အခန်း (၁၂၀)
Vol. 8 Ch. 120
ကျီလင်းချန်ပြောလိုက်သည်။ "ပြော"
ဖန့်ရှောင်နွမ် သူမရဲ့ နှုတ်ခမ်းတွေကို ဖိရင်း ပြောလိုက်သည်။ " ယောကျ်ား ကျွန်မ တောင်းပန်ပါတယ် ။ ကျွန်မအမှားတစ်ခုလုပ်ခဲ့တယ်။"
ယောက်ျားက မျက်လုံးတွေကို ဖြည်းညှင်းစွာဖွင့်ကာ သူ့လက်ထဲက မိန်းမငယ်လေးကို ငုံ့ကြည့်နေသည်။ သူ မေးလိုက်သည်။ “ဘာကိစ္စလဲ”
“မှန်တယ်၊ မှန်တယ်။ ကျွန်မစောစောက ဓါတ်လှေကားထဲ တိုးပြီးစီးလာခဲ့တာမဟုတ်ဘူး။ ရှင့်ရဲ့ ကိုယ်ပိုင်ဓာတ်လှေခါးကို ငါ တိတ်တိတ်လေးစီးလာတာ " ဖန့်ရှောင်နွမ်ရဲ့အသံက ပိုသေးသထက် သေးလာသည်။ “ကိုယ်ပိုင်ဓာတ်လှေကား” ဆိုတဲ့ စကားကို သူမကိုယ်တိုင် မကြားနိုင်လောက်အောင်အထိပင်။
နားနေခန်းက ရုတ်တရက် တိတ်ဆိတ်သွားသည်။
ဖန့်ရှောင်နွမ်က သူမရဲ့ခင်ပွန်းဖြစ်သူ အပြစ်တင်မှာကို စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းနေခဲ့သည်။ မထင်မှတ်ပဲ ယောက်ျားက သူမကို အပြစ်မတင်ခဲ့ပေ။ အဲဒီအစား သူ မေးခဲ့သည်။ “ဒါဆို မင်း ဘာလို့ အခု ကိုယ့်ကို အမှန်အတိုင်း ပြောပြနေတာလဲ”
ဖန့်ရှောင်နွမ်က သူမရဲ့နှလုံးသားကို လက်ဖဝါးပေါ်တင်ပြီး ပြောလိုက်သည်။ "ကျွန်မရှင့်ကို လိမ်ပြောရင် ကျွန်မဒီမှာ စိတ်မသက်မသာဖြစ်ရလိမ့်မယ်"
ဒါကိုကြားတော့ ကျီလင်းချန် ရယ်လိုက်သည်။ သူ သူမကို အပြစ်မတင်ဘူး။ အဲ့အစား သူမက အရမ်း ချစ်စရာကောင်းလွန်းတယ်လို့ ခံစားမိသည်။
သူမရဲ့ခေါင်းထိပ်ကို ကိုင်လိုက်ပြီး နူးညံ့စွာပြောခဲ့သည်။ “လိမ္မာတယ်။ ကိုယ်သိတယ်။ အဲ့တာကအဆင်ပြေပါတယ်”
မှိန်ဖျော့နေတဲ့ နားနေခန်းထဲမှာ ကျီလင်းချန်က အမျိုးသမီးငယ်လေးရဲ့ ခန္ဓာကိုယ် တောင့်တင်းနေသေးသည်ကို ခံစားနိုင်သည်။ ဇနီးဖြစ်သူ၏ မျက်နှာကို ထိရန် လက်လှမ်းလိုက်ကာ နဖူးကို နမ်းရန်ခေါင်းကို ငုံ့လိုက်သည်။ “တကယ် အဆင်ပြေပါတယ်။”
ဖန့်ရှောင်နွမ် ပြောလိုက်သည်။ "ကျွန်မကို စိတ်ဆိုးသွားလား"
ကျီလင်းချန် ပြန်ဖြေလိုက်သည်။ "ကိုယ် မင်းကို စိတ်မဆိုးပါဘူး"
သူမ မော့ကြည့်လိုက်သည်။ ထိုယောက်ျား၏မျက်နှာကို သဲသဲကွဲကွဲ မမြင်ရသော်လည်း၊ သူမ သူ့ကိုဆက်ပြီးကြည့်ကာ ပြောလိုက်သည်။ "ဒါပေမယ့် ကျွန်မ ရှင့်ကိုလိမ်ခဲ့မိတယ်လေ"
ကျီလင်းချန် ပြောလိုက်သည်။ "ကိုယ်သိတယ်၊ ဒါပေမယ့် ကိစ္စမရှိပါဘူး"
ဖန့်ရှောင်နွမ် ဘာပြောရမှန်းမသိတော့ပေ။ သူမ ခေါင်းငုံ့ကာ ယောက်ျားဖြစ်သူရဲ့ ရင်ခွင်ထဲသို့ ဖြည်းညှင်းစွာ ရွှေ့လိုက်သည်။
ကျီလင်းချန်လည်း သူ့ခန္ဓာကိုယ်ကို လှည့်လိုက်ပြီး သူ့ရင်ခွင်ထဲက အမျိုးသမီးငယ်လေးကို တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်သည်။ သူ့နှုတ်ခမ်းမှာ အပြုံးတစ်ခုရှိနေသည်။ သူ့ "ကြောင်ပေါက်လေး" နဲ့ အိပ်ချင်သည်။
အချိန်အတော်ကြာပြီးနောက် ဖန့်ရှာင်နွမ် နိုးလာပြီး ကြက်သေသေသွားခဲ့သည်။ သူမယောကျ်ား ထသွားလိုက်တာကြာပြီ။ သူမ ဘယ်အချိန်က အိပ်ပျော်သွားမှန်းတောင် မသိတော့ပေ။ နားနေခန်းက အရမ်းမှောင်သည်။ ဘယ်အချိန်ရှိပြီလဲဆိုတာ သူမ မသိပေ။ သူမရဲ့ဖုန်းကို အမြန်ရှာတွေ့သွားပြီး အချိန်ကို စစ်ဆေးလိုက်သည်။ ကံကောင်းထောက်မစွာ၊ နေ့လည်သုံးနာရီသာရှိသေးသည်။ ည ခုနစ်နာရီ၊ ရှစ်နာရီအထိ ဒီအတိုင်း အိပ်မိသွားရင် ရှက်စရာကြီး။ အိပ်ယာမှထပြီးနောက် နားနေခန်းကို သပ်သပ်ရပ်ရပ် ပြင်ဆင်လိုက်သည်။ သူမ မထွက်ခွာမီတွင် air conditioner ၏ မူလအပူချိန်ဆက်တင်များကိုပင် ပြန်လည်ပြင်ဆင်ပြီး ကန့်လန့်ကာတွေကို ဆွဲဖွင့်ခဲ့သည်။
ခင်ပွန်းဖြစ်သူ စိတ်ဆိုးနေတာကိုမြင်ရဖို့ သူမ နားနေခန်းမှထွက်လာခဲ့သည်။
“မင်း ငါ့ကို ခါထုတ်ဖို့ ဒီအချက်အလက်နည်းနည်းကိုပဲ သုံးဖို့လုပ်တော့မှာလား။ မင်းမှာ ဒါကို ကောင်းကောင်းလုပ်နိုင်တဲ့ အရည်အချင်းမရှိရင် မင်းရာထူးကို တတ်နိုင်ရင် တခြားသူဆီ ပေးပစ်လိုက်တော့ ”
ဖန့်ရှောင်နွမ်က ဘေးနားတွင် ပုန်းနေပြီး ခင်ပွန်းဖြစ်သူ၏ အမူအရာကို ကြည့်နေသည်။ သူတကယ်ဒေါသထွက်နေပုံရသည်။
ကျီလင်းချန်က လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးကို အပြစ်တင်နေခဲ့သည်။ သူ့ပုံစံက အလွန်ရိုးရှင်းပြီး ရိုးသားပုံပေါက်သည်။ လူလတ်ပိုင်းအရွယ် အမျိုးသားက ကျီလင်းချန် ရှေ့မှာ ရပ်နေပြီး ခေါင်းငုံ့ကာ မလှုပ်မရှား ရပ်နေသည်။ သူ့ကိုကြည့်ရတာ ရုပ်တုတစ်ခုလိုပင်။
သူ ကျီလင်းချန်ကို အရမ်းကြောက်နေပြီး လုံးဝ မလှုပ်ရဲခဲ့ပေ။
ကျီလင်းချန်က နောက်ထပ် စာမျက်နှာ အနည်းငယ်ကို လှန်ကြည့်လိုက်သည်။ ပိုကြည့်လေ၊ သူ့အမူအရာက ပိုမည်းမှောင်လာသည်။ သူက လူလတ်ပိုင်းအရွယ် အမျိုးသားရှေ့ကကြမ်းပြင်ပေါ် အစီရင်ခံစာတွေ လွှင့်ပစ်လိုက်သည်။ အစီရင်ခံစာတွေက ကြမ်းပြင်အနှံ့ ပြန့်ကျဲသွားသည်။ အဲ့ထဲက တချို့က လူလတ်ပိုင်း အမျိုးသားရဲ့ ဖိနပ်ပေါ် ရောက်သွားသည်။
ကျီလင်းချန်ရဲ့ မျက်နှာက အေးစက်နေဆဲဖြစ်ပြီး သူ့တစ်ကိုယ်လုံး ဖိနှိပ်မှု ခံစားချက်တွေ ထွက်ပေါ်လာသည်။ သူ နှစ်ပေါင်းများစွာ ရာထူးမြင့်တဲ့နေရာမှာနေခဲ့ပြီး သူ၏အရှိန်အဝါက သာမန်လူတစ်ယောက်ထက် များစွာသာလွန်သည်။ သူ လျစ်လျူမရှုနိုင်တဲ့ ဂုဏ်သိက္ခာ အတိုင်းအတာဖြင့် သူတပါးကို ကြည့်ရှုခဲ့သည်။
ကျီလင်းချန် ပြောလိုက်သည်။ “အဲဒါတွေကို ကောက်ပြီး ပြန်ထိုင်။ မနက်ဖြန် ငါ့ကို လွှဲပေး။ မင်း ငါ့ကို ဒီအတိုင်းဆက်ပြီးခါထုတ်ချင်တယ်ဆိုရင်တော့ ထွက်သွားလိုက်"
ထိုမှသာ လူလတ်ပိုင်းအရွယ်အမျိုးသားက လှုပ်ရှားသွားလေသည်။ ကြောက်လန့်တကြား ငုံ့ကာ တောင်းပန်ရင်း သူ့အသံက တုန်ရီနေလေသည်။ “ဟုတ်ကဲ့ CEO။ ဟုတ်ကဲ့ CEO" အဲဒါနဲ့ သူက ကြမ်းပြင်ပေါ်က အစီရင်ခံစာတွေကို တစ်ခုပြီးတစ်ခု ကောက်ယူခဲ့သည်။
ဖန့်ရှောင်နွမ် လူလတ်ပိုင်းလအရွယ်အမျိုးသားအတွက် စာနာစိတ်အနည်းငယ် ခံစားလိုက်ရသည်။ သူက အသက်မငယ်တော့ဘူး သူမရဲ့ယောကျ်ားထက် ဆယ်နှစ်ကျော်ခန့် အသက်ကြီးသော်လည်း အခု ကဲ့ရဲ့ပြစ်တင်ခြင်းကို ခံနေရသည်။ သူမ တွေးမနေတော့ဘဲ အမြန်ပြေးပြီး အစီရင်ခံစာကို ကူကောက်ပေးဖို့ ထိုင်ချလိုက်သည်။
ကျီလင်းချန် ရုတ်တရက် ပုံပန်းသဏ္ဍာန်သေးသေးလေးတစ်ခု ပြေးလာတာကိုမြင်လိုက်ရသည်။ အနီးကပ်စစ်ဆေးကြည့်လိုက်တော့ အဲ့တာက သူ့ဇနီးလေးဖြစ်ကြောင်း သိလိုက်ရသည်။ သူမက လက်ရှိမှာ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး၏ အစီရင်ခံစာတွေကို ကူကောက်ပေးနေသည်။ အဝေးကြီးကိုရောက်သွားတဲ့ အစီရင်ခံစာတွေကို ကောက်ယူရန် သူမ အဝေးသို့ပင် ပြေးသွားခဲ့သည်။ သူမက အဲ့တာတွေကိုပြန့်သွားအောင်လုပ်ပြီး လူလတ်ပိုင်းအရွယ် အမျိုးသားထံ အပ်လိုက်သည်။
"ကျေးဇူးတင်ပါတယ်" လူလတ်ပိုင်းအရွယ် အမျိုးသားက သူမကို ကျေးဇူးတင်ကြောင်း ဦးညွှတ်ခဲ့သည်။ သူ ခေါင်းကို မော့ကြည့်လိုက်တော့ သူ့ရှေ့ကလူက တကယ်တော့ ငယ်ရွယ်တဲ့ မိန်းကလေးဖြစ်နေမှန်း သိလိုက်ရသည်။ သူ ခဏလောက်တော့ ကြက်သေသေသွားသည်။ ကလေးမလေးတစ်ယောက် CEO ရုံးခန်းထဲ ဘာကြောင့်ရှိနေမှန်း သူ မသိပေ။ ဒီကလေးမလေးက သူ့ကလေးနဲ့ အသက်တူပုံရသည်။ ဒါပေမယ့် သူ့အခြေအနေကြောင့် မမေးရဲပေ။ တကယ်တော့ ဒီမိန်းကလေးက ယူနီဖောင်းမဝတ်ထားတာကြောင့် သူမက ကုမ္ပဏီဝန်ထမ်းမဟုတ်မှန်း သိသာသည်။ သူမက အရေးပါတဲ့သူတစ်ယောက်ဖြစ်နိုင်သည်၊သူ အတင်းအဖျင်းမပြောသင့်ပေ။
ဖန့်ရှောင်နွမ်က မပျော်မရွှင်ဖြစ်နေတဲ့ သူမရဲ့ခင်ပွန်းကို တစ်ချက်ကြည့်လိုက်ပြီး ပြောခဲ့သည်။ "ကျွန်မက သူ့တူမပါ။ ရှင်သွားသင့်ပြီ"
လူလတ်ပိုင်းအရွယ် အမျိုးသားက နောက်တစ်ကြိမ် လှည့်၍ တောင်းပန်ပြီးနောက် ကျီလင်းချန်အား ဦးညွှတ်ဦးညွှတ်ခဲ့သည်။ မနက်ဖြန် အစီရင်ခံစာကို အချိန်မီ ပေးပို့ပါမယ်လို့လည်း သူပြောခဲ့သည်။ အဲ့လိုပြောပြီးနောက် သူ ရုံးခန်းထဲက ထွက်သွားခဲ့သည်။