← Chapters

အခန်း (၁၃၄)

Vol. 9 Ch. 134

အခန်း (၁၃၄)

Vol. 9 Ch. 134

ဖန့်ရှောင်နွမ် ဟနေတဲ့ တံခါးကို တွန်းဖွင့်လိုက်ပြီး အပေါက်သေးသေးလေးကနေ အတွင်းထဲက လူကို ကြည့်လိုက်သည်။ ထိုလူက ဘာအမူအရာမှမရှိဘဲ အဲ့မှာ ထိုင်နေသည်။ သူမ နှလုံးသား တုန်လှုပ်သွားသည်။ 'သူမ ခုထိ အထဲ မဝင်ရသေးဘူး၊ သူမ လိပ်ပြာလွင့်မတတ်ကြောက်နေပြီ။ ဒါပေမယ့် သူမ ဒီလောက်ထိရောက်နေပြီ။ နောက်မဆုတ်နိုင်တော့ဘူး။'

သူမရဲ့ သတ္တိကို စုစည်းပြီး တံခါးကို ဖွင့်လိုက်သည်။ သူမ အထဲဝင်သွားပြီး တံခါးကို ညင်သာစွာ ပိတ်လိုက်သည်။ သူမရဲ့ခြေထောက်တွေက တိုပြီး ခြေလှမ်းတွေက သေးငယ်သည်။ သူမ ကျီလင်းချန်ဘက် ဖြည်းညှင်းစွာ ရွေ့သွားလိုက်သည်။

ထို့နောက် ခေါင်းငုံ့ကာ လက်ချောင်းတွေကို ပွတ်သပ်ပြီး နူးညံ့စွာပြောလိုက်သည်။ “တောင်းပန်ပါတယ် ယောကျ်ား၊ ခုဏက ကျွန်မ မတောင်းပန်မိလိုက်ဘူး။ ကျွန်မမှားသွားပါတယ်။"

ကျီလင်းချန် စိတ်ကောင်းဝင်နေသည်။ သူ့ဇနီးလေးကို မော့ကြည့်လိုက်သည်။ "ခုဏက မင်းစိတ်အခြေအနေဆိုးနေတာ မဟုတ်ဘူးလား။ မင်းဘာလို့ ဝုန်းဒိုင်းကြဲမနေရတာလဲ။"

ဖန့်ရှောင်နွမ် လျင်မြန်စွာ ခေါင်းယမ်းလိုက်သည်။ “မဟုတ်ဘူး၊ မဟုတ်ဘူး၊ မဟုတ်ဘူး။ ကျွန်မ စိတ်အခြေအနေ မဆိုးနေပါဘူး”

ကျီလင်းချန် ပြောလိုက်သည်။ "မင်းရဲ့အမှားကို ဝန်ခံတဲ့ပုံစံက စိတ်ကျေနပ်စရာမကောင်းဘူး။ ကိုယ် မင်းကို ခွင့်မလွှတ်ဘူး။"

“ယောကျ်ား …” ဖန့်ရှောင်နွမ် ချွဲလိုက်သည်။ “ကျွန်မရဲ့အမှားကို နားလည်ပါတယ်။ စိတ်ရှည်ရှည်ထားပြီး ကျွန်မ သင်ကြားပြသပေးပါနော်။ ရှင် ကျွန်မကို မရိုက်ဘူး မလား"

ကျီလင်းချန် ပြောလိုက်သည်။ "မင်းကို ရိုက်တာလား။ အဲဒါက အိမ်တွင်းအကြမ်းဖက်မှု မဟုတ်ဘူးလား။”

ဖန့်ရှောင်နွမ် ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ် ယောကျ်ား။ ရှင့်ရဲ့မိန်းမကို မရိုက်ဘူးဆိုတာ ကျွန်မသိတယ်"

“ရှင့်ရဲ့မိန်းမက အရမ်း ငယ်တယ်ပြီးတော့ ဉာဏ်မမီဘူး။ ရှင် သူမကို စိတ်ရှည်ရမယ်!"

“ကျွန်မက ကလေးပဲရှိသေးတယ်။ ကျွန်မအမှားတစ်ခုခုလုပ်မိတယ် ပြီးတော့ ကျွန်မအမှားကို ဝန်ခံပြီးပြီ။ အဲ့တော့ အဲ့တာကို ပြင်ဖို့ကျွန်မကို အခွင့်အရေး မပေးဘူးလား"

ကျီလင်းချန်က သူနဲ့ ငြင်းခုံဖို့ ကြိုးစားနေတဲ့ သူ့မိန်းမကို ကြည့်နေသည်။ "ဒါဆို ကိုယ် မင်းကို အခွင့်အရေးမပေးဘူးဆိုရင် ဘယ်လိုလုပ်မလဲ"

“ယောကျ်ား၊ ကျွန်မကို အခွင့်အရေး တစ်ခုလောက် ပေးပါနော်။ အသည်းနှလုံးမရှိသလို မလုပ်ပါနဲ့။ ကျွန်မ တောင်းဆိုပါတယ်…” ဖန့်ရှောင်နွမ်က ခင်ပွန်းဖြစ်သူရဲ့လက်မောင်းကို ပွေ့ဖက်ကာ ချွပြီးပြောလိုက်သည်။ “ဒီနေ့ကစပြီး ရာသီလာချိန်အတွင်း မုန့်တွေမစားတော့ပါဘူးလို့ ကျွန်မကျိန်ဆိုမယ်။ ကျွန်မ ဘာမုန့်မှ မစားဘူး"

“အခုချိန်ကစပြီး ရှင့်စကားကို နားထောင်ပါ့မယ်လို့ ကျိန်ဆိုတယ်။ ကျွန်မ စကားပြန်မပြောတော့ဘူး၊ ရန်လည်းမဖြစ်ဘူး၊ စိတ်ဆိုးအောင်လည်း မလုပ်တော့ဘူး။"

“အနာဂတ်မှာ ရှင့်နဲ့ ကျွန်မရဲ့ဒေါသကိုထိန်းပေးပါ့မယ်လို့လည်း ကျွန်မ ကျိန်တယ်။ ရှင့်နောက်ကွယ်မှာ ရှင့်အကြောင်း မကောင်းကြောင်းလည်း မပြောတော့ဘူး။ ဒါဆို ဘယ်လိုလဲ။ ယောကျ်ား ကျွန်မတောင်းပန်ပါတယ်နော်..."

ကျီဘင်းချန်ရဲ့ အမူအရာမှာ အေးစက်နေသေးသည်။ သူက A4 စာရွက်တစ်ရွက်ကို ထုတ်ယူပြီး သူ့မိန်းမကို ပေးလိုက်သည်။ “သက်သေအထောက်အထား မရှိဘူး။ သွား အာမခံချက်ရေးလာ"

"အာ" ဖန့်ရှောင်နွမ် အံ့အားသင့်စွာပြောလိုက်သည်။

ကျီလင်းချန် ပြောလိုက်သည်။ “အာမခံချက်ရေးပြီးတာနဲ့ ကုတင်ခေါင်းရင်းပေါ်မှာ ကပ်ထား။ ဒီလိုနည်းနဲ့ နေ့တိုင်းမြင်နေရပြီး အဲ့အပေါ်မှာရေးထားတဲ့ စကားလုံးတွေကို မင်းလိုက်နာအောင် သတိပေးနေလိမ့်မယ်။”

ဖန့်ရှောင်နွမ် ပြောလိုက်သည်။ "မဖြစ်ပါဘူး ယောကျ်ား၊ ကျွန်မ အဲ့တာကို မှတ်မိနေမှာပါ..."

ကျီလင်းချန် ယုတ်မာစွာ ပြုံးလိုက်သည်။ “မရဘူး!”

ဖန့်ရှောင်နွမ် သူမရဲ့ နှုတ်ခမ်းကို ကိုက်လိုက်သည်။ 'ဒီလိုဖြစ်လာမယ်ဆိုတာကို သူမသိခဲ့ရင် သူမ နည်းနည်းပဲ ပြောလိုက်ပါတယ်။'

သူမ အဲ့နေရာမှာပဲ အချိန်ဆွဲနေသည်။ သူမ မရေးချင်ဘူးဆိုတာ သိသာသည်။

ကျီလင်းချန်က သူ့မိန်းမရဲ့လက်ကို ကိုင်ပြီး မေးခဲ့သည်။ "မင်း စာရေးမှာလား မရေးဘူးလား"

ဖန့်ရှောင်နွမ် ဒေါသတကြီးပြောလိုက်သည်။ "ယောကျ်ား၊ အာမခံချက်ရေးရတာ ရှက်စရာကောင်းလွန်းတယ်"

ကျီလင်းချန် ပြောလိုက်သည်။ “ဒီလိုဆိုရင်ကော။ ကိုယ်ကြားချင်တဲ့ဟာကို မင်းပြော။ ကိုယ်ကျေနပ်တယ်ဆိုရင် အာမခံချက်ရေးစရာ မလိုဘူး။ ဘယ်လိုလဲ"

ဖန့်ရှောင်နွမ် ဤပြစ်ဒဏ်ကို လက်ခံနိုင်သည်။ ကောင်းတဲ့ဟာ ပြောလိုက်ရင် မရဘူးလား? သူမမှာ ကောင်းမွန်တဲ့ ခံစားချက်များ ပြည့်နှက်နေခဲ့သည်။

သူမက ပါးစပ်ကိုဖွင့်ဟပြီး ပြောလိုက်သည်။ "ယောကျ်ား၊ ရှင်က အရမ်းချောတာပဲ!"

ကျီလင်းချန် ခေါင်းခါလိုက်သည်။

ဖန့်ရှောင်နွမ် ပြောလိုက်သည်။ "ယောကျ်ား၊ ရှင်က ကမ္ဘာပေါ်မှာ အချောဆုံးယောကျ်ားပဲ။ ကမ္ဘာပေါ်က အမျိုးသမီးတိုင်း ရှင့်ကို သဘောကျကြတယ်။"

ကျီလင်းချန် ခေါင်းခါလိုက်ပြန်သည်။

ဖန့်ရှောင်နွမ် ပြောလိုက်သည်။ "ယောကျ်ား၊ ရှင်က ကျွန်မရဲ့နှလုံးသား၊ ကျွန်မရဲ့ဘေဘီ၊ ကျွန်မရဲ့ချိုမြိန်တဲ့ သကြားသီးလေးပဲ!"

ကျီလင်းချန် ပြောလိုက်သည်။ “အဲဒီ TV ရှိုးတွေကို ဆက်မကြည့်နဲ့တော့။ မင်း လုံးဝ ဂရုစိုက်တဲ့ပုံမပေါ်ဘူး။ ဆက်ကြိုးစားလိုက်ဦး!”

ဖန့်ရှောင်နွမ် လျှာထုတ်ပြလိုက်သည်။ "ယောကျ်ား၊ ရှင်က ဘာကြားချင်တာလဲ"

“ကိုယ့်ကိုယ်ကို စဉ်းစားကြည့်။ ဘာမှ မစဉ်းစားနိုင်ရင် အာမခံချက် ရေး” ကျီလင်းချန် ပြောလိုက်သည်။

ဖန့်ရှောင်နွမ် စိုးရိမ်နေမိသည်။ သူမယောကျ်ားက ဘာကို အတိအကျကြားချင်နေတာလဲ။ ရုတ်တရက် သူမ အကြံတစ်ခုရလာသည်။ "ယောကျ်ား၊ ရှင့်အတွက် မြောင်လို့အော်တာကို ကျွန်မဘာလို့ မလေ့လာရမှာလဲ။" ခင်ပွန်းသည်က သူမကို ကြောင်တစ်ကောင်လို အမြဲဆက်ဆံခဲ့တာ မဟုတ်လား?

ကျီလင်းချန်က သူ့မိန်းမကို သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်ပြီး သူမနဖူးကို အသာလေးပုတ်လိုက်သည်။ "မင်းခေါင်းထဲက ညစ်ပတ်နေတဲ့ အကြံအစည်တွေအားလုံးကို ဖယ်ထုတ်ပစ်လိုက်"

ဖန့်ရှောင်နွမ် ခေါင်းငိုက်စိုက်ကျနေပြီ။ “ကောင်းပါပြီ။” သူမ စာရွက်အဖြူကို မော့ကြည့်လိုက်သည်။ သူမတကယ် အာမခံချက်ရေးမှာလား။ စိတ်အနှောင့်အယှက်ဖြစ်စရာကြီး။

ခဏတာတိတ်ဆိတ်သွားပြီးနောက် သူမ ရုတ်တရက် တိုးတိုးလေး ပြောလိုက်သည်။ "ယောကျ်ား၊ ကျွန်မရှင့်ကိုသဘောကျတယ်လို့ ပြောတာကိုကြားချင်လား"

သူမရဲ့ အသံက ခြင်တစ်ကောင်၏ အော်သံကဲ့သို့ တိုးလျသော်လည်း ကျီလင်းချန် ၎င်းကို ရှင်းရှင်းလင်းလင်း ကြားနိုင်သည်။ ဇနီးလေးရဲ့ အသံက နူးညံ့သိမ်မွေ့ပြီး သူမရဲ့စကားက အလွန်ပင် တိုက်ရိုက်ဆန်သည်။ သူ့နှလုံးသားကို မြှားဖြင့် ပစ်လိုက်သလိုပင်။ သူ့တစ်ကိုယ်လုံးကို နာကျင်ပြီး ထုံကျင်သွားစေသည်။ သူ အရင်က ဒီလိုမျိုး တစ်ခါမှ မခံစားဖူးပေ။ အရမ်းဆန်းသစ်ပြီး အရမ်းအဆင်ပြေသည်။ သူ့ရှေ့က ကောင်မလေးရဲ့ ပါးပြင်တွေ နီရဲနေတာကို ကြည့်ပြီး သူ့လည်စလုတ်ကလှုပ်ရှားသွားသည်။

ဖန့်ရှောင်နွမ်ရဲ့ မျက်နှာက ခရမ်းချဉ်သီးလို နီရဲနေသည်။ “ဒါဆို ရှင်က အဲဒါကို ကြားချင်တာ မဟုတ်ဘူးပေါ့” ဆိုပြီး သူမကိုယ်သူမ ရေရွတ်နေသည်။ ရုန်းကန်ခြင်းများကို စွန့်လွှတ်လိုက်ပြီး အာမခံစာကို နာခံမှုဖြင့် ရေးခါနီးမှာ စားပွဲပေါ်ရှိ A4 စာရွက်က ရုတ်တရက် လုယူခံလိုက်ရသည်။

ဖန့်ရှောင်နွမ်ကြက်သေသေသွားသည်။ "ဟင်။ ယောကျ်ား "

All Chapters