပျော်ရွှင်နေကြလေသည်။

“ဟိုင်း နင်းနင်းမတွေ့တာ ကြာပြီ.. ဟိုနေ့က မင်းရဲ့ သတင်းတွေ တွေ့လိုက်တယ်.. မင်းရဲ့ လုပ်ရပ်က မှန်တယ်။” သခင်ကြီးလင်သည် ကုနင်းကို တွေ့သည်နှင့် ပြောလိုက်သည်။ သခင်ကြီးလင်သည်လည်း Rနိုင်ငံမှ ရွှေ့ပြောင်းကျောင်းသားကို မုန်းတီးနေသည်ပင်။ သူသာ ရှိနေပါက ပိုတောင်

ဆိုးမည်မဟုတ်ပါလား။

သခင်ကြီးလင်သည် သူမ၏ အင်တာနက်တွင် ပျံ့နေသောသတင်းကို အလွန် စိတ်၀င်စားနေလေသည်။

ထို့ကြောင့် အကြောင်းအရာများကို သိထားခြင်း ဖြစ်သည်။ ကုနင်း၏လုပ်ရပ်မှာ အနည်းငယ် ထိတ်လန့်စရာကောင်းသော်လည်း သူကတော့ မှန်ကန်သည်ဟုသာ ယူဆလေသည်။

Rနိုင်ငံမှ ရွှေ့ပြောင်းကျောင်းသားသည် ရိုင်းစိုင်းပြီး အောက်တန်းကျသောကြောင့် သူ့လုပ်ရပ်၏ အကျိုးဆက်ကို ပြန်ခံရခြင်းဖြစ်သည်ပင်။

ကုနင်းသည် သခင်ကြီးလင်၏ မြေးချွေးမလောင်းလေးဖြစ်သောကြောင့် သူမ၏လုံခြုံရေးကိုလည်း ဂရုစိုက်ပေးလေသည်။

တကယ်၍ လင်ရှောင်းထင် သိခဲ့လျှင်လည်း ထိုရွှေ့ပြောင်းကျောင်းသားကို အပြစ်ပေးမည် ဖြစ်သည်။

“ဟုတ်တယ် အဲဒီကျောင်းသားက အရှက်မရှိတဲ့အပြင် အရမ်းလည်း ရိုင်းပြတယ်.. သူ့ကို အဲဒီလို ပညာပေးသင့်တာ။” ကျန်းကျုံးယွီက ပြောလိုက်သည်။

သခင်ကြီးရှုကလည်း ခေါင်းငြိမ့်ထောက်ခံလိုက်သည်။

ကုနင်းသည် သခင်ကြီးလင်တို့က သူမကို မဝေဖန်ကြသောကြောင့် ပျော်ရွှင်ကျေနပ်သွားသည်။ တကယ်ဆိုလျှင် သူမသည် ဥပဒေကို ချိုးဖောက်သူ ဖြစ်သောကြောင့် သခင်ကြီးလင်က သူမကို ဝေဖန်မည်ကို စိုးရိမ်နေခြင်းပင်။

ညစာစားပြီးနောက်တွင် ကုနင်း သခင်ကြီးများကို သူတို့ကားဆီလိုက်ပို့လိုက်ကြသည်။

ကုနင်းသည် လင်ရှောင်းထင်ဆီမှ အဆက်အသွယ်လည်း မရသောကြောင့် ဆက်သွယ်မနေတော့ပေ။

သူသည်လည်း အလုပ်များနေမည် မဟုတ်ပါလား။ လင်ရှောင်းထင်အားလျှင်လည်း သူမကို ဆက်သွယ်မည်ပင်။

ကုနင်းသည် လင်ရှောင်းထင်၏ အလုပ်မှာ အရေးကြီးမှန်း သိသော်လည်း သူ့အတွက် စိတ်တော့ပူမိလေသည်။ သို့သော် သူမသည် လင်ရှောင်းထင်ကိုတော့ အလုပ်ပြောင်းရန်

မတိုက်တွန်းပါချေ။

ကုနင်း ထိုညတွင် အိမ်အသစ်၌ အိပ်စက်သော်လည်း အိပ်မပျော်နိုင် ဖြစ်နေသည်။

သူမသည် ကောင်းကောင်း မအိပ်ခဲ့ရသော်လည်း မနက်စောထကာ ထိုနားတစ်ဝိုက်တွင်

အပြေးလေ့ကျင့်လိုက်သည်။

ရာစုနှစ်မြို့တော်တွင် အပင်များစွာ ရှိသောကြောင့် ရှူရသော လေသည်ပင် လတ်ဆတ်နေလေသည်။

ကုနင်း ရေကန်နားသို့ ရောက်လာချိန်တွင် မှော်စွမ်းအင်များ ရုတ်တရတ်ရပ်သွားသည်ကို

ခံစားလိုက်ရသည်။

***

အခန်း ၁၂၈၆ ပိုင်လီကျုံးယန်နှင့်တွေ့ဆုံခြင်း

ကုနင်း၏အကြည့်များသည် ရေကန်ဘေးတွင် တရားထိုင်နေသော လူငယရှိရာသို့

ရောက်ရှိလို့သွားသည်။ ထိုလူငယ်သည် ကျောက်တုံးဥယျာဉ်ဘေးရှိ တောအုပ်လေးရှေ့တွင် ထရားထိုင်နေခြင်း ဖြစ်သည်။ သူသည် ငယ်ရွယ်ခံ့ညားသူဖြစ်ပြီး မှော်စွမ်းအင်များသည် သူ့ဆီမှ ထွက်လာနေလေသည်။

သူသည် သုန်းဖန်းကျီယွီကဲ့သို့ ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။

သူသည် ကုနင်း သူ့ကို ကြည့်နေသည်ကို သတိထားမိသော်လည်း မထူးဆန်းနေပါချေ။

သူတရားထိုင်နေစဉ်တွင် လူအများ၏ အာရုံစိုက်မှုကို ခံရလေ့ရှိသည် မဟုတ်ပါလား။ သို့သော်သူသည် မနေနိုင်သောကြောင့် ကုနင်းကိုတော့ ကြည့်မိလေသည်။

သူမျက်လုံးဖွင့်လိုက်ချိန်တွင် ကုနင်းနှင့်မျက်လုံးချင်းဆုံမိပြီး သူမ၏အလှကြောင့်

မှင်သက်ငေးမောသွားလေသည်။

တစ်ချိန်တည်းမှာပင် သူမသည် အင်တာနက်ပေါ်တွင် နာမည်ကြီးနေသော ကုနတ်ဘုရားမမှန်း သိလိုက်လေသည်။ သူမသည် သူရှာဖွေနေသော Colorfulကျောက်စိမ်းတင်ပို့မှုလုပ်ငန်း၏ပိုင်ရှင်လည်း ဖြစ်ပေသည်။ သူအံ့ဩသွားမိသည်မှာ ကုနင်းသည် ထင်ထားသည်ထက် ငယ်ရွယ်ပြီး ဆွဲဆောင်မှုရှိသော မိန်းကလေး ဖြစ်နေခြင်းပင်။

ကုနင်းသည် ထိုလူငယ် သူမကို သတိထားမိလိုက်သည်ကို သိလိုက်သောအခါ မျက်လုံးလွှဲလိုက်ပြီး ပြေးထွက်သွားလိုက်သည်။

သို့သော် ကုနင်းသည် သူရှာနေသော သူဖြစ်နေ‌ခြင်းကြောင့် သူမကို အလွတ်မခံပါချေ။ မကြာမီတွင် သူသည် ကုနင်းကို လိုက်မှီသွားပြီး ကုနင်း ကလည်း အံ့ဩသွားသည်။

“ဟိုင်း မင်းက အင်တာနက်ပေါ်က နာမည်ကြီး ကုနတ်ဘုရားမ မလား?” လူငယ်က မေးလိုက်သည်။

“ဟုတ်ပါတယ်” ကုနင်းကလည်း ရပ်ပြီး ပြန်ဖြေလိုက်သည်။ သူမအတွက်တော့ လမ်းတွင် လူအများ၏သတိထား နှုတ်ဆက်ခြင်းကိုခံရသည်မှာ အဆန်း မဟုတ်ပါချေ။ .

သို့သော် ကုနင်းသည် သူ့ကို ကျင့်ကြံသူမှန်းသိပြီး သူမထံ အကြောင်းရှိသောကြောင့်လာခြင်းမှန်း သိလေသည်။

ကျင့်ကြံသူများသည် ကျောက်စိမ်းကို ကြိုက်နှစ်သက်ကြသည်။ ကုနင်းကလည်း

သူတို့အကြောင်းကို ပိုသိချင်နေလေသည်။

“မင်းက အသက်ငယ်ငယ်နဲ့ အောင်မြင်မှုတွေ ရထားသူဆိုတော့ ကျွန်တော်က အမြဲလေးစားနေခဲ့တာပါ။”

“ကျေးဇူးပါ” ကုနင်းကလည်း ပြုံးရင်း ပြန်ပြောလိုက်သည်။

“ကျွန်တော့်နာမည်က ပိုင်လီကျုံးယန်ပါ.. တွေ့ရတာ၀မ်းသာပါတယ်.. စိတ်မရှိဘူးဆိုရင် မိတ်ဆွေဖြစ်ခွင့်ရမလား.. ကျွန်တော်က လူဆိုးမဟုတ်တဲ့အတွက် စိတ်တော့မပူပါနဲ့.. ကျွန်တော်လည်း လုပ်ငန်းရှင်တစ်ယောက်ပါ.. ကျွန်တော်တို့ နောက်ပိုင်းစီးပွားစပ်တူလည်း လုပ်နိုင်ပါတယ်။” လူငယ်က သူ့ကိုယ်သူ မိတ်ဆက်လိုက်သည်။

ပိုင်လီကျုံးယန်.. ကုနင်း ခေတ္တတွေဝေသွားသည်။

ပိုင်လီကျုံးယန်သည် သုန်းဖန်းကျီယွီ တစ်ခါပြောခဲ့ဖူးသောသူ ဖြစ်သည်။ သူသည် ကျင့်ကြံခြင်းလောကတွင် ဆွဲဆောင်မှုအရှိဆုံး၊ အချမ်းသာဆုံးနှင့် အခန့်ညားဆုံးသူတစ်ယောက်ပင်။

ကုနင်း၏မျက်လုံးထဲတွင်လည်း ပိုင်လီကျုံးယန်သည် ခန့်ညားပြီး ဆွဲဆောင်မှု ရှိသော်လည်း သူ၏မိသားစု အကြောင်းကိုတော့ မသိသေးဘူး ဖြစ်နေလေသည်။

အမှန်မှာ ပိုင်လီကျုံးယန်သည် ပိုင်လီမိသားစု၏ အကြီးဆုံးမြေးဖြစ်သည်။ သူသည် ပိုင်လီမိသားစု၏ အမွေဆက်ခံသူလည်းဖြစ်သည်။

သူ၏ ညီမဖြစ်သူ ပိုင်လီကျုံးရွှယ်သည်ပင် ကုနင်းကို ချဉ်းကပ်ခဲ့သော်လည်း ဒီနေ့တွင်တော့ သူသည် ကုနင်းနှင့်တွေ့ရန် အခွင့်အရေးကို လက်မလွှတ်ချင်ပေ။ သူသည် ကုနင်း ထံမှ ကျောက်စိမ်းအရည်အသွေးကောင်းများကို လိုချင်နေခြင်း ဖြစ်သည်။

“ရပါတယ်”

ထို့နောက်တွင်တော့ သူတို့သည် ဖုန်းနံပါတ်များ လဲလိုက်ကြသည်။

ပိုင်လီကျုံးယန် သည် သူ၏မိသားစုပိုင် လက်၀တ်ရတနာလုပ်ငန်းတွင် လက်ထောက်မန်နေဂျာ ဖြစ်သည်။ သူသည် သူ၏ကျင့်ကြံရေးအတွက် အချိန်ပိုလိုအပ်သောကြောင့် အထွေထွေမန်နေဂျာ ရာထူးကို မယူထားပေ။

ပိုင်လီကျုံးယန်သည် လက်ထောကိမန်နေဂျာအဆင့်သာ ရှိသော်လည်း အထွေထွေမန်နေဂျာထက်ပင် အာဏာပိုရလေသည်။ ထိုလက်၀တ်ရတနာလုပ်ငန်းမှာ သူ့မိသားစုပိုင် ဖြစ်နေသည် မဟုတ်ပါလား။

ကုမ္ပဏီ၏ စီမံခန့်ခွဲရေးပိုင်းမှလည်း ထိုအချက်ကို သိထားလေသည်။

“အိုး မင်းကရော ရာစုနှစ်မြို့တော်မှာ နေတာလား?” ပိုင်လီကျုံးယန် မေးလိုက်သည်။

ပိုင်လီကျုံးယန်သည် အဖြေကို သိပြီးဖြစ်သော်လည်း အတည်ပြုလိုက်ခြင်းသာဖြစ်သည်။

“ဟုတ်ပါတယ်” ကုနင်း ပြန်ဖြေလိုက်သည်။

ထိုစကားကို ကြားသောအခါ ပိုင်လီကျုံးယန်၏ မျက်ခုံးများ မြင့်တက်သွားပြီး “ကျွန်တော်လည်း ဒီမှာနေတာပါ.. ပြောင်းလာတာတောင် မကြာသေးဘူး တိုက်ဆိုင်လိုက်တာ။”

ကုနင်းကလည်း အပြုံးဖြင့် ထောက်ခံလိုက်သည်။

ခေတ္တစကားပြောလိုက်ပြီးနောက် ကုနင်း ထွက်သွားလိုက်သည်။ ထို့နောက် သူမ၏

အိမ်အသစ်သို့ ပြန်ပြီး ရေချိုးလိုက်သည်။

ချောင်ယသည် ကုနင်းအား ဖုန်းခေါ်ပြီး မနက်စာ အဆင်သင့် ဖြစ်ပြီဖြစ်ကြောင်း ပြောလိုက်သည်။

ထို့ကြောင့် ကုနင်းသည် ချောင် နှင့် မနက်စာ သွားစားလိုက်သည်။

၉ နာရီထိုးသောအခါ သူတို့အိမ်ပြန်လိုက်ကြသည်။ သူတို့သည် ဟမ့်ဒျန့်ဝေါဒ်စတူဒီယိုကိုသွား၍ ‘ဘုရင်မတစ်ပါး၏ စစ်သွေးစစ်မာန်’မှ သရုပ်ဆောင်များကို တွေ့ရမည်ဖြစ်သောကြောင့် ဂျစ်ကားနှင့် ပြန်ထွက်လာလိုက်ကြသည်။

ဟမ့်ဒျန့်ဝေါဒ် စတူဒီယိုသည် မြို့တော်ခန်းမနှင့် ဝေးသောကြောင့် သူတို့သည် လမ်းတွင်ပင် တစ်နာရီခန့် အချိန်ကုန်သွားသည်။

ကုနင်းသည် လုကျန်းကို အရင်ဖုန်းခေါ်လိုက်ကာ လိပ်စာအတိအကျ တောင်းလိုက်သည်။

ဟမ့်ဒျန့်ဝေါဒ်စတူဒီယိုတွင်… တစ်ချိန်တည်း၌ပင် ရုပ်သံအစီအစဉ်များ ရုပ်ရှင်များများပြားစွာရိုက်ကူးလျက် ရှိနေသောကြောင့် သူမရှာနေသော သူများကိုလွယ်လွယ် တွေ့နိုင်မည် မဟုတ်သောကြောင့် ဖြစ်သည်။

***

အပိုင်း 1287 ခံစားချက်ဆိုတာညာလို့မရဘူး..

ဟမ့်ဒျန့်ဝေါဒ်စတူဒီယို အပြင်ဘက်တွင် အခွင့်အရေးရရန်စောင့်ဆိုင်းနေကြသည် ဖြတ်လျှောက်သရုပ်ဆောင်များစွာရှိသည် လူတော်တော်များများတွင် နာမည်ကြီးဖြစ်လိုသည့် အိမ်မက်ရှိတတ်ကြသော်လည်း အများစုမှာ အဆက်အသွယ်နှင့်ကံ လစ်လပ်နေ၍ အရန်သရုပ်ဆောင်သာဖြစ်နိုင်ကြသည်။

အရန်သရုပ်ဆောင်တစ်ယောက်အတွက် နာမည်ကြီးဖို့ရန်မဆိုထားနှင့် ဖန်သားပြင်မှာပါလာဖို့ရန်ပင် အလွန်ခဲယဉ်းလေးသည်။

ဟမ့်ဒျန့်ဝေါဒ်စတူဒီယိုကို သွားရန် လက်မှတ်ဝယ်ဖို့လိုအပ်ပြီး ကားပါကင်ထိုးရန်အတွက်လည်း လက်မှတ်လိုအပ်သည်။

ဟမ့်ဒျန့်ဝေါဒ် စတူဒီယိုသည် အလွန်ကြီးမားပြီး ရိုက်ကွင်း တစ်ခုနှင့်တစ်ခုသည် အလွန်ကွာဝေးသည် ထို့ကြောင့် ကုနင်းသည် မြေပုံကြိုဝယ်ထားခဲ့သည်။ အခြေခံအားဖြင့် သူမသည်လည်း ဤနေရာသို့ပထမဆုံးအကြိမ်ရောက်ဖူးခြင်းဖြစ်သည်။

မကြာမီ ကုနင်းနှင့် သူမ၏အစောင့် နှစ်ယောက်သည် ‘ဘုရင်မတစ်ပါး၏ စစ်သွေးစစ်မာန်’ရိုက်ကွင်းသို့ရောက်ရှိလာခဲ့သည်။ သို့သော် ကားဝင်ခွင့်မရ၍ ခြေလျင်လျှောက် လာခဲ့ရသည်။

ကုနင်းသည် ဤနေရာသို့ ရင်နှီးမြှုပ်နှံသူအဖြစ်ရောက်လာခဲ့၍ ယနေ့ သူမ ထသွားထလာ အဝတ်အစား ဝတ်ဆင်လာခြင်းမဟုတ်ပေ။

သူမသည် ဒေါက်မြင့် ဖိနပ်တရံစီးလိုက်သောအခါ အလွန်ထင်းနေပြီး ဆွဲဆောင်မှုရှိလွန်း၍ လစ်လျူရှုရန်ခဲယဉ်းသည်။ ထို့ကြောင့် သူမ ကားပေါ်မှဆင်းသည်နှင့် ပတ်ဝန်းကျင်ရှိလူများ၏အာရုံစိုက်မှုများစွာကိုရရှိလာသည်။

ကုနင်း၏ ဓါတ်ပုံများကို တစ်ပြိုင်နက် ရိုက်ယူရန် လူအများအပြားသည် သူတို့၏ ဖုန်းများကို ထုတ်ယူကြသည်။

"ဝိုး..သူမက လှလိုက်တာ။"

"သူမက သရုပ်ဆောင်မင်းသမီးလား.."

"မသိဘူး..ဒါပေမယ့် သူမက ငါမြင်ဖူးသမျှ သရုပ်ဆောင်မင်းသမီးတွေအကုန်လုံးထက်လှတယ်။"

"ငါထင်တာကတော့..သူမသာ သရုပ်ဆောင်ဆိုရင် သူမရဲ့ ထူးခြားလှပတဲ့ရုပ်ရည်နဲ့ဆို ချက်ချင်းနာမည်ကြီးလာမှာပဲ။"

"....."

ဖျော်ဖြေရေးနယ်ပယ်အတွင်းတွင် ချောမောလှပသော မင်းသား၊မင်းသမီးများ မရေမတွက်နိုင်အောင်ရှိသော်လည်း ထိုသူတို့ထက်ပင် ကုနင်းသည် ပို၍ ထူးခြားလှပနေစဲပင်ဖြစ်သည်။

မကြာမီ ကုနင်း နှင့် သူမ၏ အစောင့်နှစ်ယောက် အတွင်းသို့ဝင်သွားသည်။

‘ဘုရင်မတစ်ပါး၏ စစ်သွေးစစ်မာန်’၏ရိုက်ကွင်းနေရာမှာ နန်းတော်အတွင်းဖြစ်သည် ။

ကုနင်းသည် ထိုဇာတ်ကား၏ရိုက်ကူးရေးအဖွဲ့သားများကို တံခါးပေါက်ပေါင်းများစွာကျော်ဖြတ်ပြီးမှသာတွေ့ရသည်။

ယနေ့တွင် သူတို့သည် ညစာစားသည့် အခန်းကိုရိုက်ကူးမည်ဖြစ်သည်။ ထို့ကြောင့် အရေးပါသည့် ဇာတ်ကောင်များမှာ နားနေခန်းတွင်ထိုင်စောင့်နေကြသည်။ သို့သော် အရန်များနှင့် အရေးမပါသည့် ဇာတ်ကောင်များမှာ အပြင်ဘက်တွင်သာ စောင့်နိုင်သည်။ ထို့ကြောင့် ကုနင်းရောက်လာချိန်တွင် သူတို့၏ဘေးပတ်လည်၌ လူများစွာရှိနေသည့်အတွက် လုကျန်းသည် သူမကိုမမြင်ပေ။

လက်ရှိ ရိုက်ကူးနေသည်မှာ အက်ရှင်အခန်း ဖြစ်သည်။ အမျိုးသမီးတစ်ဦးသည် ဧကရာဇ်၏မိဖုရားတစ်ဦးကို လုပ်ကြံရန် အစေခံဟန်ဆောင်ရသည့်အခန်းဖြစ်သည်။ နှစ်ဦးစလုံးသည် ကွန်ဖူးတော်ကြသည့်အတွက် သရုပ်ဆောင်များအနေနှင့် ဝါယာကြိုးကိုသုံးရန်လိုအပ်သည်။ သို့သော် လုပ်ကြံသူနေရာသရုပ်ဆောင်သည့်အမျိုးသမီးမှာ အမြင့်ကြောက်တတ်သည့်အတွက် ဝါယာကြိုးနှင့် အပေါ်သို့ဆွဲတင်ခံရသည်နှင့် သူမအမှားလုပ်မိသွားသည်။

လုကျန်းသည် ဒေါသထွက်ကာ စိတ်မရှည်တော့ပေ။

လုပ်ကြံသူသည် အရေးပါသည့်ဇာတ်ကောင်မဟုတ်သော်လည်း ဇာတ်လမ်းထဲတွင် အကြိမ်များစွာပါရသည်။ ပုံမှန်ဆိုလျှင် ဤသရုပ်ဆောင်သည် ကောင်းမွန်စွာ သရုပ်ဆောင်နိုင်သည်။ သို့သော်လည်း သူမသည် လေထဲသို့ရောက်သည်နှင့် သူမ၏အကြောက်တရားကိုမတွန်းလှန်နိုင်တော့ပေ။

ဤသရုပ်ဆောင်မင်းသမီးသည့် ဇာတ်ပို့သရုပ်ဆောင်တစ်ဦးဖြစ်၍ သူမအတွက် လူစားထိုးမရှိပေ။ ထို့ကြောင့် သူမကိုယ်တိုင်ပြီးဆုံးအောင်ရိုက်ကူးရမည်။

လုကျန်းသည်လည်း သူ၏ရိုက်ကူးရေးတွင် သရုပ်ဆောင်များကို မလိုအပ်ပဲ လူစားထိုးခွင့်မပြုသည့် ဒါရိုက်တာတစ်ဦးဖြစ်သည်။

ကုနင်းသည် လူအုပ်ထဲသို့ လမ်းလျှောက်သွားကာ ဘေးဘက်ကို ကြည့်လိုက်သည်။ ထို့နောက် မိန်းကလေးတစ်ဦး၏စကားသံကိုကြားလိုက်ရသည် "လာစမ်းပါ ..သူ ဝါယာကြိုးနဲ့အပေါ်ဆွဲတာကိုကြောက်ရင် သရုပ်ဆောင်လုပ်မနေနဲ့တော့..အမှန်ဆို နင်က အရွေးခံရဖို့ ထိပ်ဆုံးမှာရောက်နေတာကို.. နင်ကသူ့ကိုသူငယ်ချင်းလို့သဘောထားခဲ့တာကို သူကတော့ အကျိုးအမြတ်အတွက် နင့်ကို ထောက်ချောက်ဆင်ဖို့ကိုဝတ်မလေးခဲ့ဘူး..."

မိန်းကလေးသည် အနည်းငယ်ဝသော်လည်းရုပ်မဆိုးပေ။ ထိုအစား.. သူမသည် အတော်လေးချစ်စရာကောင်းသည်။ သူမသည် တခြားမိန်းကလေးတစ်ယောက်ကိုပြောပြနေခြင်းဖြစ်ပြီး သူမနှင့်ပြောနေသည့်မိန်းကလေးမှာ အရပ်ရှည်ကာ လှပသည် သူတို့နှစ်ယောက်လုံးသည် အလွန်ငယ်ပြီး နှစ်ဆယ်စွန်းစွန်းသာရှိကြဦးမည်ဖြစ်သည်။

ခပ်ဝဝကောင်မလေး ပြောလို့မပြီးခင် တခြားမိန်းကလေးကဖြတ်ပြောလိုက်သည်။ "အင်းပါ.. ဟုတ်ပါပြီ.. အဲ့ဒီအကြောင်းထပ်မပြောနဲ့တော့.. ငါတခြားသူတွေကြားမသွားစေချင်ဘူး.. ငါ ဇာတ်ကောင်နေရာတစ်ခု ဆုံးရှုံးသွားပေမယ့်..သူမဘယ်လိုလူမျိုးလဲဆိုတာ သိလိုက်ရတာကောင်းတာပေါ့။"

စင်စစ် သူမသည် ဤရလဒ်ကိုလက်မခံနိုင်ပေ။ သို့သော် ထိုကိစ္စမှာဖြစ်ပြီးသွားပြီဖြစ်သည်။

ဤဇာတ်ကောင်နေရာမှာ အရေးမပါသော်လည်း သရုပ်ဆောင်သည် ကင်မရာရှေ့တွင် သူမ၏မျက်နှာကိုပြခွင့်ရမည်ဖြစ်သည်။ ထိုအချင်းအရာသည် ဇာတ်ပို့ဇာတ်ကောင်များအတွက် အလွန်ကြီးမားသော အခွင့်အရေးတစ်ရပ်ဖြစ်သည်။

အရေးအကြီးဆုံးအနေနှင့် ‘ဘုရင်မတစ်ပါး၏ စစ်သွေးစစ်မာန်’တွင် ဇာတ်ကောင်နေရာရွေးချယ်ခြင်းမှာ မျှတသောပြိုင်ပွဲတစ်ခုဖြစ်ပြီး သူမသည် ရွေးချယ်ခံရမည့်စာရင်းတွင် ထိပ်ဆုံးမှာရှိနေကာ သူမ၏သူငယ်ချင်းသည် သူမ၏နောက်ကပ်လျက်ဖြစ်သည်။ ထို့ကြောင့် သူမသည် သူမသူငယ်ချင်း၏မျက်စိထဲတွင် ခလုတ်ကန်သင်းဖြစ်ခဲ့သည်။

အစပိုင်းတွင် သူမသည် သူမ၏သူငယ်ချင်းက အဘယ့်ကြောင့် သူမနှင့်တူညီသည့် ဇာတ်ကောင်နေရာကို အင်တာဗျူးဖြေချင်ရသည်လည်းနားမလည်ခဲ့ပေ။ သို့သော် လူတိုင်းတွင်အခွင့်အရေးရှိသည်ဟု တွေးခဲ့သောကြောင့် သူမ ဘာမှမပြောခဲ့ပေ။ သို့သော် သူမ အံ့အားသင့်ရသည်မှာ သူမ၏သူငယ်ချင်းသည် ထိုဇာတ်ကောင်နေရာကိုရရန် သူမကို ထောင်ချောက်ဆင်ခဲ့သည်။

ကုနင်းသည် သူတို့၏စကားများကိုကြားပြီးနောက် အမှားများဆက်တိုက်လုပ်နေသည့် သရုပ်ဆောင်ကို လှမ်းကြည့်လိုက်သည်။

သူမရင်းနှီးမြှုပ်နှံထားသည့်ဇာတ်ကားတွင် သရုပ်ဆောင်ရန် တစုံတယောက်က ညစ်ပတ်သည့်နည်းလမ်းများသုံးလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။

သူမသည် ခပ်ဝဝမိန်းကလေး၏စကားကိုသံသယမဖြစ်ပေ။ အဘယ်ကြောင့်ဆိုသော် ထိုမိန်းကလေးသည် အသံတိုးတိုးနှင့်ပြောခဲ့သည်။ ထို့အပြင် ခံစားချက်သည် လိမ်ညာ၍မရပေ။ ထိုခပ်ဝဝမိန်းကလေးသည် သိသာစွာဒေါသထွက်နေသည်။

***

အပိုင်း 1288 သူမကိုတစ်ကြိမ်ကြိုးစားခွင့်ပေးလိုက်ပါ

"ကျန်းရှောင်ယ မင်း.. ဒီဆင်းကိုပြီးအောင်မရိုက်နိုင်ရင် ငါတို့.. မင်းနေရာကို တခြားတစ်ယောက် အစားထိုးရလိမ့်မယ်။" လုကျန်း ထိုသို့ ပြောလာခဲ့သည် သူသည် သူ၏အလုပ်နှင့်ပတ်သက်၍ မြင့်မားသည့်စံနှုန်းရှိပြီး သရုပ်ဆောင်တစ်ယောက်က အကြိမ်များစွာ ဆက်တိုက် မှားနေသည်ကို သည်းမခံနိုင်ပေ။ ဒါရိုက်တာ တစ်ယောက်အနေနှင့် သူ့တွင် ရွေးချယ်စရာများစွာရှိသည်။

"ဒါရိုက်တာလု ကျွန်မကို အခွင့်အရေးတစ်ခေါက်လောက်ပေးပါ.. ကျွန်မ.. "ကျန်းရှောင်ယ လုကျန်းကို အသနားခံလိုက်သည် သို့သော် သူမ၏အသံမှာတုန်ရီနေသည်။

"ငါမင်းကို အခွင့်အရေးအများကြီးပေးခဲ့ပြီးပြီ။ ဒါပေမယ့် မင်းက ငါ့ကို စိတ်ပျက်စေတယ်။" လုကျန်း ပြောလိုက်သည် "ကောင်းပြီ.. မင်းသွားနိုင်ပြီ.. ငါ ငွေကြေးစီမံခန့်ခွဲရေးအလုပ်သမားကို ..မင်းရသင့်တဲ့ အခကျေးငွေကိုပေးဖို့ပြောလိုက်မယ်။"

ကျန်းရှောင်ယသည် လက်ခံရန် စိတ်မပါသော်လည်း ယခုအချိန်တွင် မည်သို့ပြောရမည်မသိတော့ပေ။

"ဒါရိုက်တာလု သူမကိုတစ်ခါလောက်ကြိုးစားခိုင်းလိုက်ပါ.."ကုနင်း ရုတ်တရက် လက်ညှိုးထိုး၍ ပြောလိုက်သည်။

လူတော်တော်များများ သူမ၏အသံကိုကြား၍ သူမထံလှည့်ကြည့်လာကြသည်။ သူတို့သည် သူမကိုမြင်လိုက်ကြသည်နှင့်တပြိုင်နက် သူမ၏အလှကြောင့် အံ့အားသင့်သွားကြသည်။

ကျန်းရှောင်ယသည် ကုနင်း အကြံပြုသူမှာ သူမ၏သူငယ်ချင်းမှန်း သိလိုက်သည်နှင့် မျက်နှာပျက်သွားသည်။

ထိုမိန်းကလေးသည်လည်း အံ့သြသွားသည်။ အဘယ်ကြောင့်ဆိုသော် သူမသည် ကုနင်းကိုလုံးဝမသိပေ။

ယခုရိုက်ကွင်း၏အဖွဲ့သားအများစုသည် ‘အသည်းတထိတ်ထိတ် ရင်တဖိုဖို’ ဇာတ်ကားတွင်လည်း အလုပ်လုပ်ခဲ့ကြ၍ ကုနင်းကိုမြင်သည်နှင့် မှတ်မိသွားကြသည်။ အဘယ်ကြောင့်ဆိုသော် သူမသည် သူတို့၏ အိုင်ဒေါ ၊သူတို့၏ဘော့စ်ဖြစ်ခဲ့သည် မဟုတ်လား။

လုကျန်းသည် ကုနင်းကိုနှုတ်ဆက်ရန်အလျင်မလိုပေ။ အဘယ့်ကြောင့်ဆိုသော် ကုနင်း သည် သူမ၏ရာထူးကို ထုတ်ဖော်လိုရဲ့လားဆိုတာ သူ မသိသောကြောင့် ဖြစ်သည်။ သို့သော် ကုနင်း အကြံပြုသူဖြစ်၍ သူမငြင်းပယ်နိုင်ပေ။ ထိုမိန်းကလေးကိုခေါ်လိုက်သည် " ကောင်းပြီ..ဒီကိုလာ။ "

ဤဇာတ်ကောင်သည် အရေးပါသည့်ဇာတ်ကောင်မဟုတ်ပေ။ သို့သော် သူ ဆုံးဖြတ်ချက်မချခင် ထိုမိန်းကလေး၏ သရုပ်ဆောင်မှုကိုကြည့်ရန်လိုအပ်သည်။

ကုနင်းနှင့်သူ၏ ပတ်သက်မှုကိုမသိသူများမှာ လုကျန်း၏တုန့်ပြန်မှုကြောင့် အံ့အားသင့်သွားသည်။

ထိုမိန်းကလေးသည် သူမ၏နားကိုပင် မယုံနိုင်ဖြစ်ကာ အလွန်အမင်းစိတ်လှုပ်ရှားနေသည်။

ကျန်းရှောင်ယသည် လုံးဝမှင်သက်ကာ ထိုမိန်းကလေးကိုပို၍မုန်းသွားသည်။ သူမနေရာအစားထိုးမည့်သူသည် တခြားတစ်ယောက်ဆိုလျှင်ပင် သူမလက်ခံန်ုင်လိမ့်မည် ။ သို့သော် သူမ၏သူငယ်ချင်းမှ သူမနေရာယူမည်ကို လုံးဝလက်မခံနိုင်ပေ။

"မြောင်ကျား သွားလေ.."ခပ်ဝဝမိန်းကလေးသည် လီမြောင်ကျားဟုခေါ်သော မိန်းကလေးကိုရှေ့သို့တွန်းပို့လိုက်သည်။

သူမသည် သူမ၏သူငယ်ချင်းထက်ပင် ပို၍စိတ်လှုပ်ရှားပုံပေါက်နေသည် သူမသည် လီမြောင်ကျား ထိုဇာတ်ကောင်နေရာရမည်ဟုလည်းယုံကြည်သည်။

လီမြောင်ကျားသည် လုကျန်းဆီသို့မသွားခင် ကုနင်းကိုကျေးဇူးတင်လိုက်သည် သူမ၏နောက်မှ သူမ၏ခပ်ဝဝသူငယ်ချင်းလိုက်ပါလာသည်။

"တွေ့ရတာဝမ်းသာပါတယ် ဒါရိုက်တာလု ကျွန်မနာမည်က လီမြောင်ကျားပါ ကျွန်မကိုအခွင့်အရေးပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။" လီမြောင်ကျား လုကျန်းကိုပြောလိုက်သည်။

"သွား.. မိတ်ကပ်လိမ်းပြီး.. အင်္ကျီလဲခဲ့ .. မင်းဒီနေရာကိုရမလားဆိုတာက မင်းအပေါ်မူတည်တယ်။"လုကျန်းပြောလိုက်သည်

"ကျွန်မ နားလည်ပါပြီ။” လီမြောင်ကျားပြုံးလိုက်သည်။ ထို့နောက် သူမသည် မိတ်ကပ်လိမ်းပြီးအဝတ်အစားလဲရန်ထွက်သွားသည်။

လီမြောင်ကျားသည် ကျန်းရှောင်ယ၏ရှေ့မှဖြတ်လျှောက်သွားသည့်အချိန်တွင် တည်ငြိမ်နေကာ ဘာစကားမှမပြောပေ။

တဖက်တွင် ကျန်းရှောင်ယသည် လီမြောင်ကျားထံ အမုန်းတရားများပြည့်နေသည် ကံမကောင်းစွာနှင့် လက်ရှိတွင် သူမလုပ်နိုင်တာဘာမှမရှိပေ။ သူမသည်အလုပ်ပြုတ်ပြီး သူမ၏နေရာမှာအစားထိုးခံလိုက်ရသည်။

"ဒီမှာဘာလုပ်နေသေးတာလဲ.. သွားတော့။"လုကျန်း သည် ကျန်းရှောင်ယကိုအော်လိုက်သည်။

ကျန်းရှောင်ယ ထွက်သွားရတော့မည်။

ဤအချိန်တွင် ကုနင်းသည် လုကျန်း၏ဘေးသို့လျှောက်လာသည် "ကျွန်မအခုလေးတင် အဲ့ဒီ ဝဝကောင်မလေးပြောနေတာ ကြားခဲ့တာ.. သူမက ဒီဇာတ်ကောင်နေရာအတွက် လျှာထားတဲ့စာရင်းမှာထိပ်ဆုံးကတဲ့.. ဒါပေမယ့် သူ ဗိုက်နာပြီး.. အခွင့်အရေးနဲ့လွဲသွားတာဆိုပဲ.. ကျွန်မအထင်တာ သူမနောက်တစ်ကြိမ်အခွင့်အရေးရသင့်တယ်လို့.."

ကုနင်းသည် လုကျန်းကိုပြောချင်သည်မှာ ထိုမိန်းကလေးသည် သူမအတွက် သူစိမ်းတစ်ယောက်သာဖြစ်၍ လုကျန်းအနေနှင့် ဆုံးဖြတ်ချက်ချရာတွင် သူမကိုထည့်စဉ်းစားရန်မလိုဟုပြောခြင်းဖြစ်သည်။

"ကောင်းပြီ.. ကြိုးနဲ့သရုပ်ဆောင်ရတဲ့ဇာတ်ကွက်မှာ သူမရဲ့လုပ်ဆောင်ချက်ကိုကြည့်မယ်။" လုကျန်းပြောလိုက်သည်။

တခြားသူများသည် လုကျန်းနှင့် ကုနင်း စကားပြောနေသည်ကိုမြင်သောအခါ သူတို့ရင်းနှီးသည်ဟု နားလည်သွားကြသည်။

ထို့နောက်လုကျန်းသည် ကုနင်းကိုမေးလိုက်သည် " မင်းဒီနေရာကို ရင်းနှီးမြှုပ်နှံသူအဖြစ်လာတာလား.. အလည်အပတ်လာတာလား..?"လက်ရှိ သူမကို သူ မည်သို့နာမည်တပ်ရမည်ကို မသိ၍ဖြစ်သည်။

ကုနင်းပြုံးပြလိုက်သည် "ရင်းနှီးမြှုပ်နှံသူအဖြစ်ပါ။"

"ကောင်းတယ်" လုကျန်း သည်လည်းပြုံးလိုက်ပြီး "ဘော့စ် လုပ်ချင်တာသာလုပ်နေပါ ငါအခု အလုပ်ပြန်စရမယ်။"

"ရတာပေါ့"ကုနင်း ပြောလိုက်သည်။

ထို့နောက် ကုနင်းသည် ဇာတ်လိုက်သရုပ်ဆောင်များကိုတွေ့ရန်ထွက်သွားသည်။

ဇာတ်လိုက်သရုပ်ဆောင်အားလုံးတွင် မိတ်ကပ်ပြင်လို့ရသည့် ကိုယ်ပိုင်နားနေခန်းများရှိသည်။

မိတ်ကပ်ဆရာတစ်ဦးသည် လီမြောင်ကျားကို မိတ်ကပ်လိမ်းပေးရန်ပြင်နေချိန်တွင် ကျန်းရှောင်ယ ရောက်လာခဲ့သည်။

ခပ်ဝဝကောင်မလေးယန်ယန်သည် သူ့အား အေးစက်စွာကြည့်လိုက်သော်လည်း ဘာမှမပြောပေ။

လီမြောင်ကျားသည် ကျန်းရှောင်ယကို အပြည့်အဝလစ်လျူရှုထားသည်။

ကျန်းရှောင်ယသည် ဒေါသထွက်ကာ လီမြောင်ကျား၏ရှေ့ စူးစူးဝါးဝါးနှင့်မေးလိုက်သည်။ "လီမြောင်ကျား .. နင်ဒါကို ရည်ရွယ်ချက်ရှိရှိလုပ်ခဲ့တာလား.. နင်..ဒီနေ့ဘာလို့ဒီကိုလာတာလဲ.. ဒီဇာတ်ကောင်နေရာကို ဘာလို့ ငါ့ကိုပြိုင်ပြီးတော့တောင် လိုချင်နေရတာလဲ.. ငါ့ကို လက်စားချေနေတာလား.."

အလှပြင်ခန်းထဲရှိ တခြားလူများသည် အံ့သြပြီး သူတို့ကို လှည့်ကြည့်ကြသည်။

***

အပိုင်း 1289 ကျန်းရှောင်ယက လီမြောင်ကျားကိုမနာလိုနေတယ်

သူတို့သည် အမှန်တရားကိုမသိပေ။ ထို့ကြောင့် လီမြောင်ကျားက ကျန်းရှောင်ယ၏ဇာတ်ကောင်နေရာကို လုသည်ဟုထင်ကာ လီမြောင်ကျားကို ရွံရှာသည့်အကြည့်များဖြင့် ကြည့်ကြသည်။ ထိုအချင်းအရာသည် ဖျော်ဖြေရေးနယ်ပယ်တွင် အတွေ့ရများသော်လည်း လူတွေက ထိုအရာကို မုန်းကြသည်။

"ကျန်းရှောင်ယ.. နင် ..မြောင်ကျားကို နောက်ကွယ်မှာ.. ဘာလုပ်ခဲ့လဲ မမှတ်မိဘူးလား.. ဒါရိုက်တာကနင့်ကိုထုတ်လိုက်တာလေ.. ပြီးတော့ မြောင်ကျားကို တစ်စုံတစ်ယောက်က ဒါရိုက်တာ့ဆီမှာ ထောက်ခံပေးသွားတာ.." ယန်ယန် ပြန်၍ငြင်းဆိုလိုက်သည်။

လီမြောင်ကျား၏ဂုဏ်သတင်းသည် ကျန်းရှောင်ယ၏ စကားများကြောင့်ပျက်စီးသွားမည်ကို သူမကြောက်ရွံ့သည်။

လီမြောင်ကျားသည် လက်ရှိတွင် မကျော်ကြားသေးသော်လည်း အနာဂတ်တွင်ကျော်ကြားလာနိုင်သည်။

စင်စစ် လီမြောင်ကျားသည် ထင်ရှား လှပသော အသွင်အပြင်နှင့် ကောင်းမွန်သည့် သရုပ်ဆောင်စွမ်းရည်ရှိသည်။ ထို့ကြောင့် သူမသည် အားကောင်းသည့် ပံ့ပိုးသူနှင့်ကံသာရှိလျှင် Aအဆင့် သရုပ်ဆောင်တစ်ယောက်ဖြစ်ရန်မခက်ခဲပေ။

လီမြောင်ကျား နာမည်ကြီးလာသည်နှင့် ကျန်းရှောင်ယ၏စွပ်စွဲမှုသည် သူမအတွက် အမဲစက်တစ်ခုဖြစ်လာနိုင်သည်။

ထို့နောက် တခြားလူများသည် ကျန်းရှောင်ယကို ရွံရှာစွာကြည့်ကြသည်။ သူမသည် ဒါရိုက်တာမှတိုက်ရိုက် အလုပ်ထုတ်သည်ကိုခံရခြင်းဖြစ်သည်။ ထို့အပြင် လီမြောင်ကျားသည် တစုံတယောက်မှ ဒါရိုက်တာထံ ထောက်ခံပေးသွားခြင်းခံရသူဖြစ်သည်။ ထိုနှစ်ခုသည် အပြည့်အဝကွာခြားသည်။ ထို့ကြောင့် ကျန်းရှောင်ယအနေနှင့် လီမြောင်ကျားကိုအပြစ်မတင်သင့်ပေ။

"နင်.."ကျန်းရှောင်ယ စိတ်တိုသော်လည်း အမှန်တရားကို သူမ မငြင်းဆန်နိုင်ပေ။

"ပြီးတော့.. မြောင်ကျားက နင့်ကိုဘာလို့ လက်စားချေရမှာလဲ.. အကြောင်းအရင်းကို နင်အသိဆုံးမလား.."ယန်ယန် အော်ပြောလိုက်သည်။

ကျန်းရှောင်ယ၏ ညစ်ပတ်သည့်လုပ်ရပ်ကို သူတို့သုံးယောက်သာသိသည်။ အကယ်၍ တစ်ယောက်ယောက်သာ သိသွားခဲ့လျှင် ကျန်းရှောင်ယ၏ ဂုဏ်သတင်း ပျက်စီးသွားမှာဖြစ်ပြီး မည်သူမျှ သူမအား သရုပ်ဆောင်ရန်ခေါ်တော့မည်မဟုတ်ချေ။

အခန်းထဲရှိ တခြားလူများမှာ ရှုပ်ထွေးသွားသည်။

"ဗရုတ်သုတ်ခတွေ!"ကျန်းရှောင်ယ အနည်းငယ် ထိတ်လန့်သွားသည်။ သို့သော်ငြားလည်း သူမမည်သို့ပင်ငြင်းနေပါစေ သူမ၏ အမူအရာမှာ သက်သေပြနေသည်။

"ယန်ယန်..တော်ပြီ.. ငါအခု အလုပ်လုပ်ရတော့မယ်။" လီမြောင်ကျားသည် ယန်ယန်ကိုတားလိုက်သည်။ အဘယ့်ကြောင့်ဆိုသော် သူမသည် ရန်ဖြစ်ပြီး..အချိန်မဖြုန်းချင်၍ဖြစ်သည်။

ထို့ကြောင့်ယန်ယန် ပါးစပ်ပိတ်သွားသည်။

ကျန်းရှောင်ယသည် သူမ၏ ညစ်ပတ်သည့်လုပ်ရပ်ပေါ်သွားမည်စိုး၍ လီမြောင်ကျားကို နောက်ထပ်အပြစ်မတင်ရဲပေ။ ထို့ကြောင့် သူမ မကြာခင် ထွက်သွားခဲ့သည်။ သို့သော် သူမဝေး,ဝေးမသွားပဲ လီမြောင်ကျား၏သရုပ်ဆောင်မှုကိုကြည့်ချင်သေး၍ လူအုပ်ထဲတွင်ရပ်နေခဲ့သည်။

ကုနင်းသည် ထန်ရှောင်ရှောင် ၊ ဟန်လန်ရွှယ်၊ ပိုင်လင်းနှင့် စုထုံနျိုတို့ရှိသည့် နားနေခန်း နံပါတ် ၁ သို့သွားခဲ့သည်။

ကုနင်းသည် သူတို့၏ဘဝကိုပြောင်းလဲပေးခဲ့သူဖြစ်၍ ကုနင်းကိုတွေ့ရသည်ကို သူတို့အားလုံးဝမ်းသာကြသည်။

ထန်ရှောင်ရှောင်နှင့်စုထုံနျိုတို့သည် ကုနင်းအတွက် အလုပ်လုပ်ပေးနေပြီဖြစ်ပြီး ဟန်လန်ရွှယ် နှင့် ပိုင်လင်းတို့သည်လည်းမကြာမီ ပါဝင်လာမည်ဖြစ်သည်။ သူတို့သည် တစ်ဦးနှင့် တစ်ဦး ပေါင်းသင်းဆက်ဆံရေးကောင်းကြပြီး အချင်းချင်းတိုက်ခိုက်ရန် စိတ်မ၀င်စားကြပေ။

ကုနင်းသည် အပြင်ပန်းပုံစံရော အတွင်းစိတ်ပါလှသူများကိုသာ အလိုရှိသည်။ သူမ၏ ကုမ္ပဏီတွင် ညစ်ပတ်သည့်လှည့်ကွက်များ လုပ်ဆောင်သည့် လူများကိုအလိုမရှိပေ။

ထန်ရှောင်ရှောင်နှင့်စုထုံနျိုသည် လာမည့် အခန်းတွင်သရုပ်ဆောင်ရမည်ဖြစ်သည်။ သို့သော် လောလောလတ်လတ်ကရိုက်ကွင်းတွင်ဖြစ်ခဲ့သည့်ကိစ္စကြောင့် သူတို့ တော်တော်ကြာစောင့်ရန်လိုသေးသည်။ သူတို့သည် ထိုအချင်းအရာကို စိတ်အနှောက်အယှက်မဖြစ်သည့်အပြင် ပို၍ကြာကြာ နားနေခန်းတွင်နေရန်ဆန္ဒရှိသည်။ ထို့အပြင် သူတို့သည် ကုနင်းနှင့် စကားပြော၍လည်းရသေးသည်။

လီမြောင်ကျား သည် မိတ်ကပ်အလွန်အကျွံလိမ်းရန်မလိုအပ်သောကြောင့် နာရီဝက်အကြာတွင် သူမထွက်လာခဲ့သည်။ သူမဟာ လှပနေတာကြောင့် မိတ်ကပ်အနည်းငယ်သာ လိမ်းထားသော်လည်း အလွန် ဆွဲဆောင်မှုရှိသည်။

လီမြောင်ကျားသည် သူမ၏ အသွင်အပြင်ကို အလွန်ကျေနပ်နေသည်။

တစ်ဖက်တွင် ကျန်းရှောင်ယသည် လက်ရှိ လီမြောင်ကျားကို အလွန်မနာလိုဖြစ်နေသည်။ လီမြောင်ကျားသည် သူမထက် များစွာ ပိုလှကြောင်း ဝန်ခံရမည်ဖြစ်ပြီး ထိုအချက်သည် သူမ လီမြောင်ကျားကို မနာလိုဖြစ်ရသည့် အကြောင်းရင်းပင်။

ကုနင်းသည် ထန်ရှောင်ရှောင် အပါအဝင် ဧည့်ခန်းရှိ အခြားသရုပ်ဆောင်များနှင့် နာရီဝက်နီးပါး စကားပြောဆိုခဲ့သည်။

ရိုက်ကူးရေးစမည့်အချိန်တွင် လုယီချန်သည် သူမကို ရိုက်ကူးရေးကို ကြည့်ချင်လားဟု မေးလာသည်။

ကုနင်းသည် ထန်ရှောင်ရှောင် အပါအဝင် အခြားသရုပ်ဆောင်များနှင့်အတူ ထွက်လာခဲ့သည်။ လီမြောင်ကျားကို သူမကိုယ်တိုင်ထောက်ခံပေးခဲ့သည့်အတွက် သူမ၏ သရုပ်ဆောင်မှုကို သေချာပေါက်ကြည့်ရန်လိုအပ်သည်။

သူတို့အားလုံးသည် နာမည်ကြီး သရုပ်ဆောင်များဖြစ်သည့်အတွက် ပေါ်လာသည့် အချိန်တွင် ဧည့်သည်များ စိတ်လှုပ်ရှားကုန်ကြသည် အခြေခံအားဖြင့် သာမန်လူများအတွက် နာမည်ကြီးသရုပ်ဆောက်များကိုတွေ့ရန်မလွယ်ကူပေ။

ဇာတ်ရံများနှင့် ဇာတ်ပို့သရုပ်ဆောင်အချို့ကလည်း နာမည်ကြီးသရုပ်ဆောင်များနှင့် တွေ့ဆုံရန် မျှော်လင့်နေကြသည်။ တစ်ချိန်တည်းမှာပင် သူတို့သည် ကုနင်း မည်သူမည်ဝါဖြစ်သည်ကို သိလိုကြသည်။

ကုနင်း သည် ဒါရိုက်တာနှင့် အလွန်ရင်းနှီးပုံရပြီး ဇာတ်လိုက်သရုပ်ဆောင်များနှင့်အတူ တစ်ခန်းတည်း နေနိုင်ခဲ့သည်။ ထို့ကြောင့် သူမသည် သာမန်လူမဖြစ်နိုင်ပေ။

လီမြောင်ကျားသည် ကုနင်းကို ဇာတ်လိုက်သရုပ်ဆောင်များနှင့်အတူ ထွက်လာသည်ကိုမြင်၍ အံ့သြသွားသည်။ ကုနင်းသည် သာမာန်မိန်းကလေးမဟုတ်ကြောင်း ယခုမှသာ သူမ သဘောပေါက်သွားသည်။

"အိုး..အဲ့တာ ကုနတ်ဘုရားမ မလား? သူမကဒီမှာ ဘာလုပ်နေတာလဲ?" တစ်စုံတစ်ယောက်က ကုနင်းကို မှတ်မိကာ စိတ်လှုပ်ရှားစွာ အော်ပြောသည်။ သူမသည် ကုနင်း ၏ ပရိသတ်များထဲမှ တစ်ဦးဖြစ်ကြောင်း ထင်ရှားသည်။

"ငါအရမ်းစိတ်လှုပ်ရှားနေပြီ" ကောင်မလေး၏ သူငယ်ချင်းက ပြောသည်။

"ကုနတ်ဘုရားမ..ကုနတ်ဘုရားမကဘယ်သူလဲ?" တစ်စုံတစ်ယောက်က သူတို့ကို သိလိုစိတ်ပြင်းပြစွာမေးသည်။

***

အပိုင်း 1290 လီမြောင်ကျားဇာတ်ကောင်နေရာကိုရသွားတယ်..

"ထန်ရှောင်ရှောင်ရဲ့ဘေးက ဆံပင်မြှောက်စီးထားတဲ့ ကောင်မလေးလေ။" မိန်းကလေးတစ်ယောက်က သဘောကျစွာ ပြန်ဖြေသည်။

"ကုနတ်ဘုရားမ က သူ့ဓာတ်ပုံတွေထဲက ထက်တောင် ပိုလှတယ်။"

"ဟုတ်ပ ငါ အခု ချစ်မိနေပြီ"

"ခစ်..ခစ်...."

"သူမက ဘယ်သူလဲ..မင်း ..ဘာလို့ သူမကို ကုနတ်ဘုရားမ လို့ခေါ်တာလဲ?" နောက်ထပ်တစ်ယောက်ကမေးသည် "သူမကနာမည်ကြီးလား..ဘာလဲ?"

"သူမက နာမည်ကြီး မဟုတ်ပါဘူး.. ဒါပေမယ့် သူမက နာမည်ကြီးတွေ ထက်တောင်ပို လူကြိုက်များသေးတယ်။ သူမက ဖုန့်ဟွာအန်တာတိန်းမန့် ပိုင်ရှင်လေ ဒီဇာတ်ကားက ဖုန့်ဟွာအန်တာတိန်းမန့်ကရင်းနှီးမြှုပ်နှံထားတာ.."တစ်စုံတစ်ယောက်က ပြောလာသည်။ သူမသည် ကုနင်း ပရိသတ်ဖြစ်ပြီး ကုနင်းအတွက် ဂုဏ်ယူနေသည်။

"ဘာ..သူမက အရမ်းငယ်ပုံရတာကို..”

ကုနင်းဟာ ဖုန့်ဟွာအန်တာတိန်းမန့်ရဲ့ဘော့စ်ဖြစ်သည်ဆိုသည့်အချက်ကို လူအများ အံ့အားသင့်သွားကြသည်။

ကျန်းရှောင်ယလည်း ထိတ်လန့်တကြားဖြင့် မျက်လုံးများ ဝိုင်းစက်သွားသည်။ ဖုန့်ဟွာအန်တာတိန်းမန့်မှ ဘော့စ်က လီမြောင်ကျားကို ဒါရိုက်တာလုထံ လူကိုယ်တိုင် အကြံပြုထားသည်ဆိုသည့် အချက်ကို လက်ခံရန် သူမအတွက် အလွန်ခက်ခဲသည် လီမြောင်ကျား သည် သူမထက် များစွာကံကောင်းသည်။

ကျန်းရှောင်ယသည် ဤတစ်ကြိမ်တွင် တော်တော်လေး စိတ်ထိခိုက်သွားသည်။ အကယ်၍ ဖုန့်ဟွာအန်တာတိန်းမန့်၏ဘော့စ်သာ လီမြောင်ကျားကိုသဘောကျခဲ့လျှင် လီမြောင်ကျားသည် အနာဂတ်တွင် နာမည်ကြီးလာနိုင်သည်။

စင်စစ် နာမည်ကျော်ကြားမှုမရှိသေးသော သရုပ်ဆောင်များတွင် အောင်မြင်ကျော်ကြားသည့် ဖျော်ဖြေရေးကုမ္ပဏီများ၏ရွေးချယ်မှုကို ခံရသူများများစားစားမရှိပေ။ အဘယ်ကြောင့်ဆိုသော် သူတို့သည် စီးပွားရေးအရ တန်ဖိုးများများစားစား မရှိသောကြောင့်ဖြစ်သည်။ သူတို့အနေနှင့် အလုပ်ကိုကိုယ်တိုင်ရှာရသည်။

ကျန်းရှောင်ယသည်လည်း ဖျော်ဖြေရေးကုမ္ပဏီတစ်ခုနှင့် စာချုပ်ချုပ်ချင်သော်လည်း သူမတွင် အခွင့်အရေးမရှိခဲ့ပေ။ အခြားတစ်ဖက်တွင် လီမြောင်ကျားသည် သူမ၏ရှေ့တွင် ဖုန့်ဟွာအန်တာတိန်းမန့်၏ဘော့စ်ကိုယ်တိုင် ထောက်ခံပေးခြင်းကိုခံခဲ့ရသည်။

ဖုန့်ဟွာအန်တာတိန်းမန့်သည် ယခုလက်ရှိတွင် မကြီးမားသော်လည်း ၎င်းသည် ဖျော်ဖြေရေးနယ်ပယ်တွင် လူသိများသည့် ကုမ္ပဏီတစ်ခုဖြစ်သည်။

ထို့အပြင် ထန်ရှောင်ရှောင်သည် မကြာသေးမီကပင် ဖုန့်ဟွာအန်တာတိန်းမန့်နှင့် စာချုပ်ချုပ်ခဲ့သည်။

ထို့ကြောင့် ဖုန့်ဟွာအန်တာတိန်းမန့်တွင် တောက်ပသောအနာဂတ်တစ်ခုရှိနေသည်။

ကုနင်းအကြောင်းပြောနေကြသည့်အချိန်တွင် ဝန်ထမ်းတစ်ယောက်သည် လမ်းလျှောက်လာပြီး ပြောလိုက်သည် “တိတ်တိတ်နေကြတော့ ငါတို့ ဇာတ်လမ်းကိုစရိုက်တော့မယ်။"

ရိုက်ကူးရေးကိုကြည့်ရန်လာသည့်အတွက် သူတို့သည် စည်းမျဥ်းများကိုလိုက်နာရမည်။

စက္ကန့်ပိုင်းအတွင်းမှာပင်.. သူတို့အားလုံးတိတ်ဆိတ်သွားသည်။

ကုနင်းသည် လုကျန်းဘေးရှိ ကုလားထိုင်ပေါ်တွင် ဝင်ထိုင်လိုက်သည် ထန်ရှောင်ရှောင် နှင့် အခြားသရုပ်ဆောင်များက သူတို့၏နောက်တွင် ထိုင်ကြသည်။

ဧည့်သည်များသည် သူတို့နှင့် ခပ်ဝေးဝေးတွင် ရပ်နေသည့်အတွက် သူတို့၏ ဆွေးနွေးမှုများကို မကြားရပေ။

လီမြောင်ကျားသည် ကြိုးနှင့် လေထဲပျံဝဲခြင်းကို အရင်စမ်းကြည့်မည်ဖြစ်သည်။ အကယ်၍ သူမ ကောင်းကောင်းလုပ်နိုင်လျှင် ဤဇာတ်ကောင်နေရာကိုရလိမ့်မည်။

သူမသည် အက်ရှင်ကားများတွင် ဇာတ်ကောင်နေရာတော်တော်များများ ပါဝင်သရုပ်ဆောင်ထားဖူး၍ ကြိုးနှင့် လေထဲပျံဝဲခြင်းကို ကျင့်သားရနေသည်။

ကင်မရာများဖွင့်လိုက်သည်နှင့် တပြိုင်နက် လီမြောင်ကျား စတင်သရုပ်ဆောင်တော့သည်။ လေထဲရှိ သူမ၏ လှုပ်ရှားမှုများမှာ ပြီးပြည့်စုံမနေသော်လည်း သူမသည် ဤဇာတ်ကွက်ကို ကောင်းမွန်စွာ အပြီးသတ်ခဲ့သည်။ ထို့နောက် တခြားသရုပ်ဆောင်နှင့်အတူ ခေတ္တသရုပ်ဆောင်ခဲ့သည်။

သူမ၏လှုပ်ရှားမှုနှင့်မျက်နှာအမူအရာများမှာ ကျွမ်းကျင်နေပြီး တဖက် သရုပ်ဆောင်ထက်ပင် အနည်းငယ် ကျော်လွန်နေသည်။

လုကျန်းသည် လီမြောင်ကျား၏တင်ဆက်မှုကို ကြည့်ပြီးနောက် ကျေနပ်စွာ ခေါင်းညိတ်သည်။

ကင်မရာများပိတ်သွားသည်နှင့် လီမြောင်ကျားသည် ပုံမှန်အတိုင်း ပြန်လည်ရောက်ရှိသွားခဲ့သည်။

"အရမ်းကောင်းတယ်..င ါတို့ အတူ သရုပ်မဆောင်ခင်.. မင်းအရင်ဆုံး စာချုပ်ချုပ်နိုင်တယ်။"လုကျန်း ပြောလိုက်သည်။

ထိုစကားကိုကြားသော် ကျန်းရှောင်ယသည် မနာလိုမှုများပြည့်နှက်လာသည်။ စင်စစ် သူမ ဒီမှာဆက်နေနေလျှင် သူမစိတ်ပျက်ရလိမ့်မည်။ သို့သော် လီမြောင်ကျားကို အာရုံမစိုက်ပဲမနေနိုင်ချေ။ သူမ ဤတစ်ကြိမ်ဇာတ်ကောင်နေရာကို ဆုံးရှုံးခဲ့ရလျှင်ပင် သူမသရုပ်ဆောင်ခြင်းလက်မလျှော့ပေ။ ထိုအစား သူမသည် ပိုမို ကြိုးစားပြီး လီမြောင်ကျား ကို ကျော်နိုင်ရန် စိတ်ပိုင်းဖြတ်ထားသည် ။

သူမသည် လီမြောင်ကျား သူမထက်ပို၍ အောင်မြင်ကျော်ကြားမည်ကိုမလိုလားပေ။ သူမသည် လီမြောင်ကျား ထက်ပိုကျော်ကြားရန် အရာအားလုံးကိုလုပ်နိုင်သည်။

မနာလိုစိတ်က သူမကို အမှန်တကယ် ရုပ်ဆိုးစေသည်။

လီမြောင်ကျား သည် လုကျန်း၏ ချီးကျူးစကားကို ကြားသောအခါ လုကျန်းကို ထပ်ခါတလဲလဲ ကျေးဇူးတင်လိုက်သည်။ ကုနင်းကိုလည်း ကျေးဇူးတင်ဖို့ရန် မမေ့ပေ။ "ကျေးဇူးအများကြီးတင်ပါတယ် မစ္စကု။"

"ရပါတယ်။ ငါ မင်းကို ယုံကြည်တယ်။" လို့ ကုနင်းက သူမကို အားပေးစကားပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ်။” လီမြောင်ကျား ပြုံးလိုက်သည်။

ထို့နောက် လီမြောင်ကျားသည် စာချုပ်ကို ဖတ်ရန်ထွက်ခွာသွားသည်။

"ဒီမိန်းကလေးက အလားအလာရှိတယ်လို့ ငါထင်တယ်။" ဟု ထန်ရှောင်ရှောင်က ပြောသည်။

"ဟုတ်တယ်.. အလားအလာရှိတဲ့ ဇာတ်ကောင်နေရာတချို့ကိုရရင် မကြာခင်ပဲ နာမည်ကြီးလာနိုင်တယ်.."လုကျန်း က ပြောသည်။

လုကျန်းသည် အတွေ့အကြုံရင့် ဒါရိုက်တာတစ်ဦးဖြစ်သောကြောင့် သူ၏ရွေးချယ်မှုအပေါ် ယုံကြည်မှုအပြည့်ရှိသည်။ လီမြောင်ကျား သည် ထိုဇာတ်လိုက်သရုပ်ဆောင်များနှင့် မနှိုင်းယှဉ်နိုင်သော်လည်း သရုပ်ဆောင်အသစ်များကြားတွင် သူမသည် အလွန်ထူးချွန်သူဖြစ်သည်။

သရုပ်ဆောင်တစ်ယောက်အတွက် လုကျန်း ချီးကျူးမှုကို ရရှိရန် မလွယ်ကူပေ။

“မင်းတို့အားလုံးက သူ့ကို အထင်ကြီးတယ်ဆိုရင် သူ့ကို ပိုပြီးအာရုံစိုက်ပေးပါ။ သူသာတကယ်ကောင်းတဲ့ မင်းသမီးတစ်ယောက်ဆိုရင် ငါ သူနဲ့ စာချုပ်ချုပ်ဖို့ စဉ်းစားမှာပါ။” ဟု ကုနင်းက ဆိုသည်

သူမသည် လီမြောင်ကျားအပေါ်တွင် ကောင်းမွန်သည့်အမြင်ရှိပြီး စာချုပ်ချုပ်လိုစိတ်ရှိသည်။ သူမသည် နာမည်ကြီးသရုပ်ဆောင်တွေနဲ့ ယှဉ်လျှင် အရည်အချင်းရှိသည့် သရုပ်ဆောင်အသစ်များကို ရှာဖွေရသည်ကို ပိုသဘောကျသည်။

***

စာစဉ် ၈၃ ပြီး၏။

All Chapters