← Chapters

အခန်း (၁၁၄)

Vol. 8 Ch. 114

အခန်း (၁၁၄)

Vol. 8 Ch. 114

ကျီလင်းချန် နောက်ထပ်မေးခွန်းများမေးရန် စိတ်မ၀င်စားတော့ဘဲ အမြန်ပြောလိုက်သည်။ “သိပြီ၊ ကိုယ် အခု အမြန်မောင်းလိုက်မယ်။ အိမ်ပြန်ရောက်ရင် မြန်မြန်လှဲချလိုက် ကိုယ် မင်း ဗိုက်ကို ပွတ်ပေးမယ်။"

ဖန့်ရှောင်နွမ် ရှိုက်ငိုပြီးပြောလိုက်သည်။ “ကောင်းပြီ…”

သူတို့ အိမ်ပြန်ရောက်တော့ ကျီလင်းချန် က ဇနီးဖြစ်သူကို ဆေးတိုက်ပြီးနောက် သူမကို အခန်းထဲပြန်သယ်သွားခဲ့သည်။ သူမကို ကုတင်ပေါ်ချပေးပြီး စောင်ခြုံပေးလိုက်သည်။ သူ့ရဲ့ကိုယ်တစ်ပိုင်းကို ကုတင်းခေါင်းရင်းကို မှီထားပြီး ဇနီးဖြစ်သူ၏ ဗိုက်ကို ပွတ်သပ်ရန် စောင်ထဲဝင်ခဲ့သည်။

စောင်ထဲဝင်ပြီးနောက် ဖန့်ရှောင်နွမ် နေလို့ ပိုကောင်းလာသည်။ သူမ ကလေးဆန်တဲ့အသံဖြင့် ပြောလိုက်သည်။ “ယောကျ်ား၊ ရှင့်လက်တွေက တကယ်သန်မာတာပဲ။ ရှင်ဗိုက်ကိုပွတ်ပေးရင် ကျွန်မ နာကျင်တာကို မခံစားရတော့ဘူး"

ကျီလင်းချန် ပြောလိုက်သည်။ "မင်း ကိုယ့်ကို မင်းရဲ့ဗိုက်ကို အရမ်းပွတ်ပေးခိုင်းစေချင်တယ်ပေါ့ ဒါပေမယ့် ဒီလောက်နဲ့တော့ မလုံလောက်ဘူး"

"အိုး အဲ့တာက ရှင်အရမ်းချောနေလို့လေ။ ကျွန်မရဲ့ဗိုက်က ချောတဲ့သူတွေကိုဆို ကြိုက်တာ ဒါကြောင့် ဗိုက်မအောင့်တော့တာ” ဖန့်ရှောင်နွမ် ပြောလိုက်သည်။

ဒါကိုကြားတော့ ကျီလင်းချန် ရဲ့ စိတ်အခြေအနေက ပိုကောင်းလာသည်။ သူ ငယ်ငယ်ကတည်းက လူတော်တော်များများက သူ့ကိုချောတယ်လို့ ပြောကြသည်။ ဒါပေမယ့် သူက အဲ့တာနဲ့ပတ်သက်ပြီး စိတ်မဝင်စားရုံသာမက မနှစ်မြို့မှုကိုလည်း သူ ခံစားခဲ့ရသည်။ ယောက်ျားတစ်ယောက်ရဲ့ အရည်အချင်းက သူ့ရုပ်ရည်ထက် အများကြီး ပိုအရေးကြီးတယ်လို့ အမြဲတမ်း ခံစားရသည်။ ထို့ကြောင့် သူက တခြားသူတွေ သူ့ရဲ့ အသွင်အပြင်ကို ချီးမွမ်းတာကို မကြိုက်ပေ။ ဒါပေမယ့် သူ့ဇနီးရဲ့ ချီးကျူးစကားတွေကို နားထောင်ရတာကိုတော့ နှစ်သက်သည်။

“ကိုယ့်ကို အမှန်အတိုင်းပြော။ ကိုယ့်ကိုချောတယ်လို့ ချီးမွှမ်းတာကလွဲရင် မင်း ဘယ်သူ့ကို ချီးမွမ်းဖူးလဲ” လို့ ကျီလင်းချန် မေးလိုက်သည်။ သူ့ရုပ်ရည်ကို ဘယ်တုန်းကမှ ဂရုမစိုက်ခဲ့ပေမဲ့ အခုချိန်မှာတော့ သူ့မိန်းမက သူ့ကိုချောလို့ ပြောလာတော့ တခြားဘယ်သူတွေကို သူမအဲ့လိုပြောဖူးလဲဆိုတာ သူတကယ်သိချင်နေပြီ။ အမျိုးသမီးတွေက အမြင်ကျဉ်းတယ်လို့ ပြောကြပေမယ့် အမျိုးသားတွေ သဝန်တိုကြတဲ့အခါ ပိုလို့တောင် သဘောထားသေးကြသည်။

ဖန့်ရှောင်နွမ် သဝန်တိုနေတဲ့လူကို မော့ကြည့်လိုက်ပြီး နူးညံ့စွာမေးလိုက်သည်။ "ယောကျ်ား၊ ရှင် သဝန်တိုနေတာလား"

"မဟုတ်ပါဘူး၊ ကိုယ် သဝန်မတိုဘူး။" ကျီလင်းချန် အလျင်စလို ငြင်းလိုက်သည်။

ဖန့်ရှောင်နွမ် လျှာထုတ်လိုက်ပြီး အကြံတစ်ခုရသွားသည်။ သူမ ပြောလိုက်သည် “ယောကျ်ား၊ ရှင် သဝန်မတိုဘူးဆိုတော့ ကျွန်မ ပြောပြမယ်။ ကျွန်မ လူတော်တော်များများရဲ့ သူတို့ရဲ့ရုပ်ရည်ချောမောတာကို ချီးကျူးဖူးတယ်။”

အဲဒါကိုကြားတော့ ကျီလင်းချန်က သူလုပ်နေတာတွေကို ရပ်လိုက်သည်။ ဖန့်ရှောင်နွမ်က ဒေါသတွေ တဖြည်းဖြည်း ပြည့်လာတဲ့ သူမယောကျ်ားရဲ့ မျက်လုံးများကို ကြည့်ရင်း ပြုံးလိုက်သည်။ သူမ ဆက်ပြောခဲ့သည်။ “ကျွန်မက လူတော်တော်များများကို သူတို့ ချမ်းသာကြတာတွေ၊ သူတို့ရဲ့ရုပ်ချောတာတွေ၊ လှပပြီး အရပ်ရှည်တဲ့ အသွင်အပြင်တွေကို ချီးမွမ်းခဲ့ဖူးတယ်"

ကျီလင်းချန်ရဲ့ စိတ်က ပိုဆိုးလာသည်။

တစ်ယောက်ယောက်က သူ့ကို ဆက်ပြီး စနောက်နေရဲသည်။ "ယောကျ်ား၊ ကျွန်မ တခြားသူတွေကို ချီးကျူးရင် ရှင် သဝန်တိုလား။"

ကျီလင်းချန်ကတော့ ဒါကို ဝန်ခံဖို့ ငြင်းဆိုတုန်းပြ်။ “မတိုဘူး”

ဖန့်ရှောင်နွမ်က သူမရဲ့ခေါင်းကို စောင်းပြီး စပ်စုကာ မေးလိုက်သည်။ "ဒါပေမယ့် ယောကျ်ား၊ ရှင့်မျက်လုံးတွေ တစ်ခုခုမှားနေတယ်လို့ ကျွန်မဘာလို့ခံစားနေရတာလဲ။"

ကျီလင်းချန် မေးလိုက်သည်။ "မင်း ယောက်ျားတော်တော်များများကို တကယ်ချီးကျူးဖူးတာလား"

ဖန့်ရှောင်နွမ်က အဓိပ္ပါယ်မဲ့စွာ ဆက်ပြောနေခဲ့သည်။ “ချီးကျူးဖူးတာပေါ့ ကျွန်မ....…”

ကျီလင်းချန်က သူမ ဆက်မပြောအောင် နမ်းလိုက်သည်။ သူ သဝန်တိုနေတာမဟုတ်ပေမယ့် သူ သူမကို စားချင်လာသည်။

ဖန့်ရှောင်နွမ်မှာ လွတ်မြောက်ဖို့ မျှော်လင့်ချက်မရှိပေ။ သူမက အားနည်းနေပြီးသားဖြစ်၍ ခင်ပွန်းဖြစ်သူကို မတွန်းထုတ်နိုင်တော့ပေ။ သူမ ရှင်းပြချင်ပေမယ့် သူ့နှုတ်ခမ်းက သူမရဲ့နှုတ်ခမ်းပေါ်မှာမြဲနေသည်။ သူမ လုံးဝ စကားပြောလို့မရနိုင်ခဲ့ပေ။ တကယ်ကို ဒေါသထွက်စရာပဲ။

“ယောက်.. ယောကျ်ား၊ အွန်း ကျွန်မ …” ဖန့်ရှောင်နွမ် အချိန်အကြာကြီးစကားပြောဖို့ ကြိုးစားပေမယ့် စာတစ်ကြောင်းတောင် ပြီးအောင်မပြောနိုင်သေးပေ။ သူမ ရုန်းကန်နေတာကိုသာ စွန့်လွှတ်နိုင်ခဲ့သည်။ သူမရဲ့ မျက်လုံးတွေကို မှိတ်လိုက်ပြီး ခင်ပွန်းသည်၏ ဗိုလ်ကျလွန်းတဲ့ အနမ်းကို စတင်တုံ့ပြန်ခဲ့သည်။ သူမ သူ့ နှုတ်ခမ်းကို တမင်သက်သက် ဖွဖွလေး ကိုက်လိုက်သည်။

ကျီလင်းချန်ရဲ့ စိတ်က ချက်ချင်း တဝီဝီမြည်သွားခဲ့သည်။ ဆန္ဒက သူ့နှလုံးသားထဲ တိုးဝင်လာသည်။ သူ့မိန်းမကို လွှတ်ပေးလိုက်ပြီး သူနမ်းလိုက်လို့ နီရဲသွားတဲ့ သူမရဲ့နှုတ်ခမ်းတွေကို ကြည့်ခဲ့သည်။ “မင်း ချီးကျူးခဲ့တဲ့ ယောက်ျားတွေအားလုံးရဲ့ နာမည်ကို ကိုယ့်ကိုရွတ်ပြ”

"ယောကျ်ား၊ ဘာလို့လိုချင်တာလဲ" ဖန့်ရှောင်နွမ် အပြစ်ကင်းစွာ မေးလိုက်သည်။

ကျီလင်းချန်ရဲ့ လည်စလုတ်က လှုပ်ရှားသွားသည်။ “ကိုယ့်မိန်းမ ချီးကျူးထားတဲ့ ယောက်ျားတွေအားလုံးကို ကိုယ်သိချင်လို့ ”

"ကျီလင်းချန်!" ဖန့်ရှောင်နွမ် က သူ့မျက်လုံးတွေကို ကြည့်ရင်း သူ့နာမည်ကို ခေါ်လိုက်သည်။

ကျီလင်းချန် ကျက်သေသေသွားပြီး မေးလိုက်သည်။ "ဘာလို့ ကိုယ့်နာမည်ကို ခေါ်တာလဲ"

ဖန့်ရှောင်နွမ် ထပ်ပြောလိုက်သည်။ "ကျီလင်းချန်!"

ကျီလင်းချန် စိတ်ရှုပ်သွားသည်။ "ဟမ်"

ဖန့်ရှောင်နွမ် ဆက်ပြောလိုက်သည်။ "ကျီလင်းချန်၊ ကျီလင်းချန်၊ ကျီလင်းချန်......"

ကျီလင်းချန်က သူ့နာမည်ကိုခေါ်နေတဲ့ သူ့ဇနီးသည်ကြောင့် ဖမ်းစားခံလိုက်ရသည်။ သူဘာမှမတုံ့ပြန်ဘဲ သူ့မိန်းမရဲ့အသံကို တိတ်တိတ်လေး နားထောင်နေလိုက်သည်။

သူ့နာမည်ကို အကြိမ်ပေါင်း မရေတွက်နိုင်အောင် ခေါ်ပြီးနောက် နောက်ဆုံးမှာတော့ ဖန့်ရှောင်နွမ် ပြောလိုက်သည်။ “ကျွန်မ ချီးကျူးတာကိုခံရတဲ့ တစ်ဦးတည်းသော သူကတော့ ကျွန်မယောကျ်ား ကျီလင်းချန်ပဲ။ ရှင့် သူ့ဆီသွားပြီး သူ့ကိုချီးမွမ်းသင့်တယ်!”

ကျီလင်းချန် ခဏတာ ကြက်သေသေသွားသည်။သူ တစ်စုံတစ်ခုကို နားလည်သွားပုံရပြီး မေးခဲ့သည်။ “ဒါဆို မင်း စောနက ကိုယ့်ကို လိမ်နေတာလား”

ဖန့်ရှောင်နွမ်က ရယ်နေတာထိန်းထားပြီး ပြောလိုက်သည်။ "ဟုတ်တယ် ကျွန်မယောက်ျားက ငအကြီး!"

ဇနီးဖြစ်သူ၏ တောက်ပနေတဲ့ မျက်လုံးတွေက နဂါးငွေ့တန်းဂလက်ဆီရဲ့ ထက်မြက်ပုံပါရှိနေပုံရသည်။ သူတို့က တောက်ပြောင်နေသဖြင့် ကျီလင်းချန်ရဲ့ စိတ်ကိုအလိုအလျောက် မူးယစ်သွားစေသည်။သူ ဇနီးဖြစ်သူရဲ့ နှုတ်ခမ်းကို ထပ်ပြီးနမ်းလိုက်သည်နှင့် သူမ အရသာခံတာကိုခံလိုက်ရသည်။

ဖန့်ရှောင်နွမ် ဒေါသထွက်နေပြီ။ သူမ ပြတ်တောင်းပြတ်တောင်းနဲ့ ပြောလိုက်သည်။ "အ ရှင်... ... ကျွန်မ... ကျွန်မပြောပြီးပြီလေ... ကျွန်မ ချီးကျူးတာက... ရှင့်ကိုပဲ... ရှင် ဘာလို့... သဝန်တိုပြီး လာနမ်းနေတာလဲ ..."

ကျီလင်းချန် ပြောလိုက်သည်။ "ကိုယ် သဝန်မတိုဘူး!"

ဖန့်ရှောင်နွမ် ပြောလိုက်သည်။ "ဟွန့်!"

ကျီလင်းချန်က သူမကိုသတိပေးခဲ့သည်။ “ဒါပေမယ့် ကိုယ်ရေးကိုယ်တာကိစ္စနဲ့ ပတ်သက်လာရင်တော့ မင်းကိုယ့်ကိုပဲ ပြောခွင့်ရှိတယ်။ ဆန့်ကျင်ဘက်လိင်တစ်ယောက်ယောက်နဲ့ ဘယ်လောက်ပဲ ရင်းနှီးနေပါစေ၊ အထူးသဖြင့် ကျီဝမ်နဲ့။ သူတို့နဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေကို ပြောခွင့်မရှိဘူး။”

All Chapters