အခန်း (၁၁၈)
Vol. 8 Ch. 118
ဖန့်ရှောင်နွမ်က သူမရဲ့မေးခွန်းအတွက် နာကျင်ရတဲ့နေရာကို ထိမိသွားပြီလို့ နားလည်ထားသောကြောင့် သူမ အကြောင်းအရာကို မဆက်တော့ပေ။ အဲဒီအစား သူမ ဆိုဖာပေါ် တိတ်တိတ်လေး ပြန်ထိုင်ပြီး ထမင်းစစားတော့သည်။ ထို့နောက် သူမ ထပ်မေးလိုက်သည်။ “ယောကျ်ား၊ ဒါဆို ရှင့်ကို ထားသွားခဲ့တဲ့လူက ယောက်ျားလား၊ မိန်းမလား”
ကျီလင်းချန် သူ့မိန်းမကိုကြည့်လိုက်ကာ လေသံကသတိထားပြီးမေးတဲ့အသံဖြစ်နေပြီး သူ ဘာမှပြန်မပြောခဲ့ပေ။
ဖန့်ရှောင်နွမ် အဖြေကို ချက်ချင်းသိသွားခဲ့သည်။ “ကျွန်မနားလည်ပြီ” လို့ သူမ စိတ်ပျက်လက်ပျက်နဲ့ ပြန်ဖြေလိုက်သည်။ သူမ နောက်ထပ်မေးခွန်းတွေ မမေးတော့ပေမယ့် သူမခေါင်းထဲမှာ အမျိုးသမီးရဲ့အသွင်အပြင်ကို တိတ်တဆိတ်ပုံဖော်နေသည်။
ဖန့်ရှောင်နွမ် ထမင်းစားနေစဉ် အာရုံပြောင်းသွားသဖြင့် ကျီလင်းချန် သူမရဲ့ပန်းကန်ထဲသို့ အစားထည့်ပေးတာကိုပင် သူမ သတိမထားမိလိုက်ပေ။
ကျီလင်းချန် ပြန်ပြောလိုက်သည်။ "မင်း ဘာတွေတွေးနေတာလဲ"
ဖန့်ရှောင်နွမ် ပြန်ဖြေခဲ့သည်။ "ဘာမှမဟုတ်ပါဘူး... ကျွန်မ ရှင့်ကိုပြောပြရင် ရှင်ပျော်တော့မှာမဟုတ်ဘူး"
ကျီလင်းချန်က သူ့ဇနီးကို လေးစားရန် ရွေးချယ်ခဲ့ပြီး ထိုကိစ္စနောက် မလိုက်ခဲ့ပေ။
နေ့လယ်စာစားပြီးနောက် ကျီလင်းချန်က သူ့ဇနီးရဲ့ခွက်ကို ရေနွေးဖြည့်ပေးရန် သူ့ကိုယ်ပိုင်ခွက်ကိုသုံးကာ မေးလိုက်သည်။ “မင်း ဆေးယူလာလား”
ဖန့်ရှောင်နွမ် ခေါင်းခါလိုက်သည်။ သူမ ယောကျ်ားက အကိုက်အခဲ ပျောက်ဆေးတွေကို ရည်ညွှန်းနေမှန်း သူမသိသည်။
ကျီလင်းချန် ဘာမှပြန်မပြောခဲ့ပေ။သူ နားနေခန်းဆီသို့ ညွှန်ပြလိုက်သည်။ “အထဲဝင်ပြီး ခဏလောက် အနားယူပြီးလှဲနေလိုက်။ ကိုယ်အပြင်ထွက်ပြီး ဆေးတစ်ဘူးထပ်သွားဝယ်လိုက်ဦးမယ်"
ဖန့်ရှောင်နွမ် ပြောလိုက်သည်။ "ရပါတယ် ယောကျ်ား။ ကျွန်မအခု ပိုသက်သာလာပါပြီ။"
ကျီလင်းချန်ရဲ့ မျက်နှာက မယုံနိုင်စရာများဖြင့် ပြည့်နှက်နေသည်။
“အမှန်အတိုင်းပြောနေတာပါ ယောကျ်ား။ ကျွန်မက ပထမနေ့မှာပဲ ဗိုက်အောင့်တာ။ အဲဒီနောက်ပိုင်း ကျွန်မက ပုံမှန်ပဲ” ဖန့်ရှောင်နွမ် ရှင်းပြလိုက်သည်။ သူမက တစ်လမှာ ခုနစ်ရက်ပဲ ရာသီလာသည်။ နေ့တိုင်း ဝေဒနာက ပြင်းထန်နေရင် သူဘယ်လိုလုပ် ခံနိုင်ရည်ရှိမလဲ။
ကျီလင်းချန်က ဇနီးဖြစ်သူ၏ မျက်နှာကို ကြည့်ပြီး သူမကို ယုံကြည်ဖို့ ယာယီရွေးချယ်ခဲ့သည်။
"ယောကျ်ား သွားအိပ်လိုက်" ဖန့်ရှောင်နွမ်ပြောလိုက်သည်။ "ရှင် မနေ့ညက ကျွန်မနဲ့အဖေ့ကို ပြုစုပြီး အလုပ်များနေခဲ့တာ။ ဒီမနက်ကျတော့ ရှင် မအိပ်ဘဲ ကုမ္ပဏီကို တန်းရောက်လာတယ်။ ဒီအတိုင်းသာဆက်သွားရင် ရှင်ခန္ဓာကိုယ်က ခံနိုင်တော့မှာမဟုတ်ဘူး”
ကျီလင်းချန်က ဇနီးဖြစ်သူရဲ့ မျက်လုံးတွေထဲက နာကျင်မှုကို တွေ့လိုက်ရသည်။ သူ နားနေခန်းကို ကြည့်လိုက်ပြီး ပြောခဲ့သည်။ “ခဏနေမှ ကိုယ်…”
“မရဘူး၊ ခဏနေမှတွေလုပ်မနေနဲ့။ အခုသွား၊” ဖန်ျ့ရှာင်နွမ် လွှမ်းမိုးမှုကြီးစိုးစွာပြောလိုက်သည်။
ခင်ပွန်းဖြစ်သူဆီမှာ သွားဖို့ ရည်ရွယ်ချက်မရှိတာကို မြင်တော့ သူမ ရိုးရိုးရှင်းရှင်း လျှောက်လာပြီး သူ့ရဲ့ခါးကိုဖက်ကာ နားနေခန်းဆီ တိုက်ရိုက်ဆွဲခေါ်သွားခဲ့သည်။
ကျီလင်းချန် ကူကယ်ရာမဲ့ ပြုံးပြီးပြောလိုက်သည်။ “ရပြီ။ ကိုယ် မင်းနဲ့အိပ်မယ်"
သူတို့နှစ်ယောက် နားနေခန်ဆီသို့ရောက်တော့ ဖန့်ရှောင်နွမ်က သန့်ရှင်းသပ်ရပ်နေတဲ့ ကုတင်ကြီးကို ချက်ချင်းတွေ့လိုက်ရသည်။ ကုတင်ဘေးမှာ အဖြူရောင် တံခါးတစ်ချပ်ရှိပြီး တံခါးနောက်တွင် ရေချိုးခန်းရှိသည်။ နားနေခန်း၏ ပရိဘောကတွေက ရိုးရှင်းသော်လည်း အိပ်ရာခင်းတွေရဲ့ အရောင်မှာ အနက်ရောင်ဖြစ်သည်။ သူမ မနှစ်မြို့စွာဖြင့် နှုတ်ခမ်းမဲ့လိုက်မိသည်။
ကျီလင်းချန်က ဇနီးဖြစ်သူ၏ အမူအရာကို သတိပြုမိသွားသည်။ သူက မျက်ခုံးပင့်ကာ မေးလိုက်သည်။ “ဘာဖြစ်လို့လဲ၊ ကြည့်မကောင်းဘူးလား"
ဖန့်ရှောင်နွမ် ပြောလိုက်သည်။ "ကျွန်မအဖိုးရဲ့ အိပ်ရာခင်းတွေကတောင် ရှင့်ဟာထက် ပိုတောက်ပနေသေးတယ်"
ကျီဘင်းချန် ခဏရပ်တန့်သွားသည်။ "ကိုယ့်ကိုအသက်ကြီးပြီလို့ တွေးနေတာလား"
ဖန့်ရှောင်နွမ် ခေါင်းခါလိုက်သည်။ "ရှင့်ဘဝက ငြီးငွေ့စရာကောင်းလွန်းတယ်ထင်တယ်"
“ဒီအကြောင်းကို မပြောတော့ဘူး။ အရင်သွားအိပ်ရအောင်"
ထိုစကားကိုပြောပြီးနောက် ဖန့်ရှောင်နွမ်က သူမရဲ့ဖိနပ်ကိုချွတ်ကာ ကုတင်ဘေးတွင် ထိုင်လိုက်သည်။ သူမ မည်းမှောင်နေတဲ့ ကုတင်ကိုကြည့်ပြီး မေးလိုက်သည်။ "ယောကျ်ား၊ ကျွန်မ ဘယ်ဘက်မှာအိပ်သင့်တယ်လို့ထင်လဲ"
ကျီလင်းချန် ပြောလိုက်သည်။ "ဘယ်ဘက်မဆို အဆင်ပြေပါတယ်" သူ အခန်းရှေ့သို့ လျှောက်သွားကာ ကုတ်အင်္ကျီကို ချွတ်ပြီး အဝတ်စင်ပေါ်မှာ ချိတ်လိုက်သည်။ ထို့နောက် သူ့လည်ပင်းမှာ ပတ်ထားတဲ့ဟာကို ဖြည်လိုက်သည်။ သူ့မိန်းမက ရုတ်တရက် သူ့နောက်ကို လိုက်လာသည်။ သူမ ရေရွတ်ခဲ့သည်။ “ယောကျ်ား၊ ရှင့်ရဲ့ဝတ်စုံကို ဒီလိုချိတ်ထားရင် ရှုံ့သွားလိမ့်မယ်။ အဲ့တာကိုချိတ်နဲ့ ချိတ်ထားမှရမယ်လေ"
သူမစကားပြောနေစဉ်မှာ သူမရဲ့လက်သေးသေးလေးကို ဆန့်ထုတ်လိုက်ပြီး သူမယောက်ျားရဲ့အနောက်တိုင်းဝတ်စုံရဲ့ဂျာကင်ကို ချွတ်ပေးလိုက်သည်။ ထို့နောက် သူမ အဲ့တာကို ချိတ်ပေးလိုက်သည်။ သူမ အဲ့တာကို အနည်းငယ် ပွတ်သပ်ပြီး ချည်စတွေကိုဖယ်လိုက်သည်။ သူမ သက်ပြင်းချပြီး ပြောလိုက်သည်။ “ရှင့်ရဲ့ ဒီလောက်ကောင်းတဲ့ အဝတ်အစားတွေ တကယ်ပျက်စီးသွားလိမ့်မယ်”
ထိုလူက ဗီရိုကို မှီပြီး သူ့ရဲ့ နားပူနာဆာလုပ်နေသည့် ဇနီးလေးကို စိတ်ဝင်တစား ကြည့်နေသည်။
အဝတ်တွေကို ချိတ်ပြီးနောက်၊ ဖန့်ရှောင်နွမ်က ထိုအမျိုးသား ချွတ်လိုက်တဲ့ နက်ကတိုင်ကို ကောက်ယူလိုက်ပြီး နားပူနားဆာလုပ်ခဲ့သည်။ “နက်ကတိုင်ကိုလည်း စနစ်တကျ ချိတ်ထားမှရမယ်လေ။ အဲဒါကို စားပွဲပေါ်ချထားရင် အချိန်တိုအတွင်း အတွန့်တွေ ဖြစ်ကုန်လိမ့်မယ်။”
ကျီလင်းချန် ရုတ်တရက် လက်လှမ်းပြီး အမျိုးသမီး၏ လက်ကောက်ဝတ်ကို ကိုင်ကာ သူ့ဘေးသို့ ဆွဲလိုက်သည်။ “တကယ်ကို မိန်းမပီသတာပဲ။ အခုကစပြီး ကိုယ့်ရဲ့အဝတ်အစားတွေကို မင်းဂရုစိုက်ပေးရင်ကောဘယ်လိုလဲ"
ဖန့်ရှောင်နွမ် သူမခေါင်းကို ပြတ်ပြတ်သားသား ခါလိုက်သည်။ “ဟင့်အင်း ကျွန်မ…”
"ကိုယ် မင်းကို ပိုက်ဆံပေးမယ်ဆိုရင်ကော " ကျီလင်းချန်က သူမရဲ့ ငြင်းဆန်မှု မပြီးဆုံးမီ လျင်မြန်စွာ စကားဖြတ်ပြောလိုက်သည်။
"ကောင်းပြီလေ ကိစ္စမရှိပါဘူး!" ဖန့်ရှောင်နွမ်က သူမပြောမယ့်စကားတွေကို အမြန်မျိုချလိုက်ပြီး ပွင့်ပွင့်လင်းလင်း ပြန်ဖြေလိုက်သည်။
ကျီလင်းချန်က ပြုံးပြီး ကောင်မလေးရဲ့ ခေါင်းကို ပွတ်သပ်လိုက်သည်။ "ငွေမက်လွန်းတဲ့သူလေးပဲ" ထို့နောက် ကောင်မလေးကို ကုတင်ပေါ်ပြန်ချီသွားခဲ့သည်။
"ယောကျ်ား၊ ရှင့်အိပ်ရာက အရမ်းမာတယ်"
"ယောကျာ်း၊ ရှင့်ခေါင်းအုံးက သက်တောင့်သက်သာလည်းမရှိဘူး"
"ယောကျ်ား၊ အရမ်းလင်းနေတယ်။ ကန့်လန့်ကာတွေပိတ်လိုက်"
“ယောကျ်ား၊ နည်းနည်းလေး အေးတယ်။ air conditioner ရဲ့ အပူချိန်ကို မြှင့်ပေးဦး"
“ယောကျ်ား…”
ကုတင်ပေါ်မှာ လှဲနေတဲ့ ဖန့်ရှောင်နွမ်မှာ မရပ်မနား စကားပြောနေခဲ့သည်။