← Chapters

အခန်း (၁၃၇)

Vol. 10 Ch. 137

အခန်း (၁၃၇)

Vol. 10 Ch. 137

ဖန့်ရှောင်နွမ်က သူ့ယောက္ခထီးကို အရသာရှိတဲ့အစားအစာတွေကျွေးဖို့ ကျောင်းနားက သရေစာလမ်းကို ခေါ်လာပေးမယ်လို့ ယောက္ခထီးကို ကတိပေးထားခဲ့သည်။ သခင်ကြီး ကျီ ဆေးရုံတက်တုန်းက သူ့ကို ပျော်ရွှင်စေဖို့အတွက် သူမက ဒါကို သဘောတူခဲ့သည်။

ဒီနေ့ ရာသီဥတုက တိမ်ကင်းစင်ပြီး နေသာသည်။ သရေစာလမ်းကို သွားဖို့ ကောင်းတဲ့နေ့မို့ သူမနဲ့ သခင်ကြီး ကျီ တို့က ကျောင်းဆင်းရင် အဲဒီနေရာကို သွားဖို့ တိတ်တဆိတ် သဘောတူခဲ့ကြသည်။

ကားထဲမှာ သူတို့နှစ်ယောက်က ဘယ်မုန့်တွေ မြည်းစမ်းသင့်လဲဆိုတဲ့အကြောင်း ဆွေးနွေးနေကြသည်။ သူတို့ရဲ့ကားနောက်မှာ တက္ကစီတစ်စီးက သူတို့နောက်ကို တိတ်တဆိတ် လိုက်နေခဲ့သည်။

ထိုနေရာသို့ သူတို့ရောက်သောအခါ ဖန့်ရှောင်နွမ်က လမ်းဘေးရှိ အနည်းငယ်ပျက်စီးနေတဲ့ ဆိုင်လေးကို ညွှန်ပြပြီး ပြောခဲ့သည်။ “အဖေ၊ ဒီနေရာတွေကို အထင်မသေးနဲ့။သူတို့က ဆိုင်သေးသေးလေးဆိုပေမယ့် သူတို့က အဆောက်အအုံဟောင်းတွေ။ ကျွန်မတို့ကျောင်းရဲ့ အရင်ကျောင်းသူ/သားတွေပြောကြတာက သူတို့က ဒီမှာ တကယ့် အရသာရှိတာတွေရတယ်တဲ့!”

သခင်ကြီး ကျီက ပတ်ပတ်လည်ကို ကြည့်ကာ ပြိုကျပျက်စီးနေတဲ့ စတိုးဆိုင်လေးတွေကို ကျေနပ်နေပုံရသည်။

“ဒီကိုလာရတာ လွန်ခဲ့တဲ့ အနှစ်လေးဆယ်က ပေကျင်းကို ပြန်သွားလိုက်ရသလိုပဲ။ အရမ်းကြိုက်တယ်။"

သူ့လက်နှစ်ဖက်ကိုနောက်ပစ်ထားပြီး သခင်ကြီး ကျီက အာကာသကို စစ်ဆေးဖို့ ရောက်ရှိလာတဲ့ ခေါင်းဆောင်ကြီးတစ်ဦးနှင့် တူနေပုံရသည်။ ထူးခြားတာက ဒီသခင်ကြီး ကျီက ဒီနေရာက ပျက်စီးနေတဲ့ မြင်ကွင်းကို အရမ်းကျေနပ်နေတာပဲ

သခင်ကြီး ကျီမေးလိုက်သည်။ "ရှောင်နွမ်၊ ငါတို့ဘယ်စားသောက်ဆိုင် သွားကြမလဲ"

ဖန့်ရှောင်နွမ် မနီးမဝေးက ပုဇွန်ကြော်ရောင်းတဲ့စားသောက်ဆိုင်ကို ညွှန်ပြပြီး ပြောလိုက်သည်။ "အဖေ၊ ကျွန်မ အဲဒီ စားသောက်ဆိုင်ကို လေးလေးနက်နက် အကြံပြုတယ်!"

သခင်ကြီး ကျီက သူ့ချွေးမနဲ့ အဲဒီစားသောက်ဆိုင်ကို လိုက်သွားရင်း အားပါးတရပြုံးနေသည်။ ထိုအတောအတွင်း သူတို့ရဲ့သူလျှိုလေးက သူတို့နှစ်ဦးရဲ့ ဓာတ်ပုံအများအပြားကို ရိုက်ယူခဲ့သည်။

သူတို့ ပျော်ရွှင်စွာစားသောက်နေကြချိန်မှာ ရုတ်တရက်ဖုန်းမြည်လာသည်။ သူတို့ဖုန်းတွေကိုထုတ်ပြီး ကြည့်လိုက်တော့ ဖန့်ရှောင်နွမ် အရမ်းကြောက်သွားပြီး သူမရဲ့ တူတွေကို လွှတ်ချလိုက်မိသည်။

သခင်ကြီး ကျီ သူ့ချွေးမရဲ့ ဖုန်းစခရင်ကို တစ်ချက်ကြည့်လိုက်သည်။ ခေါ်ဆိုသူ ID မှာ "ကျားကြီး" ဖြစ်သည်။ သူ စိတ်ဝင်တစားမေးလိုက်သည်။ “ရှောင်နွမ်၊ ကျားကြီးဆိုတာ ဘယ်သူလဲ”

ဖန့်ရှောင်နွမ် တစ်ခါသုံးလက်အိတ်တွေကို အမြန်ချွတ်လိုက်ပြီး ရေအနည်းငယ်သောက်ကာ ပါးစပ်ကို ဆေးကြောလိုက်သည်။ ဖုန်းဖြေဖို့ခလုတ်ကိုမနှိပ်မီ သူမရဲ့လည်ချောင်းကိုရှင်းပြီးမှ ချိုသာစွာပြောလိုက်သည်။ “ဟယ်လို…”

သူ့ချွေးမရဲ့အမူအရာကိုကြည့်ရင်း သခင်ကြီး ကျီက “ကျားကြီး” ဆိုတာ ဘယ်သူလဲဆိုတာ ပိုသိချင်လာတော့သည်။ သူမေးတော့မယ့်အချိန်မှာ ဖန့်ရှောင်နွမ်က ပြောခဲ့သည်။ "ယောကျ်ား၊ ဘာဖြစ်လို့လဲ။ ဘာကိစ္စရှိလို့လဲ"

သခင်ကြီး ကျီ ကြက်သေသေသွားရသည်။ "ကျားကြီး " က သူ့ရဲ့ဒုတိယသား ကျီလင်းချန် ဖြစ်သည်။ အဲဒါက ဘယ်လို ထူးဆန်းတဲ့ nickname လဲ။ ဒါပေမယ့် သူက ပညာရှိစွာ ပါးစပ်ကို ပိတ်ထားလိုက်သည်။ သူတို့ နှစ်ယောက် တိတ်တိတ်လေး ခိုးထွက်ခဲ့တာကြောင့် သူ့သားကို သူဒီမှာ သူ ရှိနေတာ မပြောပြနိုင်ပေ။

ဖုန်းထဲမှာ CEO ကျီက စိတ်ကောင်းဝင်နေခဲ့သည်။ သူ ချိုသာစွာ မေးလာခဲ့သည်။ “ဘာလုပ်နေတာလဲ”

ဖန့်ရှောင်နွမ် ချိုသာစွာပြောလိုက်သည်။ “ကျွန်မ အတန်းထဲမှာ ရှိနေတုန်းပဲ”

CEO ကျီ စိတ်ရှုပ်ယှက်ပြီးမေးလိုက်သည်။ "ဘာလို့ အသံက အရမ်းဆူညံနေတာလဲ"

ဖန့်ရှောင်နွမ် စားပွဲအောက်ကို အမြန်ပုန်းပြီး ပြောလိုက်သည်။ "ကျွန်မတို့ ပုစ္ဆာတစ်ခု ဆွေးနွေးနေကြတော့ နည်းနည်း ဆူညံနေတာပါ။ အွန်း ယောကျ်ား ရှင်ဘာလုပ်နေတာလဲ"

ကျီလင်းချန် ပြောလိုက်သည်။ "ကိုယ် ရုံးမှာ အချိန်ပိုဆင်းနေတာ"

ဖန့်ရှောင်နွမ် စိတ်သက်သာရာရကာ သက်ပြင်းတစ်ချက်ချပြီး ပြောလိုက်သည်။ "အို၊ ကျွန်မ သိပြီ" သူမတကယ်တကယ်တမ်းတွေးနေတာက 'ကောင်းတယ်၊ ကောင်းတယ်'

စားပွဲထိုးက ဖန့်ရှောင်နွမ် စားပွဲအောက်မှာ အချိန်အတော်ကြာ ထိုင်နေတာကိုတွေ့တော့ သူမရဲ့ တူတွေ ပြုတ်ကျသွားတာလို့ထင်သွားပြီး သူ မေးဖို့ အဆင်သင့်ဖြစ်နေသည် သခင်ကြီး ကျီက အလွန်ထိတ်လန့်သွားပြီး စားပွဲထိုးကို တားဖို့ အမြန်ထရပ်ကာ သူမအား တိတ်တိတ်နေဖို့ အမူအရာပြလိုက်သည်။

သခင်ကြီး ကျီ ပါးစပ်လှုပ်ရုံသာပြောလိုက်သည်။ "ရတယ်၊ သူမ ဖုန်းပြောနေတာ"

စားပွဲထိုးက အနည်းငယ် ပဟေဠိဖြစ်သွားသော်လည်း သူ စကားအများကြီးမပြောခဲ့ပေ။ သူက မြန်မြန်ဆန်ဆန် Ok ဆိုတဲ့ အအမူအယာလုပ်ပြပြီး ထွက်သွားလိုက်သည်။

ဆိုင်ထဲမှာ သူတို့ရဲ့ အမူအရာက လူအများကို စွဲဆောင်သွားခဲ့သည်။ လူတိုင်းက သူတို့ကို စူးစူးစိုက်စိုက် ကြည့်နေကြသည်။

ကျီလင်းချန် မေးလိုက်သည်။ "ကျောင်းဘယ်အချိန်ပြီးမှာလဲ"

ဖန့်ရှောင်နွမ် ပြောလိုက်သည်။ "ကျွန်မ ဒီနေ့နည်းနည်းနောက်ကျနိုင်တယ်။ ဆရာက ကျွန်မတို့ကို ဘယ်အချိန် လွှတ်ပေးမလဲဆိုတဲ့အပေါ်မှာ မူတည်တယ်…... ယောကျ်ား ကျွန်မ စကားထပ်ပြောလို့မရတော့ဘူး။ အတန်းပြန်တက်ရတော့မယ်။ မွ ။ ဘိုင့်ဘိုင်"

နောက်ဆုံးတွင် ဖုန်းချလိုက်ပြီးနောက် ဖန့်ရှောင်နွမ် စားပွဲအောက်မှ ထွက်လာခဲ့သည်။ သူမ သက်ပြင်းအရှည်ကြီးချပြီး ပြောလိုက်သည်။ “ဟူး… သေလောက်အောင်ကြောက်လိုက်တာ”

သခင်ကြီး ကျီမေးလိုက်သည်။ "ဘယ်လိုဖြစ်သွားလဲ။ မင်းကိုမမိသွားဘူးမလား "

ဖန့်ရှောင်နွမ် ဂုဏ်ယူစွာနဲ့ပြောလိုက်သည်။ "စိတ်မပူပါနဲ့ အဖေ။ ကျွန်မ သရုပ်ဆောင်တာက အရမ်းကောင်းပါတယ်။ မိမှာမဟုတ်ဘူး!”

ဖန့်ရှောင်နွမ် အဲ့အကြောင်း တွေးလိုက်မိသည်။ သူမယောကျ်ားက ကုမ္ပဏီမှာရှိပေမယ့် ကျီဝမ်ကို သူမတို့ အတန်းအတူတူတက်နေကြောင်း သတိပေးထားရဦးမည်။ ကျီဝမ် စောစောပြန်သွားပြီး သူမ အတန်းထဲမှာရှိနေသေးတယ်ဆိုရင် သူမ ဖော်ထုတ်ခံသွားရလိမ့်မည်။ သူမ ကျီဝမ်ကို ကမန်းကတန်း ဖုန်းဆက်လိုက်သည်။

မဝေးလှသောနေရာက ကားတစ်စီးထဲမှာ ပြောင်မြောက်သော ရုပ်ရည်နှင့် လူနှစ်ယောက် ထိုင်နေသည်။ သူတို့အကြည့်တွေက လမ်းဘေးက ဆိုင်သေးသေးလေးပေါ်မှာ။ အတိအကျပြောရရင် ဆိုင်ထဲရှိလူတွေကို ကြည့်နေသည်။

ယာဥ်မောင်းထိုင်ခုံမှာရှိနေတဲ့သူက အတန်းထဲမှာ ဖန့်ရှောင်နွမ် မကြာခဏပြောလေ့ရှိတဲ့ ကျင်း မြို့တော် ရဲ့ စီးပွားရေးလောက၏ ဘုရင်မှလွဲ၍ အခြားသူမဟုတ်ပေ။ ခရီးသည်ထိုင်ခုံမှာ လူငယ်လေးတစ်ယောက် ထိုင်နေသည်။ “ဦးလေး၊ အဖိုးနဲ့ အဒေါ်ကို တကယ်ကြီး သွားမဖမ်းတော့ဘူးလား”

ကျီလင်းချန်ရဲ့ စိတ်ထဲမှာ ဖုန်းကတစ်ဆင့် ဇနီးဖြစ်သူ၏ kiss ပေးတဲ့အသံများဖြင့် ပြည့်နှက်နေသေးသည်။ သူ့ဒေါသက တောက်လောင်မနေတော့ပေ။ သူ ခေါင်းခါလိုက်သည်။ ပုဇွန်စားနေတဲ့ ကောင်မလေးဆီမှာ သူ့အကြည့်တွေကို သော့ခတ်ထားသည်။ “အဲဒါ မင်းအဒေါ်မဟုတ်ဘူး။ မင်းအဒေါ်က ကျောင်းတက်နေတယ်!"

All Chapters