← Chapters

အခန်း (၁၁၇)

Vol. 8 Ch. 117

အခန်း (၁၁၇)

Vol. 8 Ch. 117

“ရပါတယ်။ အဲ့တာကလေ အွန်း လူတွေက တော်တော်များတယ်။ သူတို့က အထပ်တိုင်းမှာ ရပ်နေကြတာဆိုတော့ အချိန်နည်းနည်းပဲကြာတာပါ” ဖန့်ရှောင်နွမ် ပိုပိုပြီးအပြစ်ရှိသလို ခံစားလာရသည်။ ကျီလင်းချန်ရဲ့ မျက်လုံးထဲကိုတောင် မကြည့်ရဲတော့ပေ။

ကျီလင်းချန် အနည်းငယ် စိတ်ရှုပ်သွားသည်။ ကိုယ်ပိုင်ဓာတ်လှေကားထဲကနေ တက်လာတာကို သူ့မိန်းမက ဘာကြောင့် မပြောတာလဲဆိုတာကို သူ နားမလည်ပေ။ သူ မေးလိုက်သည်။ "ရှောင်နွမ်၊ လူတွေအများကြီးရှိတာကို မင်း ကိုယ့်ရဲ့ကိုယ်ပိုင်ဓာတ်လှေကားကို ဘာလို့မစီးခဲ့တာလဲ"

"ဟင်? ကျွန်မစီးလာလို့ရလို့လား။ အဲဒါက ရှင့်အတွက်ပဲလို့ ကျွန်မတွေးခဲ့တာ။ ရှင့်ခွင့်ပြုချက်မရဘဲ စီးလို့မရနိုင်လောက်ဘူးလို့ ထင်လို့လေ” လို့ ဖန့်ရှောင်နွမ် အံ့အားသင့်စွာ ပြန်ပြောလိုက်သည်။

ကျီလင်းချန်က ဇနီးဖြစ်သူ၏ မျက်လုံးတွေကို စေ့စေ့ကြည့်ကာ ပြောလိုက်သည်။ "ဒီကမ္ဘာမှာ ကိုယ့်ခွင့်ပြုချက်မပါဘဲ ကိုယ့်မှာရှိသမျှကို ခြွင်းချက်မရှိဘဲ ခံစားနိုင်တဲ့သူက မင်းတစ်ယောက်တည်းပဲ"

ဖန့်ရှောင်နွမ် အရမ်းထိမိသွားပြီး သူမ ဝန်ခံချင်လာသည်။ "ယောကျ်ား တကယ်တော့ ကျွန်မ..."

ကျီလင်းချန် စကားဖြတ်ပြောခဲ့သည်။ "ဘာလို့လဲဆိုတော့ မင်းက ကိုယ့်ရဲ့မိန်းမမို့လို့ပဲ "

ဖန့်ရှောင်နွမ် စကားမပြောတော့ဘဲ သူမရဲ့နှုတ်ခမ်းကို ဖိလိုက်သည်။ သူမရဲ့ လိမ်လည်မှုကြောင့် အဆင်မပြေဖြစ်ခဲ့ရသည်။

ကျီလင်းချန်က တူတွေကို လွှဲပေးပြီး ပြောလိုက်သည်။ "ဒါကြောင့် မင်း ဒီကို နောက်ပိုင်းလာတဲ့အခါကျရင် ကိုယ့်ရဲ့ ကိုယ်ပိုင်ဓာတ်လှေကားကို သုံးဖို့ မမေ့နဲ့။ တခြားသူတွေနဲ့ ဓာတ်လှေကားထဲမှာ ပြွတ်သိပ်ပြီးမစီးနဲ့ "

ဖန့်ရှောင်နွမ် လျင်မြန်စွာ ခေါင်းညိတ်လိုက်သည်။

ကျီလင်းချန်က သူ့ဇနီးရဲ့လျှို့ဝှက်ချက်ကို တိုက်ရိုက်မဖော်ထုတ်ခဲ့ပေ။ သူမရဲ့မျက်နှာကို သူ ကယ်တင်ချင်သည်။ သူမ လိမ်ညာနေမှန်း သူသိပေမယ့် သူ့ဇနီးက ထိုသို့လုပ်ရခြင်းအတွက် သူမ အကြောင်းပြချက်ရှိနေသည်ဟု သူယုံကြည်နေသေးသည်။ ဒါကိုတွေးရင်း ကျီလင်းချန်က သူ ပြောင်းလဲသွားပြီလို့ ရုတ်တရက် ခံစားလိုက်ရသည်။ အချစ်က လူတစ်ဦး၏ စရိုက်ကို ပြောင်းလဲနိုင်လား။ ဒါပေမယ့် အပြောင်းအလဲကြောင့် သူ မထိတ်လန့်ခဲ့ပေ။ အဲဒီအစား သူအရမ်းပျော်သွားသည်။ ထမင်းစားနေတုန်း သူ ပြုံးနေခဲ့သည်။

တစ်ဖက်မှာတော့ ဖန့်ရှောင်နွမ်က ဆန့်ကျင်ဘက် ခံစားနေရသည်။ သူမ လိမ်ညာခဲ့တဲ့အကြောင်းကို တွေးနေခဲ့ပြီး စားရတာ ဘာအရသာမှမရှိနေခဲ့ပေ။

ထိုအချိန်တွင် ရုံးခန်းတံခါးကို ခေါက်ခဲ့ရာ ရင်းနှီးတဲ့ အသံတစ်ခုကို သူတို့ကြားလိုက်ရသည်။ “စီအီးအို”

ဖန့်ရှောင်နွမ် တံခါးကို လှည့်ကြည့်လိုက်သည်။ ကျီလင်းချန်က သူ့တူတွေကို ချပြီးပြောလိုက်သည်။ "ဝင်ခဲ့ပါ!"

လက်ထောက်က တံခါးကိုတွန်းဖွင့်ပြီး ဝင်လာသည်။ သူက မုန့်တွေအပြည့်နဲ့ ပလတ်စတစ်အိတ်ကို သယ်လာသည်။

“စီအီးအို၊ စီအီးအိုရဲ့ကြောင်ပေါက်လေး ရောက်နေတယ်လို့ ကြားတယ်။ စီအီုးအိုမှာ ကြောင်အတွက် အစာမရှိဘူးဆိုတာကို သတိပြုမိလို့၊ ဒါကြောင့် ကျွန်တော့်ကြောင်အတွက် ဝယ်ထားတဲ့ မုန့်နဲ့ ကြောင်စာတွေကို ယူလာခဲ့တာ။ စီအီုးအိုရဲ့ကြောင်ကို အရင်အစာကျွေးထားလို့ရတာပေါ့"

အဲဒါနဲ့ လက်ထောက်က မုန့်အိတ်ကို ရုံးခန်းရဲ့ကြမ်းပြင်ပေါ်မှာ ချလိုက်သည်။ သူခေါင်းပြန်မော့လာသောအခါတွင် ဖန့်ရှောင်နွမ်ကို အလျင်အမြန် နှုတ်ဆက်လိုက်သည်။ "မင်္ဂလာပါ မဒမ်"

ဖန့်ရှောင်နွမ်က မျက်မှောင်ကြုတ်ပြီး လက်ထောက်ကို ခေါင်းညိတ်ပြခဲ့သည်။

ထို့နောက် လက်ထောက်က ချက်ချင်း မထွက်သွားခဲ့ပေ။ အဲဒီအစား ခေါင်းငုံ့ပြီး ရုံးခန်းပတ်ပတ်လည်ကို ကြည့်နေသည်။ သူက စိတ်ဝင်တစားမေးလိုက်သည်။ “အယ်။ CEO၊ စီအီးအိုရဲ့ကြောင်ပေါက်လေးက ဘယ်မှာလဲ။ သူ ဘယ်နားမှာလဲ?"

ကျီလင်းချန်ရဲ့အကြည့်က သူ့ရှေ့က သူ့မိန်းမလေးရဲ့ မျက်နှာပေါ် ရောက်သွားသည်။ သူမက သေးငယ်ပြီး သူမမှာ နူးညံ့တဲ့ဆံပင်ရှိသည်။ သူမကို ကြည့်ရတာ ချစ်စရာကောင်းသည်။ သူ့မိန်းမကိုကြည့်ကာ ပြုံးလိုက်သည်။ "သူမက ငါ့ရှေ့မှာပဲ!"

ဖန့်ရှောင်နွမ် ကြက်သေသေသွားသည်။ သူမရဲ့ယောကျ်ားကို အမြန်ကြည့်လိုက်သည်။ သူတို့အကြည့်ချင်းဆုံသွားကြသည်။ ဖန့်ရှောင်နွမ် နှလုံးခုန်သံတွေမြန်လာသည်။ ခဏအကြာတွင် သူမ သတိပြန်လည်လာပြီး ခင်ပွန်းဖြစ်သူ၏ လက်ကို ရိုက်လိုက်ကာ နှုတ်ခမ်းစူပြီးပြောလိုက်သည်။ “ကျွန်မကို ကြောင်ပေါက်လေးလို့ မပြောနဲ့!”

လက်ထောက်က အံအားသင့်သွားသည်။ သူ့မျက်နှာက နီရဲလာသည်။ သူဆိုလိုတဲ့ ကြောင်ပေါက်လေးက သူ့(CEO)မိန်းမမှန်း သူ တကယ်မသိခဲ့ပေ။ ဒါက အရမ်းကိုးရိုးကားရားနိုင်သည်။ သူကြမ်းပြင်ပေါ်ရှိ ကြောင်စာကို ငုံ့ကြည့်ရင်း သူ့စိတ်တွေလွတ်သွားသည်။

ကျီလင်းချန် ပြောလိုက်သည်။ “ကြောင်စာနဲ့ မုန့်တွေကို ပြန်ယူသွား။ ငါ့ကြောင်က အထူးကြောင်မို့ သူမက ငါနဲ့ အတူအစားစားမှရမှာ။ သူက ပုံမှန်ကြောင်စာတွေ မစားဘူး”

ဖန့်ရှောင်နွမ် ခင်ပွန်းဖြစ်သူကို ထပ်ရိုက်လိုက်ပြီး ဒေါသထွက်ကာပြောခဲ့သည်။ "ယောကျ်ား၊ ရှင် ပြောလို့မဝသေးဘူးလား!"

လက်ထောက်က CEO နဲ့ သူ့မိန်းမ ပရောပလုပ်နေတာကို မကြည့်ရဲတော့တဲ့အတွက် မုန့်အိတ်ကိုယူပြီး အမြန်ပြေးသွားခဲ့သည်။

ရုံးခန်းထဲမှာ သူတို့ နှစ်ယောက်တည်းပဲ ကျန်ခဲ့သည်။ ဖန့်ရှောင်နွမ်က ဒေါသထွက်ထွက်နဲ့ သူမရဲ့တူတွေကို ချလိုက်သည်။ သူမ စားတောင်မစားရသေးဘူး။ "ယောကျ်ား၊ ကျွန်မကို ရှင့်ရဲ့ကြောင်လို့ လူတိုင်းကိုပြောထားတာလား။ ရှင့် ဘယ်သူ့ကိုမှ ထပ်မပြောတော့ပါဘူးလို့ ကတိပေး။ ကျွန်မက ရှင့်ရဲ့ အိမ်မွေးတိရိစ္ဆာန်မဟုတ်ဘူး၊ ကျွန်မက ရှင့်ရဲ့မိန်းမ!"

ကျီလင်းချန် ရယ်မောလိုက်သည်။ "ဒါပေမယ့် မင်းကြောင့် ကိုယ်ကြောင်တွေကို ချစ်သွားတယ်"

သူ့စကားကြောင့် ဖန့်ရှောင်နွမ်ရဲ့ စိတ်အခြေအနေကို ပြန်လည်ကောင်းမွန်လာစေသည်။ "ဒါဆို ကြောင်တစ်ကောင်ကို အိမ်မွေးတိရစ္ဆာန်အဖြစ် ဘာလို့မမွေးတာလဲ"

ကျီလင်းချန် ခေါင်းခါပြီးပြောလိုက်သည်။ "မမွေးဘူး၊ မင်းက ကိုယ့်အတွက် လုံလောက်ပြီ"

"ကျွန်မက အနားမှာမရှိတော့ရင်ကော " ဖန့်ရှောင်နွမ် မေးလိုက်သည်။

"ဒါဆို ကိုယ် အခုချိန်ကစပြီး ကြောင်တွေကို မုန်းပစ်လိုက်တော့မယ်" လို့ ကျီလင်းချန် လေးနက်စွာ ပြန်ဖြေခဲ့သည်။ "အဲ့တာကြောင့် ကိုယ့်ကိုထားမသွားပါနဲ့ နားလည်လား"

သူ သူမကိုကြိုက်နေတဲ့အချိန်မှာ သူ ကြောင်တွေကိုပဲ ကြိုက်သည်။ သူမ ထွက်သွားရင် သူ ကြောင်တွေကို မကြိုက်တော့သလို သူမကိုလည်း ကြိုက်တော့မှာမဟုတ်ဘူး။

ကျီလင်းချန်က ဒီလောက်သာလွန်ကောင်းမွန်တဲ့ တစ်စုံတစ်ခုကို ပြောဖူးသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။

ဖန့်ရှောင်နွမ် ထိုစကားကိုကြားလိုက်သောအခါ သူမ၏နှလုံးသာက ရုတ်တရက် အောင့်သွားသလို ခံစားလိုက်ရသည်။ သူမ မေးလိုက်သည်။ "ယောကျ်ား၊ အရင်က ရှင့်ကို တစ်စုံတစ်ယောက်က ထားသွားခဲ့လို့လား"

ကျီလင်းချန် ခဏတာ ကြက်သေသေသွားသော်လည်း ပြန်မဖြေခဲ့ပေ။ သူ့မိန်းမကို မလိမ်ချင်ပေမယ့် ဒီမေးခွန်းကို မဖြေချင်တာကြောင့် နှုတ်ဆိတ်နေဖို့သာ ရွေးချယ်နိုင်ခဲ့သည်။

All Chapters