← Chapters

အခန်း (၁၃၉)

Vol. 10 Ch. 139

အခန်း (၁၃၉)

Vol. 10 Ch. 139

ကျီဝမ် ဖန့်ရှောင်နွမ် ဘာလုပ်ခဲ့တယ်ဆိုတာကို သတိရသွားပြီး သူပြောလိုက်တဲ့စကားကို ချက်ချင်းနောင်တရသွားသည်။ သူက စကားထစ်ထစ်နဲ့သာ ပြောနိုင်ခဲ့သည်။ “သူ…....... သူကျောင်းမှာ စာလုပ်နေတုန်းဖြစ်မယ်”

"မင်းကို နောက်ဆုံးအခွင့်အရေးတစ်ခု ပေးမယ်။" ကျီလင်းချန်ရဲ့ မျက်လုံးတွေက သူ့တူလေးကို ကြည့်ရင်း ခြိမ်းခြောက်မှုများ ပြည့်နှက်နေသည်။ "သူမ ဘယ်မှာလဲ?"

ကျီဝမ် က သူ့သူငယ်ချင်းကို ဒီလိုသစ္စာမဖောက်ချင်တာကြောင့် သူ ခေါင်းမာမာနဲ့ ပြောလိုက်သည်။ “သူ အတန်းထဲမှာ”

ကျီလင်းချန် ပြောလိုက်သည်။ “ကောင်းပြီ၊ မင်းရဲ့ အကဆရာမက မင်းကိုလက်တင်နဲ့ မသင့်တော်ဘူးလို့ ပြောတယ်။ မင်း ဘဲလေးအကအတန်းကို ဘာလို့မပြောင်းရမှာလဲ"

သူပြောပြီးတာနဲ့ ကျီဝမ် အလျင်အမြန်ပြောလိုက်သည်။ “သူမနဲ့ အဖိုးတို့ ဒီနေ့ ကျောင်းပြီးရင် အခွံမာရှိတဲ့ရေသတ္တဝါတွေစားဖို့ သရေစာလမ်းကို သွားဖို့ သဘောတူထားကြတယ်။ အဲဒီ စားသောက်ဆိုင်က သရေစာလမ်းရဲ့ အလယ်မှာရှိတယ်။ သူတို့အတူတူစားဖို့ အဲဒီကိုသွားကြတယ်။ ကျွန်တော် သူမနဲ့အတူ လိုက်သွားချင်ပေမယ့် ဦးလေးကို သစ္စာဖောက်သလို ဖြစ်နေလို့ ကျွန်တော် ပြတ်ပြတ်သားသား ငြင်းလိုက်တာ”

ထိုအချိန်တွင် ကျီဝမ်က သူ၏ သူငယ်ချင်းဆက်ဆံရေးကို အချိန်အတော်ကြာ မေ့သွားခဲ့သည်။ သူ့အသက်ကို ကာကွယ်ဖို့က အရေးကြီးဆုံးပဲ။ စားသောက်ဆိုင် တည်နေရာကိုတောင် အသေးစိတ် အကျယ်တဝင့် ပြောခဲ့သည်။ ဤကိစ္စတွင် သူတို့၏အခန်းကဏ္ဍများကိုပင် သူက တမင်အလေးပေးခဲ့သည်။ “သူမနဲ့ အဖိုးက ပြီးခဲ့တဲ့ အပတ်က ဒီအစီအစဉ်ကို စီစဥ်ချထားကြတာ။ ဦးလေး အလုပ်အရှုပ်ဆုံးအချိန်ကို သူတို့ တမင်ရွေးခဲ့တာ၊ အဲ့တာက ဒီနေ့ပဲ"

ကျီလင်းချန် လှောင်ရယ်လိုက်သည်။ ဒီတော့ အဲဒါက ဒီလိုပေါ့လေ။ ဒီနေ့ ကျောင်းကနေ သူမကို အထူးလာကြိုဖို့ သူလာခဲ့တာကို တွေးလိုက်မိသည်။ သူက သူမကို အံ့အားသင့်စေပြီး ရှု့ရှန်း ဥယျာဥ်သို့ ခေါ်သွားချင်ခဲ့သည်။ အဆုံးသတ်မှာတော့ သူမမှာ အစီအစဉ်တွေရှိခဲ့ပြီး သူ့ကိုတောင် လိမ်ညာခဲ့သည်။ သူသာ ကျီဝမ်နဲ့ ပက်ပင်းမတိုးခဲ့ဘူးဆိုရင် သူတကယ် အရူးလုပ်ခံရလိမ့်မည်!

ကျီလင်းချန် ကားကိုစမောင်းလိုက်ပြီး သူ့တူဖြစ်သူရဲ့လမ်းညွှန်ချက်အတိုင်း စားသောက်ဆိုင်သို့ လိုက်သွားခဲ့သည်။

ကျီလင်းချန်က ဖန့်ရှောင်နွမ် စားသောက်နေတာကို အကြာကြီး ကြည့်နေခဲ့သည်။

နောက်တော့ ကျီလင်းချန်ရဲ့ ဖုန်းမြည်လာသည်။ ကုမ္ပဏီက တစ်ခုခု ဂရုစိုက်ဖို့ သူ့ကို လိုအပ်နေတာကြောင့် ကားမောင်းသွားရပြီး ကျီဝမ်ကို အိမ်နဲ့ ပိုနီးတဲ့ လမ်းဆုံမှာ ချထားခဲ့လိုက်သည်။ သူ သူ့ကိုသတိပေးခဲ့သည်။ “ကိုယ့်ဘာသာကိုယ် လမ်းလျှောက်ပြန်။ ဒီနေ့ ဖြစ်ပျက်ခဲ့တာနဲ့ ပတ်သက်ပြီး သူမကို ဘာမှ မပြောနဲ့”

ကျီဝမ် ခေါင်းညိတ်ပြပြီး သူ့ဦးလေး ထွက်သွားတာကို ကြည့်နေသည်။

ဖန့်ရှောင်နွမ် အိမ်ပြန်ရောက်တော့ ကျီလင်းချန် အိမ်ပြန်မရောက်သေးကြောင်း သူမ မြင်လိုက်ရသည်။ သူမ အသက်ငါးဆယ်ကျော် အရွယ်ရှိ သခင်ကြီး ကျီနဲ့ ပျော်ရွှင်စွာ high-fiveလုပ်ခဲ့သည်။ "အဖေ၊ ကျွန်မတို့ သိပ်ကံကောင်းတာပဲ!"

ဆိုဖာပေါ်မှာထိုင်နေတဲ့ ကျီဝမ်က သူတို့နှစ်ယောက် အောင်ပွဲခံနေတာကို တွေ့လိုက်ရသည်။ သူ ခေါင်းကို အကူအညီမဲ့စွာ ခါလိုက်သည်။ သူတို့ ပြီးစီးသွားကြပေမယ့် ခုထိ အဲ့တာကို မသိကြသေးပေ။

ဖန့်ရှောင်နွမ် အပေါ်ထပ်သို့တက်ကာ ကောင်းကောင်းရေချိုးလိုက်သည်။ သူမ ငရုတ်သီးနံ့တွေကို ဆေးကြောပြီးနောက် ကျီလင်းချန်ရဲ့ အကြိုက်ဆုံးရေမွှေးကို ဖြန်းကာ ခင်ပွန်းဖြစ်သူ အိမ်ပြန်လာမှာကို တိတ်တဆိတ် စောင့်ဆိုင်းခဲ့သည်။

ထိုနေ့ညတွင် နောက်ကျခါမှ ကျီလင်းချန် အိမ်သို့ပြန်ရောက်လာခဲ့သည်။

ဖန့်ရှောင်နွမ် ပြုံးပြီး သူ့ကို နှုတ်ဆက်ဖို့ လျှောက်သွားလိုက်သည်။ ကျီလင်းချန်ကို တွေ့လိုက်ရသောအခါ သူမရဲ့မျက်လုံးတွေထဲမှာ ပျော်ရွှင်မြူးတူးနေခဲ့သည်။

ကျီလင်းချန် ပြုံးပြီးမေးလိုက်သည်။ "ကိုယ်ကို တွေ့ရတာ ဒီလောက်တောင် အရမ်းပျော်နေတာလား"

ဖန့်ရှောင်နွမ် ခေါင်းညိတ်လိုက်သည်။ "ဒါပေါ့ ။ ရှင်က ကျွန်မယောက်ျားပဲ။ ဒါပေါ့ ရှင့်ကိုမြင်ရတာပျော်တာပေါ့!"

"ဒါဆို ဒီနေ့ ကိုယ့်ကို ဘာလို့ မင်းကိုကျောင်းလာကြိုခွင့်မပေးတာလဲ။" ကျီလင်းချန် မေးလိုက်သည်။

ဖန့်ရှောင်နွမ် နှုတ်ခမ်းကို ဖိလိုက်သည်။ သူမ ချိုသာစွာပြောလိုက်သည်။ “အဲဒါက ဘာလို့လဲဆိုတော့ ကျွန်မယောက်ျားက အရမ်းချောလွန်းနေလို့လေ။ တခြားသူတွေ ငါ့ကို မနာလိုဖြစ်မှာကို ကျွန်မကြောက်တယ်။ ကျွန်မယောကျ်ားက အရမ်းချမ်းသာတယ်လေ တခြားသူတွေ ကျွန်မကို မနာလိုဖြစ်ကြလိမ့်မယ်။ ကျွန်မယောကျ်ားက အရမ်းတော်တယ်။ သူ့ကို တခြားသူတွေကို မမြင်သွားစေချင်ဘူး!"

လမ်းလျှောက်လာနေတဲ့ ကျီဝမ်က ဒါကိုကြားသွားပြီး သူသောက်နေတဲ့နို့ကို ချက်ချင်း ထွေးထုတ်လိုက်မိသည်။ 'ချီးပဲ!' ဖန့်ရှောင်နွမ် စကားချိုချိုလေးတွေပြောနိုင်တာကို သူ မသိခဲ့ဘူး။ ဒီလို ချွဲလွန်းတဲ့ စကားလုံးတွေကိုတောင် သူမ ပြောနိုင်တယ်!

ထိုလူက အလွန်စိတ်အခြေအနေ ကောင်းနေသည်။ ဇနီးဖြစ်သူရဲ့ သေးသွယ်တဲ့ ခါးကို ဖက်ကာပြောလိုက်သည်။ “မင်း နေ့လည်က အတန်းတွေ အများကြီး တက်နေရတာဆိုတော့ ပင်ပန်းနေပြီလား"

ဖန့်ရှောင်နွမ် အရှက်မဲ့စွာ ခေါင်းညိတ်ပြီး ပြောခဲ့သည်။ “ အရမ်းပင်ပန်းတယ်။ ဒီနေ့ အတန်းချိန်ဇယားက တကယ်အပြည့်ပဲ။ စာရေးရတာ လက်တွေတောင်နာတယ်…”

ခိုးနားထောင်နေတဲ့ ကျီဝမ်တစ်ယောက် သူ့ကိုယ်သူ တွေးခဲ့သည်။ 'ချီးပဲ ! ပုစွန်တွေ အခွံခွာလို့ လက်နာနေတာ'

ကျီလင်းချန်သာ ဒီနေ့လည်ခင်းတုန်းက သူ့ဇနီး သရေစာလမ်းမှာ စားသောက်နေတာကို သူ့မျက်စိဖြင့် ကိုယ်တိုင်မမြင်ခဲ့ဘူးဆိုရင် လှည့်စားခံရပေလိမ့်မည်။

ကျီလင်းချန် ပြောလိုက်သည်။ "လာ။ ကိုယ်နှိပ်ပေးမယ်"

ဖန့်ရှောင်နွမ် ခေါင်းညိတ်ပြီး သူမရဲ့လက်လေးကို ဆန့်လိုက်သည်။ "ဟုတ် ဟုတ်!"

ကျီဝမ်က ခွေးခြေခုံအသေးလေးကို ကိုင်လိုက်ပြီး သူ့ဦးလေး သူ့မိန်းမကို ဘယ်လိုလုပ်မလဲဆိုတာ တန်းတန်း စောင့်ကြည့်နေလိုက်သည်။ ဒါပေမယ့် အတွန့်အတက်များတဲ့စကားတွေ မပြောတော့ဘဲ ကျီလင်းချန် သူမကို ဆူနေတဲ့အသံကိုတောင် မကြားခဲ့ရပေ။ သူ ဒီနေ့ အဖြစ်အပျက်တွေအကြောင်း ဘာမှ မသိနေတဲ့ပုံစံလိုမျိုးလုပ်ခဲ့သည်။

သခင်ကြီး ကျီ ရေချိုးပြီးနောက် ရေချိုးခန်းမှ ထွက်လာခဲ့သည်။ ဒီနေ့ သူ့အလိုဆန္ဒတွေကို ကျေနပ်နေပေမယ့် သူ ပိုလိုချင်နေသေးသည်။ ဒါပေမယ့် သူ အရမ်းစိတ်အခြေအနေ ကောင်းနေသည်။ သူ့သားနဲ့ချွေးမကိုတွေ့တော့ သူ စပြီးမေးလိုက်သည်။ “လင်းချန်၊ မင်းဖုန်းထဲမှာ ရှောင်နွမ်ရဲ့နာမည်ကို ဘယ်လိုမှတ်ထားလဲ”

လင်းချန်ပြန်ဖြေလိုက်သည်။ "ကြောင်ပေါက်လေး"

"ရို့၊ မင်းတို့အချစ်ငှက်နှစ်ကောင်က တကယ်ကို ထူးဆန်းတာပဲ။ တခြားသူတွေက 'ဒါလင်' ဒါမှမဟုတ် 'အဖိုးတန်လေး' လိုမျိုး nickname တွေသုံးကြတာပါ။ မင်းတို့နှစ်ယောက်ကတော့ တစ်ယောက်က 'ကြောင်ပေါက်လေး' တဲ့နောက်တစ်ယောက်က 'ကျားကြီး'ဆိုပဲ။ဘယ်လောက် ထူးဆန်းလိုက်လဲ!” သခင်ကြီး ကျီ ပြောလိုက်သည်။

ကျီလင်းချန်က သူ့လက်မောင်းကို တင်းတင်းဆုပ်ထားတဲ့ သူ့မိန်းမကို လှည့်ကြည့်ပြီး ပြုံးပြုံးလေးနဲ့မေးလိုက်သည်။ "ကိုယ်က ကျားကြီးလား"

All Chapters