အခန်း (၁၂၄)
Vol. 9 Ch. 124
ကျီလင်းချန် ပြောတဲ့ ကလေးက ရေခဲသေတ္တာဆီ တိတ်တဆိတ် လမ်းလျှောက်သွားနေသည်။ ဘယ်သူမှ မကြည့်နေတော့ သူမက ရေခဲမုန့်ကိုခိုးပြီး အိပ်ခန်းထဲ ပြန်ဝင်ခဲ့သည်။ အခုအချိန်မှာ ဖန့်ရှောင်နွမ်ရဲ့ဗိုက်က မနာတော့ဘူးဆိုတော့ သူမ မုန့်တွေကို တောင့်တလာပြန်သည်။ ရေခဲမုန့်စားပြီးနောက်၊ ဖန့်ရှောင်နွမ် ကုတင်ပေါ် မှီလိုက်ပြီး အဝေးက ဆေးရုံမှာရှိနေတဲ့ သခင်ကြီးကျီဆီ ဖုန်းဆက်ကာ သူ ဒီနေ့ ဘယ်လိုနေလဲဆိုတာကို မေးမြန်းဖို့လုပ်လိုက်သည်။
“အဖေ၊ လင်းချန်က ဒီည လူမှုရေးပွဲရှိနေလို့ ကျွန်မတို့ အဖေ့ဆီ လာလည်လို့ ရမှာမဟုတ်ဘူး။ နောက်ပြီး မနက်ဖြန် အဖေ ဆေးရုံက ဆင်းရတော့မယ်နော်” ဖန့်ရှောင်နွမ် ပြောလိုက်သည်။
သခင်ကြီးကျီက သူ့ချွေးမကြီးလုပ်ထားတဲ့ အစာအိမ် အာဟာရဖြစ်စေတဲ့ အသီးအရွက် ဆန်ပြုတ်ကို သောက်ပြီး ပျော်ပျော်ရွှင်ရွှင် ပြောလိုက်သည်။ “ဟုတ်တယ် ဟုတ်တယ် လာစရာ မလိုပါဘူး။ ငါ ဒီမှာအဆင်ပြေတယ်။ နင့်ရဲ့ ခဲအိုနဲ့ ယောက်မတို့ ဒီမှာရှိတာပဲ စိတ်ပူစရာ မလိုဘူး"
ဖန့်ရှောင်နွမ်က သူမယောက္ခထီး၏ စကားများတွင် ဝှက်ထားသော အဓိပ္ပါယ်ကို ကြားနိုင်သည်။ သူမက သူ့ကို တမင်ခြောက်ဖို့ကြိုးစားပြီး ပြောလိုက်သည်။ "ဒါပေမယ့် အဖေ ကျွန်မကို တကယ်လွမ်းနေတယ်ဆိုရင်တော့ ဒါရိုက်ဘာကို ဆေးရုံလိုက်ပို့ခိုင်းလို့ရတယ်"
“မပို့ခိုင်းနဲ့၊ မပို့ခိုင်းနဲ့၊ တကယ်ကို မလိုဘူး။ ငါ နင့်ကို မလွမ်းဘူး။ အိမ်မှာပဲနေပြီး ကောင်းကောင်းသာနေ!" သခင်ကြီး ကျီက အမြန်ငြင်းလိုက်သည်။
"ဟားဟား၊ ရပါပြီ အဖေရယ်" ဖန့်ရှောင်နွမ် ပြုံးပြီး ဖုန်း ချလိုက်သည်။
ဖုန်းချပြီးနောက် သခင်ကြီးကျီ က ရှော့ခ်ရစွာနဲ့ပြောနေဆဲပင်။ “ကံကောင်းလို့ သူမ လာဖို့ အတင်း မပြောဘူး။ မဟုတ်ရင် သူ ငါ့ကို ဒေါသအရမ်းထွက်အောင်လုပ်ပြီး ငါ နေမကောင်းထပ်ဖြစ်နေလိမ့်မယ်။ မနေ့က ငါ့သွေးပေါင် အရမ်းတက်နေတာ”
…
ညစာစားချိန်ဖြစ်သဖြင့် ကျီ မိသားစုအိမ်တွင် သူမတစ်ယောက်တည်းသာရှိသည်။ အိမ်ဖော်တွေကတော့ သူမ ဇီဇာကြောင်နေတာကြောင့် အလှုပ်ရှုပ်နေကြသည်။
အိမ်ဖော်က ရေဇလုံကို ယူလာသည်။
ဖန့်ရှောင်နွမ် ပြောလိုက်သည်။ “ကျွန်မ ခုလေးတင် လက်ဆေးလာတယ်။အဲ့တာကို ပြန်ယူသွားလိုက်”
အိမ်ဖော်က ရေဇလုံနဲ့ ထွက်သွားခဲ့သည်။ နောက်ထပ် အိမ်ဖော်တစ်ယောက် ရောက်လာပြီး သူမကိုကူပြီး ဟင်းပွဲတွေချပေးခဲ့သည်။
ဖန့်ရှောင်နွမ် ပြောလိုက်သည်။ "ကျွန်မမှာ လက်တွေရှိတယ်။ ရှင်တို့အားလုံး ထွက်သွားလိုက်ကြတော့!"
ဖန့်ရှောင်နွမ် ထမင်းစားခန်းထဲတွင် တစ်ယောက်တည်း ကျန်နေခဲ့ပြီး နောက်ဆုံး၌ သူမ မြိန်ရေရှက်ရေနဲ့ စားခဲ့သည်။
ထိုအချိန်တွင် ကျီလင်းချန်က သူ့ဖုန်းထဲကနေ အမျိုးသမီးငယ်လေးကို ကြည့်နေသည်။
ဖန့်ရှောင်နွမ် ပြောလိုက်သည်။ “ကျွန်မတစ်ယောက်တည်းအတွက် အရသာရှိတဲ့ စားပွဲကြီးတစ်ပွဲ။ ဘယ်လောက်ပျော်ဖို့ကောင်းလိုက်လဲ!"
ကျီလင်းချန် ပြုံးပြီး လက်မထောင်တဲ့ အီမိုဂျီကို ပို့လိုက်သည်။ သူ ကောမန့်ပေးခဲ့သည်။ “စပ်တဲ့ဟာတွေနဲ့ အအေးစာတွေ မစားနဲ့။ လိမ္မာတယ် ”
ဖန့်ရှောင်နွမ်က ရယ်စရာကောင်းတဲ့ကြောင်အီမိုဂျီဖြင့် ချက်ချင်း reply ပြန်ခဲ့သည်။ သူမက “နားမထောင်ဘူး။ နားမထောင်ဘူး။"လို့တောင် ပြောနေသေးသည်။
ကျီလင်းချန် လူတိုင်းရှေ့မှာ အကျယ်ကြီး ရယ်မိသွားခဲ့သည်။
တစ်စုံတစ်ယောက်က သိချင်စိတ်ဖြင့် မေးလိုက်သည်။ "စီအီးအို ကျီ၊ ဘာတွေက ခင်များကို အရမ်းပျော်စေတာများလဲ"
ကျီလင်းချန် ပြန်ဖြေလိုက်သည်။ "ဘာမှတော့မဟုတ်ပါဘူး။ အိမ်က ကလေးက နာခံမှု မရှိလို့ပါ”
အတွင်းရေးမှူး စုန့်က CEO ကျီ ဘယ်သူ့အကြောင်းပြောနေတာလဲဆိုတာ သိသာထင်ရှားစွာသိနေတာကြောင့် ခေါင်းစဉ်ပြောင်းပြီး သူ့ကိုယ်စားစကားပြောဖို့ စတင်လုပ်ဆောင်ခဲ့သည်။
သိပ်မကြာခင်မှာပဲ ဥက္ကဋ္ဌဖန့်ရောက်လာသည်။ သူ့သားမက်လည်း ရှိနေတာကိုမြင်တော့ သူက စိတ်လှုပ်ရှားစွာနဲ့ ပြောလိုက်သည်။ "လင်းချန်"
ကျီလင်းချန် အမြန်ထရပ်ပြီး သူ့ကို နှုတ်ဆက်လိုက်သည်။ “အဖေ” ထို့နောက် ယောက္ခထီးအတွက် သူ့ရဲ့ အဓိကနေရာကို ဖယ်ပေးဖို့ အစပြုခဲ့သည်။ သူ့ယောက္ခထီးလာမှာကို ဘာကြောင့် ဘယ်သူကမှ သူ့ကိုမပြောခဲ့တာလဲလို့ တွေးတောမိသေးသည်။
အစီအစဥ်တင်ဆက်သူက ဒါကိုမြင်တော့ သူ့နှလုံးသား တင်းကြပ်သွားခဲ့သည်။ ဖိတ်စာပို့ပြီးတဲ့အချိန်မှာ သူ ဥက္ကဋ္ဌဖန့်ကိုမဖိတ်ခဲ့ပေ။ ဥက္ကဋ္ဌဖန့်ကို ဘယ်သူက ဖိတ်ကြားခဲ့တာလဲ။ ဥက္ကဋ္ဌ ဖန့် လာမှာကို သူသိရင် ကျီလင်းချန်ကို အဓိကထိုင်ခုံမှာ နေရာချပေးဖို့ သူစီစဉ်မည်မဟုတ်ပေ။ ဒါက တကယ်ပဲ… ဒါကိုတွေးပြီး အစီအစဥ်တင်ဆက်သူရဲ့နဖူးမှာ ချွေးအေးတွေနဲ့ ဖုံးလွှမ်းသွားသည်။ ကံကောင်းထောက်မစွာ သူတို့နှစ်ဦးက ဘာမှ မပြောခဲ့ကြပေ။ သူတို့ ထိုင်ခုံတွေကို အလိုအလျောက် ညှိပြီးထိုင်လိုက်ကြသည်။ ထမင်းစားပွဲရှိလူတွေ အားလုံး လိမ္မာပါးနပ်ကြသည်။ စကားဝိုင်းက စိတ်ဝင်စားစရာကောင်းပြီး အဆင်မပြေတာမျိုးမရှိပေ။ ဘယ်သူမှ စိတ်မသက်မသာဖြစ်နေတာမျိုး မခံစားရပေ။
ဥက္ကဌ ဖန့် မေးလိုက်သည်။ "သခင်ကြီး ကျီ ရဲ့ ကျန်းမာရေးကော ဘယ်လိုနေလဲ"
ကျီလင်းချန် ပြောလိုက်သည်။ "စိုးရိမ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အဖေ့ရောဂါက မပြင်းထန်တော့ပါဘူး။ မနက်ဖြန် ဆေးရုံကဆင်းရတော့မယ် "
ဥက္ကဌ ဖန့် ကထပ်ပြောလိုက်သည်။ "ဒါဆို မနက်ဖြန်ကျရင် ရှောင်နွမ် ကို သခင်ကြီး ကျီကိုသွားခေါ်ဖို့ မင်းနဲ့အတူ ဆေးရုံကိုလိုက်ခဲ့ခိုင်းလိုက်"
ကျီလင်းချန် ခေါင်းခါပြီး ပြောလိုက်သည်။ "ရှောင်နွမ်မှာ မနက်ဖြန် အတန်းတက်စရာတွေရှိနေတာမို့ ကျွန်တော် သူမကို မနှောင့်ယှက်ချင်ဘူး။ ဆေးရုံရဲ့ ပတ်ဝန်းကျင်က မကောင်းတဲ့အတွက် သူမကိုအဲ့မှာမကြာခဏ မနေစေချင်ဘူး။ ကျွန်တော် မနက်ဖြန် အဲဒီကို တစ်ယောက်တည်း သွားလို့ရပါတယ်။ သိပ်မကြာပါဘူး။”
ဒါကိုကြားတော့ ဥက္ကဋ္ဌဖန့်က သူ့သားမက်ကို ပိုပိုချစ်လာခဲ့သည်။
လူအုပ်ကြီးက အော်ဟစ်ရယ်မောခဲ့ကြသည်။
ထိုအချိန်တွင် ကျီလင်းချန်ရဲ့ ဖုန်းမြည်လာခဲ့သည်။ ဖုန်းခေါ်ဆိုသူ ID ကိုကြည့်ကာ သီးသန့်ခန်းမှ အမြန်ထသွားလိုက်သည်။
ဥက္ကဋ္ဌဖန့်က သူ့သားမက်ရဲ့ ဖုန်းစခရင်ကို မျက်လုံးထောင့်မှ တစ်ချက် လှမ်းကြည့်ခဲ့သည်။ သူ နည်းနည်းတော့ ပဟေဠိဖြစ်သွားသည်။ "ကြောင်ပေါက်လေး" က ဘယ်သူလဲ။
ကော်ရစ်တာမှာ ကျီလင်းချန် က ဖုန်းကို ကိုင်လိုက်ပြီး ချစ်ခင်စွာ မေးလိုက်သည်။ "မင်းဘာလို့ မအိပ်သေးတာလဲ"
ဖန့်ရှောင်နွမ် ချွဲတဲ့အသံနဲ့ပြောလိုက်သည်။ "ယောကျ်ား၊ ရှင် ခုထိ အိမ်ပြန်မလာသေးတော့ ကျွန်မက ဘယ်လိုလုပ် အိပ်ပျော်နိုင်မှာလဲ။ ရှင် ဘယ်အချိန်ပြန်လာမှာလဲ"
ကျီလင်း သီးသန့်ခန်းဆီသို့ လှမ်းကြည့်လိုက်သည်။ အထဲမှာ လူတွေက ပျော်ပျော်ရွှင်ရွှင် စကားစမြည်ပြောနေကြပြီး မကြာခင်မှာ ပြီးနိုင်မှာတော့ မဟုတ်ဘူး။ သူ ပြောလိုက်သည်။ "ကိုယ် နောက်ကျနိုင်တယ်။ မင်းအရင်အိပ်ရာဝင်လိုက်။ မင်း မနက်ဖြန်အတန်းတက်ရမှာတွေ ရှိသေးတယ်လေ"
ဖန့်ရှောင်နွမ် စိတ်ထိခိုက်ကာပြောခဲ့သည်။ “ကောင်းပြီလေ၊ ကျွန်မ ရှင့်အတွက် တံခါးဖွင့်ထားမယ်။ အရမ်းနောက်မကျစေနဲ့!"
ကျီလင်းချန် ဇနီးဖြစ်သူ၏ တိတ်ဆိတ်သွားတဲ့ အသံကို ကြားလိုက်ရပြီး စိတ်ပျော့သွားသည်။ သူ ပြုံးပြီး ပြန်ပြောလိုက်သည်။ “ကောင်းပြီ၊ ကိုယ်သိပြီ”
ဖန့်ရှောင်နွမ် တိုက်တွန်းလိုက်သည်။ "အလွန်အကျွံမသောက်လာနဲ့နော်"
ကျီလင်းချန် ပြောလိုက်သည်။ “စိတ်မပူပါနဲ့။ အဖေလည်း ဒီမှာရှိတယ် ”