← Chapters

အခန်း (၁၃၈)

Vol. 10 Ch. 138

အခန်း (၁၃၈)

Vol. 10 Ch. 138

ကျီဝမ် ပြောစရာစကားမဲ့သွားခဲ့သည်။ အခုတော့ သူ့ဦးလေးကို သရဲဝင်ပူးနေတာလားလို့ သူသံသယဖြစ်မိသည်။ သူ့မျက်စိနဲ့သူ အဲ့တာကို ရှင်းရှင်းလင်းလင်း မြင်ခဲ့ရပေမယ့် အဲ့တာကိုဝန်ခံဖို့ ငြင်းဆန်ခဲ့သည်။ အိမ်ထောင်ကျပြီးရင် အမျိုးသားတစ်ယောက်ရဲ့ IQက ကျဆင်းသွားတာလား။

ဒီအချိန်မှာ သူ့ဖုန်းက မြည်လာသည်။ ဖုန်းခေါ်ဆိုသူ ID ကိုမြင်တော့ ကျီဝမ် ပြောလိုက်သည်။ "ဦးလေး၊ အတန်းတက်နေတဲ့ အဒေါ်က ကျွန်တော့်ကိုဖုန်းဆက်နေတယ်"

ကျီလင်းချန် ပြောလိုက်သည်။ “ စပီကာဖွင့်လိုက်။ ဖုန်းပြန်ဖြေ ” CEO ကျီ က ဖုန်းထဲကို အာရုံစိုက်နေခဲ့သည်။

ကျီဝမ် စပီကာဖွင့်ပြီး ဖုန်းပြန်ဖြေလိုက်သည်။ "ဟယ်လို ဘာကိစ္စရှိလို့လဲ"

"ရှောင်ဝမ် အခု အိမ်မပြန်နဲ့နော်။ နို့လက်ဖက်ရည်သောက်ဖို့ ဒါမှမဟုတ် တစ်ခုခုစားဖို့ နေရာရှာလိုက်။ အိမ်မပြန်နဲ့။ ငါ့ယောကျ်ား ရုံးမှာ အချိန်ပိုဆင်းနေတယ်။ နင် ငါ့ထက်စောပြီး အိမ်ပြန်သွားတာကို သူသိရင် ငါ့ကို မိသွားလိမ့်မယ်!" ဖန့်ရှောင်နွမ် အမြန်ပြောလိုက်သည်။

ကျီဝမ် သူ့ဦးလေးကို လှည့်ကြည့်လိုက်သည်။ သူ့မိန်းမက သူ့ကို လိမ်နေတာလေ။ သူဘာလို့ ပြုံးနေသေးတာလဲ။ သူဘာကြောင့် စိတ်ကောင်းဝင်နေတဲ့ပုံပေါ်နေတာလဲ။

"ဟေး ရှောင်ဝမ်။ ကျီဝမ်။ နားထောင်နေလား။" ဖန့်ရှောင်နွမ် သူ့အဖြေကို မကြားရပေ။ သူမ စိုးရိမ်တကြီးမေးလိုက်သည်။ “အခု ဘယ်မှာလဲ။ နင် အိမ်ပြန်ရောက်နေပြီလား"

ကျီဝမ် ပြောလိုက်သည်။ "ဟင့်အင်း၊ ငါမရောက်သေးဘူး။ ငါ အိမ်မပြန်ရသေးဘူး။"

ဖန့်ရှောင်နွမ် ပြောလိုက်သည်။ “ဒါဆို ကောင်းတာပေါ့။နင် အိမ်မပြန်ရဘူးနော်!"

ကျီဝမ် ချက်ချင်း မလိုက်နာရဲပေ။ အဲဒီအစား သူက ကျီလင်းချန်ကို လှည့်ကြည့်လိုက်သည်။

ကျီလင်းချန်က ကျီဝမ်ကို ခေါင်းညိတ်ပြလိုက်သည်။ ထိုမှသာ ကျီဝမ်က ပြောခဲ့သည်။ "ကောင်းပြီ ငါအိမ်မပြန်ဘူး။ ဒါဆို… ကံကောင်းပါစေ!”

ဖန့်ရှောင်နွမ် ကြက်သေသေသွားသည်။ "ဘာကိုဆိုလိုတာလဲ"

ဒါပေမယ့် ကျီဝမ်က ဖုန်းချသွားပြီ။ သူမရဲ့မေးခွန်းကို ဘယ်သူမှ မဖြေခဲ့ပေ။

ဖုန်းချပြီးနောက် ကျီဝမ်က သူ့ဦးလေးကို ကြည့်ကာ မေးလိုက်သည်။ "ဦးလေး ဘာတွေပျော်နေတာလဲ"

ကျီလင်းချန် မဖြေခဲ့ပေ။ အဲဒီအစား သူမေးလိုက်သည်။ “ငါ့ကိုပြော၊ သူက ငါ့ကို ကြောက်လို့ အဲ့ကိစ္စကိုဖုံးနေတာလား”

ကျီဝမ် ခေါင်းညိတ်လိုက်သည်။ "အဲ့တာကြောင့် ဦးလေး အရမ်းပျော်နေတာလား"

ကျီလင်းချန်က ပျော်ရွှင်စွာ စားသောက်နေတဲ့ သူ့မိန်းမကို လှည့်ကြည့်လိုက်သည်။ သူ့နှုတ်ခမ်းထောင့်တွေ တွန့်ကွေးသွားသည်။ "ငါ့ကိုကြောက်တယ်ဆိုက သူငါ့ကို ဂရုစိုက်တယ်လို့ဆိုလိုတာ" သူမက သူ့ကို ဂရုစိုက်တယ်။ သူ ဘယ်လိုလုပ် မပျော်ဘဲနေမှာလဲ။

အိမ်ထောင်သည်တွေအားလုံး ထိုကဲ့သို့ ထူးဆန်းတဲ့ ကျေနပ်မှုမျိုးကို ခံစားဖူးကြလားလို့ ကျီဝမ် တွေးမိသည်။ 'ဒါက တကယ်ပဲအရမ်း...' ကျီဝမ် သူ့တစ်ကိုယ်လုံး ကြက်သီးမွှေးညင်းထသွားသည်။

ဆိုင်ထဲတွင် ဖန့်ရှောင်နွမ်က သူမ စားနေတုန်း ကျီဝမ် ပြောသွားတာကို တွေးနေသည်။ "အဖေ၊ ကျီဝမ်က ကျွန်မကို ကံကောင်းပါစေလို့ပြောသွားတယ် အဲ့တာ ဘာကို ဆိုလိုတယ်လို့ ထင်လဲ။ သူ ကျွန်မကို တစ်ခုခုပြောဖို့ကြိုးစားနေတယ်လို့ ကျွန်မ ခံစားနေရတယ်။ ဆိုလိုတာက ကျွန်မရဲ့ယောက်ျား ကျွန်မတို့ကို မိသွားတာများလား"

သခင်ကြီး ကျီက ပုဇွန်ကို အခွံခွာပြီး သူ့ပါးစပ်ထဲကို ထည့်လိုက်သည်။ “မင်း အရမ်းအတွေးလွန်နေတာ။ ကျီဝမ်အိမ်ကို ကားမောင်းပြန်သွားရင်တောင် ကျီလင်းချန်က အိမ်မှာရှိနေတာမှမဟုတ်တာ။ သူ သူနဲ့မတွေ့နိုင်ပါဘူး”

ဖန့်ရှောင်နွမ် ခေါင်းညိတ်လိုက်ပြီး အခွံနွှာထားတဲ့ ပုစွန်အနည်းငယ်ကို သူမပါးစပ်ထဲ ထည့်လိုက်သည်။ သူမ တိတ်တဆိတ်ပြောလိုက်သည်။ "အင်း၊ အဖေပြောတာ မှန်ပါတယ်၊ ဒါပေမယ့် ကျွန်မနှလုံးခုန်နှုန်းက ဘာလို့အရမ်းမြန်နေတာလဲ"

“အင်း၊ ငါ့မြေးက ငါတို့အရသာရှိတဲ့ အစားအစာတွေစားနေကြတာကို မနာလိုဖြစ်နေတာလေ။ သူ့အတွက် စိတ်မပူနဲ့!" သခင်ကြီးကျီ ရဲ့ ပါးစပ်မှာ အဆီတွေ အပြည့်ပဲ။ 'ဒီဟာက အရမ်းအရသာရှိတယ်' လို့ သူ့ကိုယ်သူ တွေးလိုက်သည်။ သာမာန်အားဖြင့် သူက ထိုကဲ့သို့ အရသာရှိတဲ့ အစားအစာကို မစားနိုင်ပေ။ နောင်မှာ ဤကဲ့သို့ အရသာရှိတဲ့ အစားအစာကို ရှာဖွေရန် သူ့ရဲ့ချွေးမ၊ တကယ့် အစားအသောက်ကောင်းကို ရွေးချယ်တတ်သူရဲ့နောက်သို့ လိုက်ရပေလိမ့်မည်။

ဖန့်ရှောင်နွမ် သူမခေါင်းကို ပြင်းပြင်းထန်ထန် ညိတ်လိုက်သည်။ ယောက္ခထီးရဲ့ ခွဲခြမ်းစိတ်ဖြာမှုက အလွန်ကျိုးကြောင်းဆီလျော်သည်ဟု သူမ ခံစားမိသည်။

"ဟုတ်တယ်။ ကျီဝမ်အိမ်ကို ကားမောင်းပြန်သွားရင်တောင် အနည်းဆုံး နာရီဝက်လောက်ကြာတယ်။ နောက်ပြီး ဒီနေ့ သူကျောင်းကို ကားမမောင်းလာဘူး။ သေချာပေါက် သူ ခုထိ အိမ်ပြန်မရောက်လောက်သေးဘူး”

“ဒါ့အပြင် ကျွန်မယောကျ်ားက အခု ကုမ္ပဏီမှာ ရှိနေတုန်းပါပဲ။ သူနဲ့ဆုံဖို့ဆိုတာ မဖြစ်နိုင်ဘူး။”

သခင်ကြီး ကျီ ပြောလိုက်သည်။ “ဟုတ်တယ်၊ မှန်တယ်။ အဲဒါကို မစဉ်းစားရအောင်။ မြန်မြန်စား။ ဒါပြီးရင် နောက်တစ်ဆိုင်သွားမယ်!"

နှစ်ယောက်သား ဆက်စားနေကြသည်။ ကားထဲက နှစ်ယောက်သားကတော့ ငြိမ်သက်စွာ ကြည့်နေကြသည်။

ကျီဝမ် ရုတ်တရက်မေးလိုက်သည်။ "ဦးလေး၊ ဒီနေ့ဘာလို့ကျောင်းလာတာလဲ"

ကျင်းတက္ကသိုလ်မှာ ဂိတ်သုံးပေါက်ရှိသည်။ ဖန့်ရှောင်နွမ်က သခင်ကြီးကျီ ကိုတွေ့ဖို့ အရှေ့ဂိတ်ပေါက်ကိုသွားလိုက်တာဖြစ်သည်။ လျိုစစ်ယွီက သူ့အစ်ကိုကိုရှာဖို့ အနောက်ဘက်ဂိတ်ပေါက်ကိုသွားခဲ့ပြီး ကျီဝမ်က အနီးဆုံးဂိတ်ဖြစ်တဲ့ တောင်ဘက်ကို သွားချင်ခဲ့သည်။ သူ တက္ကစီငှားချင်တာကြောင့် အမိုးခုံးရှိတဲ့နေရာကို တန်းတန်းသွားချင်ခဲ့သည်။ ဒါပေမယ့် သူ တက္ကစီတစ်စီးကို လှမ်းခေါ်လိုက်စဉ်မှာ ရင်းနှီးတဲ့ ကားတစ်စီးက သူ့ရှေ့မှာ ရပ်ခဲ့သည်။ ကားပြတင်းပေါက်က လှိမ့်ဆင်းသွားပြီး ကျီလင်းချန် ရဲ့ မျက်နှာထွက်လာသည်။ ထို့နောက် “ကားပေါ်တက်”လို့ သူ အမိန့်ပေးခဲ့သည်။

ကျီဝမ် ပြောခဲ့သည်။ "ဦးလေ။ ဘာလို့ဒီကိုရောက်နေတာလဲ" သူ နာခံစွာဖြင့် ခရီးသည်ထိုင်ခုံထဲသို့ ဝင်လိုက်သည်။

ကျီလင်းချန် က သူ့ခေါင်းကို ခေါက်ပြီး မည်းမှောင်နေတဲ့မျက်နှာဖြင့်ပြောခဲ့သည်။ "ဘာလို့ အတန်းလစ်တာလဲ"

ကျီဝမ် အကြောင်းပြချက်မရှိဘဲ အဆူခံရကာ သူ့ကိုယ်သူ အမြန်ခုခံခဲ့သည်။ "ဦးလေး၊ ကျွန်တော် အတန်းမလစ်ဘူး"

ကျီလင်းချန် ကြက်သေသေသွားသည်။ ဒါပေမယ့် စောနက သူ့မိန်းမက အတန်းတက်ရမှာလို့ ပြောသွားတာ။ ဖြစ်နိုင်တာက… အဲဒီလူက ကောင်းကောင်း မှန်းဆထားပြီးသား။

ထို့နောက် ကျီဝမ်က သူ့ရဲ့ အပြစ်မရှိကြောင်းကို သက်သေပြရန် ခိုင်လုံတဲ့ အထောက်အထားတစ်ခုကို ထုတ်ယူခဲ့သည်။ “ဦးလေး၊ ဒါ ကျွန်တော်တို့ အတန်းချိန်ဇယား။ ဦးလေးကိုယ်တိုင်သာကြည့်လိုက်!"

ကျီလင်းချန် အတန်းချိန်ဇယားကိုကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။ သူထင်ထားသလိုပဲ သူ့မိန်းမက သူ့ကို ထပ်ပြီး လိမ်ပြန်ပြီ။

သူ အေးစက်စွာ မေးလိုက်သည်။ “မင်းအဒေါ် ဘယ်မှာလဲ”

All Chapters