← Chapters

အခန်း (၁၄၁)

Vol. 10 Ch. 141

အခန်း (၁၄၁)

Vol. 10 Ch. 141

“ဒါတော့ မဖြစ်ဘူး။ ကျွန်မသားကို တခြားမိန်းမရဲ့နို့ကိုတိုက်မယ့်အစား နို့မှုန့်ပဲတိုက်လိုက်မယ်” ဖန့်ရှောင်နွမ် ကြက်သေသေသွားသည်။

သူမအပေါ်ကလူက ပြုံးလိုက်သည်။ သူ့မိန်းမက သူ့ရဲ့အရိပ်အမြွက်တွေကို နားမလည်လို့ မဟုတ်ဘူး။ သူမ အနည်းငယ် ရှက်သွားတာ။

ထိုလူ၏ ရယ်မောသံကိုကြားတော့ ဖန့်ရှောင်နွမ် ရှက်ကိုးရှက်ကန်းဖြင့် သူ့ရင်ဘတ်ကို တစ်ဒုန်းဒုန်းထုကာ ပြောလိုက်သည်။ “ထတော့။ ကျွန်မကို မနှိပ်စက်နဲ့။"

ကျီလင်းချန် ဇနီးဖြစ်သူ၏ ခေါင်းကို ကိုင်ကာ နမ်းလိုက်ပြန်သည်။

ဖန့်ရှောင်နွမ် မျက်နှာနီရဲကာ ရှက်သွားပြီး ဒေါသပြေရန် ထိုလူကို ကြိမ်ဖန်များစွာ ရိုက်ခဲ့သည်။

သူမသည် သူမ၏ ချိုမြိန်တဲ့ အချစ်ရေးတွင် နှစ်မြှုပ်နေခဲ့သည်။ ထို့ကြောင့် ကျောင်း၏ဖိုရမ်တွင် သူမနှင့်ပတ်သက်သည့် ပို့စ်တစ်ခု ရေပန်းစားလာသည်ကို သူမသတိမထားမိခဲ့ပေ။

ရှောခ့်ရစရာပဲ! ကျင်းတက္ကသိုလ်ရဲ့ တက္ကသိုလ်အချောအလှလေးက သူဌေးကြီးအိုကြီးတစ်ယောက်နဲ့ ချိန်းတွေ့နေတယ်။

ကျင်းတက္ကသိုလ်ရဲ့ တက္ကသိုလ်အချောအလှလေးက လမ်းပေါ်မှာ Sugar ဒယ်ဒီနဲ့ တိတ်တိတ်ပုန်း ချိန်းတွေ့နေတယ်။

အရေးပေါ် - တက္ကသိုလ်အချောအလှလေး ရေးရာ၊ အပိုင်း ၁။

ပို့စ်တွင် ဓာတ်ပုံများနှင့် စာသားများ ပြည့်နေပြီး အထောက်အထားများမှာ အလွန်ရှင်းလင်းသည်။ သခင်ကြီး ကျီရဲ့ လက်ကိုကိုင်ကာ ကားထဲသို့ဝင်သွားသော ဖန့်ရှောင်နွမ်ရဲ့ ဓာတ်ပုံတစ်ပုံတင်မကဘဲ ပုဇွန်စားနေတဲ့ သူတို့နှစ်ဦး၏ ဓာတ်ပုံလည်း ပါသည်။ သခင်ကြီး ကျီ ကို ပုဇွန်အခွံခွာနည်း သင်ပေးနေတဲ့ ဖန့်ရှောင်နွမ်ရဲ့ ဗီဒီယိုတစ်ခုတောင် ပါသေးသည်။ သခင်ကြီး ကျီက အဲဒါလုပ်နည်းကို သင်ယူပြီးတဲ့ နောက်မှာတော့ သူတို့ နှစ်ယောက် အရမ်းပျော်ရွှင်စွာရယ်နေကြသည်။

ကလစ်တွေ ပိုမိုရရှိရန်အတွက် အချို့သောလူတွေက မြင်ကွင်း၏ comic များကိုပင်ဆွဲပြီး ၎င်းတို့ကိုတင်ခဲ့သည်။

ညဘက်တွင် ကောလာဟလများ ပျံ့နှံ့နေသည့်အချိန်ဖြစ်သည်။ နံနက် ၃ နာရီအထိ ဆက်လက်ပျံ့နှံ့ခဲ့သည်။

ကျောင်းအိပ်ဆောင်တွင် အိပ်မပျော်တဲ့ ကျောင်းသူ/သားအချို့က အတင်းအဖျင်း ပြောလာစေရန် ၎င်းတို့၏ ပို့စ်များကို ၎င်းတို့၏ သူငယ်ချင်းများထံ ထပ်ဆင့်ပို့ကြသည်။ “ဒီကိုကြည့်၊ ဓာတ်ပုံနဲ့ ဗီဒီယိုတွေရှိတယ်။ တက္ကသိုလ်အချောအလှလေးက အဖိုးကြီးတစ်ယောက်နဲ့ တကယ်ချိန်းတွေ့နေတယ်တဲ့!"

“ဟေး ဟေး မအိပ်နဲ့။ ဒါက မင်းရဲ့နတ်ဘုရားမ ဖန့်ရှောင်နွမ် မဟုတ်လား။ ကြည့်လိုက်ဦး၊ သူမ ပရောပရီလုပ်ရုံတင်မကဘူး အဖိုးကြီးနဲ့ တကယ်ချိန်းတွေ့နေတာဟ!"

“အားလုံး လာကြည့်ကြပါဦး။ ကျင်း တက္ကသိုလ်ရဲ့ တက္ကသိုလ် အချောအလှလေးက တစ်စုံတစ်ယောက်အတွက် ကြွေကျသွားတာကို ငါကြားခဲ့တယ်!”

…

အားလုံးက ရုန်းရင်းဆန်ခတ်ဖြစ်နေကြတာကို လာကြည့်သည်။ အခြေအနေက ပိုပိုပြီး ပြင်းထန်လာခဲ့သည်။

ပို့စ်များတွင် hits အရေအတွက် မြင့်တက်နေဆဲဖြစ်သည်။ သူမနဲ့ပတ်သက်တဲ့ မှတ်ချက်ပေါင်း တစ်ထောင်ကျော်ရှိခဲ့ပသည်။ သုံးနာရီအတွင်း ပို့စ်သုံးခုအပေါ် မှတ်ချက်ပေါင်း တစ်သောင်းကျော်သွားခဲ့သည်။

ဝင်ရောက်အသုံးပြုသူအရေအတွက်သည် ဝဘ်ဆိုက်၏ ကန့်သတ်ချက်ထက် ကျော်လွန်နေသည်။ ခဏတာအတွင်းမှာတောင် ပျက်သွားခဲ့သည်။ ဒါပေမယ့် အချို့က ပို့စ်တွေကို save ထားပြီး ကျောင်း၏ group chat များ တစ်လျှောက် ဖြန့်ဝေခဲ့သည်။

ကျောင်းရဲ့ အဓိက စကားပြောခန်းလည်း ပေါက်ကွဲသွားသည်။ အိပ်ရာမဝင်ကြသေးတဲ့ ဆရာ/ဆရာမတချို့တောင် ဒီကိစ္စကို အတင်းပြောနေကြသည်။

ဤကိစ္စ၏ သြဇာလွှမ်းမိုးမှုသည် ဖန့်ရှောင်နွမ် မည်မျှကျော်ကြားသည့်ပေါ်တွင် မူတည်သည်။ သူမ၏အရှုပ်တော်ပုံက လင်းချမ် အကြောင်း အတင်းအဖျင်းပြောခြင်းကို ကျော်လွန်သွားခဲ့သည်။

သူမ၏အကြံအစည် အောင်မြင်သွားသည်ကို မြင်လိုက်ရသဖြင့် လင်းချမ်သည် ကျေနပ်စွာဖြင့် ကျယ်လောင်စွာ ရယ်မောလိုက်သည်။

ဟုတ်ပါတယ် ဖန့်ရှောင်နွမ်ကို ကောင်းကောင်းသိတဲ့ ကျောင်းသူ/သားတချို့လည်း ရှိသည်။ သူမကို သိတဲ့သူတွေက ကောလဟာလတွေကို အမြန်ချေပဖို့ သူ့ကို တစ်ယောက်ပြီးတစ်ယောက် သူမကို ဖုန်းခေါ်ခဲ့ကြသည်။

လေးနာရီထိုးတော့ ဖန့်ရှောင်နွမ်ရဲ့ဖုန်းမြည်လာခဲ့သည်။

သူမက လတ်တလောမှာ ခင်ပွန်းဖြစ်သူ၏ ရင်ခွင်ထဲတွင် လှပတဲ့ အိမ်မက်လေးတစ်ခုကို ပိုင်ဆိုင်ထားသည်။ အစကတော့ ခင်ပွန်းဖြစ်သူကို အနည်းငယ် စိတ်ဆိုးခဲ့သည်။ သူမ ခေါင်းအုံးကို ပွေ့ဖက်ကာ ကုတင်တစ်ဖက်သို့ လှဲအိပ်ပြီး သူ့ကို ရှောင်လိုက်သည်။ ဒါပေမယ့် အိပ်ပျော်သွားပြီးနောက် ခင်ပွန်းသည်၏ ရင်ခွင်ထဲသို့ ပြန်လှည့်လာတတ်သည်။

သူမရဲ့ဖုန်းမြည်သံကို ကြားလိုက်ရသည်။ သူမ အိပ်ချင်မူးတူးဖြင့် ချွဲကာပြောလိုက်သည်။ "ယောကျ်ား၊ အရမ်းစိတ်အနှောင့်အယှက်ဖြစ်တယ်။ ဖုန်းသွားဖြေလိုက်!”

ဖုန်းသံက ကျီလင်းချန်ကိုလည်း နိုးလာစေသည်။ သူဖုန်းပြန်ဖြေလိုက်သည်။ "ဟယ်လို၊ ဘယ်သူလဲ"

ဖုန်း၏အခြားတစ်ဖက်ရှိ အတန်းဖော်မှာ ကြက်သေသေသွားခဲ့သည်။ ယောကျ်ားတစ်ယောက်က ဖန့်ရှောင်နွမ်ရဲ့ဖုန်းကို ကိုင်နေသည်။ သူမ စကားတစ်ခွန်းမှ မပြောရဲတော့ပေ။

ဖန့်ရှောင်နွမ် ဒါမျိုးလုပ်မှာမဟုတ်ဘူးလို့ အစပိုင်းမှာ သူမ ယုံကြည်ခဲ့ပေမယ့် အခု ပို့စ်က အမှန်ပဲဆိုတာ သူမတကယ် သံသယဝင်လာတော့သည်။ သူမ အမြန် ဖုန်းချလိုက်သည်။

ကျီလင်းချန် မျက်မှောင်ကြုတ်ကာ ဖုန်းစခရင်ကို ကြည့်လိုက်သည်။ ဖုန်းချသွားသည်ကို အတည်ပြုပြီးနောက် ဖုန်းကို ဘေးဖယ်ထားလိုက်သည်။

နောက်တစ်နေ့တွင် ဖန့်ရှောင်နွမ်က ကျီဝမ်နဲ့ ကျောင်းသို့ လိုက်သွားခဲ့သည်။

သူမ ကားပေါ်မှ ဆင်းလိုက်သည်နှင့် လူများစွာက သူမကို ထူးထူးခြားခြား စိုက်ကြည့်နေကြသည်ကို သူမ သတိပြုမိခဲ့သည်။ သူမနဲ့ကျီဝမ်တို့ရဲ့ လျှို့ဝှက်ဓာတ်ပုံတွေကိုတောင် လူတွေက ရိုက်ခဲ့ကြသေးသည်။

ဖိုရမ်စာမျက်နှာက ပို၍ပင် အသက်ဝင်လာသည်။ တစ်စုံတစ်ယောက်က ၎င်းတို့နှစ်ဦး၏ ဓာတ်ပုံကို caption နှင့်တကွတင်ခဲ့သည် “ သူ့ရည်းစားက ဘယ်သူလဲဆိုတာ သူ အခုထိ မသိသေးဘဲ ခုထိတောင် လမ်းမခွဲကြသေးဘူး!"

"ရှောင်ဝမ် အတွက် ငါ့နှလုံးသား နာလိုက်တာနော်။ ဒီလိုမိန်းမတစ်ယောက်ကို ချစ်မိဖို့ သူ ဘာကြောင့် မျက်စိကန်းနေရတာလဲ”

"တစ်ယောက်ယောက်! ငါ့ရဲ့ဆွဲဆောင်မှုရှိတဲ့မင်းသားလေးကို သွားကယ်ပေးကြပါ။ ဒီဟာမကြောင့် သူ မျက်စိကန်းနေပြီ”

…

ကျီဝမ်သည် ကျင်း တက္ကသိုလ်၏ ဆွဲဆောင်မှုအရှိဆုံး မင်းသားဖြစ်သည်။ သူဘယ်လို ရွေးချယ်ခံလိုက်ရလဲဆိုတာကိုတော့ မသိပေ။ သူ့ အတန်းဖော်တွေ သူ့ကို ပြောပြပြီးမှသာ သူသိလာခဲ့သည်။

ဖန့်ရှောင်နွမ်က ကျီဝမ်နဲ့ တနေကုန် တွဲနေခဲ့သည်။ အတူတူ ကျောင်းသွား၊ အတူတူ စားသောက်ကြသည်။ သူတို့နှစ်ဦးက စုံတွဲတစ်တွဲဖြစ်သည်ဟု လူတိုင်းက ကြာရှည်စွာ ယူဆခဲ့ကြသည်။ လျိုစစ်ယွီ အတွက်ကတော့ လူတိုင်းမှာ ကိုယ်ပိုင်ထင်မြင်ချက်ရှိကြသည်။

"ကျီဝမ် နည်းနည်းထူးဆန်းနေတယ်လို့ မထင်ဘူးလား" ဖန့်ရှောင်နွမ် မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

ကျီဝမ်က သူ့ပတ်ဝန်းကျင်က ကျောင်းသူ/သားတွေကို တစ်ချက်ကြည့်ပြီး ပြန်ဖြေခဲ့သည်။ "နည်းနည်းလေး ထူးဆန်းနေတာမဟုတ်ဘူး၊ အရမ်းထူးဆန်းနေတာ"

ထိုအချိန်တွင် လျိုစစ်ယွီ ဖုန်းဆက်လာခဲ့သည်။

"ရှောင်နွမ်၊ ရှောင်ဝမ်၊ ကျောင်းဖိုရမ်ကို ချက်ချင်းသွား။ သေစမ်း! ရှောင်နွမ်နဲ့ ပတ်သက်တဲ့ ကောလဟာလတွေကို ဘယ် ခွေးသားက ဖြန့်လိုက်မှန်းမသိဘူး။ မြန်မြန်ကြည့်လိုက်ဦး!" လျိုစစ်ယွီ ဒေါသတကြီးပြောလိုက်သည်။ သူမကို ကျောင်းလိုက်ပို့ပေးနေတဲ့ သူမအစ်ကိုက မကူညီနိုင်ဘဲပြောခဲ့သည်။ “မိန်းကလေးတွေက သူတို့ဘာပြောနေလဲဆိုတာကို သတိထားသင့်တယ်”

All Chapters