← Chapters

အခန်း (၁၁၃)

Vol. 8 Ch. 113

အခန်း (၁၁၃)

Vol. 8 Ch. 113

ကျီလင်းချန်က သူ့ဇနီး သူ့ကို ဒီလိုကြည့်နေတာကြောင့် စိတ်လှုပ်ရှားသွားသည်။ သူ အရမ်းကိုမှ သေးငယ်တဲ့ အရာတစ်ခုကိုပဲ လုပ်ခဲ့တာပါ။ သူ့မိန်းမ ဘယ်လောက်ထိ ထိမိသွားစေတာလဲ။ သူ အပူထိန်းခွက်ထဲကရေကို မှုတ်ပြီး ပြောလိုက်သည်။ " ရှောင်နွမ်၊ ဆေးအရင်သောက်လိုက်နော်။ လိမ္မာတယ် ”

ဖန့်ရှောင်နွမ် နာခံစွာဖြင့် ပါးစပ်ဟလိုက်သည်။ ကျီလင်းချန်က ဆေးကို ပါးစပ်ထဲ ထည့်ပေးလိုက်ပြီး ရေနွေးကို သူမဆီ ပေးလိုက်သည်။ သူ ပြောလိုက်သည်။ “လှဲနေလိုက်။ ကိုယ် ရေနွေးသွားယူလိုက်ဦးမယ်"

ဖန့်ရှောင်နွမ် ဆေးသောက်ပြီးနောက် သူမ ဆိုဖာပေါ်တွင် နာခံစွာ လှဲနေလိုက်သည်။ သူမ၏ ရာသီလာတာက သူမ၏ စိတ်ခံစားမှုများကို အပြောင်းအလဲ ဖြစ်စေနိုင်သည်။ ထိုအခိုက်အတန့်တွင် သူမ မျက်ရည်များဝဲလာသည်။

ခဏအကြာတွင် ကျီလင်းချန် ပြန်ရောက်လာသည်။ သူနာပြုဆရာမထံမှ ရေနွေးအိတ်ကို ငှားလာပြီး ရေနွေးဖြည့်ခဲ့သည်။ သူ အဲ့တာကို ရှာကြည့်ထားသည်။ ရာသီလာစဉ် ဗိုက်အောင့်ရင် ရေနွေးများများသောက်ပြီး ဗိုက်ကိုနွေးစေရန် အနွေးအိတ်များ သုံးသင့်သည်ဟု အင်တာနက်က ဆိုထားသည်။ ဘီယာအေးနဲ့ စပ်တဲ့အစာတွေလိုမျိုး အေးစေတဲ့အရာတွေနဲ့ နှိုးဆွလွန်းတဲ့ အစားအစာများကို မထိသင့်ပေ။

သူ သူ့မိန်းမဘေးမှာထိုင်ပြီး ရေနွေးအိတ်ကို သူမရဲ့ဝမ်းဗိုက်အောက်ပိုင်းပေါ် ညင်သာစွာ တင်ပေးလိုက်သည်။

သူမရဲ့ယောကျ်ားက အရမ်းအာရုံစိုက်ပေးတာကြောင့် ဖန့်ရှောင်နွမ်ရဲ့မျက်နှာက အလွန်နီရဲသွားခဲ့သည်။ သူမကို စိုက်ကြည့်နေတဲ့ မျက်လုံးတစ်စုံကို သူမ ခံစားနိုင်သော်လည်း သူ့ကိုကြည့်ဖို့ ခေါင်းမထောင်ရဲပေ။

ကျီလင်းချန်က သူ့မိန်းမကို ကူပြီးရေနွေးအိတ်ကို ကိုင်ပေးခဲ့သည်။ ၎င်းရှိ ရေနွေးက လျင်မြန်စွာ အကျိုးသက်ရောက်သွားပြီး ဖန့်ရှောင်နွမ် အရမ်းသက်သာနေပြီဖြစ်သည်။

ကျီလင်းချန်က သူ့ဘေးနားရှိ စောင်ကိုယူကာ လက်တစ်ဖက်ဖြင့် ဖြန့်ပြီး သူ့မိန်းမကို ခြုံပေးလိုက်သည်။

ဖန့်ရှောင်နွမ်က နာကျင်မှုကို နည်းနည်းလေးမှ ဂရုမစိုက်နိုင်ခဲ့ပေ။ ခင်ပွန်းဖြစ်သူ၏ ပြုစုစောင့်ရှောက်ခြင်းကို ကျေနပ်အားရမှုဖြင့် သူမကို ဖြည့်ဆည်းပေးနေခဲ့သည်။

"ရှောင်နွမ်၊ ဒီနေ့ မင်းရာသီလာမယ်ဆိုတာကို မသိဘူးလား။" ကျီလင်းချန် ညင်သာစွာ မေးလိုက်သည်။

ဖန့်ရှောင်နွမ်က သူမရဲ့ နှုတ်ခမ်းကိုဖိကာ ခေါင်းညိတ်ပြလိုက်သည်။ "နေ့ကို ကျွန်မအမြဲမေ့တယ်"

ကျီလင်းချန် ပြောလိုက်သည်။ “၂၀ ရက်နေ့။ ရေခဲမုန့်စားတာ၊ အေးခဲထားတဲ့ဟာတွေ သောက်တာ ပြီးတော့ အိမ်ပြန်ရင်မင်းကို မုန့်တွေမစားခိုင်းတော့ဘူးဆိုတာ မှတ်ထားရမယ်။ လောလောဆယ်မှာ အဲ့တာတွေ မစားနဲ့။ ရက်အနည်းငယ်ကြာမှ ပြန်စား "

ဖန့်ရှောင်နွမ် နာခံစွာ ခေါင်းညိတ်လိုက်သည်။ အခုချိန် သူမ အရမ်းနာကျင်နေတော့ မုန့်စားချင်စိတ်မရှိတော့ပေ။ လတိုင်း သူမက ရာသီလာမည့်နေ့ကို မေ့နေတတ်သည်။ ရာသီမလာခင်မှာ အေးခဲထားတဲ့ဟာတွေကို သူမအမြဲသောက်ချင်နေတာ။ အဲ့တာက တကယ်ကို မှတ်မိဖို့ ခက်သည်။ နာကျင်ကိုက်ခဲနေချိန်မှသာလျှင် ဤအရာများကို မစားဘူး ကျိန်ဆိုခဲ့သည်။ ရာသီလာပြီးနောက် ရာသီလာလို့ ဗိုက်အောင့်တဲ့ဝေဒနာကို လုံးလုံးမေ့သွားတတ်သည်။

အကိုက်အခဲ ပျောက်ဆေးတွေနဲ့ ရေနွေးအိတ်၏ ပေါင်းစပ် အကျိုးသက်ရောက်မှုအောက်တွင် ဖန့်ရှောင်နွမ် အိပ်ပျော်သွားခဲ့သည်။ သူမ၏ခေါင်းက ကျီလင်းချန် ၏ ပေါင်ပေါ်တွင်ရှိခဲ့သည်။ ကျီလင်းချန်က သူမရဲ့ မျက်နှာလေးကို ညင်သာစွာ ပွတ်သပ်ပေးနေသည်။ သူမ တကယ်ကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေခဲ့သည်။

အများအားဖြင့် ဆူညံအောင် လုပ်တတ်တဲ့လူလေးက အခု အမှန်တကယ်ပင် တိတ်ဆိတ်နေသည်။ သူက လူနာခန်းထဲမှာမအိပ်နေတဲ့ တစ်ဦးတည်းသောသူသာဖြစ်သည်။ အပြင်ဘက်မှာ ပိုးမွှားတွေ ငှက်တွေ တေးဆိုနေတာ မရှိကြပေ။ သူက ဤအခိုက်အတန့်ကို အခွင့်ကောင်းယူကာ ညင်သာစွာ ငုံ့ကာ သူ့ဇနီး၏ နူးညံ့တဲ့ နှုတ်ခမ်းတွေကို နမ်းလိုက်သည်။

"ကိုယ် မင်းကို ပိုပိုပြီး သဘောကျလာပုံရတယ်..." လို့ ကျီလင်းချန် တိုးတိုးလေးပြောလိုက်သည်။

…

နောက်တစ်နေ့တွင် မြို့တော်ဝန် ကျီနဲ့ ဖန်ချီတို့ နံနက်စောစော၌ ဆေးရုံသို့ ရောက်လာခဲ့ကြသည်။ ဖန်ချီက ဆိုဖာပေါ်ရှိ ဖန့်ရှောင်နွမ်ကို နှိုးလိုက်ပြီး နှစ်ယောက်လုံးကို အိမ်ပြန်ပြီးအနားယူဖို့ ပြောခဲ့သည်။

ကျီဝမ် လည်း ရောက်လာသည်။ အားနည်းနေတဲ့ ဖန့်ရှောင်နွမ် ကိုမြင်ပြီး သူမကို စနောက်ခဲ့သည်။ "မနေ့ညက မင်းတို့နှစ်ယောက် ဘာလုပ်ခဲ့တာလဲ။ မင်းက ဘာလို့အရမ်းပင်ပန်းနေရတာလဲ"

ဖန့်ရှောင်နွမ်၏ မျက်နှာက ဖြူဖျော့နေပြီး သူမမှာ ပြန် ဖြေရန် ခွန်အားမရှိပေ။ အကိုက်အခဲပျောက်ဆေးက အချိန်ကြာလာတော့ အာနိသင်ပြယ်သွားပြီး သူမ ဗိုက်ပြန်အောင့်လာသည်။

ကျီလင်းချန် ပြောလိုက်သည်။ "မင်းအဒေါ် နေမကောင်းဘူး"

ကျီဝမ် စိုးရိမ်တကြီးမေးလိုက်သည်။ “ဘာဖြစ်လို့လဲ၊ ဘယ်နားနာနေလို့လဲ"

ဖန့်ရှောင်နွမ် ခက်ခက်ခဲခဲ ပြောခဲ့သည်။ “ဘာမှ မဟုတ်ပါဘူး။ အဲ့တာက ပုံမှန်ပါပဲ”

ကျီဝမ်က ဘာတွေဖြစ်နေတယ်ဆိုတာကို ချက်ချင်း သဘောပေါက်သွားသည်။ သူ အမြန်ပြောလိုက်သည်။ “နောက်ရက်အနည်းငယ်အတွက် ငါ မင်းရဲ့စိတ်ခွန်အားကို အားပေးနေမယ်။ ကံကောင်းပါစေ!" သူစကားပြောပြီးတော့ အားတက်စေတဲ့ အမူအရာမျိုး လုပ်ပြခဲ့သည်။

ကျီလင်းချန် မျက်မှောင်ကြုတ်လိုက်သည်။ သူ့တူနဲ့ သူ့ဇနီးကို အကဲခတ်ကြည့်နေသည်။ ဇနီးဖြစ်သူက 'ပုံမှန်ပါပဲ' လို့ပဲပြောလိုက်တာကို သူ့တူဖြစ်တဲ့သူက အခြေအနေကို ဘာကြောင့် ချက်ချင်းနားလည်သွားရတာလဲ။ သူ ဘာကြောင့် အချိန်မီ မတုံ့ပြန်နိုင်ခဲ့တာလဲ။ သူတို့ အရင်က ဒီအကြောင်းအရာကို မကြာခဏ ပြောဖူးကြလို့လား။ သူ့မိန်းမက သူ့ရဲ့တူကို ဒီလိုကိုယ်ရေးကိုယ်တာကိစ္စတွေကို ဘာကြောင့်ပြောပြရတာလဲ။

ကျီလင်းချန်က သူ့ရဲ့ စိတ်ကူးစိတ်သန်းတွေကို အရိုင်းဆန်စွာ လွှတ်ထားပြီးနောက် သဝန်တိုတဲ့စိတ်ဖြင့် အဆုံးသတ်သွားခဲ့သည်။ ဘာပဲဖြစ်ဖြစ် သူ့အစ်ကိုနဲ့ သူမရီးက ဒီမှာ ရောက်နေပြီ။ သူ့မိန်းမကို တတ်နိုင်သမျှ အိမ်ပြန်ခေါ်သွားရမယ်။

အပြန်လမ်းတွင် ကျီလင်းချန်က ရည်ရွယ်ချက်ရှိရှိ သို့မဟုတ် မရည်ရွယ်ဘဲ မေးခဲ့သည်။ "ရှောင်နွမ်၊ မင်းနဲ့ ကျီဝမ်တို့က ဆက်ဆံရေးကောင်းတယ်နော် ဟုတ်တယ်မလား။ မင်း ကိစ္စတွေအားလုံးကို သူ့ကိုပြောပြလား။"

ဖန့်ရှောင်နွမ် ခေါင်းညိတ်လိုက်သည်။ သူမယောကျ်ားရဲ့အပြုအမူတွေက ထူးဆန်းတယ်လို့ သူမ မထင်ခဲ့မိပေ။ သူမ အရမ်းနာကျင်နေတော့ တခြားဘာမှ စဉ်းစားဖို့ အချိန်မရှိခဲ့ချေ။

ကျီလင်းချန် မျက်မှောင်ကြုတ်ထားတာက ပိုနက်ရှိုင်းလာသည်။ သူ ဆက်ပြောခဲ့သည်။ “အတိတ်က အတိတ်ပဲ။ ဒါပေမယ့် အခု မင်းက သူ့အဒေါ်ဖြစ်နေပြီဆိုတော့ ကိုယ်ရေးကိုယ်တာကိစ္စတွေကို မင်းကိုယ်တစ်ယောက်တည်းကိုပဲ ပြောပြရမယ်။ ဒီအကြောင်းကို ဘယ်သူ့ကိုမှ မပြောနဲ့ ဟုတ်ပြီလား။ အထူးသဖြင့် ရှောင်ဝမ်ကို။ မင်းက သူ့ထက်အသက်ကြီးတယ်။"

ဖန့်ရှောင်နွမ် သူမခင်ပွန်းကို ပြန်မဖြေခဲ့ပေ။ သူမ အလိုလိုက်ခံထားရတဲ့ ကလေးတစ်ယောက်ရဲ့လေသံလိုပြောလိုက်သည်။ “ယောကျ်ား၊ ကျွန်မ ဗိုက်အရမ်းအောင့်နေပြီ…”

All Chapters