အခန်း (၁၂၉)
Vol. 9 Ch. 129
ကျီလင်းချန် အကူအညီမဲ့နေခဲ့သည်။ နူးညံ့သိမ်မွေ့မှုက သူ့အတွက် ပုံမှန်မဟုတ်ပေ။ ဆန့်ကျင်ဘက်အနေနဲ့ သူက လူတွေကို ကြောက်ရွံ့စေသည်။ အကြိမ်အနည်းငယ် ချောင်းဆိုးပြီး သူ့ကိုယ်သူ ထိန်းလိုက်သည်။ တည်ကြည်တဲ့မျက်နှာဖြင့် သူ ပြောလိုက်သည်။
“ဒီတစ်ပတ်အတွင်း ခင်များအိမ်ကိစ္စတွေကို သွားဖြေရှင်းလိုက်။ ကုမ္ပဏီက ခင်များနေရာမှာ ယာယီနေရာယူဖို့ လူ ငှားလိုက်မယ်။ တစ်ပတ်လောက်ကြာလို့ မိသားစုပြဿနာတွေကို မဖြေရှင်းရသေးဘူးဆိုရင်တော့ အလုပ်မှာ မလိုအပ်တဲ့ စိတ်ခံစားချက်တွေ ယူဆောင်လာမယ်ဆိုရင် နှုတ်ထွက်စာတင်လိုက် ”
“ဟုတ်ကဲ့၊ ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ် CEO!” ကျန်းရွေ့က CEO ပုံမှန်အတိုင်းပြန်ဖြစ်သွားသည်ကိုတွေ့လိုက်ရပြီး နောက်ဆုံးတွင် သူ သူ့စကားကို ယုံကြည်သွားခဲ့သည်။ သူလျင်မြန်စွာ ဦးညွှတ်ပြီး ကျေးဇူးတင်စကားဆိုလိုက်သည်။
"ကျွန်တော့်ကို ကျေးဇူးတင်နေစရာ မလိုဘူး။ ဒါက ကျွန်တော့်ဇနီးရဲ့ စိတ်ကူးပဲ ” ကျီလင်းချန် ပြန်ဖြေလိုက်သည်။
"ဇနီး " ကျန်းရွေ့ အံ့သြသွားသည်။ သူ CEO ရဲ့ဇနီးနဲ့
တစ်ခါမှမတွေ့ဖူးပေ။ CEO ရဲ့ဇနီးက ဘာကြောင့် သူ့မိသားစုအရေးတွေကို သိပြီး သူ့ကိုယ်စား ကြားဝင်တောင်းပန်ပေးတာလဲ။
ကျီလင်းချန် ပြောလိုက်သည်။ "အဲ့တာမနေ့က ခင်များတွေ့လိုက်တဲ့ မိန်းကလေးပဲ။ သူက ကျွန်တော့်တူမ မဟုတ်ဘူး။ သူက ကျွန်တော့်ဇနီး ဖန့်ရှောင်နွမ် "
“အာ!” ကျန်းရွေ့ အလွန်ရှော့်ခ်ရသွားပြီး သူ့မေးရိုးက ကြမ်းပြင်ပေါ်သို့ ပြုတ်ကျလုနီးပါး ဖြစ်သွားသည်။
အဲဒီကလေးမလေးကို CEO ရဲ့တူမလို့ သူတကယ်ထင်ခဲ့တာ။ တကယ်တော့ သူမက အထင်ကရဖြစ်တဲ့ CEO ရဲ့ ဇနီးဖြစ်နေသည်။
"ကျေးဇူးတင်ပါတယ် CEO။ ကျေးဇူးတင်ပါတယ် မဒမ် !" ကျန်းရွေ့က ပြောပြီး ရုံးခန်းမှ ထွက်သွားသည်။
ဓာတ်လှေကားထဲသို့ သူဝင်သွားလိုက်သည်။ အတွင်းရေးမှုးစုန့် ရုတ်တရက်ပေါ်လာသောအခါ ဓာတ်လှေကားတံခါးပိတ်တော့မည်ပင်။
"အတွင်းရေးမှူး စုန့်၊ ကျွန်တော့်အတွက် အတွင်းရေးမှူးစုန့်မှာ ဘာများညွှန်ကြားစရာတွေရှိလဲ" ကျန်းရွေ့ မေးလိုက်သည်။
အတွင်းရေးမှုး စုန့် ပြောလိုက်သည်။ “ကျွန်မ CEO ဆီက အမိန့်ကို အခုမှ လက်ခံရရှိခဲ့တာ။ ကျွန်မ ရှင့်ရဲ့အကောင့်ထဲကို ယွမ် ၁၀၀,၀၀၀ လွှဲပြီးပြီ။ ဒါရိုက်တာ ကျန်း ၊ CEO ကို စိတ်မပျက်သွားစေနဲ့ "
ကျန်းရွေ့ ကြက်သေသေသွားသည်။ CEO က သူ့ကို အားလပ်ရက်ပေးရုံသာမက အရေးပေါ်အခြေအနေတွေမှာပါ ကူညီဖို့လည်း ပိုက်ဆံပေးခဲ့သည်။ သူ့မှာ ခံစားချက်တွေ ရောထွေးနေပြီး မျက်လုံးထဲမှာ မျက်ရည်တွေ စီးကျလာခဲ့သည်။ သူ့ကျေးဇူးတရားကိုသာ သူ ဖော်ပြနိုင်ခဲ့သည်။ "ကျေးဇူးတင်ပါတယ်!"
…
ဖန့်ရှောင်နွမ် ပြောခဲ့သလိုပဲ၊ ဒီအဖြစ်အပျက်အပြီးမှာတော့ ကျီလင်းချန်က ဝန်ထမ်းတွေရဲ့ နှလုံးသားထဲ အဆင့်အတန်းတစ်ခု ထပ်မံမြင့်တက်လာခဲ့သည်။
လက်ထောက် လျိုက နေ့လယ်ဘက်တွင် ကျီလင်းချန်နဲ့ နေ့လည်စာစားခဲ့သည်။ ချက်ခြင်းပဲ ကုမ္ပဏီဝန်ထမ်းတွေ ထက်ထက်သန်သန် ဆွေးနွေးနေတဲ့ အကြောင်းအရာကို သယ်ဆောင်လာသည်။
"စီအီးအို၊ အားလုံးက ကျီ ကော်ပိုရေးရှင်းမှာ အလုပ်လုပ်ရတာကို ဂုဏ်ယူဝမ်းသာနေကြတယ် "
ကျီလင်းချန် ပြောလိုက်သည်။ “အဲ့ဒါကို လက်ဆင့်ကမ်းပြောလိုက်ပါ။ ဒါတွေအားလုံးက ကျွန်တော့်ကြောင့်မဟုတ်ဘဲ CEO ရဲ့ဇနီးကြောင့်ပါလို့”
လက်ထောက် လျို ပြောလိုက်သည်။ “မဟုတ်ဘူး CEO ကျီ။ ထန် ကော်ပိုရေးရှင်းနဲ့ စာချုပ်ချုပ်တုန်းက စီအီးအိုပြောခဲ့တာက မြို့တော်ရဲ့ စီးပွားရေး အသိုင်းအဝိုင်းထဲက လူတိုင်းက မဒမ်အကြောင်းကို စပြီးမေးနေကြပြီ။”
"တကယ်လို့ ကုမ္ပဏီမှာရှိတဲ့လူတိုင်းက မဒမ်မှာ ဒီလို စိတ်ကောင်းရှိတယ်ဆိုတာကို သိသွားကြရင် နောက်တစ်ခါ သူမပေါ်လာတဲ့ အခါမှာ လူတော်တော်များများ ဝိုင်းဝိုင်းလည်လာကြမှာ သေချာတယ်။"
ထန်ကော်ပိုရေးရှင်းနဲ့ စာချုပ်ချုပ်ပြီး နှစ်ရက်ကြာသွားခဲ့သည်။ ကျန်းရွေ့လည်း ပြန်သွားတာ နှစ်ရက်ရှိပြီ။
ထိုနေ့တွင် ကျီလင်းချန်က စာချုပ်ချုပ်ဆိုပြီးနောက် ဒါရိုက်တာ ထန်က သူ့ကို အလွန်ကျေးဇူးတင်ခဲ့သည်။ဒါပေမယ့် ကျီလင်းချန်က အနုနည်းနဲ့မာန်ပါသည်။ “ကျွန်တော့်အတွက်က လက်အောက်ငယ်သားတွေကိုတောင် ကောင်းကောင်းစီမံခန့်ခွဲတာမျိုး မလုပ်နိုင်ဘူးဆိုရင် သူတို့နဲ့ ဆက်ပြီး အလုပ်လုပ်မှာ မဟုတ်ဘူး။”
"ခင်များ ကျွန်တော့်ကို တကယ်ကျေးဇူးတင်ချင်ရင် ကျွန်တော့်မိန်းမကို ကျေးဇူးတင်ရမယ်။ သူမက ခင်များကို နောက်တစ်ကြိမ် အခွင့်အရေးပေးဖို့ တောင်းဆိုခဲ့သူပဲ။ ဒီအခွင့်အရေးကို ခင်များ ကောင်းကောင်းအသုံးချ”
အဲဒီနောက်မှာတော့ ကျီလင်းချန်ရဲ့ဇနီးက နာမည်ကြီးလာခဲ့သည်။
ကျီလင်းချန် အေးစက်စွာ မေးလိုက်သည်။ "ရှောင်နွမ် အကြောင်း ဘယ်သူမေးနေတာလဲ"
လက်ထောက် လျို ပြောလိုက်သည်။ “ကုမ္ပဏီတော်တော်များများက သူမအကြောင်း မေးနေကြတာပဲ။ သူတို့အတွက် ကောင်းမွန်တဲ့ စကားလုံးတွေ ဖြည့်သွင်းနိုင်ဖို့ သူမကို စာနာစိတ်နဲ့ ကြိုပြီး အနိုင်ယူချင်နေတာ ဖြစ်နိုင်တယ် ”
ကျီလင်းချန် ပြောလိုက်သည်။ “ဒီကုမ္ပဏီတွေကို မှတ်ထားလိုက်။ သူတို့နဲ့ ဘယ်တော့မှ မပူးပေါင်းနဲ့။ နောက်ပြီး သတင်းတွေဖြန့်လိုက်။ တစ်စုံတစ်ယောက်က သူမကို နှောင့်ယှက်ရဲရင် အကျိုးဆက်ကို ခံရလိမ့်မယ်လို့”
လက်ထောက် လျို ပြောလိုက်သည်။ "ဟုတ်ကဲ့။" လက်ထောက် လျိုက သူ့ရဲ့သူဌေး အိမ်ထောင်ကျပြီးနောက်မှာ ဒီလိုမျိုးဖြစ်လာလိမ့်မယ်လို့ သူဘယ်တော့မှ မမျှော်လင့်ထားပေ။ သူ့မိန်းမ ဘယ်လောက်ကောင်းလဲ ဆိုတာ လူတိုင်းသိစေချင်ပြီး ဘယ်သူ့ကိုမှ သူမကို နှောင့်ယှက်တာတွေ မလိုချင်ဘူး။
ဖန့်ရှောင်နွမ်က သူမယောကျ်ားရဲ့ ရည်ရွယ်ချက်ကို မသိခဲ့ပေ။ သူမက ပုန်ကန်တဲ့ ကလေးဖြစ်နေဆဲပင်။ သူမရဲ့ရာသီလာတာမပြီးခင်မှာ သူမမှာ လိုချင်တပ်မက်မှုတွေ ရှိလာပြန်သည်။ ညစာစားပြီးသောအခါ သူမ ရေခဲသေတ္တာဆီ မတော်တဆ လျှောက်သွားလိုက်သည်။ သူမ ဘယ်၊ ညာ၊ ပတ်ပတ်လည်ကို ကြည့်လိုက်သည်။ အနီးနားမှာ တစ်ယောက်မှ မရှိသည်ကို သူမမြင်လိုက်တော့ ရေခဲသေတ္တာတံခါးကို တိတ်တဆိတ်ဖွင့်လိုက်ပြီး သူမ၏ မိုက်မဲတဲ့လက်ကလေးကို ရေခဲမုန့်ဆီ လှမ်းလိုက်သည်။
“အဟမ်း”
ရုတ်တရက် ချောင်းဟန့်သံက သူမအနောက်ကနေ ထွက်လာသည်။ ဖန့်ရှောင်နွမ် ရင်းနှီးတဲ့အသံကိုကြားပြီး နှုတ်ခမ်းစူလိုက်သည်။ “ယောကျ်ား…”
ကျီလင်းချန် က သူမလက်ထဲက ချောကလက်ရေခဲမုန့်ကို ကြည့်ပြီး “ပြန်ထား” လို့ တည်ငြိမ်စွာ ပြောလိုက်သည်။
ဖန့်ရှောင်နွမ်က ရေခဲသေတ္တာကို ကြည့်ပြီး သူမလက်ထဲက ရေခဲမုန့်ကို ကြည့်လိုက်သည်။ သူမချွဲပြီးပြောလိုက်သည်။ "ယောကျ်ား၊ ကျွန်မ နည်းနည်းလေး ကိုက်စားချင်လို့ပါ..."
ကျီလင်းချန် ပြောလိုက်သည်။ "ပြန်ထားလိုက်!" သူ့မျက်လုံးတွေက ညှို့နှိုင်းလို့မရနိုင်တဲ့ အကြည့်များဖြင့် ပြည့်နှက်နေသည်။
ဖန့်ရှောင်နွမ် ချက်ချင်း လေလျော့သွားတဲ့ ပူဖောင်းတစ်ခုလို ဖြစ်လာပြီး ရေခဲမုန့်ကို နာခံစွာဖြင့် ပြန်ထည့်လိုက်သည်။
ဒါကိုကြည့်နေတဲ့ ကျီဝမ် ကသရော်ခဲ့သည်။ “ဖန့်ရှောင်နွမ်၊ မကြောက်နဲ့။ မင်းက သတ္တိနည်းတဲ့သူမဟုတ်ဘူး!”
ကျီလင်းချန် ခြေထောက်ကို မြှောက်ပြီး ကျီဝမ်ရဲ့ တင်ပါးကို ကန်လိုက်သည်။ "မင်း အဒေါ်ကို ဘယ်လိုတွေပြောနေတာလဲ"
ကျီဝမ် ကြောက်လန့်နေတဲ့ ကြွက်ကလေးလို သူ့တင်ပါးကို ပွတ်သပ်လိုက်သည်။ သူ့လက်ကို တင်ပါးပေါ်တင်ပြီး ထွက်သွားခဲ့သည်။