← Chapters

အခန်း (၁၃၅)

Vol. 9 Ch. 135

အခန်း (၁၃၅)

Vol. 9 Ch. 135

ကျီလင်းချန် ပြောလိုက်သည်။ "ကိုယ် ကျေနပ်တယ်" အဲဒါနဲ့ ဇနီးဖြစ်သူကို ကြမ်းပြင်ပေါ်ချပေးပြီး ထရပ်လိုက်ကာ သူတို့ စာကြည့်ခန်းထဲက ထွက်သွားချိန် သူမလက်ကို တွဲထားခဲ့သည်။

အခန်းအပြင်ဘက်မှာ အဖိုးနဲ့မြေးတို့က ဖန့်ရှောင်နွမ် အပြစ်ပေးခံရမည့်အချိန်ကို စောင့်နေကြဆဲပင်။ ကျီလင်းချန်ရဲ့လက်ကို တွဲထားသည့် သူမက ဒဏ်ရာကင်းမဲ့စွာ ထွက်လာသည်ကို တွေ့ရတော့ သူတို့ အံ့သြသွားကြသည်။

ကျီဝမ် ရှေ့ကိုကိုင်းပြီး နူးညံ့စွာ မေးလိုက်သည်။ "ဘယ်လိုဖြစ်သွားလဲ"

ဖန့်ရှောင်နွမ် မျက်တောင်ခတ်လိုက်သည်။ “အဆင်ပြေပါတယ်”

ကျီဝမ် မေးလိုက်သည်။ "ငါ့ဦးလေး ဘာပြောလဲ"

ဖန့်ရှောင်နွမ် ပြောလိုက်သည်။ "သူ ဘာမှ မပြောဘူး ပြီးတော့ ငါ့ကိုလည်း အပြစ်မပေးဘူး။"

ကျီဝမ် သံသယစိတ်နဲ့ မေးလိုက်သည်။ "ဒါဆို မင်းရဲ့အမှားအတွက် မင်းဘယ်လိုနောင်တရခဲ့လဲ"

ဖန့်ရှောင်နွမ် ပြောလိုက်သည်။ "ငါနင့်ကိုပြောပြမယ် ငါ သူ့ကို သဘောကျတယ်လို့ ပြောလိုက်တာ "

ကျီဝမ် ပြောစရာစကားမဲ့သွားလေသည်။

သခင်ကြီး ကျီလည်း ပြောစရာစကားမဲ့သွားသည်။

သေချာတာပေါ့၊ ချိုမြိန်တဲ့ပါးစပ်နဲ့ လုပ်စားရတာ လွယ်ပါတယ်။

ဖန့်ရှောင်နွမ်က ခင်ပွန်းဖြစ်သူနောက်ကနေ အိပ်ခန်းထဲသို့ ပြန်လိုက်သွားခဲ့သည်။ သူမ မဝံ့မရဲနဲ့ မေးလိုက်သည်။ "ယောကျ်ား၊ ကျွန်မ ခုဏက ပြောလိုက်တာကို ရှင်ကြားလား"

ကျီလင်းချန် ပြုံးပြီးပြောလိုက်သည်။ "ဘယ်အပိုင်းကိုလဲ"

တစ်ချက်ကြည့်လိုက်ရုံဖြင့် အဲ့လူကြားခဲ့တယ်ဆိုတာကို ဖန့်ရှောင်နွမ် သိလိုက်သည်။ သူမ ဒေါသတကြီးနဲ့ပြောလိုက်သည်။ "ဟွန့်၊ ရှင်မကြားခဲ့ဘူးဆိုရင် ကျွန်မထပ်ပြောမှာမဟုတ်ဘူး"

ကျီလင်းချန်ပိုလို့တောင် ပျော်ရွှင်စွာ ပြုံးလိုက်သည်။ “ကိုယ်ကို ကျိန်ဆိုခဲ့တဲ့ သစ္စာကို မမေ့လိုက်နဲ့။ မင်းမနာခံသေးဘူးဆိုရင် ကိုယ်မင်းကို တကယ်အပြစ်ပေးရလိမ့်မယ်။"

ဖန့်ရှောင်နွမ် နှုတ်ခမ်းစူလိုက်သည်။ "အိုး ကျွန်မနားလည်ပါပြီ "

…

ဤသတိပေးချက်ပြီးတဲ့နောက်မှာတော့ ဖန့်ရှောင်နွမ် နောက်ရက်အနည်းငယ်ကြာ အလွန်စကားနာခံခဲ့သည်။

မနက်တိုင်း အတန်းထဲကို သကြားညိုရေတစ်ခွက် ယူသွားသည်။

အိမ်ပြန်ရောက်တဲ့အခါ ခင်ပွန်းဖြစ်သူရဲ့ ခွင့်ပြုချက်တောင်းသည်။ “ယောကျ်ား၊ ဒီနေ့ ကျွန်မ အရမ်းစကားနားထောင်တယ်နော်။ ကျွန်မ ရေခဲမုန့် ကော မုန့်တွေကော မစားဘူး။ ကျွန်မ အဲ့တာတွေကို ကြည့်ဖို့ စူပါမားကတ်ကိုတောင် မသွားဘူး”

အကြိမ်တိုင်း ကျီလင်းချန်က ဇနီးဖြစ်သူအား ပြုံးပြုံးလေးနှင့် ချီးကျူးဂုဏ်ပြုခဲ့သည်။ "မင်း ဒီနေ့ အရမ်းစကားနာထောင်တယ်!"

ကျီလင်းချန်မှာ လူမှုရေးပွဲတွေးတက်ရောက်ဖို့ရှိတဲ့အခါ သူက ဖန့်ရှောင်နွမ်ကို အကြောင်းကြားဖို့ ကြိုတင်ဖုန်းဆက်ခဲ့သည်။ “ကိုယ် မပါဘဲ ညစာစားလိုက်ဦးနော်။ ဒီည မစောင့်နေနဲ့။ ကိုယ် လူမှုရေးပွဲ တက်ဖို့ရှိလို့”

ဖန့်ရှောင်နွမ်ကလည်း ကြင်နာစွာ ပြန်ပြောခဲ့သည်။ "ယောကျ်ား၊ ရှင့်အတွက် တံခါးဖွင့်ထားလိုက်မယ်။ အရမ်းမသောက်လာနဲ့ စောစောပြန်လာနော် "

ကျီလင်းချန် အိမ်ပြန်ရောက်တိုင်း သူ့မိန်းမက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပြီ။ ဒါပေမယ့် သူ့အတွက် အိပ်ခန်းနံရံမှာ မီးအလင်းရောင်လေးတွေအမြဲရှိနေသည်။

…

အချိန်တွေ လျင်မြန်စွာကုန်သွားခဲ့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ဖန့်ရှောင်နွမ် ကျောင်းတက်နေသည်မှာ တစ်လရှိနေပြီ။ သူမက ကျီမိသားစုရဲ့နေအိမ်ကို သူမရဲ့ကိုယ်ပိုင်အိမ်အဖြစ် သဘောထားကာ ထိုနေရာက သူမအား ငြင်းပယ်ခြင်းမပြုတော့ပေ။ ကျီ မိသားစုနေအိမ်တွင် အချိန်အတော်ကြာနေထိုင်ပြီးနောက် ကျီ မိသားစုရှိ လူတိုင်းက အလွန်ချစ်စရာကောင်းကြတယ်လို့ သူမ ခံစားခဲ့ရသည်။ မူလက သခင်ကြီး ကျီက လေးနက်ပြီး ခေတ်မမီတဲ့ အဖိုးကြီးတစ်ယောက်လို့ သူမ ထင်ခဲ့မိသည်။ နောက်ပိုင်းမှာတော့ သူက တစ်ခါတလေ အသက်ကြီးတဲ့ ကလေးတစ်ယောက်လိုပါပဲ၊ သူမနဲ့ ဖဲကစားဖို့၊ မုန့်တွေစားပြီး၊ တီဗီကြည့်ဖို့ ဆန္ဒရှိနေတာကို သူမ သိလာရသည်။

ကျီဝမ်သည် မူလက အိမ်မှာ အနည်းငယ် အနိုင်ကျင့်ခံခဲ့ရသည်။ ကျီလင်းချန်နဲ့ ဖန့်ရှောင်နွမ်တို့က ကျီ မိသားစုနေအိမ်သို့ ပြောင်းရွှေ့ပြီးနောက်တွင် သေးငယ်တဲ့အနိုင်ကျင့်မှုကိုပင် သူ နေ့တိုင်းခံလာခဲ့သည်။

ဖန့်ချီက ရိုးရှင်းတဲ့ စိတ်ထားရှိသူဖြစ်သည်။ သူမကိုလည်း ကောင်းကောင်း ဆက်ဆံရင် သူမကလည်း သူတို့ကို ကောင်းကောင်း ဆက်ဆံမယ်။ သူမနဲ့ ဖန့်ရှောင်နွမ် အကြား နားလည်မှုလွဲမှားမှုကို ဖြေရှင်းပြီးနောက်တွင် သူတို့က အချစ်ဆုံးသူငယ်ချင်းတွေ ဖြစ်လာခဲ့သည်။ တစ်ခါတရံမှာ ဖန်ချီက သူမအား သမီးလေးအဖြစ်ပင် ဆက်ဆံတတ်သည်။ သူမ အမြဲတမ်းပြောတတ်တာရှိသည်။ "ရှောင်နွမ်၊ နင်သာ လင်းချန်ရဲ့ ဇနီးမဟုတ်ရင် နင့်ကို ငါ့သမီးလေးအဖြစ် ငါခေါ်ထားလိုက်မှာ "

ထိုစကားကိုကြားသောအခါ ကျီလင်းချန်က သူ့ဇနီးလေးကို လုယူခံရမှာကို ကြောက်နေသကဲ့သို့ အမြန်ဆွဲထုတ်သွားခဲ့သည်။

မြို့တော်ဝန် ကျီက စကားအများကြီး မပြောတတ်ပေမယ့် တကယ်ကို သည်းခံတတ်တဲ့သူပါ။ သူက မိသားစုရှိလူတိုင်းအပေါ် သည်းခံနိုင်သူဖြစ်ပြီး လူတိုင်းအတွက် နှစ်သိမ့်မှုဖြစ်စေတဲ့ အစ်ကိုတစ်ယောက်လည်းဖြစ်သည်။

ဖန့်ရှောင်နွမ်က ရံဖန်ရံခါ ကျီလင်းချန်ကို ဒေါသထွက်စေခဲ့ပြီး သူမက ဖန်ချီရဲ့အခန်းသို့ ပြေးသွားတတ်သည်။ မြို့တော်ဝန် ကျီက သူ့ညီလေးကို နှစ်သိမ့်ပေးသည်။

ဖန်ချီ ဒေါသတွေထွက်ရင် သူက သူ့မိန်းမကို နှစ်သိမ့်ပေးလိမ့်မယ်။

သခင်ကြီး ကျီက ယခင်အတိုင်းပင် ခေါင်းမာနေသေးသည်။ ကျီလင်းချန်နဲ့ စကားများရန်ဖြစ်သောအခါ မြို့တော်ဝန် ကျီက ဖြန်ဖြေပေးတဲ့သူအဖြစ် ဆောင်ရွက်သည်။

ကျီဝမ်ကတော့ ခြွင်းချက်ပင်။ ကျီလင်းချန်က ကျီဝမ်ရဲ့အမှားအတွက် အပြစ်ပေးသည့်အခါတိုင်း မြို့တော်ဝန် ဝန်က "သူ့ကို မှန်မှန်ကန်ကန် ဆောင်ရွက်ပေး "လို့ပြောတတ်သည်။

ဖန့်ရှောင်နွမ်က သူမရဲ့ယောကျ်ားကို အချစ်ဆုံးပင်။ သူက သူမကို စားသောက်ဆိုင်ကောင်းကောင်းတွေဆီ ခေါ်သွားရုံတင်မကဘဲ သူမကို သူ့အမေအိမ်ဆီ လိုက်ပို့ပေးပြီး လက်ဆောင်တွေပေးကာ ညတိုင်း သူမကို ပွေ့ဖက်ပေးခဲ့သည်။ နေ့တိုင်း သူမနိုးလာတဲ့အခါ ကျီလင်းချန်ကိုတွေ့ရတော့ ပျော်သည်။

…

ထိုနေ့တွင် ကျီလင်းချန် ရုတ်တရက် ဖုန်းခေါ်လာတဲ့အခါမှာ ဖန့်ရှောင်နွမ် အတန်းပြီးသွားခဲ့သည်။ "ဒီနေ့ကျောင်းလာကြိုစေချင်လား"

ဖန့်ရှောင်နွမ် ပြတ်ပြတ်သားသား ငြင်းဆိုလိုက်သည်။ “ဟင့်အင်း၊ ကျွန်မက အခု ကျောင်းကအချောအလှလေးဖြစ်နေပြီ။ မျက်လုံးပေါင်းများစွာက ကျွန်မကို ကြည့်နေကြတာ။ ရှင် ရောက်လာရင် ကျွန်မတို့ရဲ့ ဆက်ဆံရေး မကြာခင် ပေါ်လာလိမ့်မယ်။"

ကျီလင်းချန် ရယ်မောလိုက်သည်။ "ဒါဆို မင်း ကိုယ့်ကို မထီမဲ့မြင်ပြုနေတာလား"

"ကျွန်မ အဲဒါကို သိသာထင်ရှားအောင် လုပ်ခဲ့မိလား။ အိုး၊ အဲ့တာကို ရှင်ကိုယ်တိုင် သိမ်းထားသင့်တယ်။ ရှင် အဲ့တာကို အကျယ်ကြီးပြောရလား" ဖန့်ရှောင်နွမ် ပြုံးပြုံးလေး ပြောလိုက်သည်။

ဒါကို လင်းချမ် မြင်သွားခဲ့သည်။

ဖန့်ရှောင်နွမ် ပျော်ပျော်ရွှင်ရွှင်နဲ့ပြောလိုက်သည်။ "ကျွန်မ အခု ရှင်နဲ့ စကားမပြောတော့ဘူး။ သွားတက်ရမယ့် အတန်းရှိသေးတယ်။ တာ့တာ” ဖုန်းချပြီးနောက် သူမ ပြုံးနေသေးသည်။

ခဏအကြာတွင် သူမ နောက်ထပ်ဖုန်းဆက်လိုက်ပြီး စိတ်လှုပ်ရှားစွာပြောခဲ့သည်။ “မြန်မြန်လာ… ငါ့ယောကျ်ား မတွေ့သွားစေနဲ့၊ မဟုတ်ရင် ငါပြီးသွားလိမ့်မယ် ”

“ဟုတ်ပြီ၊ အရှေ့တံခါးက ဒုတိယသစ်ပင်အောက်မှာ ကားရပ်ထားလိုက်။ ငါ့ကိုစောင့်နေဦး။ ငါချက်ချင်းလာခဲ့မယ်။"

“ငါနောက်ပိုင်း အတန်းတက်ဖို့ရှိတယ်လို့ ယောကျ်ားကို လိမ်လိုက်တယ်။ သူ သံသယဝင်စရာအကြောင်းတော့ မရှိဘူး"

All Chapters