အခန်း (၁၃၃)
Vol. 9 Ch. 133
ဖန့်ရှောင်နွမ် ဆက်ပြောလိုက်သည်။ “ဒါပေမယ့် ယောကျ်ား၊ ကျွန်တော် တကယ်ကို အာရုံစိုက်ခဲ့ပါတယ်။ အဖေ့အတွက် ရေနွေးပူပူ ခပ်ပေးတယ်။ သူစားတဲ့ အစပ်ချောင်းတွေကို ရေအနည်းငယ်နဲ့ အရင်ဆေးပေးတယ်။ အဲဒီနောက်ပိုင်း အဲ့တာတွေက အရမ်းစပ်တာကြီးမဟုတ်တဲ့အတွက် နည်းနည်းလောက်စားတာက ပြဿနာမရှိလောက်ပါဘူး”
ကျီလင်းချန် ထပ်မေးလိုက်သည်။ “နောက်ထပ် ဘာရှိသေးလဲ”
ဖနွရှောင်နွမ် ပြောလိုက်သည်။ "ဘာမှမရှိတော့ပါဘူး"
ကျီလင်းချန် ပြောလိုက်သည်။ "ကိုယ့်မှာပြောစရာရှိတယ်"
ဖန့်ရှောင်နွမ် ခေါင်းညိတ်ပြီး ပြောလိုက်သည်။ “ပြောပါ။ ကျွန်မတခြား အမှားတွေ လုပ်မိတယ် မထင်ဘူး။” သူမ ကျီလင်းချန် ကို ရုတ်တရက် ကြောက်ရွံ့နေပုံရသည်။
ကျီလင်းချန် မေးလိုက်သည်။ "ဒီနေ့ မင်း ရေခဲမုန့်စားထားလား"
ဖန့်ရှောင်နွမ် ခေါင်းခါလိုက်သည်။
ကျီလင်းချန် ထပ်မေးလိုက်သည်။ "သေချာလား"
ဖန့်ရှောင်နွမ် ခေါင်းခါလိုက်ပြန်သည်။
ကျီလင်းချန် တတိယအကြိမ် ထပ်မေးခဲ့သည်။ "မင်းမဝန်ခံခင် ကိုယ် သက်သေပြရမလား"
ဖန့်ရှောင်နွမ် မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။ "ယောကျ်ား၊ ကျွန်မ စပ်တဲ့မုန့်တွေ ယူလာမိတာ မှားပါတယ်၊ ဒါပေမယ့် ကျွန်မကို အသရေတော့မဖျက်နဲ့။ ဒီနေ့ ရေခဲမုန့် အရမ်းစားချင်ပေမယ့် စူပါမားကတ်အဝင်ဝက ရေခဲသေတ္တာထဲမှာ ဆယ်မိနစ်လောက်ပဲ ကြည့်ခဲ့တာ။ကျွန်မ မစားဘူးလို့ပြောရင် မစားဘူးပဲ! ရှင့်ကို ကတိပေးထားတာပဲ။ ကျွန်မဘယ်လောက်ပဲ စားချင်နေပါစေ ကျွန်မ ကတိကတော့ မဖျက်တတ်ဘူး!"
ကျီလင်းချန်က သူ့မိန်းမကို ဖြီးဖြန်းပြီးပြောနေတာ။ သူမကို ဒီလောက်နာခံတတ်ပြီး ရေခဲမုန့်နဲ့ ဝေးဝေးနေလိမ့်မယ်လို့ သူ မမျှော်လင့်ထားပေ။ အခု သူ့ရဲ့ မယုံကြည်မှုကြောင့် သူ့မိန်းမ ဒေါသထွက်နေပြီ။ ဒါပေမယ့် အစပိုင်းမှာတော့ သူမအမှားဆိုတာ ရှင်းပါသည်။ အခုတော့ သူ အပြစ်ရှိတယ်လို့ ခံစားရသည်။
ကျီလင်းချန် ပြောလိုက်သည်။ “ကိုယ် သိပါတယ်။ မင်း ရေခဲမုန့် မစားထားဘူး။ မင်းကိုစွပ်စွဲမိတဲ့အတွက် ကိုယ်မှားသွားပါတယ်"
ဖန့်ရှောင်နွမ် နှုတ်ခမ်းစူပြီး ပြောလိုက်သည်။ "ဒါဆို ကျွန်မကို တောင်းပန်!"
သူမ ပိုပိုပြီးရဲတင်းလာသည်။ မကြာသေးမီက သူမကို ကျီလင်းချန် အရမ်း အလိုလိုက်ထားခဲ့တာကြောင့်လားတော့ သူမ မသိပေ။
ကျီလင်းချန်က သူ့မိန်းမရဲ့ နှာသီးဖျားကို တို့ပြီး နူးညံ့စွာပြောလိုက်သည်။ “မင်းရဲ့ယောကျ်ားက မှားသွားပါတယ်။ ကိုယ် မင်းကို သံသယ မဝင်သင့်ဘူး"
ဖန့်ရှောင်နွမ်က သူမရဲ့ရင်ဘက်နားမှာလက်နှစ်ဖက်ကိုပိုက်ထားပြီး မာနကြီးစွာဖြင့် ခေါင်းကို လှည့်လိုက်သည်။ "ဟမ့် ၊ အခု တောင်းပန်ဖို့ အရမ်းနောက်ကျသွားပြီ။ ရှင့်ကို ခွင့်မလွှတ်ဘူး!" အဲဒါနဲ့ သူမ စာကြည့်ခန်းထဲကနေ ချက်ချင်း ထွက်လာခဲ့သည်။
ကျီလင်းချန် ပြောစရာစကားမဲ့သွားသည်။ မိသားစုထဲမှာ သူ့အဆင့်အတန်းက နိမ့်သထက်နိမ့်သွားသလိုပဲ။ သူက ဇနီးဖြစ်သူနှင့် စာရင်းရှင်းလိုသူဖြစ်ကြောင်း ထင်ရှားသော်လည်း နောက်ဆုံးတွင် အဲ့အစား သူ့ဇနီးက ဒေါသထွက်ခဲ့သည်။
သူတို့ထွက်သွားပြီးနောက် ကျီဝမ်က ဖန့်ရှောင်နွမ်ကို အမြန်ဆွဲပြီး မေးလိုက်သည်။ "ဒါနဲ့ ဦးလေးက မင်းကို အပြစ်ပေးဖို့ အတိအကျ ဘယ်လိုစီစဉ်ထားလဲ"
သခင်ကြီး ကျီလည်း သိချင်စိတ်ဖြင့် လျှောက်လာခဲ့သည်။
ဖန့်ရှောင်နွမ်က သူတို့ကို အံ့အားသင့်စေခဲ့သည်။ "ကျွန်မတို့ တောင်းပန်ပြီးသွားပြီ။ ကျွန်မတို့က လင်မယားတွေမို့ ရန်ဖြစ်လို့မရဘူး။”
သခင်ကြီး ကျီက စိတ်ရှုပ်ထွေးစွာနဲ့ မေးလိုက်သည်။ " သူနဲ့ စကားပြောရတာ ဘယ်တုန်းက လွယ်သွားတာလဲ။ မင်း တောင်းပန်လိုက်တော့ သူ မင်းကို ခွင့်လွှတ်လိုက်တာလား"
ကျီဝမ် လည်း အရမ်းသိချင်နေခဲ့သည်။ "ငါ့ဦးလေး မင်းကို တခြားပြစ်ဒဏ် မပေးဘူးလား"
ဖန့်ရှောင်နွမ် ပြောလိုက်သည်။ "ရှင်တို့ဘာတွေပြောနေတာလဲ။ သူ ကျွန်မကို တောင်းပန်တယ်လေ။ ကျွန်မကဘာကြောင့် အပြစ်ပေးခံရမှာလဲ"
"ဘာ။ သူက မင်းကို တောင်းပန်တာလား" သခင်ကြီး ကျီ စိတ်လှုပ်ရှားစွာ အော်လိုက်သည်။ သူဘာတွေ မှားနေပြီလဲဆိုတာကို နားမလည်ဘူး။ သူ နည်းနည်း စိတ်ရှုပ်သွားလို့လား။ သူတို့အရင် အမှားလုပ်ထားတာမဟုတ်ဖူးလား။ သူ ရှောင်နွမ်ကို ဘာလို့ တောင်းပန်ရမှာလဲ။
ဖန့်ရှောင်နွမ် ခေါင်းညိတ်ပြီး ပြောလိုက်သည်။ "ဟုတ်တယ်၊ သူက ကျွန်မကို ရေခဲမုန့်ခိုးတယ်လို့ စွပ်စွဲတယ်။ သူကျွန်မကို တောင်းပန်ပြီးပြီဆိုပေမယ့် ကျွန်မသူ့ကို ခွင့်လွှတ်ဖို့ မဆုံးဖြတ်ရသေးဘူး!"
အဖိုးနှင့် မြေးတို့ ထို စကားကြောင့် ပြောစရာစာလုံးတွေပျောက်ရှသွားခဲ့သည်။
ကျီဝမ်က ဖန့်ရှောင်နွမ်အကြောင်းကို ပိုသိသည်။ သူမက သေးပေမယ့် သူမမှာ လှည့်ကွက်တွေအများကြီးရှိတယ်။ သူမေးလိုက်သည်။ "ရှောင်နွမ်၊ ငါတို့ စပ်တဲ့မုန့်တွေကို အရင်ခိုးခဲ့တာကို မင်း မေ့နေတာလား။ မင်းတောင်းပန်ဖို့ သွားတာမဟုတ်ဘူးလား"
ဖန့်ရှောင်နွမ် ကြက်သေသေသွားသည်။ ဟုတ်သားပဲ။ သူမ တောင်းပန်ဖို့ စာကြည့်ခန်းထဲ ဝင်သွားတာ။
သူမ ပြန်မှတ်မိသွားသောအခါ ဝမ်းနည်းနေတဲ့မျက်နှာဖြင့် ပြောလိုက်သည်။ “ငါဘာလုပ်သင့်လဲ။ ငါမေ့သွားတယ်။ နင့်ရဲ့ဦးလေးကိုလည်း ငါအခု ကောင်းကောင်းမွန်မွန်မဆက်ဆံခဲ့ဘူး”
ကျီဝမ်က သူမရဲ့ ပုခုံးကို ပုတ်ပြီး ပြောလိုက်သည်။ " ငါတို့ တစ်ယောက်နဲ့တစ်ယောက် သိလာတာ တစ်ဆယ့်နှစ်နှစ်ရှိပြီမို့ မင်းကို ငါးမန်းတွေထဲ ထားခဲ့လို့မဖြစ်ဘူး။ ငါ မင်းအတွက် အခေါင်းကောင်းကောင်းတစ်ခု ပြင်ထားပေးမယ်။ မင်းရဲ့သင်္ချိုင်းအတွက် နေရာကောင်းတစ်ခုကို ငါရွေးထားပေးမယ်။"
ဖန့်ရှောင်နွမ်က သခင်ကြီး ကျီကို သနားစရာကောင်းစွာဖြင့် ကြည့်နေသည်။ “အဖေ၊ ကယ်ပါဦး။ ကျွန်မ... ကျွန်မ စိတ်တွေ လွတ်ပြီး ကျွန်မယောကျ်ားကို ရုတ်တရက် ဒေါသ ထွက်မိသွားတယ်။ ကျွန်မဘာလုပ်သင့်လဲ"
သခင်ကြီး ကျီ မျက်ဖြူလှန်လိုက်ပြီး မရိုးသားတဲ့ အကြံတစ်ခု ထွက်ပေါ်လာသည်။ "မင်းအမှားကို ဝန်ခံဖို့ ဘာလို့ အထဲထပ်မဝင်တာလဲ။ မင်း ကိုသက်ညှာပေးမှာပါ "
“ဒါပေမယ့် ကျွန်မ မဝင်သွားရဲဘူး…...” ဖန့်ရှောင်နွမ် ကြောက်ရွံ့သွားသည်။ အဲဒီနေ့က သူ့လက်အောက်ငယ်သားတွေအပေါ်ပြုမူခဲ့တဲ့ သူမခင်ပွန်းဖြစ်သူရဲ့ ဒေါသကို တွေးမိပြီး ပြန်ဝင်သွားရင် သူမအသက်ရှက်လျက် ပြန်မထွက်လာနိုင်တော့မှာကို အရမ်းစိုးရိမ်ခဲ့သည်။ ဒါပေမယ့် ကျီဝမ်က သူမရဲ့ ပခုံးကို တွန်းကာ ရှေ့သို့တွန်းလိုက်သည်။
“မြန်မြန်သွား။ လှပတဲ့ရှုခင်းတွေနဲ့ လှပတဲ့ သင်္ချိုင်းကို ငါသေချာပေါက် ရှာပေးမယ်။ မင်းရဲ့ ခေါင်းတလားအတွက် သုံးဖို့ ရွှေသစ်သားကိုလည်း ငါဝယ်ပေးမယ်။ မင်းရဲ့အလောင်း အနှစ်တစ်ထောင်ကြာအောင် မဆွေးမြေ့ဘူးဆိုတာ ငါအာမခံတယ်"
"ကျီဝမ်၊ အဖေ၊ ကျွန်မကို မတွန်းနဲ့!" သူမစကားပြောနေစဉ် ကျီဝမ်က သူမကို စာသင်ခန်းတံခါးဆီသို့ တွန်းပို့နေပြီဖြစ်သည်။ ထို့နောက် ကျီဝမ်နဲ့ သခင်ကြီး ကျီ လျင်မြန်စွာ ပြေးသွားပြီး သူမကို တံခါးဝမှာ ထားခဲ့ကြသည်။
ဖန့်ရှောင်နွမ်က သူတို့နှစ်ယောက်ကို သနားစရာကောင်းလောက်အောင် ကြည့်နေသည်။ သူတို့နှစ်ယောက်က ထောင့်တစ်နေရာမှာ ပုန်းအောင်းပြီး သူမကို လက်ဝှေ့ယမ်းပြကာ အသံတိုးတိုးနဲ့ အော်နေခဲ့သည်။ “မြန်မြန်သွား”
ဖန့်ရှောင်နွမ် သူမရဲ့စိတ်ထဲကိုပြင်ဆင်လိုက်သည်။ သူမ အံကြိတ်ကာ တံခါးခေါက်ဖို့ လက်ကို မြှောက်လိုက်သည်။
ဒေါက်!ဒေါက်! ဒေါက်! တုံ့ပြန်မှု မရှိပေ။