အခန်း (၁၄၀)
Vol. 10 Ch. 140
ကြောင်ပေါက်လေးက ချွဲကာပြန်ဖြေခဲ့သည်။ “ဟုတ်တယ်လေ၊ ရှင်က ကျွန်မယောကျ်ား။ ကျွန်မယောကျ်ားက စီးပွားရေးလောကရဲ့ဘုရင်ဖြစ်ပြီး ကျားက တောတွင်းဘုရင်ပဲ။ အဲဒါကြောင့် ရှင့်ကို ကျားကြီးလို့ ခေါ်တာ။ ဟီးဟီး ယောကျ်ား၊ ဒီ nickname ကို ကြိုက်လား"
ကျီလင်းချန် ပြောလိုက်သည်။ "မင်း ကိုယ့်ကို 'ယောကျ်ား' လို့ nickname ခေါ်တာကို ပိုကြိုက်တုန်းပဲ"
ဖန့်ရှောင်နွမ် ခင်ပွန်းဖြစ်သူ၏ ရင်ခွင်ထဲမှာ တွန့်လိမ်နေခဲ့သည်။ "ဟမ့် ဒါဆို ရှင် ကျွန်မရဲ့ nickname ကို 'မိန်းမ' ဆိုပြီး ပြောင်းမှပေါ့..."
ကျီလင်းချန် ဇနီးဖြစ်သူကို သည်းသည်းလှုပ်ချစ်ကာ နဖူးကိုတို့ပြီး ပြောလိုက်သည်။ "ဘာကလေးလဲ!"
သခင်ကြီး ကျီ သူဘာသာ တွေးလိုက်သည်။ 'ငါ့ရဲ့ ဒုတိယသားနဲ့ ချွေးမက သူတို့ရဲ့အချစ်တွေကို ပြနေကြတာလား။'
ကျီဝမ် သူ့ဘာသာ တွေးခဲ့သည်။ 'လုပ်စမ်းပါ။ ဖန့်ရှောင်နွမ်ကို ဘာလို့ သင်ခန်းစာမပေးတာလဲ။'
အခုက နောက်ကျနေပြီ။ ကျီလင်းချန်က သူ့မိန်းမကို ပွေ့ဖက်ပြီး အိပ်ခန်းထဲ ပြန်ဝင်သွားသည်။
အခန်းထဲ ဝင်ပြီးနောက် တံခါးကို လောခ့်ချပြီး သူ့ရဲ့ဂျာကင်အင်္ကျီကို ချွတ်လိုက်သည်။ ဖန့်ရှောင်နွမ်က သူ့အဝတ်အစားတွေကို သူ့ဆီကယူကာ ဂရုတစိုက် ချိတ်လိုက်သည်။ ခင်ပွန်းဖြစ်သူရဲ့ အဝတ်အစားတွေကို ဂရုစိုက်နေချိန်မှာ ကျီလင်းချန်က ရုတ်တရက် သူမကို အနောက်ကနေ ဖက်လိုက်သည်။ သူ့ခေါင်းကို သူမရဲ့ခေါင်းပေါ်တင်ပြီး နားထဲကို တိုးတိုးလေးပြောခဲ့သည်။ "ရှောင်နွမ်၊ မင်းယောကျ်ားကို လိမ်ပြောခဲ့ဖူးလား။ ဟွန်"
ဖန့်ရှောင်နွမ် ဓာတ်လိုက်ခံလိုက်ရသလို ခံစားလိုက်ရသည်။ နားရွက်မှ နွေးသွားတာက သူမနှလုံးကို ရပ်တန့်စေပြီး မျက်နှာနီမြန်းသွားစေသည်။
သူမယောကျ်ားကို လိမ်ထားတာလား။ ဒါပေါ့ သူမလိမ်ထားတယ်! လွန်ခဲ့တဲ့ ရက်အနည်းငယ်က သူ့ကို လိမ်ညာခဲ့တာ မဟုတ်လား? သူမ နှုတ်ဆိတ်နေခဲ့သည်။ ကျီလင်းချန်က သူမကို လှည့်လိုက်ပြီး သူ့မိန်းမကို ကြည့်လိုက်သည်။ သူမမျက်လုံးထဲတွင် ကွဲလွဲနေသည့်အကြည့်တစ်ခုရှိသည်။ သူမေးလိုက်သည်။ “မင်း ကိုယ့်ကို လိမ်ထားလား”
ဖန့်ရှောင်နွမ် သူမရဲ့ နှုတ်ခမ်းတွေကို ဖိကာ အပြစ်ရှိကြောင်း ခေါင်းညိတ်လိုက်သည်။
ထိုအမျိုးသားရဲ့မျက်နှာပေါ်မှာ အပြုံးတစ်ခု ချက်ချင်းပေါ်လာသည်။ ဒီအဖြေကို ရရုံနဲ့ လုံလောက်ပြီ။
“ဓာတ်လှေကားကိစ္စက ကြာလှပြီ။ မင်း အပြစ်ရှိတယ်လို့ ခံစားနေစရာမလိုတော့ဘူး” ကျီလင်းချန်ပြောလိုက်သည်။
ဒါကိုကြားတော့ ဖန့်ရှောင်နွမ် ခင်ပွန်းဖြစ်သူကို ကြည့်ဖို့ ရုတ်တရက် ခေါင်းမော့လိုက်သည်။
ကျီလင်းချန်က သူမကို တမင်တကာ လမ်းလွှဲပေးပြီး ပြောခဲ့သည်။ “အဲဒါကို စိတ်ထဲမထားနဲ့။ နောင်မှာ မင်းပိုပြီးစကားနားထောင်ဖို့ပဲ မှတ်ထားရမယ်နော်။ မင်းဘာပဲလုပ်လုပ် ကိုယ် မင်းကို ခွင့်လွှတ်တယ်။" လိမ်ညာတာလည်း ပါတယ်။
ကျီလင်းချန် ဒီလိုပြောတဲ့အခါ ယုံကြည်မှုလွန်ကဲလွန်းသည်။ ရက်အနည်းငယ်ကြာသောအခါ သူ့ဇနီးလေးက ဒီစကားလုံးတွေကြောင့် သူ့ကို ရူးသွပ်သွားအောင်လုပ်မှာကို သူ မသိခဲ့ပေ။
ဒါကိုပြောပြီးတာနဲ့ ကျီလင်းချန် ရေချိုးဖို့သွားလိုက်သည်။ ဖန့်ရှောင်နွမ် သက်ပြင်းရှည်ကြီးချလိုက်သည်။ 'လူတွေက အဲဒါကို နောက်ပိုင်းမှာ စိတ်မသက်မသာ ခံစားရမယ်ဆိုရင် မကောင်းတာတွေ မလုပ်သင့်ဘူး။'
ညသန်းခေါင်မှာ ကျီလင်းချန်က သူ့ဇနီးလေးကို နောက်တစ်ကြိမ် စနောက်ပါတော့သည်။ အတိအကျပြောရရင် ၎င်းသည် ပထမဆုံးလှုပ်ရှားမှုကို ပြုလုပ်ခဲ့သူမှာ သူ့ဇနီးလေးဖြစ် သည်။
အခုကညဉ့်နက်ပြီ။ ရေချိုးပြီးနောက် ကျီလင်းချန်သည် စာဖတ်ရန် ကုတင်ရဲ့ခေါင်းရင်းကို မှီပြီးထိုင်လေ့ရှိသည်။ ခင်ပွန်းဖြစ်သူ၏ လက်မောင်းပေါ်မှာ အိပ်လေ့ရှိတဲ့ ကြောင်ပေါက်လေးမှာ စိတ်မသက်မသာ ခံစားနေရသည်။ သူမ ဟိုဘက်လှည့်လိုက် သည်ဘက်လှည့်လိုက်နဲ့ အိပ်မပျော်နိုင်ခဲ့ပေ။ သူမ ကျီလင်းချန်ရဲ့နံဘေးသို့ လှိမ့်ကာ သူ့စာအုပ်ကို လှမ်းဆွဲလိုက်သည်။ “ယောကျ်ား၊ စာဖတ်တာကို ရပ်တော့။ ဒီစာအုပ်က ကျွန်မလောက် မကောင်းဘူး။ အိပ်ကြရအောင်!"
ကျီလင်းချန် သူမကိုငုံ့ကြည့်လိုက်သည်။ "မင်း အိပ်ပျော်တာကို ကိုယ်ကြည့်နေရမှာလား"
ဖန့်ရှောင်နွမ် ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ်လေ ကျွန်မက အိပ်ရာကိုတောင် နွေးအောင်လုပ်လုပ်ပေးနိုင်တယ်!"
ဒီကိစ္စကြောင့် ကျီလင်းချန်က စာအုပ်ကို ကုတင်ဘေး စားပွဲပေါ်တင်ပြီး မီးပိတ်လိုက်သည်။ အိပ်ခန်းက ချက်ချင်း အမှောင်ကျသွားသည်။
ဖန့်ရှောင်နွမ် ခေါင်းထောင်လိုက်သည်။ ကျီလင်းချန်က သူ့လက်မောင်းကို တိတ်တဆိတ် ချပေးခဲ့သည်။ သူမက ဘေးသို့လှည့်လိုက်ပြီး ကျီလင်းချန်ရဲ့ရင်ခွင်ထဲ ချော်ဝင်သွားသည်။ ကုတင်ကြီးပေါ်၌ သူတို့ နေရာအနည်းငယ်သာ ယူထားကြသည်။
"ကျားတွေက ကြောင်တွေကို ဘယ်လိုဆက်ဆံတယ်ဆိုတာ မင်းသိလား" ကျီလင်းချန်က အသံတိုးတိုးဖြင့် မေးလိုက်သည်။
ဖန့်ရှောင်နွမ်က ခင်ပွန်းဖြစ်သူရဲ့ ရင်ခွင်ထဲကနေ ခေါင်းခါခဲ့သည်။ "ကျွန်မ မသိဘူး!"
"သူတို့က သူတို့ကိုစားကြတာ!" ထိုစကားကိုပြောပြီးနောက် ကျီလင်းချန်က သူ့ဇနီးကို လှည့်လိုက်ပြီး သူမကိုအပေါ်ကနေကြည့်လိုက်သည်။ ထို့နောက် သူမရဲ့ ညအိပ်ဝတ်စုံကြယ်သီးကိုဖြုတ်ကာ ပြောခဲ့သည်။ “ဒီလိုမျိုးလေ" သူ့မိန်းမနဲ့ သူဘာလုပ်ချင်လဲ ဆိုတာကို သူ အရိပ်အမြွက်ပြနေခဲ့သည်။ သူမ နည်းနည်းလောက်တုံ့ပြန်ခဲ့မယ်ဆိုရင် သူတို့ ဆက်သွားလို့ရနိုင်သည်။
ဒါပေမယ့် သူ့ဇနီးက အရမ်းနှေးကွေးပုံရသည်။ သူ ဘာကိုဆိုလိုလဲဆိုတာကို သူမ နားမလည်တဲ့ပုံပင်။
ဖန့်ရှောင်နွမ် သူ့ရင်ခွင်ထဲမှာ ချွဲကာပြုံးလိုက်သည်။ သူမရဲ့ အသံက ကြည်လင်ပြီး ငြိမ့်ညောင်းသည်။ အလွန်သာယာတဲ့အသံဖြစ်သည်။ “ဟီးဟီး၊ ယောကျ်ား၊ ရှင်က ကျားအစစ်မှမဟုတ်တာ။ ရှင်က ကျားအစစ်ဆိုရင်တောင် ကြောင်တစ်ကောင်နဲ့ လက်ထပ်ဖို့ လွယ်မှာမဟုတ်ဘူး။ ကျွန်မကို စားနိုင်မှာမဟုတ်ဘူး။ အဲ့လိုမှမဟုတ်ရင် ရှင့်မိန်းမ သေသွားလိမ့်မယ်!"
ဒါကိုကြားတော့ ကျီလင်းချန် အကျယ်ကြီး ရယ်ပစ်လိုက်ပြီး သူ့ဇနီးလေးရဲ့ ထက်မြက်တဲ့ ပါးစပ်လေးကို ပိတ်ဆို့ဖို့ အပေါ်ကနေကိုင်းလိုက်သည်။
အခုတော့ သူမ ဘယ်ကိုသွားနေမှန်း နားလည်လာပါတော့သည်။
ကျီလင်းချန်က သူမကို ဆက်လမ်းညွှန်ခဲ့သည်။ "ရှောင်နွမ်၊ မင်းက ကျားကြီးရဲ့ ဇနီးဖြစ်ရင် ကျားကလေးမွေးပေးသင့်တယ်လို့ မထင်ဘူးလား"
ဖန့်ရှောင်နွမ် မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။ "ဟင့်အင်း ကြောင်ကလေးရဲ့ ဗိုက်က အရမ်းသေးလွန်းတယ်။ ကျားလေးတစ်ကောင်ကို မလွယ်ထားနိုင်ဘူး”
ကျီလင်းချန်ပြောလိုက်သည်။ "မကြိုးစားဘဲ ကိုယ်တို့ ကျားလေးတစ်ကောင်ကို လွယ်နိုင်မလားဆိုတာ ဘယ်လုပ်လုပ်သိမှာလဲ"
“ကြိုးစားဖို့ မလိုပါဘူး။ ကြောင်ကလေးမှာ ကျားလေးကို ကိုယ်ဝန်လွယ်ထားရင် နို့တောင် မတိုက်နိုင်ဘူးလို့ တီဗွီအစီအစဉ်မှာ ပြောထားတယ်” ဖန့်ရှောင်နွမ်ပြောလိုက်သည်။
ကျီလင်းချန် ပြောလိုက်သည်။ "ဒါဆို နို့ထိန်းကို တိုက်ခိုင်းမယ်"