← Chapters

အခန်း (၁၂၈)

Vol. 9 Ch. 128

အခန်း (၁၂၈)

Vol. 9 Ch. 128

ဖန့်ရှောင်နွမ် စိတ်ဝင်တစား မေးလိုက်သည်။ "ယောကျ်ား၊ ဒါဆို ရှင်ဘာလို့ ကျွန်မဆုံးဖြတ်ချက်ချစေချင်တာလဲ။ ရှင်မှာ ကိုယ်ပိုင် စိတ်ကူးတွေ ရှိပြီးသား မဟုတ်ဘူးလား"

ကျီလင်းချန် ဇနီးဖြစ်သူ၏ ဆံပင်တွေကို ဖွရင်း ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။ “ကိုယ် မင်းကို ဆုံးဖြတ်ခွင့်ပေးမယ်။”

ဖန့်ရှောင်နွမ် ကြက်သေသေသွားသည်။ သူမရဲ့ယောကျ်ားက တစ်ဘီလီယံကျော်တန်တဲ့စာချုပ်ကို သူမကို ဆုံးဖြတ်ခွင့်ပေးလိုက်တာလား။

သူမ ဆက်မေးလိုက်သည်။ “ကျွန်မရဲ့ဆုံးဖြတ်ချက်က ရှင်လိုချင်တာနဲ့ ဆန့်ကျင်ဘက်ဖြစ်နေရင် ဘယ်လိုလုပ်မလဲ”

“ကုမ္ပဏီရဲ့ ဒုတိယလူကြီးက အကြံအစည်တွေ အရမ်းများနေတယ်လို့ ထင်တယ်။ သူက ရာထူးအတွက် မျှမျှတတ ယှဉ်ပြိုင်ချင်ပေမယ့် ခုထိ လျှို့ဝှက်တဲ့ နည်းလမ်းတွေကို အသုံးပြုနေတယ်ဆိုတာ အခိုင်အမာ ပြနေတယ်”

“ဒါ့အပြင် သူက ကျွန်မယောကျ်ားနဲ့ ကျွန်မအဖေကိုတောင် အခွင့်အရေးယူခဲ့တယ်။ သူက တော်တော်ဆိုးတဲ့ စရိုက်ရှိတဲ့သူဖြစ်ရမယ်!"

“နှိုင်းယှဥ်ပြီးပြောရမယ်ဆိုရင်တော့ ဒါရိုက်တာ ထန်း မှာ သိပ်ပြီး အရည်အချင်းမရှိပေမယ့် သူ့ရဲ့စရိုက်က ပြဿနာမရှိဘူး။ ကျွန်မတို့ အတူတူအလုပ်လုပ်မယ်ဆိုရင် အခက်အခဲမရှိဘူး…”

"ဒီတော့ ယောကျ်ား၊ သူတို့နဲ့ အလုပ်ဆက်လုပ်ရအောင်။"

ကျီလင်းချန်က သူ့ဇနီးလေးက သူ့ကို စိတ်ပျက်ရအောင်မလုပ်ဘူးဆိုတာ သေသေချာချာ သိနေသည်။

ကျီလင်းချန် ပြောလိုက်သည်။ "ကောင်းပြီ၊ ခဏနေရင် ကိုယ် စာချုပ်ကို ရှေ့နေကို ပို့ခိုင်းလိုက်မယ်" ထိုစကားကို ပြောပြီးနောက် ဇနီးလေးရဲ့ ဆံပင်ကိုပင် ထိလိုက်သည်။ သူမရဲ့ဆံပင်က ကလေးတစ်ယောက်ရဲ့ဆံပင်လို ပါးလွှာပြီး ပျော့ပျောင်းနေသည်။

ဖန့်ရှောင်နွမ်က ခင်ပွန်းဖြစ်သူ ပေးထားတဲ့ လက်ကောက်ကို ဝတ်ထားသည်။ သူမ အဲဒါကို တွေးမိပြီးတော့ သူ့ကို ကျေးဇူးတင်ကြောင်း ဖော်ပြသင့်တယ်လို့ခံစားလိုက်ရသည်။ ထို့ကြောင့် အောက်ထပ်သို့ မဆင်းမီတွင် သူမ၏ ခြေဖျားထောက်လိုက်ပြီး ခင်ပွန်းဖြစ်သူ၏ ပါးကို အမြန်နမ်းလိုက်သည်။ ထို့နောက် ထမင်းစားဖို့ အောက်ထပ်သို့ ဆင်းသွားခဲ့သည်။ ကျီလင်းချန်က တပ်မက်မှုအပြည့်နဲ့မျက်နှာဖြင့် ထိုနေရာမှာ ကျန်ခဲ့သည်။

…

စာသင်ခန်းထဲ၌။

ဖန့်ရှောင်နွမ်က အနီရောင်ရင့်ရောင် အရည်ထည့်ထားတဲ့ခွက်ကြီးကို ကိုင်ကာ သောက်ခဲ့သည်။

လျိုစစ်ယွီ မေးလိုက်သည်။ "ရှောင်နွမ်၊ ဘာတွေသောက်နေတာလဲ"

ဖန့်ရှောင်နွမ် ဝင့်ကြွားစွာဖြင့် ပြောလိုက်သည်။ “သကြားညိုရေ။ ငါ့ယောကျ်ားက သူ မသွားခင်ကတည်းက ငါ့အတွက် ရည်ရွယ်ပြီး လုပ်ပေးထားတာ။”

မနက်ခင်း ကျောင်းမသွားခင်တုန်းက ကျီလင်းချန်က သူမရဲ့ရေခွက်ကို ယူသွားသည်။ ထို့နောက် သူ သူမရဲ့ခွက်ပေါ်ရှိ ပုံကိုကြည့်ကာ ပြောလိုက်သည်။ "ဒီကြောင်လေးကို နည်းနည်းတော့ ရင်းနှီးနေသလိုပဲ"

ကျီဝမ် မေးလိုက်သည်။ "ဦးလေး၊ ဘယ်တုန်းက ကြောင်မွေးလိုက်တာလဲ"

ကျီလင်းချန်က သူ့မိန်းမကိုကြည့်ပြီး ပြောလိုက်သည်။ "ငါ့ရင်ခွင်ထဲမှာရှိတဲ့ ကြောင်ပေါက်လေးနဲ့တူတယ်"

ဖန့်ရှောင်နွမ် ရှက်ရွံ့စွာ ပြန်ပြောလိုက်သည်။ "အာ့၊ ရှင်ကျွန်မကို ဘာလို့ ကြောင်ပေါက်လေးလို့ ထပ်ပြီးခေါ်နေတာလဲ" သူမ၏ လေသံမှာ ချိုမြိန်မှုအပြည့်ရှိနေသည်။ အဲ့တာက ကျီဝမ်ကို ခေါင်းကိုက်စေသည်။

ကျီဝမ် ပြောလိုက်သည်။ 'မင်းတို့ရဲ့ အချစ်တွေကို မနက်အစောကြီး ပြနေကြတာက လုံလောက်ပြီ'

ကျောင်းရောက်ပြီးနောက် ကျီဝမ်က သူ့ဦးလေးနဲ့ ဖန့်ရှောင်နွမ် အကြောင်း ဇာတ်လမ်းများစွာကို လျိုစစ်ယွီ အား ပြောပြခဲ့သည်။

"အို မိုင်ဂေါ့၊ ရှောင်နွမ် လက်ထပ်ပြီးတော့ သူမရဲ့ အချစ်စစ်နဲ့ တွေ့သွားတာပဲ" လျိုစစ်ယွီက အံ့သြစွာပြောလိုက်သည်။

နှစ်ယောက်သား အရူးလို တခစ်ခစ်ရယ်နေတဲ့ ဖန့်ရှောင်နွမ် ကိုကြည့်ကာ တညီတညွတ်တည်း ခေါင်းညိတ်လိုက်ကြသည်။ "ကြည့်ရတာ သူမ သူ့ကိုတကယ်တွေ့သွားပုံရတယ်။"

လျိုစစ်ယွီ သက်ပြင်းချလိုက်သည်။ “နင် နှစ်အတော်ကြာ Single ဖြစ်လာခဲ့ပေမဲ့ အိမ်ထောင်ပြုပြီးသွားတော့ နင့်ရဲ့အချစ်စစ်ကို ရှာတွေ့သွားခဲ့တယ်။ ဒါ ကောင်းကင်ဘုံကပေးတဲ့ လက်ဆောင်ဖြစ်ရမယ်”

ကျီဝမ် ပြောလိုက်သည်။ “ကောင်းကင်ဘုံက ငါ့ကို လက်ဆောင် ဘယ်တော့မှပေးမှာလဲ။ ငါ့ဦးလေးနဲ့ ဖန့်ရှောင်နွမ်ကို အခြားတစ်နေရာ သွားခိုင်းလိုက်ပါ။ မဟုတ်ရင် အိမ်မှာ ငါ အရမ်း စိတ်သုန်မှုန်နေရလိမ့်မယ်။"

လျိုစစ်ယွီ ပြောလိုက်သည်။ "မင်းက လက်ဆောင်ရဖို့ မထိုက်တန်ဘူး။ မင်း ကိုယ့်ကိုကိုယ် အားကိုးတာ ပိုကောင်းမယ်။"

စာသင်ချိန်အတွင်း ဖန့်ရှောင်နွမ်က ငြီးငွေ့စရာကောင်းတဲ့ ဗဟုသုတကို ကြားလိုက်တိုင်း ခင်ပွန်းသည်၏ မျက်နှာက သူမ၏ စိတ်ထဲတွင် ပေါ်လာပြီး သူမ အရူးတစ်ယောက်လို တစ်ခစ်ခစ်နဲ့ရယ်နေတော့သည်။

လျိုစစ်ယွီနဲ့ ကျီဝမ်တို့ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီး ကူကယ်ရာမဲ့ ပြောခဲ့ကြသည်။ " ငါ အဝေးကြီးမှာ ထိုင်နေပေမယ့် သူမရဲ့ခေါင်းပေါ်က ပန်းရောင် အတွေးပူဖောင်းတွေ ပေါက်နေတာကို လက်တွေ့ မြင်နေရတယ်။ သူမက ချိုမြိန်တဲ့ အချစ်နံ့ကို ထုတ်ပေးနေတယ်!”

…

ကျီ ကော်ပိုရေးရှင်း၊ CEO ရုံးခန်း၌။

မနေ့က ဝေဖန်ခံခဲ့ရတဲ့ ကျန်းရွေ့က ဒီနေ့ CEO ရုံးခန်းကို အစီရင်ခံစာအသစ်တစ်စောင် ယူဆောင်လာခဲ့သည်။ သူ အစီရင်ခံစာကို ကျီလင်းချန်အား အမြန်လွှဲပေးလိုက်သည်။ ကျီလင်းချန် အချက်အလက်ကို ကြည့်နေတဲ့အချိန်မှာ သူ့ရဲ့နှလုံးက လည်ချောင်းထဲမှ ခုန်ထွက်တော့မယ့်ပုံရသည်။

ကျီလင်းချန် အဲ့တာကို သေသေချာချာကြည့်လိုက်သည်။ ဒီအချိန်မှာ နောက်ဆုံးမှာတော့ ဒေတာအချက်အလက်တွေအတွက် ပြဿနာမရှိသော်လည်း သူ့ဆီမှ တစ်ချက်ကြည့်ခံလိုက်ရရုံဖြင့် ကျန်းရွေ့ကို ဖိအားများစွာ ခံစားရစေသည်။

ကျီလင်းချန် ပြောလိုက်သည်။ "မင်းတို့မိသားစုမှာ ဘာတွေဖြစ်နေလဲဆိုတာ ငါသိတယ်။ မင်း အဲဒါကို ဘယ်လို ကိုင်တွယ်မှာလဲ”

ကျန်းရွေ့ ရုတ်တရက်ခေါင်းမော့ပြီး ကျီလင်းချန် ကို ရှော့ခ်ရသွားတဲ့ မျက်နှာဖြင့် ကြည့်လိုက်သည်။ ကျီလင်းချန်က သူ့မိသားစုကိစ္စတွေကို သိလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ ဒါပေမယ့် အဲ့တာကိုတွေးကြည့်ရင် သူ့ရဲ့အရှုပ်တော်ပုံက ကုမ္ပဏီတစ်ခုလုံး ပျံ့နှံ့နေတာဖြစ်မည်။ သူက ထိတ်လန့်တကြားနဲ့ ပြောခဲ့သည်။

“စီအီးအို ကျီ၊ ကျွန်တော့်မိသားစုကိစ္စကြောင့် ကျွန်တော့်ရဲ့အလုပ်ကို မထိခိုက်စေရပါဘူး။ ကျေးဇူးပြုပြီး နောက်တစ်ကြိမ် အခွင့်အရေးလေးထပ်ပေးပါ” အိမ်မှာ စိတ်ပူစရာကိစ္စတွေက လုံလုံလောက်လောက်ရှိနေပြီ။ သူလည်း သူ့အလုပ်ထပ်ပြီးအပြုတ်တော့မခံနိုင်ဘူး ဒါမှမဟုတ်ရင် သူ့မိသားစုမှာ မျှော်လင့်ချက် လုံးဝရှိတော့မှာမဟုတ်ပေ။

ကျီလင်းချန် သက်ပြင်းချလိုက်မိသည်။ သူ သူ့ကိုယ်သူ သံသယဝင်လာတော့သည်။ ဝန်ထမ်းတွေရဲ့အမြင်မှာ သူက ဘယ်လောက် နှလုံးသားမဲ့နေခဲ့လဲ။ သူ့ရဲ့ သာမာန်မေးခွန်းတွေက သူ့လက်အောက်ငယ်သားတွေကို သူ့အား အတိုင်းအတာတစ်ခုအထိ ကြောက်ရွံ့စေခဲ့သည်။ “ငါ မင်းကို အလုပ်မထုတ်ချင်ပါဘူး” သူ အလျင်အမြန် ပြောလိုက်သည်။

"မင်းကို တစ်ပတ် အားလပ်ရက် ပေးဖို့ ငါ အသင့်ပြင်ထားတယ်။ ဒီအချိန်ကာလမှာ မင်းရဲ့မိသားစုကိစ္စတွေကို မင်းကိုင်တွယ်နိုင်မလား"

"CEO ကျွန်တော်...... ” ကျန်းရွေ့က ကျီလင်းချန်ကို သနားစရာကောင်းစွာ ကြည့်လိုက်သည်။ အားလပ်ရက်လား? ဒါပေမယ့် သူဘာကြောင့် အလုပ်ထုတ်ခံနေရတုန်းလို့ ခံစားနေရတာလဲ။

All Chapters