← Chapters

အခန်း (၁၃၀)

Vol. 9 Ch. 130

အခန်း (၁၃၀)

Vol. 9 Ch. 130

ဖန့်ရှောင်နွမ်က သူမရဲ့ယောကျ်ားအား သူ့ကို ကန်လိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ပေ။ သူမ အခြေအနေကို နားလည်ပြီး ရေခဲမုန့်ပြန်ထည့်မိလိုက်တဲ့အတွက် ပျော်နေသည်။ မဟုတ်ရင် သူမရဲ့တင်ပါးကိုလည်း ကယ်နိုင်မှာ မဟုတ်ပေ။

“အပေါ်ထပ်တက် ရေချိုးပြီးရင် အိပ်တော့” လို့ ကျီလင်းချန် ပြောလိုက်သည်။

ဖန့်ရှောင်နွမ်က စကားနားထောင်ကာ အပေါ်ထပ်သို့ တက်သွားသည်။ ဒါပေမယ့် ခဏကြာတော့ သူမရဲ့ အစာစားချင်စိတ်က ပြန်ပေါ်လာပြီး ဗိုက်အောင့်သလို ဟန်ဆောင်ခဲ့သည်။ ကျီလင်းချန်က သူမအတွက် ဆေးကို စိတ်အားထက်သန်စွာ ရှာဖွေပေးနေချိန် သူမ ပြောလိုက်သည်။ "ယောကျ်ား၊ တကယ်တော့ ရေခဲမုန့်တစ်ခုလောက်စားလိုက်ရင် ပျောက်သွားမှာ "

ကျီလင်းချန် ပြောစရာစကားမရှိဖြစ်သွားသည်။ "မင်း ပိုပြီးနာကျင်ရလိမ့်မယ်!"

"ယောကျ်ား ကျွန်မဗိုက်အောင့်တယ်!" ဖန့်ရှောင်နွမ် ရိုးရိုးလေး ပစ်လှဲချလိုက်ပြီး ကုတင်ပေါ်လှည့်ကာ ကျီလင်းချန်ရဲ့နံဘေးသို့ လှိမ့်သွားလိုက်သည်။

ကျီလင်းချန်က ကုတင်ဘေးမှာထိုင်ကာ စာအုပ်ဖတ်နေစဉ် ခေါင်းအုံးကို မှီထားသော်လည်း သူ့ဘေးမှ ကြောင်ကလေးက လှိမ့်လာခဲ့သည်။ သူ သူမကို တစ်ချက်ုံ့ကြည့်ကာ သူမကို ရပ်ခိုင်းလိုက်သည်။

"ယောကျ်ား၊ ကျွန်မ တကယ်ဗိုက်အောင့်နေတာ။ အရမ်းအောင့်တယ် ကျွန်မ ငိုနေပြီနော်!" ဖန့်ရှောင်နွမ် အရှုံးမပေးဘဲ ထပ်ကြိုးစားခဲ့သည်။

ဒီတစ်ကြိမ်မှာတော့ ကျီလင်းချန်က သူ့လက်ကို ဆန့်ထုတ်ပြီး သူမရဲ့ ဝမ်းဗိုက်ပေါ် တင်ကာ ညင်သာစွာ ပွတ်ပေးလိုက်သည်။

“ယောကျ်ား၊ ဒီတစ်ခါတော့ ရှင့်လက်က အလုပ်မဖြစ်တော့ဘူး။ ရေခဲမုန့်က ဗိုက်အောင့်ကို ရပ်သွားစေနိုင်တယ်။” ဖန့်ရှောင်နွမ် အရှက်မဲ့စွာ ဆက်လုပ်ခဲ့သည်။

ကျီလင်းချန် စာအုပ်ကိုပိတ်ပြီး ကုတင်ဘေးစားပွဲပေါ်တင်လိုက်သည်။

သူလိုက်လျောပေးတော့မှာလား။ ဖန့်ရှောင်နွမ် အောင်ပွဲခံတော့မယ့်အချိန် ထိုအမျိုးသားက သူမကို သူ့ရင်ခွင်ထဲ ဆွဲသွင်းခဲ့သည်။ “ဗိုက်ကို ပွတ်ပေးတာက အသုံးမဝင်တဲ့အတွက် အိပ်လိုက်တော့။ အိပ်ပျော်သွားရင် နာကျင်မှုကို ခံစားရမှာ မဟုတ်ဘူး။”

“ဒါပေမယ့် ကျွန်မ ကျွန်မ …” ဖန့်ရှောင်နွမ် အငွေ့တွေပြည့်နေပြီ။ သူမ မအိပ်ချင်ဘူး!

ကျီလင်းချန်က သူ့မိန်းမကို ဘာမဟုတ်တာလေးနဲ့စကားများလိမ့်မယ်လို့ ပုံမဖော်ထားဖူးပေ။

"ယောကျ်ား၊ ကျွန်မ မအိပ်ချင်ဘူး။ ကြယ်တွေကို ကြည့်ချင်တယ်” ဖန့်ရှောင်နွမ် ပြောလိုက်သည်။

ကျီလင်းချန် ပြောလိုက်သည်။ "ဒီနေ့က တိမ်ထူတယ်။ ကြယ်တွေကို မမြင်ရဘူး”

ဖန့်ရှောင်နွမ် ပြောလိုက်သည်။ "ယောကျ်ား၊ ကျွန်မမှာ ကျီဝမ်နဲ့ ပြောစရာစကားတစ်ခုရှိနေလို့"

ကျီလင်းချန်က သူ့မိန်းမရဲ့ မျက်နှာလေးကို ချုပ်ထားပြီး လေးလေးနက်နက် ပြောလိုက်သည်။ "ည ရှစ်နာရီကျော်ရင် မင်းတို့နှစ်ယောက်ကို တွေ့ခွင့်မပေးဘူး"

ဖန့်ရှောင်နွမ် ပြောလိုက်သည်။ “ဒါဆို အဖေနဲ့ စကားပြောမယ်။ ကျွန်မမှာ သူနဲ့ ဆွေးနွေးစရာ ရှိတယ်။”

ကျီလင်းချန် ပြောလိုက်သည်။ "အဖေ အိပ်ပျော်နေပြီ"

ဖန့်ရှောင်နွမ် ပြောလိုက်သည်။ “ယောကျ်ား …”

ကျီလင်းချန် ပြောလိုက်သည်။ "နောက်တစ်ခါ ရာသီလာတာမပြီးခင် မင်း ရေခဲမုန့်ကို တိတ်တိတ်လေး စားနေတယ်ဆိုတာ ကိုယ်သိခဲ့ရင် နောက်တစ်ခါ ရေခဲသေတ္တာထဲမှာ ရေခဲမုန့်မရှိစေရဘူးဆိုတာကို ကိုယ်သေချာအောင်လုပ်ပြမယ်"

ဖန့်ရှောင်နွမ် စိတ်ဓာတ်ကျစွာ သက်ပြင်းချကာ တိုးတိုးလေးရေရွတ်ခဲ့သည်။ "အဖေနဲ့အမေက ရှင် ကျွန်မအပေါ် ကောင်းတယ်လို့ အမြဲပြောကြပေမယ့် ရှင်က ကျွန်မကို ရေခဲမုန့်လေးတောင်စားခွင့်မပေးဘူး။ အဲဒါက ကျွန်မကို ကောင်းကောင်းဆက်ဆံပေးတာမှ မဟုတ်တာ”

ကျီလင်းချန် ဝတ်ကျေတမ်းကျေပြောလိုက်သည်။ “ဟုတ်တယ် ကိုယ်က မင်းအပေါ် မကောင်းဘူး။ ကိုယ် မင်းကို အမြဲနှိပ်စက်နေတာ"

ဖန့်ရှောင်နွမ် နှုတ်ခမ်းစူလိုက်သည်။ "ဟွန့်၊ ရှင်သိတယ်ဆိုတော့ ကောင်းပါတယ်!"

ဖန့်ရှောင်နွမ်က သူ့ရင်ခွင်ထဲမှာ ဆန္ဒပြနေသေးသော်လည်း သတိမထားမိဘဲ အိပ်ပျော်သွားခဲ့သည်။ သူမ နောက်ဆုံးတွင် သူမ၏ဗိုက်အောင့်ခြင်းနှင့် ရေခဲမုန့်စားချင်စိတ်တို့ ရပ်တန့်သွားခဲ့သည်။

ကျီလင်းချန် ညသန်းခေါင်မှာ အိပ်ရာမှနိုးလာပြီး အိမ်ဖော်တွေကို အိမ်မှာရှိတဲ့ရေခဲမုန့်တွေအားလုံးကို ဝှက်ထားဖို့ သူအပြင်ထွက်နေစဉ်အတွင်း လောဘကြီးတဲ့ကြောင်ကလေးက ၎င်းကို တိတ်တဆိတ်စားချင်လာပါက အဲ့တာတွေကိုမကျွေးဖို့ အိမ်ဖော်တွေကို တမင်တကာ ညွှန်ကြားခဲ့သည်။

“မနက်ဖြန် ဒုတိယသခင်မလေးက မင်းတို့ကို ရေခဲမုန့်တောင်းခဲ့ရင် ရေခဲမုန့်ဘယ်မှာရှိတယ်ဆိုတာ ဘယ်သူမှ မပြောပြရဘူး။ မဟုတ်ရင် အလုပ်ထုတ်ခံရလိမ့်မယ်!" ကျီလင်းချန် ခြိမ်းခြောက်ထားလိုက်သည်။

အိမ်ဖော်တွေက လျင်မြန်စွာ ခေါင်းညိတ် သဘောတူကြသည်။ အိမ်တော်ထိန်းက ထုံးစံအတိုင် ရေခဲမုန့်ဖွက်ရတဲ့အဖွဲ့တွင် ပါဝင်ခဲ့သည်။ "ဒုတိယသခင်လေး၊ သခင်ကြီးက စားချင်တယ်ဆိုရင် ဘယ်လိုလုပ်ရမလဲ"

ကျီလင်းချန်က အိမ်တော်ထိန်းကို ကြည့်ကာ တင်းတင်းမာမာပြောခဲ့သည်။ "သူ့ကို ကျွန်တော့်ဆီ တောင်းဆိုခိုင်းလိုက်!"

အိမ်တော်ထိန်းက ကိုးရိုးကားရားနိုင်စွာ ပြုံးလိုက်သည်။ ဒုတိယသခင်လေးကသာ သခင်ကြီးကို စီမံခန့်ခွဲနိုင်ပုံရသည်။

ကျီလင်းချန်၏ သန်းခေါင်ယံ လှုပ်ရှားမှုပြီးတဲ့နောက် နောက်တစ်နေ့ နံနက်မှာ ထမင်းစား စားပွဲရှိ လူနှစ်ယောက်မှာ မှုန်ကုပ်ကုပ် မျက်နှာထားတွေ ရှိနေသည်။ နှစ်ယောက်စလုံး စိတ်ဓာတ်ကျနေပုံရသည်။

ဖန့်ရှောင်နွမ် စောစောနိုးလာခဲ့သည်။ သူမ နိုးလာချိန်မှာ ပထမဆုံးလုပ်ခဲ့တာက ရေခဲမုန့်ယူဖို့ ရေခဲသေတ္တာဆီ ပြေးသွားတာပင်။ ဒါပေမယ့် သူမဖွင့်ကြည့်လိုက်တော့ ရေခဲမုန့်အားလုံး ပျောက်နေတာကို တွေ့လိုက်ရသည်။

အလားတူပင် သခင်ကြီး ကျီသည်လည်း ရေခဲမုန့်ရှာရန် စောစောနိုးခဲ့သည်။ သူလည်း ရေခဲသေတ္တာထဲ ချောင်းကြည့်လိုက်သည်။ ရေခဲသေတ္တာအလွတ်ကို သူမြင်သွားတော့ သူ စိတ်ရှုပ်ပသွားပြီးပြောခဲ့သည်။ “ဘယ်ပျောက်သွားတာလဲ။ မနေ့က ဆယ်ခုကျော်ရှိပါတယ်။”

သခင်ကြီး ကျီက ရေခဲသေတ္တာရဲ့ အပေါ်မှ အောက်သို့ တဟုန်ထိုး ကြည့်နေခဲ့သော်လည်း ရေခဲမုန့် တစ်ခုမှရှာမတွေ့ပေ။

ဖန့်ရှောင်နွမ် နဲ့ သခင်ကြီးကျီတို့ နှစ်ယောက်စလုံး “ရေခဲမုန့်ကော” လို့ အိမ်တော်ထိန်းကို မေးဖို့ ရွေးချယ်ခဲ့ကြသည်။

အိမ်တော်ထိန်းက ပြန်ဖြေခဲ့သည်။ “ဒုတိယသခင်လေးက ရေခဲမုန့်စားချင်ရင် သူ့ဆီတောင်းရမယ်လို့ ပြောထားပါတယ်။”

ကျီလင်းချန်က သူတို့နှစ်ယောက်က သူ့ကိုကြောက်ပြီး ရေခဲမုန့်တောင်းဖို့ မပြောရဲဘူးဆိုတာကို ရှင်းရှင်းလင်းလင်း သိသည်။ ထို့ကြောင့် ထမင်းစားပွဲ၌ နှစ်ယောက်သား ကျီလင်းချန်ကို ပြင်းထန်စွာ စိုက်ကြည့်နေကြသည်။

ဖန်ချီ မေးလိုက်သည်။ "ဘာဖြစ်နေကြတာလဲ။ ဘာလို့ လင်းချန်ကို စိုက်ကြည့်နေကြတာလဲ။"

ကျီလင်းချန်ရဲ့ နှုတ်ခမ်းကအပြုံးတစ်ခုအဖြစ် ကွေးညွတ်သွားသည်။ “မရီး ရပါတယ်။ ရှောင်နွမ်က ကျွန်တော့်ကို အရမ်းချစ်နေတာ"

ဖန့်ရှောင်နွမ် ပြောလိုက်သည်။ "ဟမ့်။ ရှင် ကျွန်မအကြိုက်ဆုံးရေခဲမုန့်ကို ဝှက်ထားတယ်။ ကျွန်မ ရှင့်ကိုမချစ်ဘူး!" သူမ အဲ့တာကို မယူနိုင်တော့လို့ လူတိုင်းရှေ့မှာ သူမယောကျ်ားကို အော်ခဲ့သည်။

ထမင်းစားခန်းထဲက အိမ်ဖော်တွေက သူတို့ရဲ့ နှလုံးသားတွေ တဆတ်ဆတ်တုန်ယင်နေတာ ခံစားလိုက်ရသည်။ သူမက ဒုတိယသခင်လေးအား အော်ဟစ်နေခဲ့သည်။ သူတို့က အကြင်လင်မယားဖြစ်သော်လည်း ဒုတိယသခင်လေးမှာ အရမ်းကိုဆိုးရွားတဲ့ စိတ်ရှိသည်။ သူ့ကို ဘယ်သူမှ ရှင်းမပြနိုင်ဘူး။ ဒါ့အပြင် လူမြင်ကွင်းမှာ စကားများရန်ဖြစ်နေသည့် သခင်မလေးသည် ဒုတိယသခင်လေးကို အရုပ်ဆိုးစေမည်ဖြစ်သည်။ ဒါက စပြီးရန်ဖြစ်ကြတော့မှာ မဟုတ်လား။

All Chapters