← Chapters

အခန်း (၁၂၇)

Vol. 9 Ch. 127

အခန်း (၁၂၇)

Vol. 9 Ch. 127

“ခမ်းနားလိုက်တာ!” ဖန့်ရှောင်နွမ် အံ့အားသင့်စွာ အော်လိုက်သည်။

ကျီလင်းချန် မျက်ခုံးပင့်လိုက်သည်။ မှန်ကန်တဲ့လက်ဆောင်ကို သူရွေးချယ်ခဲ့ပုံရသည်။ ဒါက သူ့ဇနီးလေး သဘောကျတဲ့ အရာပင်။

ကျီလင်းချန် မေးလိုက်သည်။ "အဲ့တာကို ကြိုက်လား"

ဖန့်ရှောင်နွမ် ခေါင်းတညိတ်ညိတ်နဲ့ ပြောလိုက်သည်။ “ ကြိုက်တယ်။ အရမ်းကြိုက်တယ် ဒါပေမယ့် ဒါက အရမ်းဈေးကြီးတာ။ အဲဒီအတွက် ကျွန်မ ဘယ်တုန်းကမှ အဲ့တာကိုပိုက်ဆံပေးနိုင်မယ်လို့ ဆန္ဒမရှိခဲ့ဘူး။”

"ငတုံးလေးပဲ မင်းလိုချင်တာဝယ်ဖို့ ကိုယ့်ကိုပြောလို့ ပြောထားတယ် မဟုတ်ဘူးလား။ မင်း ကိုယ်ပိုင်ပိုက်ဆံနဲ့မသုံးချင်ရင် မင်းဝယ်ပြီးရင် ကိုယ့်ကိုရှာလိုက်။ မင်းယောက်ျားက မင်းကို ပိုက်ဆံပြန်ပေးမယ်!" ကျီလင်းချန် ပြုံးပြီးပြောလိုက်သည်။

"တကယ်လား။ ယောက်ျား၊ ကျွန်မကို ဇိမ်ခံပစ္စည်းတွေရော ဝယ်ပေးလို့ရလား" ဖန့်ရှောင်နွမ် တလက်လက်တောက်ပနေတဲ့ မျက်လုံးများဖြင့် မေးလိုက်သည်။

“ရတာပေါ့” ကျီလင်းချန်က မဆိုင်းမတွ ပြန်ဖြေခဲ့သည်။

ဖန့်ရှောင်နွမ် ပျော်ရွှင်စွာနဲ့ လက်နှစ်ဖက်ကိုဖွင့်ကာ ခင်ပွန်းဖြစ်သူ ရင်ခွင်ထဲ ပစ်ဝင်လိုက်သည်။ သူမက သူ့ခါးကို တင်းတင်းကြပ်ကြပ်ဖက်ထားပြီး မျက်နှာကို သူ့ရင်ဘတ်နဲ့ ဖိကပ်ထားသည်။ သူမက ပျော်ရွှင်မှုကို ဖော်ပြရန် စိတ်လှုပ်ရှားစွာ သူ့ရင်ဘတ်ကို မှီထားသည်။

ကျီလင်းချန်က သူမခေါင်းကို ချစ်ခင်ကြင်နာစွာပွတ်သပ်လိုက်သည်။ သူ့အပြုံးက သူ့မျက်လုံးထဲရောက်နေပြီ။

…

နောက်တစ်နေ့မနက်တွင် ကျီလင်းချန် ရုတ်တရက်စကားပြောတဲ့အချိန်မှာ ဖန့်ရှောင်နွမ်က ဆေးကြောသန့်ရှင်းရေး လုပ်နေခဲ့သည်။ "လက်အောက်ငယ်သားက ဘာကြောင့် ဒီလိုပြုမူခဲ့တာလဲဆိုတာ မနေ့က ကိုယ် သိလိုက်ရတယ်"

"ဘာလို့လဲ" လို့ ဖန့်ရှောင်နွမ် စိတ်ဝင်တစား မေးလိုက်သည်။

ကျီလင်းချန်က ဒါရိုက်တာ ကျန်း၏ မိသားစုအကြောင်း သူ့ဇနီးကို ပြောပြခဲ့သည်။ ထို့နောက် သူ မေးလိုက်သည် “ရှောင်နွမ်… သူ့ကို ကိုယ်တို့ဘယ်လိုကူညီလို့ရမလဲ ဆိုတာ မင်းသိလား”

ဖန့်ရှောင်နွမ်က သွားတိုက်နေတာကို ရပ်ပြီး စိတ်အနှောင့်အယှက်ဖြစ်စွာ ခေါင်းခါလိုက်သည်။ “ကျွန်မမှာ အကြံမရှိဘူး…”

သူမ အမြန်ဆေးကြောပြီး ရေချိုးခန်းထဲက ထွက်လာခဲ့သည်။ ထို့နောက် သူမ ပြောလိုက်သည်။ “ယောကျ်ား၊ အပြင်လူတွေက မိသားစုအရေးမှာ ဝင်ရောက်စွက်ဖက်ဖို့ဆိုတာ ခက်ခဲတယ်။ သူကိုယ်တိုင်ပဲ ကိုင်တွယ်လို့ရမယ်။ သူ့မိန်းမက သူ့ပိုင်ဆိုင်မှုတွေကို ယူပြေးသွားတဲ့အတွက် သူ ရဲကို တိုင်ကြားခဲ့တယ်။ သူ့အမေ နေမကောင်းတဲ့အချိန် သူ သူမကို ကုသဖို့ ဆရာဝန်ရှာပေးတယ်။ သူ့သမီးအတွက်ကတော့ သူ ပိုပြီးတော့သတိထားသင့်တယ်။ ကျွန်မတို့ သူ့ကို မကူညီနိုင်ဘူး ဒါပေမယ့်…” သူမ ကျီလင်ချန်ကို ရုတ်တရက် ပြုံးပြကာ ကြည့်လိုက်သည်။

ကျီလင်းချန် ပြောလိုက်သည်။ "ဆက်ပြော"

ဖန့်ရှောင်နွမ် ပြောလိုက်သည်။ "ကျွန်မယောကျ်ားမှာတော့ သူ့ကို ကူညီဖို့ နည်းလမ်းရှိကောင်းရှိနိုင်တယ်"

"ဟင်" ကျီလင်းချန် သူ့ဇနီးရဲ့ နောက်ထပ်စကားများကို စိတ်ဝင်တစား စောင့်ဆိုင်းနေခဲ့သည်။

ဖန့်ရှောင်နွမ်က ခင်ပွန်းဖြစ်သူ၏လက်ကို ဆုပ်ကိုင်ထားပြီး ချွဲတဲ့အသံနဲ့ ပြောလိုက်သည်။ “တကယ်တော့ ကျွန်မယောကျ်ားက သူ့ကို ရုံးပျက်ခွင့်ပေးလိုက်လို့ရတယ်။ ဒါမှ ဒီကိစ္စတွေကို ဖြေရှင်းဖို့ သူ့မှာ အချိန်အလုံအလောက်ရှိလာလိမ့်မယ်။”

“သူ့ရဲ့လက်ရှိအခြေအနေအရတော့ သူကောင်းကောင်းအလုပ်လုပ်နိုင်မှာ မဟုတ်ဘူး။ ဒီလိုဆိုရင် ပြန်လာပြီးအလုပ်မလုပ်ခင် အိမ်ပြန်ပြီး မိသားစုကိစ္စတွေကို အာရုံစိုက်ပြီး ဖြေရှင်းတာက သူ့အတွက် ပိုကောင်းတယ်။”

"ဒါဆို သူပြန်လာရင် ဒီလောက် အဆင့်နိမ့်တဲ့ အမှားမျိုး သူလုပ်တော့မှာ မဟုတ်ဘူး။"

"သူ အမှားမလုပ်တော့ဘူးဆိုရင် ကျွန်မယောက်ျား စိတ်ဆိုးတော့မှာမဟုတ်ဘူး။"

"ကျွန်မယောကျ်ားက ကျွန်မရဲ့ရုပ်ရည်ချောမော၊ နူးညံ့သိမ်မွေ့တဲ့ ခင်ပွန်းကောင်းတစ်ယောက်အဖြစ် ဆက်ရှိနေမှာ!"

"ဒါ့အပြင်၊ ဒီလိုဖြစ်လာရင် ကျီ ကော်ပိုရေးရှင်းက ကျွန်မရဲ့ယောကျ်ားက သူ့ဝန်ထမ်းတွေကို ဂရုစိုက်တတ်တဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်ဆိုတာ သိလာလိမ့်မယ်။"

"လူတိုင်းက ရှင့်ကို ပိုသဘောကျလာပြီး ရှင့်လို ခေါင်းဆောင်တစ်ယောက်ရှိတာကို ဂုဏ်ယူကြလိမ့်မယ်!"

ကျီလင်းချန် ပြောလိုက်သည်။ “ဒါဆို… အခုကစပြီး မင်း ကုမ္ပဏီကို လာတဲ့အခါကျရင် ကိုယ့်ကို ယောကျ်ားလို့ခေါ်မှာလား ဦးလေးလို့ ခေါ်မှာလား”

ဖန့်ရှောင်နွမ် ပြောလိုက်သည်။ “ဒါဆို ရှင့်ကို ယောကျ်ားလို့ပဲ ခေါ်မယ်။ ကျွန်မက ရှင့်ရဲ့ ဇနီး။ အဲ့တော့ ကျွန်မ ရှင့်ကို ဘယ်လိုခေါ်ရမှာလဲ"

ကျီလင်းချန် ဖန့်ရှောင်နွမ်ရဲ့ မျက်နှာလေးကို ဆုပ်ကိုင်လိုက်ပြီး နမ်းဖို့ ခေါင်းကိုငုံ့လိုက်သည်။ ပြီးတော့ သူ ပြောလိုက်သည်။ “ဒါက သဘောတူညီချက်ပဲ”

ဖန့်ရှောင်နွမ်ရဲ့ မျက်နှာလေးက နီရဲလာပြီး ပြောလိုက်သည်။ “ဒါဆို ယောကျ်ား၊ ရှင် မနက်ဖြန် သူ့ကို တွေ့တဲ့အခါကျရင် ဖြစ်ပျက်ခဲ့တာတွေကို ရှင်းပြဖို့ မမေ့နဲ့။ ကျွန်မက ရှင့်ရဲ့တူမမဟုတ်ဘဲ ရှင့်ရဲ့ဇနီးပါလို့ ပြောလိုက်။ သူ့ကို နားလည်မှုလွဲအောင် ဆက်မထားနဲ့။"

ကျီလင်းချန်က သူ့ဇနီးလေးရဲ့ နှာခေါင်းကို ကုတ်လိုက်ပြီး ပြောခဲ့သည်။ "မင်းရဲ့ ဒီပါးစပ်ပေါက်လေးကြောင့် ဒီလို နားလည်မှုလွဲစရာတွေဖြစ်တာ မဟုတ်ဘူးလား။"

ဖန့်ရှောင်နွမ် နှုတ်ခမ်းစူပြီး ချွဲတဲ့အသံနဲ့ပြောလိုက်သည်။ "ဟမ့် မနေ့က ကျွန်မစိတ်ဆိုးနေတာမဟုတ်ဘူးလား" ဖန့်ရှောင်နွမ် ချွဲနေပြီး ဘယ်သူမှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ သူမပဲ အနိုင်ရမည်။

ကျီလင်းချန် ပြောလိုက်သည်။ "ကောင်းပြီ၊ ကိုယ်နားလည်ပြီ။ အိုး ဟုတ်သားပဲ၊ မင်း ဆုံးဖြတ်ပေးရမယ့်ဟာတစ်ခုရှိသေးတယ်"

ဖန့်ရှောင်နွမ် အလျင်အမြန် မေးလိုက်သည်။ "ကျွန်မ ဆုံးဖြတ်ပေးရမယ့်ဟာ ရှိသေးတယ်ပေါ့ ဟုတ်လား။ ယောကျ်ား။ ကျွန်မကို မြန်မြန်ပြော"

ထိုလူက သူမကို သူ့ရင်ခွင်ထဲမှာ ကိုင်ထားသည်။

ကျီလင်းချန် က သူ့မိန်းမကို မနေ့က ဖြစ်ခဲ့သမျှကို ပြောပြလိုက်သည်။ “အခု ကိုယ်တို့ ဆက်ပြီး အလုပ်တွဲလုပ်ရမှာလား။ မင်းပြောသမျှကို ကိုယ်နားထောင်မယ်။"

"အာ " ဖန့်ရှောင်နွမ် ကြက်သေသေသွားသည်။ ဤပူးပေါင်းဆောင်ရွက်မှုက အနည်းဆုံး တစ်ဘီလီယံတန်ဖိုးရှိပြီး သူမ၏ခင်ပွန်းက ထိုကဲ့သို့သောကိစ္စကို အလျင်စလို ဆုံးဖြတ်ချက်ချဖို့ သူမကို တောင်းဆိုရဲတာလား။

ကျီလင်းချန်က သူ့မိန်းမကို သိပ်ဖိအားမပေးချင်တာကြောင့် သူ ရှင်းပြလိုက်သည်။ “တကယ်တော့ ကိုယ်တို့က သူတို့နဲ့ အလုပ်မလုပ်ရင်တောင် ကျီ ကော်ပိုရေးရှင်း နဲ့ ပူးပေါင်းဖို့ တောင်းဆိုနေတဲ့ ကုမ္ပဏီတွေ အများကြီးရှိပါသေးတယ်။ ဒါကြောင့် မင်း ကြိုက်တာရွေးလို့ရတယ်။ ဖိအားမရှိဘူး။”

ဖန့်ရှောင်နွမ် ပြောလိုက်သည်။ "ဒါပေမယ့် ယောကျ်ား... ရှင် ဘာကိုရွေးမှာလဲ"

ကျီလင်းချန် ပြောလိုက်သည်။ "ကိုယ် ကိုယ့်ရဲ့ကိုယ်ပိုင်စံနှုန်းတွေနဲ့ ငြိနေရင် ကိုယ် သူတို့နဲ့ ထပ်ပြီး လက်တွဲဖို့ မရွေးချယ်တော့ဘူး"

“မင်းရဲ့ဝန်ထမ်းတွေကိုတောင် ကောင်းကောင်းမစီမံခန့်ခွဲနိုင်ရင် မင်းရဲ့စီမံခန့်ခွဲမှုစွမ်းရည်က အရမ်းညံ့ဖျင်းတယ်လို့ဆိုလိုတယ်"

"ကိုယ် သူ့အတွက် စိတ်မကောင်းဖြစ်နေမှာ မဟုတ်ဘူး။ ကုမ္ပဏီရဲ့ အမြတ်အစွန်းကို ဘယ်လို မြှင့်တင်ရမလဲဆိုတာကိုပဲ ကိုယ် တွေးနေမှာ”

All Chapters