← Chapters

အခန်း (၁၁၉)

Vol. 8 Ch. 119

အခန်း (၁၁၉)

Vol. 8 Ch. 119

ကျီလင်းချန်က သူ့မိန်းမ "ယောကျ်ား" လို့ ခေါ်တာကို ကြားရတာ သဘောကျပေမယ့် သူအိပ်ရာထဲကနေ ထွက်ဖို့ အကြိမ်ကြိမ် အမိန့်ပေးခံနေရသည်။ အဆုံးမှာ သူ ကုတင်ဘေးတွင် ရပ်ပြီးပြောလိုက်သည်။ "ရှောင်နွမ်၊ မင်းမှာ တခြားဟာတွေရှိရင် ကိုယ့်ကို အခုပြော။ ကိုယ်အကုန်လုံးလုပ်ပြီးမှ အိပ်ရာထဲ ပြန်လာတော့မယ်"

ဖန့်ရှောင်နွမ် ထထိုင်လိုက်ပြီး အရပ်မြင့်မြင့်နဲ့ ချောမောတဲ့ ခင်ပွန်းကို မော့ကြည့်လိုက်သည်။ “ဟုတ်ပါပြီ။ ယောကျ်ား ကျွန်မရေဆာနေတယ်။ ကျွန်မ ရေတော့မသောက်ချင်ဘူး။ ကျွန်မ တခြားဟာသောက်ချင်တယ်"

ကျီလင်းချန် ပြောလိုက်သည်။ "တခြားဘာတွေရှိသေးလဲ"

ဖန့်ရှောင်နွမ် ပြောလိုက်သည်။ "ယောကျ်ား၊ ကျွန်မဖုန်းကိုလည်း ကူပြီးယူလာပေးပါဦး။ အပြင်က စားပွဲပေါ်မှာ ရှိတယ်။”

ကျီလင်းချန် ဆက်ပြောလိုက်သည်။ “ဆက်ပြော”

ဖန့်ရှောင်နွမ် ပြောလိုက်သည်။ "အခုတော့ အဲ့ဒါပဲ"

ကျီလင်းချန် ရုံးခန်းထဲမှ ထွက်လာခဲ့သည်။

နေ့လည်စာနားချိန်က ခုထိ မပြည့်သေးပေ။ CEO ရုံးခန်းထဲက လူတွေက အုပ်စုလိုက်စုပြီး စကားစမြည်ပြောနေကြတုန်း သူတို့ရဲ့ CEOက ရုံးခန်းက ရုတ်တရက်ထွက်လာတာကို တွေ့လိုက်ရသည်။ သူတို့ အရမ်းထိတ်လန့်သွားတာကြောင့် ထိုင်ခုံတွေဆီကို ချက်ချင်းပြန်သွားပြီး စိတ်လှုပ်ရှားစွာ မေးခဲ့သည်။ “CEO …”

ကျီလင်းချန် ပြောလိုက်သည်။ “ဆက်ပြီး အနားယူကြ။ ကျွန်တော့်အတွက် စိတ်မပူနဲ့။" ထိုသို့ပြောပြီးနောက် သူ့ရဲ့ခွက်ကိုယူကာ စားသောက်ခန်းသို့ သွားခဲ့သည်။

အတွင်းရေးမှူးချုပ်က သူလက်ဖက်ရည်သောက်ချင်နေတာပဲလို့ တွေးလိုက်ပြီး သူ့အတွက်လက်ဖက်ရည်ပြင်ပေးဖို့ အကြံနဲ့ သူမက သူ့နောက်ကို အလျင်အမြန် ပြေးလိုက်သွားခဲ့သည်။

အတွင်းရေးမှူးချုပ် ပြောလိုက်သည်။ "CEO၊ ဒီနေ့ လုံကျင်း ဒါမှမဟုတ် ဖူအာ လက်ဖက်ရည်သောက်ချင်လား"

ကျီလင်းချန်က အရောင်းစက်( အကြွေစေ့ထည့်လျှင် အစားအသောက်ထုတ်ပေးသည့်စက်) ရှိ သောက်စရာအတန်းကို ကြည့်ကာ မေးလိုက်သည်။ "ကလေးမလေးတွေက ဘယ်ဟာတွေ သောက်လေ့ရှိလဲ"

"ဟင်?" အတွင်းရေးမှူးချုပ်က ပဟေဠိဖြစ်သွားသော်လည်း သူမရဲ့စိတ်တည်ငြိမ်မှု ပျောက်ဆုံးသွားသည်ကို သူမ သဘောပေါက်ခဲ့သည်။ သူမက အမြန်ပြန်မေးလိုက်သည်။ “တောင်းပန်ပါတယ် CEO၊ ကလေးမလေးက အသက်ဘယ်လောက်ရှိပြီလဲ”

ကျီလင်းချန် ပြောလိုက်သည်။ “အသက် နှစ်ဆယ်”

အတွင်းရေးမှူးချုပ် ချက်ချင်း သဘောပေါက်သွားသည်။ ကလေးမလေး မဟုတ်ဘူး။ တစ်ခုခုသောက်ချင်နေတဲ့သူက CEO ရဲ့ဇနီးဆိုတာ ရှင်းနေပြီ။

အတွင်းရေးမှူးချုပ်က ကျီလင်းချန် အတွက် မက်မွန်အရသာဖျော်ရည်ကို စဉ်းစဉ်းစားစားရွေးချယ်ပေးခဲ့ပြီး ပြောလိုက်သည်။ “CEOရဲ့ဇနီးက အရမ်းငယ်တဲ့ပုံပဲ။ ဒီလိုချိုတဲ့အချိုရည်ကို သူမ နှစ်သက်လိမ့်မယ်။ မက်မွန်သီးအရသာဖျော်ရည်က သင့်တော်တယ်”

ကျီလင်းချန် ခေါင်းညိတ်လိုက်သည်။ သူ့မိန်းမက ဇော်မွှားကလေးဖြစ်ပြီး နူးညံ့လွန်းတာကြောင့် သူမရဲ့ပုံစံက မက်မွန်သီးလှလှလေးလိုပင်။

"CEO၊ အချိုရည်ထဲကို ရေခဲထည့်ချင်လား။"လို့ အတွင်းရေးမှူးချုပ်က မေးလိုက်သည်။

မနေ့က နာကျင်ပြီး ကွေးကောက်နေခဲ့တဲ့ ဇနီးဖြစ်သူရဲ့ ပုံရိပ်က ကျီလင်းချန် ရဲ့စိတ်ထဲမှာ ပေါ်လာတာကြောင့် သူ ပြောလိုက်သည်။ “ရေခဲ မလိုတော့ဘူး” သူ့မိန်းမ ထပ်ပြီးအဆင်မပြေဖြစ်နေတာကို သူထပ်မတွေ့ချင်တော့တဲ့အတွက် သူမ ရာသီလာချိန်မှာ သူမကို သူစောင့်ကြည့်နေဖို့ လိုသည်။ သူမကို အအေးမိအောင် သူခွင့်မပြုထားသင့်ဘူး။

ကျီလင်းချန်က မက်မွန်သီးဖျော်ရည်ကို ရုံးခန်းသို့ပြန်သယ်သွားသည်။

CEO ၏ ပုံရိပ် ပျောက်ကွယ်သွားသည်နှင့် တပြိုင်နက် ရုံးခန်းရှိ လူများစုရုံးလာပြန်သည်။ CEO ရဲ့ ထူးဆန်းတဲ့အပြုအမူနဲ့ သူ့ဇနီးအသစ်အကြောင်း ဆွေးနွေးခဲ့ကြသည်။ CEO ရဲ့ ဇနီးက အသက်မကြီးသေးဘူး ပြီးတော့ လှလည်း လှသည်။ CEO က ထူးချွန်ပြီး ချောမောပြီး ချမ်းသာသည်။ ဒီနှစ်ခုက သေချာဆွေးနွေးရမယ့် ကိစ္စပါ။

ဒါပေမယ့် CEO ရုံးခန်းမှာ အလုပ်လုပ်သူတွေက အရည်အချင်းရှိပြီး ပညာတတ်သူများဖြစ်သည်။ သူတို့က အလိုလို စူးစမ်းလိုစိတ်သာ ရှိကြသည်။ သူတို့က အဲဒါကို အဆုံးမရှိ ဆွေးနွေးမှာ မဟုတ်သလို ဒါက သူတို့ရဲ့ အလုပ်ကိုလည်း ထိခိုက်မှာ မဟုတ်ပါချေ။ ကျီလင်းချန် လက်အောက်မှာ အလုပ်လုပ်ရန် လိုအပ်ချက်တွေက အလွန်တင်းကျပ်သည်။ ထို့ကြောင့် စီအီးအိုရုံးမှ လူတွေက အကြိမ်ကြိမ်စီစစ်ပြီးနောက် ရွေးချယ်ခံခဲ့ရတာဖြစ်သည်။ ၎င်းတို့ကို မည်သည့်နေရာ၌မဆို အထက်တန်းစားအဖြစ် သတ်မှတ်ခံရသည်။

နားနေခန်းထဲသို့ဝင်ပြီးနောက် ကျီလင်းချန်က သူ့ဇနီးအား သောက်စရာ ပေးခဲ့သည်။ ထို့နောက် air conditioner ရဲ့ အပူချိန်ကို မြှင့်လိုက်ပြီး ကန့်လန့်ကာတွေကို ပိတ်လိုက်သည်။ အားလုံးပြီးတဲ့အခါ သူထပ်မေးခဲ့သည်။ “သေချာစဉ်းစားလိုက်ဦး။ မင်းမှာ တခြားတောင်းဆိုစရာရှိသေးလား"

ဖန့်ရှောင်နွမ်က အချိုရည်ကို ကျေနပ်စွာ ဆုပ်ကိုင်လိုက်ပြီးပြောခဲ့သည်။ "မရှိတော့ဘူး" ရှိခဲ့ရင်တောင် သူမ ထပ်မပြောရဲတော့ဘူး။ မဟုတ်ရင် သူမရဲ့ယောက်ျား စိတ်ဆိုးသွားလိမ့်မယ်။

ကျီလင်းချန် ကုတင်ပေါ်တက်ပြီး စောင်ကိုယူကာ ကုတင်ပေါ်ခင်းလိုက်သည်။ သူ့မိန်းမကို အဲ့အပေါ်မှာ အိပ်ခိုင်းဖို့ အဆင်သင့်ဖြစ်နေပြီ။

ဖန့်ရှောင်နွမ်က သူ့ကို အမြန်တားပြီး ပြောလိုက်သည်။ "ယောကျ်ား၊ မလိုပါဘူး။ အိပ်ရာက နည်းနည်းမာပေမယ့် ကျွန်မအိပ်ပျော်ပါတယ်။ မာကျောတဲ့ကုတင်ပေါ်မှာ တခါတလေ အိပ်တာက ကောင်းပါတယ်။” တကယ်တော့ ကုတင်က ပြဿနာကြီးမဟုတ်ဘူးဆိုတာ သူမ မပြောခဲ့ပါပေ။ ဒါပေမယ့် ခေါင်းအုံးက အရမ်းမာသည်။ ဒီလိုမာတဲ့ ခေါင်းအုံးပေါ်မှာ အိပ်ပျော်ဖို့က ခက်လိမ့်မည်။

ကျီလင်းချန် အိပ်ရာဝင်နေပြီဖြစ်သော်လည်း ဖန့်ရှောင်နွမ်မှာ ကြောင်တက်တက်နဲ့ ထိုင်နေသေးသည်။

ကျီလင်းချန် သူမကို ကြည့်လိုက်ပြီး သူတို့ နှစ်ယောက် တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။ ဖန့်ရှောင်နွမ် ကိုယ့်ဘာသာကိုယ်တွေးခဲ့သည်။ 'ငါ အခု အပြင်ကဆိုဖာပေါ်မှာ အိပ်ချင်တယ်လို့ ပြောရင် ငါ့ယောကျ်ားက ငါ့ကို ပြတင်းပေါက်ကနေ ပစ်ထုတ်လိုက်လိုက်တဲ့အထိ ဒေါသထွက်သွားမှာလား'

ယောက်ျားက မိန်းမငယ်လေးရဲ့ အတွေးကို မကြားနိုင်ခဲ့ပေ။ သူက လက်လှမ်းပြီး မိန်းမငယ်လေးကို သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။ ထို့နောက် ခေါင်းအုံးကို ကုတင်စွန်းသို့ တွန်းလိုက်ပြီး သူ့လက်မောင်းကို ခေါင်းအုံးအဖြစ် အသုံးပြုခွင့်ပေးခဲ့သည်။ “အိပ်တော့”

“ကောင်းပါပြီ။” ဒီအသစ်လေးနဲ့ နွေးထွေးတဲ့ “ခေါင်းအုံး” ဖြင့် ဖန့်ရှောင်နွမ် စကားနားထောင်ကာ လှဲချလိုက်သည်။ ဒါပေမယ့် သိပ်မကြာခင်မှာပဲ သူမ အဲဒီလူရဲ့ရင်ခွင်ထဲမှာ ရှိနေသည်။ မျက်လုံးမှိတ်ထားတဲ့ ခင်ပွန်းသည်အား မော့ကြည့်ကာ သူမပြောချင်တဲ့ စကားတွေကို ပြန်မြိုသိပ်လိုက်သည်။ မနက်ခင်းက အရမ်းအိပ်ထားတာကြောင့်မို့ အခုချက်ချင်း အိပ်မပျော်ခဲ့ပေ။ သူမ ထိုယောက်ျား၏ ရင်ဘတ်ကို မှီပြီး သူ၏ အသက်ရှူသံကို နားထောင်နေခဲ့သည်။

အချိန်အတော်ကြာပြီးနောက် သူမ ကလေးအသံဖြင့် မေးလိုက်သည်။ “ယောကျ်ား အိပ်ပြီလား”

All Chapters