← Chapters

အခန်း (၁၂၁)

Vol. 9 Ch. 121

အခန်း (၁၂၁)

Vol. 9 Ch. 121

လူလတ်ပိုင်းအရွယ် အမျိုးသား ထွက်သွားပြီးနောက် ရုံးထဲမှာ လင်မယားနှစ်ယောက်ပဲ ကျန်တော့သည်။ ဖန့်ရှောင်နွမ်က သူမခင်ပွန်း၏ ပြင်းထန်သောအကြည့်ကို သတိပြုမိနေပြီဖြစ်သောကြောင့် သူမ သူ့ထံသို့ တိုက်ရိုက်သွားခဲ့သည်။ ခုဏက လူသတ်တဲ့ အရိပ်အယောင် ရှိနေတဲ့ အမျိုးသားက အရင်က နူးညံ့သိမ်မွေ့တဲ့ ခင်ပွန်းနဲ့ လုံးဝ မတူတော့ပေ။ ယခုအခိုက်အတန့်တွင် သူတို့နှစ်ဦး လက်ထပ်ပြီးသည့်အချိန်ကို ပို့ဆောင်လိုက်သလိုပင်။ သူ့ဒေါသက ဘယ်လောက်ဆိုးသည်ဖြစ်စေ သူမ မကြိုက်ပေ။

ကျီလင်းချန်ရဲ့ နှလုံးသားက ဒေါသများဖြင့် ပြည့်နှက်နေပြီ။ အခုပဲ သူ့မိန်းမ နှောင့်ယှက်တာကိုခံလိုက်ရတော့ သူ့နှလုံးသားထဲမှာ ဒေါသတွေ ပိုပိုပြင်းပြလာသည်။ သူ ဘော့စ် ကုလားထိုင်ပေါ်မှာ ရုတ်တရက် ထိုင်ချလိုက်ပြီး ကုလားထိုင်က ရိုက်ခတ်မှုကြောင့် လှုပ်သွားသည်။

"မင်း အိပ်ရေးမဝဘူးလား။ ကိုယ် ဘယ်သူလဲဆိုတာတောင် မမှတ်မိတော့ဘူးလား" ကျီလင်းချန် လေသံတိုးတိုးဖြင့် မေးလိုက်သည်။ သူမရဲ့လုပ်ရပ်အတွက် နောင်တရပုံမပေါ်တဲ့ ဒီဇနီးလေးကို သူကြည့်လိုက်သည်။ အချိန်အတော်ကြာပြီးနောက် သူမ မရှင်းပြသေးတာကြောင့် သူပဲ အရင်စပြောခဲ့သည်။ ကျီလင်းချန်က သူ၏ လက်ရှိအမူအကျင့်က အပေးအယူလုပ်သည့်ပုံစံဖြစ်နေသည်ကို မသိခဲ့ပေ။

ဖန့်ရှောင်နွမ် နှုတ်ခမ်းစူပြီး ဒေါသထွက်ထွက်နဲ့ပြောလိုက်သည်။ "အဲဒီလူကို ရှင်က ကျွန်မယောကျ်ားဆိုတာကို မသိစေချင်ဘူး"

သံသယဖြစ်စရာမလိုဘူး ကျီလင်းချန်ရဲ့ အမူအရာက ထိုစကားကိုကြားသောအခါ ပို၍ပင် မည်းမှောင်သွားသည်။ ရှင်းနေတာကတော့ သူ ပို၍ပင် ဒေါသထွက်နေသည်။ ဇနီးဖြစ်သူ၏ မျက်လုံးတွေကို စိုက်ကြည့်ကာ ရှင်းပြချက်ကို စောင့်ဆိုင်းနေစဉ် သူ့မျက်လုံးများက ညိုမဲသွားခဲ့သည်။

ဖန့်ရှောင်နွမ် ပြောလိုက်သည်။ "ကျွန်မယောက်ျားက စိတ်ထားကောင်းတယ်၊ နူးညံ့သိမ်မွေ့တယ်၊ ကျိုးကြောင်းဆီလျော်ပြီး အလွန်လေးစားစရာကောင်းတဲ့ ကျီလင်းချန် ဖြစ်ရမယ်။ သူက သူ့လက်အောက်ငယ်သားတွေကို အော်ငေါက်တာ ဒါမှမဟုတ် လူတွေကို ပစ္စည်းတွေနဲ့ပစ်ပေါက်တဲ့လူ မဖြစ်ရဘူး”

ဟမ်? သူ့ဇနီးလေးက သူ သူ့လက်အောက်ငယ်သားအပေါ် ရက်စက်လွန်းတယ်လို့ ညည်းညူနေတာပဲ။

ဖန့်ရှောင်နွမ်က ကျီလင်းချန်ကို မကြောက်ပေ။ သူ သူမကို အနိုင်ကျင့်ရင် သူမ သူ့ကိုပြန်လုပ်မှာ။ သူမရဲ့ ခံယူချက်က အရမ်းရိုးရှင်းသည်။ သူမ ဆက်ပြောလိုက်သည်။ “အဲ့တော့ ရှင့်က ကျွန်မရဲ့ယောကျ်ားပါလို့ ကျွန်မ ပြောလိုက်ရင် ကျွန်မဆိုတဲ့ ဖန့်ရှောင်နွမ်က စိတ်ဆိုးဒေါသထွက်တတ်တဲ့ယောက်ျားနဲ့ လက်ထပ်ခဲ့တာကို လူတိုင်းသိသွားကြလိမ့်မယ်။ သူက ရိုးရှင်းတယ် လူသားမဆန်ဘူး။ ကျွန်မကို အရှက်ရစေတယ်!”

ကျီလင်းချန် ပြောစရာစကားမဲ့သွားလေသည်။ သူ့မိန်းမက သူ့ကို လူသားမဆန်ခဲ့တဲ့အတွက် ဆူနေပြန်သည်။

ဖန့်ရှောင်နွမ် ဆက်ပြောလိုက်သည်။ "အဲဒါကြောင့်မို့ ရှင့်ကို လေးစားမခံရဘူးဆိုတာကို ခံစားရအောင်လို့ ကျွန်မရှင့်ကို ခံစားခိုင်းလိုက်တာ။" ထို့နောက် သူမက ကျီလင်းချန် ကို "ဦးလေး" လို့ တမင်တကာ ခေါ်လိုက်ပြီး ကျီလင်းချန်က အဖိုးကြီးကြီးပြီး မိန်းမငယ်လေးတွေနဲ့ ချိန်းတွေ့ရတာကို နှစ်သက်ပြီး သူ့မှာ စရိုက်ဆိုးရှိကြောင်း ပြောလိုက်သည်။

ဖန့်ရှောင်နွမ်ရဲ့စကားတွေက ကျီလင်းချန်ရဲ့ ဒေါသအတွက် ဓာတ်ဆီနှင့်တူသည်။ ဒါပေမယ့် သူမက မီးသတ်ဆေးဘူးလည်း ဖြစ်သည်။ ကျီလင်းချန်က ဇနီးလေးရဲ့ ချစ်စဖွယ်အမူအရာအား ကြည့်နေသောအခါ ဘယ်လောက် ဘာကိစ္စတွေဖြစ်နေပါစေ သူ့ဒေါသကို မဖျောက်နိုင်ပေ။ ကျီလင်းချန်အား ဒီဟာတွေကိုပြောတဲ့သူက အခြားသူဖြစ်နေရင် အကယ်၍ သူ့မိသားစုအရင်းတွေဖြစ်ရင်တောင် သူ ထိုင်နေမှာမဟုတ်ဘူး။ ဒါပေမယ့် ဒီဟာတွေကို ပြောနေတဲ့သူမှာ သူ့ဇနီးလေး၊ သူ့ရဲ့ကြောင်ပေါက်ကလေးဖြစ်သည်။ သူ သည်းခံရုံသာ တက်နိုင်သည်!

ဖန့်ရှောင်နွမ်က သူမရဲ့ယောကျ်ား ဘာတွေတွေးနေလဲဆိုတာကို လုံးဝမသိပေ။ သူမ အဆက်မပြတ် တတွတ်တွတ်ပြောနေဆဲပင်။ "ရှင် တစ်စုံတစ်ယောက်ကို အစီရင်ခံစာတွေနဲ့ ပစ်လိုက်တယ်။ အဲ့တာ လွန်လွန်းသွားပြီ။ ရှင် လုံးဝ လူကောင်းတစ်ယောက်ပုံစံနဲ့မတူတော့ဘူး”

ကျီလင်းချန် ဘာမှ မပြောဘူး။ အဲ့တာက ပြီးသွားပြီ။ သူ့မိန်းမက သူ့ကို လူဆိုးတစ်ယောက်လို့ မြင်နေပြီ။

ဖန့်ရှောင်နွမ် ပြောလိုက်သည်။ “ခုဏက အဲဒီလူက အဖေ့အသက်အရွယ်လောက်ပဲ။ ရှင် သူ့ကို ဒီလိုပဲ ဆူငေါက်ပြီး ပစ္စည်းတွေနဲ့တောင် ပစ်ပေါက်တယ်။ သူ့မာနကို ရှင် လုံးဝ ဂရုမစိုက်ဘူး။ သူ့ကလေးတွေ ဒါကိုမြင်သွားရင် ရှင့်ကို အဲ့အတွက် ဆူဆဲပစ်ချင်ကြမှာမဟုတ်ဘူးလား တစ်ယောက်ယောက်က ကျွန်မအဖေ့ကို ဒီလိုဆက်ဆံခဲ့ရင် ကျွန်မ အဲဒီလူနဲ့တောင် သေချာပေါက် ရန်ဖြစ်ပစ်လိုက်မှာ!"

ကျီလင်းချန်က သူ့ဇနီးလေးက ကိစ္စတွေကို လှည့်စားလိုက်ကြောင်း ရုတ်တရက် သဘောပေါက်သွားပြီး သူ့လက်အောက်ငယ်သားကို သူမရဲ့အဖေအဖြစ် ထင်မြင်စေခဲ့သည်။

ကျီလင်းချန်ပြောလိုက်သည်။ "မင်းအဖေက ဖန့် ကော်ပိုရေးရှင်းရဲ့ဥက္ကဌပါ။ သူ့ကို ဒီလိုမျိုး ဆက်ဆံမယ့်သူ မရှိပါဘူး။” အခုအချိန်မှာ သူက ကျီလင်းချန်ရဲ့ ယောက္ခထီးလည်းဖြစ်သည်။ လူတွေက သူ့ကို မျက်နှာလို မျက်နှာရလုပ်ကြလိမ့်မယ်။ ဘယ်သူက သူ့ကို ဒေါသ ထွက်အောင်လုပ်မှာလဲ။

ဖန့်ရှောင်နွမ် မျက်မှောင်ကြုတ်ပြီး ခြေထောက်ဆောင့်လိုက်သည်။ "ယောကျ်ား၊ကျွန်မ ဆိုလိုတာကို ရှင်ဘာလို့ နားမလည်ရတာလဲ။ အဓိကအချက်က ရှင်လူတွေကို မလေးစားတာပဲ!"

ကျီလင်းချန် ပြောလိုက်သည်။ “ဒါပေမယ့် သူက လက်အောက်ငယ်သားတစ်ယောက်။ ကိုယ် သူ့ကို လစာအများကြီးပေးထားတာ…”

ဖန့်ရှောင်နွမ် ပြောလိုက်သည်။ "ဒါဆိုရှင် လစာမြင့်မြင့်ပေးထားပြီး သူ့ကို အရှက်ခွဲလို့ရလား"

ကျီလင်းချန် အသက်ပြင်းပြင်းရှူပြီး ဒေါသကို ထိန်းလိုက်သည်။ သူက စိတ်ရှည်ရှည်နဲ့ ရှင်းပြလိုက်သည်။ "ရှောင်နွမ်၊ ကိုယ် ပြောတာကို နားထောင်။ အခုသူလုပ်လိုက်တဲ့ အမှားက ဝန်ထမ်းအသစ်တစ်ယောက်လုပ်နိုင်တဲ့ အနိမ့်ဆုံးအမှားပဲ။ ဖြစ်နိုင်ခြေ နှစ်ခုရှိတယ်။ ပထမအချက်က မိမိလက်အောက်ငယ်သားတွေဆီက ဒေတာတွေကို တိုက်ရိုက်ယူလာတာ။ ဒုတိယအချက်က သူ ကိုယ့်ကို တမင်တကာ လိမ်ချင်နေတာ။ အဲ့ဒါကြောင့် ကိုယ် အရမ်းဒေါသထွက်တယ်။"

“သူက ကုမ္ပဏီရဲ့ ဝါရင့်ဝန်ထမ်းတစ်ယောက်မို့ နောက်တစ်ကြိမ် အဲ့တာကို ထပ်လုပ်ဖို့ ကိုယ်တောင်းဆိုလိုက်တာ။ အဲ့နေရာမှာတခြားသူသာဆိုရင် ကိုယ်သူ့ကိုချက်ချင်းထုတ်ပစ်ပြီ၊ သူ့အမှားကိုပြင်ဖို့အခွင့်အရေးတောင်ရှိမှာမဟုတ်ဘူး။”

"ကိုယ် အစီရင်ခံစာတွေကို သူ့ဆီပစ်လိုက်တယ်လို့ မင်းပြောခဲ့တယ်နော်။ အဲဒါ ကိုယ့်အမှားဆိုတာ အမှန်ပဲ။ ကိုယ့်ရဲ့အမှားကို ကိုယ်ဝန်ခံတယ်။"

“ကျွန်တော် တကယ်ကို ဒေါသအရမ်းထွက်နေတော့ ကျွန်တော့်လုပ်ရပ်တွေကို မထိန်းနိုင်တော့ဘူး။ ဒါကို ထပ်မလုပ်တော့ဘူးလို့ ကတိပေးတယ် ဟုတ်လား"

ကျီလင်းချန် သူ့မိန်းမကို စိတ်ရှည်ရှည်နဲ့ ရှင်းပြနေသည်။

ဒါပေမယ့် ဖန့်ရှောင်နွမ်က ထိုကဲ့သို့ရှင်းပြချက်ကို လက်ခံနိုင်ပုံမပေါ်ပေ။ သူမရဲ့ မျက်မှောင် ကြုတ်ထားဆဲဖြစ်ပြီး စကားတစ်ခွန်းမှ မပြောပေ။

All Chapters