← Chapters

အခန်း (၁၁၁)

Vol. 8 Ch. 111

အခန်း (၁၁၁)

Vol. 8 Ch. 111

သခင်ကြီး ကျီက သူ့သားကို သနားညှာတာတာ မရှိပေ။ သူစတစ်ကာကို ကပ်ရင်းနဲ့ သူ့ကို လှောင်ပြောင်ခဲ့သည်။ "မင်းနှာခေါင်းအောက်မှာ တစ်ခုကပ်လိုက်မယ်။ အသက်ရှူထုတ်လိုက်တဲ့အခါကျရင် စတစ်ကာ လွင့်နေအောင် ”

ကျီလင်းချန်က သူ့အဖေအရင်းကို ကြည့်ကာ ပြောစရာစကားမရှိဖြစ်နေသည်။

ဖန့်ရှောင်နွမ်က သူမယောကျ်ားရဲ့ ချောမောသောမျက်နှာကို ဘေးဘက်မှ စေ့စေ့ကြည့်ကာ သဘောကျနေခဲ့သည်။ သူက ဘယ်ဘက်ကနေကြည့်ကြည့် အရမ်းချောတယ်။ သူမ ဘယ်မှာ ကပ်ရမလဲ။ ရုတ်တရက် ခင်ပွန်းသည်၏ အကြည့်ကို တွေ့လိုက်ရသည်။ သူမ နှလုံးခုန်သံက ချက်ချင်း ရပ်တန့်သွားသည်။ ခင်ပွန်းဖြစ်သူ၏မျက်လုံးထဲမှာ နူးညံ့သိမ်မွေ့မှုက ကြီးမားကျယ်ပြန့်သော သမုဒ္ဒရာတစ်ခုလိုပင်။ သူမ အဲဒီထဲမှာနစ်နေခဲ့သည်။

သူမ ခင်ပွန်းဖြစ်သူရဲ့ လှည့်ဖြားခြင်းကို ခံခဲ့ရပြီး သူမ ရှိနေတဲ့အရပ်ကို လုံးဝမေ့သွားခဲ့သည်။

"ဟေး ရှောင်နွမ်၊ မင်း ဘာအတွက် ရပ်နေတာလဲ။ အမြန်လာပြီး စတစ်ကာကပ်ဖို့ နေရာရှာလေ။ ပြီးရင် ငါတို့ ဆက်ကစားလို့ရပြီ ” သခင်ကြီး ကျီက တိုက်တွန်းလိုက်သည်။ သူနိုင်ပွဲရလို့ အရမ်းပျော်နေပြီး အဲဒီလူယုတ်မာနဲ့ နောက်ထပ်အချီမှာ အနိုင်ရဖို့အတွက် သူ့ရဲ့ကံကောင်းမှုကို အခွင့်ကောင်းယူချင်ခဲ့သည်။

"ကြည့်လို့ဝပြီလား" ကျီလင်းချန်က တိုးလျတဲ့ အသံဖြင့် ပြောလိုက်သည်၊ သူ့နှုတ်ခမ်းထောင့်တွေက အပြုံးကို ဆုပ်ကိုင်ထားဆဲပင်။

ဖန့်ရှောင်နွမ် အာရုံတွေပြန်ရလာပြီး သူ့ကိုယ်သူ ဆူငေါက်ခဲ့သည်။ 'အိုးမိုင်ဂေါ့၊ အခု ငါ့ယောကျ်ားကို ကြည့်ရတာ စိတ်အားထက်သန်နေတယ်။ အဲ့စကားသာထွက်လာရင် လူတွေ ငါ့ကို ရယ်ကြလိမ့်မယ်။'

နောက်ဆုံးမှာ သူမယောကျ်ားရဲ့ မျက်နှာပေါ် စတစ်ကာကို ပေါ့ပေါ့ပါးပါး ကပ်ခဲ့သည်။ ထိုင်ခုံသို့ပြန်သွားသောအခါတွင် သူမရဲ့မျက်နှာက အနည်းငယ်နီနေခဲ့သည်။ တစ်ချိန်တည်းမှာပင် သူမက မုန့်စားကာ ကတ်တွေကို ဆက်ကစားခဲ့သည်။

ကျီလင်းချန် ပြောလိုက်သည်။ "ဟုတ်ပြီ၊ လေး"

သခင်ကြီး ကျီ ပြောလိုက်သည်။ "ဟုတ်ပြီ၊ နှစ် "

ကျီလင်းချန် ပြောလိုက်သည်။ “အဖေ ဘာလို့ မလုပ်...…”

သခင်ကြီး ကျီ ဂုဏ်ယူစွာနဲ့ပြောလိုက်သည်။ “ဟားဟား ၊ မင်း တန်ပြန်နိုင်မှာမဟုတ်ဘူးဆိုတာ ငါသိတယ်။ King သုံးချပ်ပ်နဲ့ ၂ ငါးချပ် ”

ကျီလင်းချန်က ချက်ချင်းဆိုသလို သူ့ကတ်တွေကို ချပြီး ပြောလိုက်သည်။ "နိုင်ပြီ"

ဖန့်ရှောင်နွမ်က ချက်ခြင်းဆိုသလို သူမစားနေတဲ့ အာလူးကြော်တွေကို စိတ်ဝင်စားမှု ပျောက်ဆုံးသွားခဲ့သည်။ သူ ကတ်လေးတစ်ခုတည်းကို မကစားဘဲ အနိုင်ရမှာလား။ ဒီတစ်ခါတော့ သူမ ကတ်ပြားတွေကို ထိလိုက်သည်။

"အဖေ၊ အဖေ အရမ်းတော်တာပဲ။ ကျွန်မလည်း ကစားပါရစေ။ ကျွန်မကို တစ်ခုခုလုပ်ခိုင်းလိုက်" ဖန့်ရှောင်နွမ် နှိုးဆော်လိုက်သည်။

သခင်ကြီး ကျီရဲ့ သူ့ချွေးမအပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာက တခဏချင်း ကြီးထွားလာခဲ့သည်။ သူ ပြုံးပြီးပြောလိုက်သည်။ "ကောင်းပြီ၊ မင်းကို ဖဲကစားဖို့ အခွင့်အရေးတစ်ခုပေးမယ်။ ဘုရင်မ "

ဖန့်ရှောင်နွမ်က သူမလက်ထဲက ကတ်ပြားတွေကို ကြည့်ပြီး အကူအညီမဲ့စွာ ပြောလိုက်သည်။ “ကျွန်မ မလုပ်နိုင်ဘူး…”

သခင်ကြီး ကျီက အထင်အမြင်သေးစွာ ပြောလိုက်သည်။ “မင်း ဘာကတ်တွေ ကစားဖူးလဲ။ ထပ်မကစားတော့နဲ့။ ငါနိုင်တော့မယ်။"

ထိုစကားကိုပြောပြီးနောက် သခင်ကြီး ကျီက သူ့လက်ထဲမှ ကတ်များကို ကုတင်ပေါ်သို့ ပစ်လိုက်သည်။ "တန်းသွားပြန်ပြီ ဟားဟားဟား!"

ဖန့်ရှောင်နွမ်က မေးထောက်ပြီး မှုန်ကုပ်ကုပ်ကြည့်နေသည်။ ဒီကတ်တွေမှာ တစ်ခုခုတော့ မှားနေပြီ။ တစ်ခုခု မှားနေတာပဲဖြစ်ရမယ်။ မဟုတ်ရင် သူမယောက္ခထီးရဲ့ ကတ်တွေက ဘာကြောင့် ဒီလောက်ကောင်းနေမှာလဲ။ ဒါကိုတွေးပြီး မျက်လုံးတွေကို မှေးရင်း ကတ်တွေကို မွှေနေတဲ့ သူမယောကျ်ားကို ကြည့်လိုက်သည်။ သူကတ်တွေကို လက်ဆော့ထားတာများလား။ အဲ့တာပဲဖြစ်ရမယ်! သူမ ယောက္ခထီးကို တမင်တကာ အနိုင်ပေးဖို့ ခွင့်ပြုထားရင်တောင်မှ ဒီလိုကောင်းတဲ့ ကတ်ပြားတွေကို အကြိမ်တိုင်း ရရှိဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ကတ်တွေကို မွှေနေတဲ့အချိန်မှာ လက်ဆော့ထားတာပဲဖြစ်ရမည်။

ဖန့်ရှောင်နွမ်က ကတ်များကို မွှေနေတဲ့ ယောကျ်ားဖြစ်သူ့လက်တွေကို ဂရုတစိုက်ကြည့်ရှုခဲ့သော်လည်း အချိန်အတော်ကြာအောင် ရှာဖွေပြီးနောက်တွင် သူမ ဘာကိုမှ မမြင်ရသေးပေ။

"ယောကျ်ား၊ ကျွန်မကို ကတ်တွေပေးမွှေပါလား" ဖန့်ရှောင်နွမ်ပြောလိုက်ပြီး ကတ်တွေကို ကိုင်ဖို့ လက်လှမ်းလိုက်သည်။

ကျီလင်းချန် မျက်ခုံးပင့်လိုက်သည်။ သူ့မိန်းမက တကယ်ထက်မြက်တာပဲ။ သူမက သူ့ရဲ့လှည့်စားမှုကို ခန့်မှန်းမိခဲ့သည်။

ကျီလင်းချန်က သူ့မိန်းမဆီ ကတ်တွေကို လှမ်းပေးပြီး မေးလိုက်သည်။ “ဖဲကုလားဖန်ထိုးနည်းကိုသိလား”

"မသိဘူး၊ ကျွန်မကတ်တွေကို မွှေစရာမလိုဘူး" ဖန့်ရှောင်နွမ် ဒေါသထွက်ကာ ပြောလိုက်သည်။

ကျီလင်းချန် က တခြားဘာမှ မပြောပေ။ အဲဒီအစား သူက စားလက်စ တစ်ဝက်ကျန်နေတဲ့ အာလူးကြော်ထုပ်ကို ကောက်ယူပြီး အနည်းငယ်စားလိုက်သည်။ သူ ဘီယာဘူးကိုဖွင့်ပြီး တစ်ငုံသောက်လိုက်သည်။ ဘီယာက အေးအေးလေးဆိုတော့ အရသာရှိသည်။ အရသာတကယ်ကောင်းသည်။

ဖန့်ရှောင်နွမ်က ကတ်တွေကို ကုလားဖန်ထိုးရန် အဆင်သင့်ဖြစ်နေကာ ပါးစပ်ထဲက အာလူးကြော်ကိုလည်းတမြုံ့မြုံ့ဝါးနေသည်။ နောက်တော့ သူမရဲ့ယောကျ်ား ဘီယာသောက်နေတာကို တွေ့လိုက်ရသည်။ သူမက ချွဲတဲ့အသံနဲ့ပြောလိုက်သည်။ "ယောကျ်ား၊ ကျွန်မ တစ်ငုံလောက်သောက်ပါရစေ"

ကျီလင်းချန်က သူမပြောတာကို မကြားချင်ယောင်ဆောင်ကာ လျစ်လျူရှုခဲ့သည်။

ဖန့်ရှောင်နွမ် ထပ်ပြီးချွဲခဲ့သည်။ “ကျေးဇူးပြုပြီး၊ တစ်ငုံလောက်ပဲလေ ယောကျ်ား၊ နဲနဲလောက်ပဲ သောက်မယ်။ မုန့်တွေစားပြီး ရေဆာနေလို့ပါ"

ကျီလင်းချန်က ဘီယာကို ကူကယ်ရာမဲ့ လွှဲပေးကာ ပြောလိုက်သည်။ "တစ်ငုံပဲနော်"

ဖန့်ရှောင်နွမ်က သူမရဲ့ လက်သေးသေးလေး နှစ်ဖက်နဲ့ ဘီယာကို ကိုင်ကာ သူမရဲ့ပါးစပ်ဆီ ယူဆောင်လာခဲ့သည်။ ခေါင်းကို မော့ပြီး သောက်လိုက်သည်။

ကျီလင်းချန်က သူ့မိန်းမကို နမ်းခဲ့တာကို စိတ်ကူးယဥ်နေချိန်မှာပဲ သူ့မိန်းမက လေချဥ်တပ်ပြီး ပြောတာကို သူကြားလိုက်ရသည်။ "ယောကျ်ား၊ ကျွန်မ ဘီယာတွေအကုန်လုံး မတော်တဆ သောက်မိသွားပြီ"

ဘူးရဲ့တစ်ဝက်ကျော်ကို တစ်ကြိမ်တည်း သောက်ခဲ့တဲ့ ဖန့်ရှောင်နွမ်က ကျီလင်းချန်ကို မလုံမလဲတဲ့စိတ်ဖြင့် ကြည့်နေလေသည်။

ကျီလင်းချန် ပြောစရာစကားမဲ့သွားသည်။ သူမ ဒါကို ဘယ်လိုလုပ် မတော်တဆ သောက်မိခဲ့တာလဲ။ သူမ ရည်ရွယ်ချက်ရှိရှိ လုပ်လိုက်တာ သိသာတယ်။ ဒါပေမယ့်လည်း ဇနီး၏ အပြစ်ကင်းစင်တဲ့ မျက်လုံးကြီးတွေကို ကြည့်ပြီး သူ့ရဲ့ ဆူပွက်နေတဲ့ ဒေါသအားလုံးကိုသာ ထိန်းထားခဲ့သည်။ သူ ဘာလုပ်နိုင်မှာလဲ။ သူမကို အပြစ်တင်ဖို့ သူမခံနိုင်တော့ဘူး ဒါကြောင့် သူ အဲ့တာကိုသာသည်းခံထားခဲ့သည်။

အဲဒီနောက် ကျီလင်းချန်က ဖန့်ရှောင်နွမ်ကို ဘီယာမသောက်ခိုင်းတော့ပေ ဖန့်ရှောင်နွမ်ကို မုန့်တွေစားဖို့ပဲ ခွင့်ပြုထားသည်။ ကျီလင်းချန်က ကျန်နေတဲ့ ဘီယာကို သောက်လိုက်သည်။ သခင်ကြီးကျီက ဖဲဂိမ်းတိုင်းကို အနိုင်ရခဲ့သည်။

ခဏအကြာတွင် သူနာပြုဆရာမလေးက သူ့ရဲ့သွေးပေါင်ချိန်ကို ထပ်မံစစ်ဆေးရန် ရောက်ရှိလာပြီး သခင်ကြီး ကျီရဲ့ သွေးပေါင်ချိန်က မြင့်နေသေးကြောင်း တွေ့ရှိခဲ့သည်။

ဖန့်ရှောင်နွမ် ပြောလိုက်သည်။ "အဖေ ပွဲတွေအများကြီး နိုင်နေခဲ့တာကို ဘာလို့ သူ့သွေးပေါင်ချိန်က မြင့်နေသေးတာလဲ။"

သူနာပြုဆရာမလေးက အကူအညီမဲ့စွာ ရှင်းပြလိုက်သည်။ “စိတ်ခံစားမှုလွန်ကဲတာက သွေးပေါင်ချိန်တက်စေတယ်”

လင်မယားနှစ်ယောက်စလုံး ပြောစရာစကားမဲ့သွားကြသည်။ သူတို့ ရှုံးလည်းမရှုံးသလို နိုင်လည်း မနိုင်ဘူး။

သူတို့လည်း မုန့်တွေကော ဘီယာတွေကော စားသောက်လို့ပြီးသွားကြပြီ။ ဖန့်ရှောင်နွမ် သူမရဲ့ကတ်ပြားတွေကို အောက်ချလိုက်သည်။ "ကျွန်မ ထပ်မကစားတော့ဘူး!"

All Chapters