အခန်း (၁၁၆)
Vol. 8 Ch. 116
ဖန့်ရှောင်နွမ်က သူမ လျင်မြန်စွာ ရွေ့လျားနေသမျှ ကျီလင်းချန်က သူမ ဘယ်လို တက်လာတယ်ဆိုတာကို မသိနိုင်ဘူးလို့ သူမ တွေးခဲ့သည်။
ဒါပေမယ့် CEO ရဲ့ ကိုယ်ပိုင်ဓာတ်လှေကားစတင်လည်ပတ်သည်နှင့် တစ်ပြိုင်နက် ဓာတ်လှေကားရှိ ထောက်လှမ်းရေးမှတ်တမ်းကို ကျီလင်းချန်ရဲ့ ဖုန်းစခရင်တွင် အချိန်နှင့်တစ်ပြေးညီပြသမည်ဖြစ်သည်။
ဖုန်းစခရင်ပေါ်တွင် ဇနီးဖြစ်သူ၏ ပုံသဏ္ဍာန် ပေါ်လာသည်ကို အမျိုးသားက မြင်လိုက်ရပြီး သူ့ပါးစပ်ထောင့်ကအနည်းငယ် ကွေးညွတ်သွားခဲ့သည်။
လက်ထောက်က CEO ရဲ့အမူအရာကို သတိပြုမိပြီး မေးခဲ့သည်။ “CEO ကျီ၊ ဘာတွေ့လိုက်လို့လဲ။ CEO ဘာလို့ဒီလို စိတ်အခြေအနေကောင်းနေတာလဲ"
ကျီလင်းချန် ပြောလိုက်သည်။ "ကြောင်လေးကို ကြည့်နေတာ"
လက်ထောက်က သူ့ CEO ပြောတာကို နားမလည်ပေ။
ကျီလင်းချန်က သူ့လက်ကို ဝှေ့ယမ်းပြီး လက်ထောက်ကို ရုံးခန်းထဲက ထွက်သွားဖို့ ပြောလိုက်သည်။ ထို့နောက် ကုလားထိုင်ပေါ်ပြန်လှဲကာ မရယ်ဘဲ မနေနိုင်ခဲ့ပေ။ သူ့ကြောင်ပေါက်လေးက သူ့ကို လွမ်းနေတဲ့ပုံပဲ။
သူက စောင့်ကြည့်မှု ဗီဒီယိုဖိုင်ကို တမင်တကာ ချဲ့ကြည့်ကာ သူ့ဇနီးလေးရဲ့ အမူအရာကို ဂရုတစိုက် ကြည့်နေခဲ့သည်။
ဓာတ်လှေကားထဲတွင် ဖန့်ရှောင်နွမ်က အဆက်မပြတ် မီးလင်းနေသည့် ဓာတ်လှေကားနံပါတ်များကို စိတ်လှုပ်ရှားစွာ စိုက်ကြည့်နေသည်။ သူမ သက်ပြင်းချလိုက်ပြီး သူ့ကိုယ်သူ မှုန်ကုပ်ကုပ်ကုပ်ကုပ်နဲ့ရေရွတ်နေခဲ့သည်။ “ငါ့ယောကျ်ားက ငါ့ကို ဘာလို့နောက်ကျမှလာရတာလဲလို့ မေးရင် ငါ ဘယ်လိုဖြေရမလဲ”
"သူ မရှိဘဲ ငါအစားစားလို့တောင် မဝင်ဘူးထင်သွားရင် သူ အရမ်းရူးသွပ်သွားမှာပေါ့ ဟုတ်တယ်မလား"
"အခု ကျီလင်းချန် ဘာတွေလုပ်နေလဲ ငါသိချင်တယ်။ ငါလာတော့မယ်ဆိုပြီး သူ့ကိုဖုန်းမဆက်လိုက်ဘူး။ ဒါက မဆိုးရွားဘူးမလား"
"သူ အခု အစည်းအဝေးလုပ်နေရင်ကော "
"သူ့ရုံးခန်းမှာ ဖောက်သည်တစ်ယောက်ရှိနေရင် ဘယ်လိုလုပ်မလဲ "
"စိတ်ရှုပ်ပ်စရာပဲ! ငါ ဒီကို အစားအသောက်တွေ လာပို့တာပဲဟာ။ ငါဘာလို့ သဘောထားကွဲနေသလို ခံစားနေရတာလဲ"
ကျီလင်းချန်က သူ့ရဲ့ရုံးခန်းမှာ သူ့ဇနီးလေး စပြီးစကားပြောနေတဲ့အချိန် စောင့်ကြည့်ရေးအက်ပ်၏ အသံအတိုးအကျယ်ကို အမြင့်ဆုံးသို့ ပြောင်းလဲခဲ့သည်။ သူ့မျက်နှာပေါ်ရှိ အပြုံးက ပိုကြီးလာသည်။ သူ့မိန်းမလေးက သူ့ကို အစာတွေ ယူလာပေးခဲ့ပြီး သူ့စိတ်ကူးတွေကို အရိုင်းဆန်စွာလွှတ်ထားခဲ့သည်။ ချစ်စရာကောင်းလိုက်တာ!
ကျီလင်းချန်ရဲ့ လက်ရှိ စိတ်နေစိတ်ထားကို ကောင်းမွန်တယ်လို့ မဖော်ပြနိုင်တော့ပါပေ။ သူ့ရဲ့ လက်ရှိ ပျော်ရွှင်မှု အဆင့်က မယိမ်းယိုင်ချေ။ ကော်ပိုရေးရှင်း ဒေဝါလီခံသွားပြီလို့ တစ်စုံတစ်ယောက်က ရုတ်တရက် ပြောခဲ့ရင်တောင် သူ့ရဲ့ လက်ရှိ စိတ်ကို ထိခိုက်စေမှာ မဟုတ်ဘူး။ တကယ်တော့ သူက “ဒါက ဒေဝါလီခံရရုံလေးပါပဲ။ အရေးမကြီးဘူး!"လို့တောင် အပြုံးလေးနဲ့ပြန်ပြောလိုက်ဦးမှာ။
'ဒင်!' ဓာတ်လှေကားရောက်လာပြီ။
ဖန့်ရှောင်နွမ် အထပ်ကို ကြည့်လိုက်သည်။ သူမ တကယ်ရောက်လာခဲ့ပြီ။ သူမ ဓာတ်လှေကားထဲမှ ဆင်းလိုက်သည်။ ပတ်ဝန်းကျင်က ဝန်ထမ်းတွေက သူမကို ရှောခ့်ရစွာ ကြည့်နေကြသည်။ ဖန့်ရှောင်နွမ် ကြက်သေသေသွားသည်။ ဒီလူတွေ ဘာလို့ ငါ့ကိုကြည့်နေကြတာလဲ။
"မဒမ်" ရုတ်တရက် တစ်စုံတစ်ယောက်က သူမကို မှတ်မိပြီး မဝံ့မရဲနဲ့ ခေါ်ခဲ့သည်။
ဖန့်ရှောင်နွမ်က အလျင်အမြန်နဲ့ တိုးတိုးပြောဆိုတဲ့အမူအရာပြပြီး နူးနူးညံ့ည့ပြောလိုက်သည်။ "ရှူး... တိုးတိုး "
သူမက အခုအချိန်မှာ ကျီလင်းချန်ကို နှိုးဆော်ခြင်းမပြုချင်ခဲ့ပေ။ အဲ့လိုမှမဟုတ်ရင် သူမက သူ့ရဲ့ကိုယ်ပိုင်ဓာတ်လှေကားကို စီးလာတာဆိုတဲ့အကြောင်း သူသိသွားလိမ့်မည်။
CEO ရုံးခန်းရှိလူတွေက ကျယ်လောင်စွာ အသက်ရှုရန်ပင် မဝံ့ရဲဘဲ ပါးစပ်ကို အမြန်ပိတ်လိုက်ကြသည်။ လူတိုင်း ဖန့်ရှောင်နွမ် လက်ထဲက အိတ်ကို မြင်တဲ့အခါ CEO ကျီ ရဲ့ဇနီးက သူ့ကို Surprise လုပ်ပေးချင်နေတာ သေချာတယ်လို့ အားလုံးက နားလည်ခဲ့ကြသည်။
အတွင်းရေးမှူးတွေ အားလုံးက ခေါင်းညိတ်ကြပြီး သူတို့ကသူမနှင့် ပူးပေါင်းကာ Surprise လုပ်တာကို မထိခိုက်စေရဘူးဆိုတာကို ညွှန်ပြခဲ့သည်။
ဖန့်ရှောင်နွမ်က သူမ ယောကျ်ားရဲ့ရုံးခန်းသို့ တိတ်တဆိတ်လျှောက်သွားပြီး တံခါးကို ညင်သာစွာခေါက်လိုက်သည်။
"ဝင်ခဲ့ပါ!" တံခါးဝမှ လူတစ်ဦး၏ ရှင်းလင်းပြတ်သားသော အသံက ထွက်ပေါ်လာပြီး သူ့အသံတွင် မျှော်လင့်ခြင်းနှင့် ရွှင်လန်းမှု အရိပ်အမြွက် ထွက်ပေါ်နေသည်။
ဖန့်ရှောင်နွမ် ရုံးခန်းတံခါးကို အမြန်တွန်းဖွင့်ပြီး သူမရဲ့ခေါင်းကိုအရင်ဝင်ကြည့်ပြီး ပြုံးကာပြောခဲ့သည်။ "ဟယ်လို ယောကျ်ား "
ထိုလူက သူဌေးရဲ့ ထိုင်ခုံမှာ ငြိမ်သက်စွာ ထိုင်နေသည်။ အသံကြားတော့ ချက်ချင်းထရပ်ပြီး သူမကိုကြိုဆိုခဲ့သည်။ သူက ဘာမှမသိသလို ဟန်ဆောင်ပြီး မေးလိုက်သည်။ "မင်းဘာလို့ဒီရောက်နေတာလဲ။ နှစ်နှစ်ခြိုက်ခြိုက်ကောအိပ်ပျော်ရဲ့လား"
ထိုမှသာ ဖန့်ရှောင်နွမ်က အိတ်ကို ရုံးခန်းထဲသို့ သယ်သွားပြီး တံခါးကို ပိတ်လိုက်သည်။
အခန်းအပြင်ဘက်ရှိ အတွင်းရေးမှူးတွေက စူးစမ်းချင်စိတ်များ ပေါက်လာကာ အချင်းချင်း စတင်ဆွေးနွေးကြသည်။
"ဒီနေ့ မဒမ် နူးညံ့သိမ်မွေ့နေတယ်လို့ ဘာလို့ခံစားမိတာလဲ။"
“ဟုတ်တယ်၊ ငါလည်း ဒီလိုပဲ ထင်တယ်။ ပြီးခဲ့တဲ့ အချိန်တုန်းက သူမ CEO ကို ဆူနေခဲ့တာ ငါတောင်ကြောက်သွားတယ်။ ငါ နောက်ထပ်စကားတစ်ခွန်းကြားရရင် သေဒဏ်ပေးခံရလိမ့်မယ်လို့ ခံစားခဲ့ရတာ”
“ဒီတခါတော့ မဒမ်မှာ တောင်းပန်စရာရှိလို့ လာတာများလား။ သူမက Surprise တွေတောင် ယူလာခဲ့တာ သူမရဲ့လေသံက သူမကို မျက်နှာသာပေးဖို့အတွက် ကြိုးစားနေတဲ့ပုံပဲ။”
“အဲဒါကို တွေးကြည့်လိုက်တော့… အဲ့တာတကယ်ဖြစ်နိုင်တယ်နော်.....”
အပြင်မှာ ဆွေးနွေးမှုတွေ ဆက်လုပ်နေပေမယ့် အတွင်းထဲက အငွေ့အသက်တွေက ထူးထူးခြားခြား ချိုမြိန်နေခဲ့သည်။
ဖန့်ရှောင်နွမ် ဆိုဖာပေါ်ထိုင်ပြီး အိတ်ထဲက အစားအစာတွေကို ရတနာတစ်ခုလို ထုတ်ယူပြီး စားပွဲပေါ် တစ်ခုပြီးတစ်ခု တင်လိုက်သည်။
“ယောကျ်ား၊ အိမ်တော်ထိန်းကပြောတယ် ရှင် ဘာမှ မစားဘဲ အလုပ်သွားလိုက်တယ်တဲ့။ ဘာပဲဖြစ်ဖြစ် ကျွန်မက အစား စားချင်နေတာဆိုတော့ အတူတူစားလို့ရအောင် ကျွန်မ အစားအသောက်တွေ ထုပ်လာမှဖြစ်မယ်လို့ တွေးလိုက်တယ်။ ရှင် စိတ်မဆိုးဘူးမလား ဟုတ်တယ်မလား"
ကျီလင်းချန်က နေ့လည်စာထမင်းဘူးအဖုံးကိုဖွင့်ပြီး ပြန်ဖြေခဲ့သည်။ "ဘာလို့စိတ်ဆိုးရမှာလဲ"
ဖန့်ရှောင်နွမ် ပြောလိုက်သည်။ "ဒါဆို ရှင်စိတ်မဆိုးဘူးပေါ့!!"
ကျီလင်းချန် ပြောလိုက်သည်။ "ဒါပေမယ့် မင်းဒီကို ဘယ်လိုတက်လာတာလဲ"
ဒါကိုကြားတော့ ဖန့်ရှောင်နွမ် စိတ်မလုံမလဲ ပြန်မဖြေခင် ခဏတာ ကြက်သေသေသွားခဲ့သည်။ "ကျွန်မ၊ ကျွန်မ ဝန်ထမ်းတွေနဲ့အတူ ဓာတ်လှေကားထဲ တိုးပြီးစီးလာတာ။ လူတွေလည်းအများကြီးပဲ”
ကျီလင်းချန် သူမကို ပြုံးပြလိုက်သည်။ "ဒါဆို မင်း ဒီကိုရောက်ဖို့အကြာကြီး စီးလာရမှာပေါ့ ဟုတ်လား"