← Chapters

အခန်း (၁၃၂)

Vol. 9 Ch. 132

အခန်း (၁၃၂)

Vol. 9 Ch. 132

ဒီအချိန်မှာ သူ့မိန်းမက ရုတ်တရက်ပြောခဲ့သည်။ “ကျွန်မယောကျ်ား မကြာခင်ဘပြန်လာတော့မယ်။ စားပွဲပေါ်က အမှိုက်တွေကို အခု ရှင်းလိုက်ကြရအောင်။ ကျွန်မတို့ကို သူမိသွားလို့မဖြစ်ဘူး။ မဟုတ်ရင် မနက်ဖြန် ကျွနိမတို့မှာ ဘာမှ စားစရာ ရှိမှာမဟုတ်ဘူး”

ကျီဝမ် ပြောလိုက်သည်။ "ဖန့်ရှောင်နွမ် မင်းက တော်တော် အစွမ်းထက်တယ် မဟုတ်ဘူးလား။ မင်းပုံစံက ဘာလို့ ကြောင်တစ်ကောင်ကို ငုံ့ကြည့်နေတဲ့ ကြွက်တစ်ကောင်လိုဖြစ်နေတာလဲ။ မကြောက်ပါနဲ့။ အစ်မကြီးတစ်ယောက်ရဲ့ သဘောထားကို ခံယူပြီး ငါ့ဦးလေးနဲ့ တိုက်လိုက်။ အခုကစပြီး သူ မင်းရှေ့မှာ ဒူးထောက်လိမ့်မယ်!"

ဒါကိုကြားတော့ ကျီလင်းချန် ပြုံးလိုက်သည်။ သူ့တူလေးက အသက်မရှင်ချင်တော့တဲ့ပုံပဲ။

ဖန့်ရှောင်နွမ် ပြောလိုက်သည်။ “ငါ မလုပ်ရဲဘူး။ နောက်ပြီး ငါ သူ့ကို အနိုင်ယူနိုင်တယ်။ တစ်နေ့ နင့်ဦးလေး ငါကို မနူးညံ့ဘူးထင်ပြီး မထီမဲ့မြင်လုပ်လာရင် ဘယ်လိုလုပ်မလဲ။ သူ တခြားမိန်းမကို တိတ်တတိတ်လေးရှာပြီး ငါ့ကိုလှည့်စားသွားရင်ကော။ ငါ သူ့ကိုမနိုင်ရင် ပိုဆိုးလိမ့်မယ်။ အနာဂတ်မှာ ငါ အရိုက်ခံနေရမှာ မဟုတ်ဘူးလား”

ခိုးနားထောင်နေတဲ့ CEO ကျီမှာ ပြောစရာစကားမဲ့သွားလေသည်။

သခင်ကြီး ကျီက သူ့သားအကြောင်း စပြောလာသည်။ "ရှောင်နွမ်၊ စိတ်မပူနဲ့။ ငါ ဒါကို မင်းကို ကတိပေးနိုင်တယ်။ သူ မင်းကို လှည့်စားနိုင်မယ် မထင်ဘူး။ အကယ်၍ သူ မင်းအပေါ် လိမ်လည်လှည့်ဖြားနိုင်စွမ်းရှိရင် သူ လက်တွဲဖော်မရှိဘဲ ၂၈ နှစ်ကြာအောင် နေနိုင်မှာမဟုတ်ဘူး။ ငါ သူ့ကို စိတ်ပူခဲ့ဖူးတယ်။ မိန်းမတစ်ယောက်ရှာပေးဖို့က ပိုလို့တောင် မလွယ်ဘူး။ ဘာပဲဖြစ်ဖြစ် အဲ့တာက ဖြစ်နိုင်မယ်လို့ မထင်ဘူး”

"ဘာဖြစ်လို့လဲ အဖေ" ထိုအချိန်တွင် ဖန့်ရှောင်နွမ် မသိစိတ်က အစပ်ထုပ်ကိုဖွင့်ကာ စတင်စားလိုက်သည်။သူမရဲ့ယောကျ်ား အိမ်ပြန်လာတော့မှာကို သူမ လုံးဝ မေ့သွားခဲ့သည်။

သခင်ကြီး ကျီပြောလိုက်သည်။ "သူက မင်းကို ကြောင်ပေါက်လေးတစ်ကောင်လို ဆက်ဆံတာ။ သူတို့ရဲ့ အိမ်မွေးတိရစ္ဆာန်တွေကို နှိပ်စက်ညှင်းပန်းတဲ့သူကို မြင်ဖူးလို့လား။”

ဖန့်ရှောင်နွမ် ပြောစရာစကားမရှိဖြစ်သွားသည်။ "အဖေ! ကျွန်မ ယောကျ်ားက ကျွန်မကို အိမ်မွေးတိရစ္ဆာန်လို ဆက်ဆံတယ်ဆိုတာ အဖေဘယ်လိုသိလဲ"

သခင်ကြီး ကျီ ခေါင်းညိတ်လိုက်သည်။ "ဒါပေါ့၊ ငါသိတယ်။ ငါက အိမ်မှာဘာမှလုပ်စရာမရှိဘူး၊ ဒါကြောင့် အိမ်တော်ထိန်းနဲ့ စကားပြောဖြစ်တယ်။ မိသားစုနဲ့ ကုမ္ပဏီအကြောင်း ငါအားလုံးသိတယ်။”

"စကားမစပ်၊ မင်းပြောခဲ့တဲ့စကားကြောင့် ထန် ကော်ပိုရေးရှင်းနဲ့ ပြီးခဲ့တဲ့ရက်အနည်းငယ်က စာချုပ်သက်တမ်းတိုးခဲ့တယ်လို့ ငါကြားတယ်။"

ဖန့်ရှောင်နွမ် ပြောလိုက်သည်။ “ကျွန်မယောကျ်ားက ကျွန်မကို ဖျော်ဖြေခိုင်းဖို့ ကြိုးစားနေတာ…”

"သူဘာလို့ ငါတို့ကို ကစားခွင့်မပေးတာလဲ။ သူက မင်းကိုပဲ ကစားခွင့်ပေးတာလား။ သူ မင်းကို အလိုလိုက်နေသေးတာ မဟုတ်လား" သခင်ကြီးကျီ ပြောလိုက်သည်။

ဖန့်ရှောင်နွမ်ရဲ့ ပါးစပ်ထဲက အစပ်ချောင်းတွေက ရုတ်တရက် အရသာ မကောင်းတော့ပေ။ သူမ သူမအဖိုးရဲ့စကားတွေကို တွေးစပြုလာသည်။ ဖြစ်ပါ့မလား…

“ဒုတိယသခင်လေး၊ ပြန်လာပြီလား။ ဒီမှာဘာလို်ရပ်နေတာလဲ" အိမ်ဖော်က ကျီလင်းချန်ကို ရုတ်တရက်မြင်သွားပြီး စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။

အိမ်ဖော်ရဲ့ စကားကြောင့် ဧည့်ခန်းထဲမှာ တိတ်တဆိတ် စားသောက်နေကြတဲ့ သုံးယောက်လုံး ကြက်သေသေသွားကြသည်။ သူတို့စိတ်တွေ ဗလာဖြစ်သွားပြီး အားလုံး တစ်နေရာတည်းကိုလှည့်ကြည့်လိုက်ကြသည်။

ရှာဖွေတွေ့ရှိခံလိုက်ရတဲ့ ကျီလင်းချန်က ပုန်းနေဖို့ မကြိုးစားခဲ့ပေ။ သူ တိုင်နောက်မှ ဖြည်းညှင်းစွာ ထွက်လာပြီး လူတိုင်းရှေ့မှာ ပေါ်လာသည်။

တိတ်တဆိတ် စားသောက်နေကြတဲ့ လူသုံးယောက်လုံး အံသြသွားကြသည်။

ကျီလင်းချန် က သူ့ပါးစပ်ထောင့်မှာ အပြုံးတစ်ခု ဆင်မြန်းထားပေမယ့် သူ့မျက်လုံးတွေက ဖိနှိပ်မှု ခံစားချက်တွေနဲ့ ပြည့်နေသည်။ "အစားအသောက်က တော်တော်မှအရသာရှိရဲ့လား!"

သူတို့ သုံးယောက်လုံး ပထမတော့ အံ့အားသင့်သွားပြီး တစ်ချိန်တည်းမှာ စကားတွေပြောခဲ့ကြသည်။

ကျီဝမ် ပြောလိုက်သည်။ "ဦးလေး၊ အဲဒါတွေကိုညဖန့်ရှောင်နွမ် ဝယ်လာတာ"

ဖနွရှောင်နွမ် ပြောလိုက်သည်။ "ယောကျ်ား၊ ကျွန်မ ဝယ်လာတာမဟုတ်ဘူး"

သခင်ကြီး ကျီ ပြောလိုက်သည်။ "လင်းချန်၊ ငါ နည်းနည်းပဲစားတာ"

ထိုစကားကိုပြောပြီးနောက် သုံးယောက်သား တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။ သူတို့အားလုံး စားပြီးသွားကြတဲ့အချိန်မှာ သူငယ်ချင်းကောင်းတွေ ဖြစ်ခဲ့ကြသည်။ သူ ရှာဖွေတွေ့ရှိခံလိုက်ရတဲ့အခါမှာ အပြစ်ကို ဘေးဘက်ဝိုင်းတွန်းချင်နေကြသည်။

ကျီလင်းချန် ဆိုဖာပေါ်မှာ ထိုင်ကာ ကြမ်းပြင်ပေါ်က အစပ်ထုပ်ကို ကောက်ယူလိုက်သည်။ သူ မေးလိုက်သည်။ “ကျွန်တော့်ကိုပြော၊ ဒါကို ဘယ်သူအရင်ယူလာတာလဲ”

သခင်ကြီး ကျီ နဲ့ ကျီဝမ်က သူတို့အနားက ကောင်မလေးကို မဆိုင်းမတွနဲ့ ထောက်ပြခဲ့ကြသည်။

ဖန့်ရှောင်နွမ်က သူမရှေ့မှ လက်နှစ်ဖက်ကို ကြည့်ပြီး ဒေါသထွက်ထွက်နဲ့ အံကြိတ်လိုက်သည်။ သူမ သူတို့ကို ခုန်အုပ်ပြီး ကိုက်ပစ်ဖို့ ဆန္ဒရှိခဲ့သည်။

ကျီလင်းချန် ဆိုဖာပေါ်မှ ဖြည်းညှင်းစွာထကာ ဖန့်ရှောင်နွမ်ရဲ့ ရှေ့သို့ လျှောက်သွားခဲ့သည်။ သူ ပြောလိုက်သည်။ “လာ၊ ကိုယ့်နောက်ကနေ စာကြည့်ခန်းထဲလိုက်ခဲ့”

ဖန့်ရှောင်နွမ် နားမလည်ချင်ယောင်ဆောင်ကာ ကျီဝမ်ကို ပြောလိုက်သည်။ "ငါ့ယောကျ်ားက နင့်ကိုစာကြည့်ခန်းထဲသွားစေချင်နေတယ် " ဒါပေမယ့် သူမအဲ့တာကိုပြောပြီးတာနဲ့ ကျီလင်းချန်က သူမရဲ့လက်ကို လှမ်းဆွဲလိုက်သည်။

" ဟေ့ ဟေ့ ဟေ့ ယောကျ်ား၊ ကျွန်မကို ဘာလို့ ဆွဲနေတာလဲ။ ကျွန်မဘာသာ လမ်းလျှောက်နိုင်ပါတယ်!" ဖန့်ရှောင်နွမ် ချွဲတဲ့အသံနဲ့ ပြောလိုက်သည်။

ဒါပေမယ့် ကျီလင်းချန်က အဲ့တာကိုလုံးဝမဝယ်ခဲ့ပါပေ။ နာခံမှုမရှိတဲ့ ဇနီးသည်ကို ဆွဲသွားပြီး စာကြည့်ခန်းထဲ တိုက်ရိုက်သွားခဲ့သည်။

သူတို့ စာကြည့်ခန်းထဲဝင်စွားပြီးတာနဲ့၊ ဖန့်ရှောင်နွမ် က ကျီလင်းချန် ရဲ့ အာရုံစိုက်မှုကို ရအောင်ကြိုးစားရင်း အကြောင်းအရာကို ပြောင်းလိုက်သည်။ “ဝိုး၊ ယောကျ်ား ရှင့်ရဲ့ စာကြည့်ခန်းက ဘာလို့ အကုန်းလုံးမည်းနေတာလဲ။ အရမ်းမိုက်တာပဲနော်…” တကယ်တော့ သူမက အနက်ရောင်ကို လုံးဝမကြိုက်ဘူး။

"ဝိုး ယောကျ်ား၊ ရှင့်ရဲ့စာအုပ်စင်ပေါ်မှာ စာအုပ်တွေအများကြီးပဲနော်။ ယောကျ်ား၊ ရှင်က တကယ်ကို အံ့သြစရာပဲ!”

ကျီလင်းချန်က သူမရဲ့ ဖျော်ဖြေမှုကို တိတ်တဆိတ် ကြည့်နေရင်း လက်တစ်ဖက်ကို စားပွဲပေါ်တင်ကာ ကုလားထိုင်ပေါ်တွင် ထိုင်လိုက်သည်။ “ဆက်ပြော”

ဖန့်ရှောင်နွမ် သူမရဲ့ နှုတ်ခမ်းတွေကို ဖိပြီး ခေါင်းကို ငုံ့ထားလိုက်သည်။ ဘာကို ရည်ရွယ်တာလဲ။ သူမ တိုးတိုးလေးပြောလိုက်သည်။ “ယောကျ်ား ကျွန်မ တောင်းပန်ပါတယ်။ ကျွန်မမှားတာ သိပါတယ်။"

ကျီလင်းချန်က ရာဇ၀တ်သားကို စစ်ဆေးမေးမြန်းနေသလို မေးလိုက်သည်။ "ပြော မင်းဘာအမှားလုပ်ခဲ့တာလဲ"

ဖန့်ရှောင်နွမ် ဤအခိုက်အတန့်မှာ အမှန်တကယ်ပင် ကြောက်ရွံ့နေသည်။ သူမရဲ့ ကံကြမ္မာအတွက် သူ့ကိုယ်သူ နှုတ်ထွက်ပြီး ပြောလိုက်သည်။ “ကျွန်မ ရာသီလာချိန်အတွင်းမှာ မုန့်အစပ်တွေကို ဝယ်ပြီး သူတို့နဲ့မစားသင့်ဘူး။ အစာအိမ်ရောဂါဖြစ်ပြီး ဆေးရုံက ဆင်းလာတဲ့ အဖေ့ကို မုန့်အစပ်တွေစားဖို့ မတိုက်တွန်းခဲ့သင့်ဘူး။”

All Chapters