အခန်း (၁၁၅)
Vol. 8 Ch. 115
"အိုခေ သိပြီ။" ဖန့်ရှောင်နွမ် နှုတ်ခမ်းစူပြီး ရေရွတ်လိုက်သည်။ "ဟွန့်၊ သူ သဝန်တိုနေတယ်ဆိုတာ သိသာနေတာကို ဒါပေမယ့် သူက ဝန်ခံဖို့ ငြင်းနေတုန်းပဲ။ ဘယ်လောက် ခေါင်းမာလိုက်တဲ့လူလဲ”
ကျီလင်းချန်က ဇနီးဖြစ်သူ၏ စကားကို ကြားလိုက်ရပြီး ဘာမှ မကြားချင်ယောင်ဆောင်နေခဲ့သည်။ သူ သူမ ဗိုက်ကို ဆက်ပွတ်ပေးနေသည်။
သူ့ရဲ့နူးညံ့တဲ့လက်များ အကူအညီဖြင့် ဖန့်ရှောင်နွမ် လျင်မြန်စွာ အိပ်ပျော်သွားပြီး စောင်အောက်မှာ သူမ သက်တောင့်သက်သာ လှဲနေခဲ့သည်။ သူမ မသိစိတ်ကနေ လှည့်လိုက်ပြီး ကျီလင်းချန်ရဲ့ ရင်ခွင်ထဲသို့ တိုးဝင်သွားသည်။
ကျီလင်းချန်က သူ့ဇနီးရဲ့ မသိစိတ်က လှုပ်ရှားမှုများကို အလွန်ကျေနပ်နေသည်။ ဒါပေမယ့် သူ မနေ့က တစ်နေ့လုံးရဲ့အလုပ်ကို အချိန်ဖြုန်းတီးမိခဲ့ပြီး ဒီနေ့မှာတော့ ကုမ္ပဏီမှာ အချိန်ပိုလုပ်ရသည်။ သူ့မိန်းမနဲ့ အဖော်မပြုပေးနိုင်တော့ဘဲ တိတ်တိတ်ဆိတ်ဆိတ်နဲ့ အိပ်ရာကနေ ထလိုက်သည်။ စောင်ကို ဇနီးဖြစ်သူအပေါ် ခြုံပေးခဲ့ပြီးနောက် အိမ်မှ ထွက်ခွာသွားခဲ့သည်။
ဖန့်ရှောင်နွမ် နိုးလာတော့ မွန်းတည့်ချိန်ရောက်နေပြီပင်။သူမ မျက်လုံးဖွင့်ကြည့်လိုက်တော့ သူမရဲ့ယောကျ်ားကို မတွေ့ရတော့ပေ။ ကုတင်ပေါ်မှ ဆင်းပြီး ယောကျ်ားဖြစ်သူရဲ့ စာကြည့်ခန်းသို့ တန်းတန်းသွားခဲ့သည်။ စာကြည့်ခန်းတံခါးကို တွန်းဖွင့်လိုက်တော့ အထဲမှာ ဘယ်သူမှ မရှိပေ။ သူမယောကျ်ားရဲ့ အရိပ်အယောင်မတွေ့ရပေ။
"ယောကျ်ား " ဖန့်ရှောင်နွမ်တိတ်တဆိတ် လှမ်းခေါ်လိုက်လိုက်သော်လည်း တုံ့ပြန်မှု မရှိခဲ့ပေ။ သူမ အောက်ထပ်ကို ဆင်းသွားပြန်သည်။ အိမ်ဖော်တွေက သူမကိုတွေ့တော့ နှုတ်ဆက်ပြီး မေးခဲ့သည်။ “သခင်မလေး၊ အခုစားတော့မလား”
ဖန့်ရှောင်နွမ်က တင်ပါးပေါ်လက်ထောက်ပြီး မေးလိုက်သည်။ "ကျွန်မယောကျ်ားကို တွေ့မိသေးလား"
အိမ်ဖော်က ပြန်ဖြေခဲ့သည်။ “သခင်မလေး အိပ်ပျော်သွားပြီးတဲ့နောက် ဒုတိယသခင်လေး ရုံးသွားလိုက်ပါတယ်။ သူ မထွက်သွားခင်မှာ သခင်မလေးအိပ်နေတာကို မနှောင့်ယှက်ဖို့ ကျွန်မတို့ကို မှာသွားတယ်”
ဖန့်ရှောင်နွမ် သက်ပြင်းချပြီး နာကျင်စွာ ငြီးတွားခဲ့သည်။ “အလုပ်မသွားခင် ကောင်းကောင်းအိပ်သွားမှပေါ့။ မနေ့က သိပ်ပြီးလည်း အနားယူရတာမဟုတ်ဘူး"
အိမ်ဖော်က ဖန့်ရှောင်နွမ်ရဲ့ ပူပင်သောကကိုကြားပြီး အမြန်ပြောလိုက်သည်။ "သခင်မလေး၊ ဒုတိယသခင်လေး အစားလည်းမစားဘဲ ရုံးသွားလိုက်တာ"
ဖန့်ရှောင်နွမ် ပြောလိုက်သည်။ "ဟမ်။ သူ မစားသွားဘူးလား" သူမ နှလုံးသားက ပိုလို့တောင် နာကျင်လာသည်။ သူမ စားချင်စိတ်မရှိတော့ဘူး။
ဘန်းဆိုတဲ့ ကျယ်လောင်တဲ့အသံက အစပိုင်းမှာ တိတ်ဆိတ်နေတဲ့ ထမင်းစားခန်းမှ ထွက်ပေါ်လာခဲ့သည်။ ဖန့်ရှောင်နွမ် မီးဖိုချောင်သုံးဇွန်းခရင်းကို ချလိုက်တဲ့အသံဖြစ်သည်။
ဖန့်ရှောင်နွမ်ရဲ့ စိတ်အခြေအနေ မမှန်တာကို အိမ်ဖော်က မြင်တော့ သူမ ဂရုတစိုက်မေးလိုက်သည်။ "ဒုတိယသခင်မလေး၊ စားလို့ပြီးပြီလား"
ဖန့်ရှောင်နွမ် ခေါင်းခါလိုက်သည်။ သူမက ဟင်းပွဲအနည်းငယ်ကို လက်ညှိုးထိုးပြပြီး ပြောလိုက်သည်။ “ဒီဟင်း၊ ဒီဟင်း၊ပြီးတော့ ဒီဟင်း ဒါတွေအားလုံးကို ထုပ်ပိုးပေးထား။ အနွေးထမင်းဘူးထဲ ထည့်ပေး"
“ဒါက…” အိမ်ဖော်တွေက သူမဘာလုပ်ချင်မှန်း မသိတော့ တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသည်။
အိမ်တော်ထိန်းက သူမဆိုလိုတာကို နားလည်ပြီး အမြန် အမိန့်ပေးလိုက်သည်။ “မြန်မြန်သွားပြီး တစ်ခါသုံးအနွေးထမင်းဘူးယူလာကြ။ ဒုတိယသခင်မလေး ညွှန်ပြထားတဲ့ဟင်းတွေကို ထုပ်ပိုးလိုက်”
အိမ်ဖော်တွေက ပြောခဲ့သည်။ “ဟုတ်ကဲ့ပါ ဆရာ”
အိမ်ဖော်တွေက ထမင်းဘူးကို အမြန်ယူလာကာ စားပွဲပေါ်ရှိ အစားအစာများကို စတင်ထုပ်ပိုးခဲ့ကြသည်။
အိမ်တော်ထိန်းက လေးလေးနက်နက် မေးလိုက်သည်။ “ဒုတိယသခင်မလေး၊ သခင်မလေးအတွက် ကားကို ကျွန်တော် အခုချက်ချင်းပြင်ပေးရမလား”
ဖန့်ရှောင်နွမ်က အိမ်တော်ထိန်းကိုကြည့်ပြီး ပြုံးလိုက်သည်။ “နောက်ဆုံးတော့ သူတို့တွေအားလုံးက အိမ်ဖော်တွေဖြစ်ပြီး ရှင်က ဘာလို့အိမ်တော်ထိန်းဖြစ်နေတာလဲဆိုတာ ကျွန်မ သဘောပေါက်သွားပြီ။”
အိမ်တော်ထိန်းက ပြုံးပြလိုက်ပြီး သူ့မျက်လုံးအောက်က ဧရိယာကို တွန့်သွားစေသည်။
ဖန့်ရှောင်နွမ် ပြောလိုက်သည်။ "ကျွန်မ ရှင့်ကို ဒုက္ခပေးရဦးမယ်။ အခု ကျွန်မကို ကားလေးကူပြင်ဆင်ပေးပါဦး။ ကျွန်မဘယ်သွားမယ်ဆိုတာ ရှင်သိပါတယ်"
အိမ်တော်ထိန်းက ခေါင်းညိတ်ပြပြီး အဲဒါကိုလုပ်ဖို့ ချက်ချင်းထွက်သွားလိုက်သည်။
မိနစ်အနည်းငယ်ကြာပြီးနောက် ဖန့်ရှောင်နွမ်က အစားအသောက် အိတ်အကြီးကြီးကို ကောက်ယူပြီး ကျီ မိသားစု၏ ကိုယ်ပိုင်ကားပေါ် ထိုင်လိုက်သည်။
တံခါးပိတ်သွားသောအခါ ဖန့်ရှောင်နွမ်က အိမ်တော်ထိန်းကိုတောင် တမင်တကာ ကျေးဇူးတင်စကားဆိုခဲ့သည်။ အိမ်တော်ထိန်းရဲ့သတိပေးချက်ကြောင့်သာမဟုတ်ရင် သူမရဲ့ယောကျ်ားဖြစ်သူဆီ အစားအသောက် ယူသွားဖို့သူမ စိတ်ကူးရှိမှာ မဟုတ်ဘူး။
အိမ်တော်ထိန်းက ပြုံးပြီး တုံ့ပြန်ခဲ့သည်။ သူက ဒီကျီစယ်တတ်တဲ့ သခင်မလေးကို အမှန်တကယ် သဘောကျသည်။
ကားက ကျီကော်ပိုရေးရှင်းသို့ အမြန်ရောက်လာခဲ့သည်။ တံခါးဝမှာ ဧည့်ကြို နှစ်ယောက် ရှိနေတုန်းပဲ။ ဖန့်ရှောင်နွမ် လမ်းလျှောက်လာပြီး မေးလိုက်သည်။ "စီအီးအို ကျီ ကိုတွေ့ဖို့ ချိန်းလို့ရမလား"
ဧည့်ကြို နှစ်ယောက်ထဲက တစ်ယောက်က ရောက်လာပြီး စကားထစ်ထစ်နဲ့ပြောခဲ့သည်။ “မ… မဒမ်၊ မဒမ်က ချိန်းစရာ မလိုပါဘူး”
ဖန့်ရှောင်နွမ် က ကျေနပ်စွာ ခေါင်းညိတ်ပြီး ပြောလိုက်သည်။ "ဟုတ်ပြီ၊ မင်းက မှတ်ဉာဏ်ကောင်းသားပဲ။" အဲဒါနဲ့ သူမက အစားအသောက်အိတ်ကို ကိုင်ပြီး ကုမ္ပဏီထဲကိုဝင်သွားသည်။ သူမကို ဘယ်သူကမှ လုံးဝမတားကြပေ။
အခုက နေ့လည်စာစားချိန်ဖြစ်နေပြီ။ လူတော်တော်များများက စားပြီးသွားကြပြီ၊ အလုပ်ပြန်လုပ်ဖို့ အဆင်သင့်ဖြစ်နေပြီ ကုမ္ပဏီကို ပြန်လာနေကြသည်။ ဓာတ်လှေကားမှာ လူတွေပြည့်နေသည်။ ဖန့်ရှောင်နွမ် ဘေးနားက CEO ရဲ့ ကိုယ်ပိုင်ဓာတ်လှေကားကို ကြည့်ပြီး ကိုယ့်ဘာသာ ရေရွတ်လိုက်သည်။
"ဒါကို သုံးရတာ ငါ့အတွက် ပြဿနာ မရှိလောက်ပါဘူး ဟုတ်တယ်မလား" ဒါပေမယ့် သူမရဲ့စိတ်ထဲမှာတော့ နောက်ထပ်အသံက သူမကိုပြောပြနေခဲ့သည်။ 'ဖန့်ရှောင်နွမ် နိုးလာတော့။ ကျီလင်းချန်နဲ့ နင့်ရဲ့ဆက်ဆံရေးက ကောင်းနေတာ ရက်ပိုင်းလောက်ပဲ ရှိသေးတယ်။သွေးရူးသွေးတန်းလျှောက်မလုပ်နဲ့ ။ အဲ့တာက ကုမ္ပဏီ ပြီးတော့ အဲ့တာက အလုပ်မှာက တခြားသူတွေအတွက်ဆို သီးသန့်ဓာတ်လှေကားပဲ။ နင် အဲ့တာကိုစီးဖို့ သင့်တော်ပါ့မလား။'
ဖန့်ရှောင်နွမ် က ဒါကို နားလည်ပေမယ့် အများသုံး ဓာတ်လှေကားထဲမှာ လူများလွန်းနေသည်။ 'ဘယ်လောက်ကြာကြာ စောင့်ရဦးမလဲ မသိဘူး'
သူမခေါင်းထဲက တခြားအသံက ပြောလာခဲ့သည်။ 'အဆူခံရမှာကို မကြောက်ရင် စီးသွားလိုက်လေ '
ဖန့်ရှောင်နွမ် ခဏလောက်စဉ်းစားလိုက်သည်။
ဒါပေမယ့် ၎င်းကိုစဉ်းစားပြီးနောက် သူမက CEO ရဲ့ ကိုယ်ပိုင်ဓာတ်လှေကားဆီသို့ ခြေလှမ်းအနည်းငယ်လှမ်းခဲ့သည်။ သူမ တံခါးဝသို့ရောက်သောအခါ ဓာတ်လှေကားခလုတ်ကို ပြတ်ပြတ်သားသား နှိပ်လိုက်သည်။ စက္ကန့်အနည်းငယ်ကြာသောအခါ ဓာတ်လှေကားတံခါးပွင့်လာသည်။ သူမ အလျင်အမြန်တက်ကာ တံခါးပိတ်ရန် ခလုတ်ကို နှိပ်လိုက်သည်။