← Chapters

အခန်း (၁၂၆)

Vol. 9 Ch. 126

အခန်း (၁၂၆)

Vol. 9 Ch. 126

ဖိတ်ခေါ်မှုကိုလက်ခံပြီးနောက် ကျီဝမ်က အခြားဘာမှ မပြောခဲ့ပေ။ တစ်ဖက်တွင် သူ့ဦးလေးနဲ့ ဦးလေးရဲ့ ယောက္ခထီးတို့က နောက်ခုံမှာ တက်ကြွစွာ စကားစမြည်ပြောနေကြသည်။

ဥက္ကဌ ဖန့် ပြောလိုက်သည်။ "လင်းချန်၊ ဒီနေ့ အဖြစ်အပျက်က နည်းနည်းထူးဆန်းနေတယ်လို့ မင်းမထင်ဘူးလား" သူ သူ့ကို ဖိတ်ကြားထားပေမယ့် အကြောင်းပြချက်တော့ မရှိပါဘူး။ ထို့အပြင် စည်းဝေးပွဲက ပုံမှန်ထက် ဆယ်မိနစ်နောက်ကျခဲ့သည်။ တစ်ခုခုတော့ ဖြစ်မည်။

ကျီလင်းချန်ရဲ့ မျက်လုံးတွေက ကြည်လင်တောက်ပနေသည်။ “ကုမ္ပဏီတွင်း ရန်ပွဲတွေ” လို့တည်ငြိမ်စွာပြောလိုက်သည်။ ယနေ့ စည်းဝေးပွဲကို စီစဉ်ခဲ့သူမှာ ထန် ကော်ပိုရေးရှင်း၏ ဒါရိုက်တာ ထန် ဖြစ်သည်။ သူက ကျီ ကော်ပိုရေးရှင်းနှင့် ပူးပေါင်းဆောင်ရွက်တဲ့ ဆက်ဆံရေးကို ထိန်းသိမ်းထားပြီး စာချုပ်သက်တမ်းတိုးရန် ရည်ရွယ်ခဲ့သည်။ ဒါပေမယ့် သူ့ကုမ္ပဏီက လူတွေက သူ့ကို လူသိရှင်ကြား အရူးလုပ်စေချင်ပုံရတာကြောင့် ဒီအကြံအစည် ပေါ်ပေါက်လာခဲ့တာ။

ကျီလင်းချန်က ဒါရိုက်တာ ထန် အပေါ် သူ့ဒေါသကို ထုတ်ပြတော့မယ်ဆိုရင် ပူးပေါင်းဆောင်ရွက်မှုဟာ သဘာဝအတိုင်း ပျက်စီးသွားလိမ့်မည်။ ထမင်းစားနေစဉ် ကျီလင်းချန် ဤအရာကို တွေးနေခဲ့သည်။ ထန်ကော်ပိုရေးရှင်း၏ အတွင်းရေးကိစ္စများကို စုံစမ်းစစ်ဆေးရန် တစ်စုံတစ်ဦးကို စေလွှတ်ဖို့ အတွင်းရေးမှူး စုန့်ကို တောင်းဆိုထားပြီးသားပင်။ သတင်းရရှိပြီးနောက် ကျီလင်းချန်က သူ့ယောက္ခထီးကို ပြောပြလိုက်သည်။

“ထန် ကော်ပိုရေးရှင်းရဲ့ ဒုတိယအကြီးအကဲက ဒါရိုက်တာ ထန်ရဲ့နေရာကို အစားထိုးချင်နေတာ။ ကျီ ကော်ပိုရေးရှင်းနဲ့ ဒီစာချုပ်သက်တမ်းတိုးတာကို ဖျက်လိုက်ရုံနဲ့ သူ့မှာဒီလိုလုပ်ဖို့ အခွင့်အရေးရှိမယ်”

"ဒါရိုက်တာ ထန်က ကျွန်တော့်ကို မိတ်ဖက်အဖြစ် ဆက်လုပ်ဖို့ ဆွဲဆောင်နိုင်ရင် ကျီ ကော်ပိုရေးရှင်းက ဒါရိုက်တာ ထန် ရဲ့ အရည်အချင်းကို အသိအမှတ်ပြုပြီး သူ့ရာထူးက ခိုင်ခိုင်မာမာရှိနေမယ်"

“အဲဒါကြောင့် စည်းဝေးပွဲမှာ အဖေ့ ပေါ်လာဖို့ တစ်ဖက်ပါတီက ဒီအကြံကိုထုတ်လိုက်တာပဲ ”

"ညစာစားပွဲမှာ လူတိုင်းက အရမ်းပျော်နေကြပေမယ့် တကယ်တော့ သူတို့ရဲ့ နှလုံးသားထဲမှာ ထန် ကော်ပိုရေးရှင်းနဲ့ ပတ်သက်ပြီး သူတို့ကိုယ်တိုင် စီရင်ဆုံးဖြတ်ပြီးသား"

ဥက္ကဌ ဖန့်က သူ့သားမက်၏ စွမ်းဆောင်ရည်အတွက် အဆုံးမရှိ လေးစားမှုအပြည့်ဖြင့် ပြည့်နှက်နေသည်။ လက်တွေ့အားဖြင့် အလုံးစုံကိုနှံ့စပ်အောင် သိမြင်နိုင်တဲ့သူပင်။ စားသောက်ဖို့ အချိန်တိုတိုလေးအတွင်းမှာ သူ ဒီကိစ္စကို ကောင်းကောင်းနားလည်နိုင်ခဲ့သည်။ သူ့သားမက်ကို နောက်တစ်ကြိမ် ကြည့်လိုက်တော့ ဥက္ကဋ္ဌဖန့်၏ နှလုံးသားက အနည်းငယ် ကွဲလွဲသွားသလို ခံစားလိုက်ရသည်။

ဥက္ကဌ ဖန့် မေးလိုက်သည်။ "ဒါဆို ဒါရိုက်တာ ထန်နဲ့ ဒီတစ်ကြိမ် စာချုပ်သက်တမ်းတိုးမှာလား"

ကျီလင်းချန်က စကားမပြန်ခင် ခဏလောက် နှုတ်ဆိတ်နေခဲ့သည်။ "ကျွန်တော် အိမ်ပြန်ပြီး ရှောင်နွမ်ကို မေးလိုက်ဦးမယ်"

ဥက္ကဋ္ဌ ဖန့် ပြောလိုက်သည်။ “အာ။ သူမကို ဘာကြောင့်မေးမှာလဲ။ သူမ အဲ့တာတွေ နားမလည်ဘူး"

ကျီလင်းချန် ပြောလိုက်သည်။ "ဒါပေမယ့် ဒီတစ်ခါတော့.... ကျွန်တော်တို့ သူမရဲ့စကားကို နားထောင်ရမယ်။"

ဥက္ကဋ္ဌဖန့် နောက်ထပ်မေးခွန်းများကို မမေးတော့ပေ။ သူ သူတို့ကို နားမလည်နိုင်တော့ဘူး။

ခဏအကြာတွင် ကားက ၂၄ နာရီ ကုန်စုံဆိုင်သို့ ချဉ်းကပ်လာသည်။ ကျီလင်းချန်က ကျီဝမ်ကို ကားရပ်ခိုင်းလိုက်သည်။ သူကားပေါ်က ဆင်းပြီး ကုန်စုံဆိုင်ထဲကို ဝင်သွားသည်။ ခဏအကြာတွင် အိတ်ကြီးတစ်လုံးနှင့် ကားပေါ်သို့ ပြန်လာခဲ့သည်။

"ဘာဝယ်လာတာလဲ" ဥက္ကဋ္ဌဖန့် မေးလိုက်သည်။

"ကျွန်တော် ဒါတွေကို ရှောင်နွမ် အတွက်ဝယ်တာ " ကျီလင်းချန် ပြန်ဖြေလိုက်သည်။

အိတ်ကဖွင့်ထားသည်။ ဥက္ကဋ္ဌဖန့် သကြားညိုတစ်ထုပ်ကို တွေ့လိုက်သည်။ နှစ်အတော်ကြာ အိမ်ထောင်ကျပြီးနောက် သကြားညိုက ဘာအတွက်သုံးလဲဆိုတာ သူသိတဲ့အတွက် မေးခွန်းတွေ ထပ်မမေးတော့ပေ။

ဒါပေမယ့် အိမ်ပြန်ရောက်တော့ သားမက်က သူ့သမီးအပေါ် ဘယ်လောက် ဂရုတစိုက်နဲ့ နူးညံ့သိမ်မွေ့တယ်ဆိုတဲ့အကြောင်း သူ့မိန်းမကို ပြောပြခဲ့သည်။ ဟုတ်ပါတယ်၊ သူက သူမကိုပေးခဲ့တဲ့ ထူးဆန်းတဲ့ နာမည်ပြောင်ကိုလည်း စောဒကတက်ခဲ့သည်။

ကျီလင်းချန်က ဆယ့်တစ်နာရီခန့်မှာ အိမ်ပြန်ရောက်လာပြီး ဖန့်ရှောင်နွမ်ကတော့ အိပ်ပျော်နေပြီ ဖြစ်သည်။

သူတို့နှစ်ဦးအိမ်ပြန်ရောက်သောအခါ ကျီဝမ်က ကျီလင်းချန်ကို သူတကယ်တွေးထားတာကို ပြောပြခဲ့သည်။ “ဦးလေး၊ ကျွန်တော် မိသားစုစီးပွားရေးကို မလွှဲယူချင်ဘူး”

ကျီလင်းချန်က သူပြောတာကို မကြားချင်ယောင်ဆောင်ပြီး ပြောလိုက်သည်။ “နောက်ကျနေပြီ။ မနက်ဖြန် မင်း ကျောင်းသွားရဦးမယ်။ အိပ်ရာဝင်တော့ "

ကျီဝမ် ပြောလိုက်သည်။ "သိပါပြီ"

ကျီလင်းချန် အိပ်ခန်းထဲသို့ ပြန်သွားပြီး သူ့မိန်းမ မှောက်လျက်ကြီး အိပ်ပျော်နေသည်ကို တွေ့လိုက်ရသည်။ သူက လမ်းလျှောက်လာပြီး သူမကို ပွေ့ချီလိုက်သည်။ သူက လှည့်ပြီး သူမကို ကုတင်ပေါ် ပြန်တင်ပေးလိုက်သည်။ သူမကို စောင်နဲ့ ခြုံပေးခဲ့ပြီး ဆေးကြောသန့်စင်ဖို့ သူ အောက်ထပ်ကို ဆင်းသွားလိုက်သည်။

သူပြန်လာတော့ ဖန့်ရှောင်နွမ်က မှောက်ပြီးအိပ်နေပြန်သည်။ သူလမ်းလျှောက် သူမကို ပြန်လှည့်လိုက်ပြန်သည်။

"အွန်း... ယောကျ်ား " ဖန့်ရှောင်နွမ် ငိုက်မျဥ်းနေတဲ့ မျက်လုံးတွေကိုဖွင့်ကာ ခေါ်လိုက်သော်လည်း သူမ မျက်လုံးတွေကို အမြန်မှိတ်သွားကာ ပြန်အိပ်ပျော်သွားပြန်သည်။

ကျီလင်းချန်က ကလေးကို အိပ်ပျော်အောင် ချော့သိပ်နေသကဲ့သို့ သူမ၏ ကျောကို ညင်သာစွာပုတ်ပေးနေသည်။ အခန်းအတွင်းရှိ မီးတွေပိတ်ထားသော်လည်း ဖန့်ရှောင်နွမ်က သူ့အတွက် နံရံကပ်မီးခွက်ကို တမင်ချန်ထားခဲ့ကာ သူပြန်လာတာနဲ့ ရှင်းရှင်းလင်းလင်းမမြင်ရတော့မှာကို သူမ ကြောက်တာကြောင့် ဖြစ်နိုင်သည်။

နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့ အမျိုးသမီးလေးကို ကြည့်လိုက်ရာ ကျီလင်းချန်က သူမပါးကို ညင်သာစွာ ပွတ်သပ်လိုက်ပြီး လက်ဝတ်ရတနာဘူးကိုဖွင့်ကာ လက်ကောက်ကို သူမရဲ့လက်ကောက်ဝတ်မှာ ဝတ်ပေးလိုက်သည်။

ဖန့်ရှောင်နွမ်က လုံးဝသတိမထားမိဘဲ အလွန်နှစ်ခြိုက်စွာ အိပ်ပျော်သွားခဲ့သည်။

အရာအားလုံးကိုလုပ်ဆောင်ပြီးနောက် ကျီလင်းချန်က အမျိုးသမီးလေးရဲ့နဖူးကို နမ်းလိုက်သည်။ ထို့နောက် အိပ်ရာပေါ်သို့ တွားသွားကာ ဇနီးသည်ကို ပွေ့ဖက်ထားလိုက်သည်။

နောက်တစ်နေ့တွင် ဖန့်ရှောင်နွမ် နိုးလာခဲ့သည်။ သူမရဲ့ပတ်ဝန်းကျင်မှာ ဘယ်သူမှ မရှိဘူး။ မနေ့ညက သူမရဲ့ယောကျ်ား အိမ်ပြန်မလာဘူးလို့ သံသယဝင်သွားသည်။ ဒါကိုတွေးရင်း သူမရင်ထဲမှာ မီးတောက်လေးတွေ တောက်လောင်လာသည်။ ရုတ်တရက် သူမဘေးနားက ခေါင်းအုံးကို အသုံးပြုထားတာကို တွေ့လိုက်ရသည်။ မီးတောက်လေးများ တခဏချင်း ငြိမ်းသွားခဲ့သည်။ ခေါင်းအုံးပေါ် မှီပြီး အနံ့ခံလိုက်သည်။ ဟုတ်တယ်၊ သူမယောက်ျားရဲ့အနံ့ပဲ။ မနေ့ညက သူ အိမ်ပြန်ရောက်လာပုံပဲ။

" ဘာတွေအနံ့ခံနေတာလဲ"ကျီလင်းချန် က တံခါးဘောင်ကို မှီပြီး သူ့မိန်းမကို ပြုံးပြုံးလေး ကြည့်နေသည်။

"မနေ့ညက ကျွန်မယောက်ျား အိမ်ပြန်ရောက်လာလားလို့ အနံ့ခံကြည့်နေတာ။" ဖန့်ရှောင်နွမ် ထထိုင်လိုက်သည်။

ရုတ်တရက် သူမလက်ကောက်ဝတ်မှာ တစ်ခုခုရှိနေမှန်း သိလိုက်ရသည်။ သူမ လက်ကောက်ဝတ်ကို အနီးကပ်ဆွဲကာ တစ်ချက်ကြည့်လိုက်သည်။ သူမရဲ့လက်ကောက်ဝတ်မှာ လက်ကောက်တစ်ခုရှိနေသည်။ ၎င်းသည် သူမ ကာလကြာရှည်စွာ နှစ်သက်ခဲ့ရသော ဒီဇိုင်နာဟောင်း မစ္စတာဖီးလစ်၏ လက်ရာဖြစ်သည်။

All Chapters