← Chapters

အခန်း (၁၄၄)

Vol. 10 Ch. 144

အခန်း (၁၄၄)

Vol. 10 Ch. 144

စာသင်ခန်းရှိလူတိုင်းက ဖန့်ရှောင်နွမ်ကို ရှောခ့်ရစွာကြည့်နေကြသည်။ သူမ တကယ်ဒါကိုကို သတ္တိရှိရှိ ပြောခဲ့သည်။

လျိုစစ်ယွီက ပထမဆုံး တုံ့ပြန်ခဲ့ပြီး သူမ အသံအကျယ်ကြီးနဲ့ အလျင်အမြန်ပြောလိုက်သည်။ "ရှောင်ဝမ်၊ နင်ဒီလိုပြောရင် ငါလည်း ယောက်ျားတစ်ချို့ရဲ့ပိုက်ဆံ သုံးထားတာပဲ။ ငါ့အဖိုး၊ ငါ့အဖေ၊ ငါ့အစ်ကို၊ ပြီးတော့ ကျီဝမ်။ ဒီလိုဆိုရင် ဒါက ယောက်ျားလေးယောက်နဲ့ တွဲနေတယ်လို့ ဆိုလိုတာလား" သူမရဲ့စကားတွေ ဖန့်ရှောင်နွမ် ကို ဦးတည်နေပုံရသော်လည်း အမှန်တကယ်တော့ အတန်းရှိလူတိုင်းကို ဦးတည်နေတာဖြစ်သည်။

စာသင်ခန်းထဲမှာ ရုတ်ရုတ်သဲသဲတွေဖြစ်ကုန်သည်။

ဟုတ်ပါတယ် မိန်းကလေးတစ်ယောက်က သူ့အဖေရဲ့ပိုက်ဆံကို သုံးမှာပေါ့။

ကျီဝမ်လည်း ပြောလိုက်သည်။ “ငါ့လည်း ငါ့အဖွားရဲ့ပိုက်ဆံ၊ အမေ့ပိုက်ဆံ၊ ငါ့အဒေါ်ရဲ့ပိုက်ဆံနဲ့ လျိုစစ်ယွီ ရဲ့ပိုက်ဆံတွေကို သုံးခဲ့တာပဲ။ ဒီတော့ ငါက အမျိုးသမီးလေးယောက်နဲ့ တွဲနေတာလား”

စာသင်ခန်းက ချက်ချင်း တိတ်ဆိတ်သွားသည်။

လင်းချမ်က သူမဘေးနားက လူကို တစ်ချက်ကြည့်လိုက်ပြီး ချက်ချင်းဆိုသလိုပဲ မိန်းကလေးတစ်ယောက်က မတ်တပ်ရပ်ပြီး ဖန့်ရှောင်နွမ်ကို လက်ညှိုးထိုးခဲ့သည်။ သူမ ပြောလိုက်သည်။ “ဒါတွေက ငါတို့ပြောနေကြတဲ့ 'Sugarဒယ်ဒီ' တွေ မဟုတ်ဘူး။ နင်က ရှောင်ဝမ် ကို လှည့်စားနေတာ။ ဒီပုပ်သိုးနေတဲ့ဟာမ! နင့်လိုလူ မြို့တော်မှာရှိနေတာက အကြီးမားဆုံး အရှက်ရမှုပဲ!”

ဖန့်ရှောင်နွမ် ထိုစကားကိုကြားသောအခါ ဒေါသမထွက်ပေ။ ယင်းအစား သူမ ပြုံးလိုက်ပြီး လျစ်လျူရှုကာ ပြောလိုက်သည်။ "ဆက်ပြောပါဦး"

ကောင်မလေးက လင်းချမ်ကို ကြည့်လိုက်သည်။ ဖန့်ရှောင်နွမ် ဘာ့ကြောင့် မတုံ့ပြန်ရတာလဲ။

"နင် ဘာလို့ လင်းချမ်ကိုကြည့်နေတာလဲ။ သူမက နင့်ကို စာကြောင်းနည်းနည်းပဲ သင်ပေးထားလို့လား။ သူမ နင့်ကို နောက်ထပ် စာကြောင်းတချို့ထပ် သင်ပေးထားသင့်တာပေါ့" ဖန့်ရှောင်နွမ် ဖြည်းညှင်းစွာပြောလိုက်သည်။

"နင် ဘာလို့ ငါ့နောက်မလိုက်တာလဲ။ လူတွေကို ပုဂ္ဂိုလ်ရေးအရ စော်ကားတတ်အောင် ငါသင်ပေးမယ်။ လူတစ်ယောက်နဲ့ ပတ်သက်တဲ့ ကောလာဟလတွေကို ဖြန့်ဖို့ လူထုထင်မြင်ချက်ကို ဘယ်လို အသုံးပြုရမလဲဆိုတာ ငါ သင်ပေးနိုင်တယ်။ လင်းချမ်က နင့်ကို ဒါတွေ မသင်ပေးထားဘူးလား သင်ပေးထားလား ”

"ဖန့်ရှောင်နွမ် နင် ဘာကိုဆိုလိုတာလဲ" လင်းချမ် စားပွဲကို ရိုက်ပြီး မတ်တပ်ရပ်ကာ ဖန့်ရှောင်နွမ်ကို လက်ညှိုးထိုးခဲ့သည်။

လျိုစစ်ယွီနဲ့ ကျီဝမ်တို့သည် လင်းချမ်က ဤကိစ္စအားလုံး၏ နောက်ကွယ်မှလူဖြစ်ကြောင်း ချက်ချင်းသဘောပေါက်သွားခဲ့သည်။

လျိုစစ်ယွီ စိတ်လှုပ်ရှားစွာနဲ့ ပြောလိုက်သည်။ "သူမ ဘာကိုဆိုလိုတယ်ဆိုတာ နင် မသိဘူးလား။ နင်က အငယ်အနှောင်း၊ နိုက်ကလပ်မယ်တစ်ယောက်ဖြစ်ပြီး ကော်ဇောအောက်မှာ ထပ်ပြီးရှင်းလို့မရတော့တဲ့ အရှုပ်တော်ပုံများစွာထဲမှာ ပါခဲ့ဖူးတယ်။ ဒါနဲ့ နင်က အခု ရှောင်နွမ်ကို နင်နဲ့အတူ ဆွဲချချင်နေတာလား။ ဒါ က အတိအကျ နင်လုပ်ရမယ့်ဟာ မဟုတ်ဘူးလား"

"ဒါပေမယ့် နင့်ရဲ့ကိုယ်ပိုင်အတွေ့အကြုံတွေကို နင်ဘာကြောင့် ရှောင်နွမ်ကို အတင်းအကြပ်လုပ်ခိုင်းရတာလဲ။ သူက ကျောင်းရဲ့ အချောအလှလေး မဟုတ်ရင်တောင် သူမမှာ ငါ ရှိနေတုန်းပဲ။ နင့်ရဲ့အလှည့်က ဘယ်တော့လာမှာလဲ။"

“ဒါပေမယ့် နင်က တော်တော်တော်ပါတယ်။ ဦးညွှတ်ပြီး ကျေးဇူးတင်ချင်ပါတယ်။ နင့်ကို ကျေးဇူးတင်ပါတယ်၊ ငါ့သူငယ်ချင်း ရှောင်နွမ်က ကျောင်းပြင်ပမှာ နာမည်ကြီးတယ်"

"သူမရဲ့ နာမည်ဂုဏ်သတင်းက အခု မကောင်းသေးဘူးဆိုပေမယ့် ဓာတ်ပုံထဲက အဖိုးကြီးက အရာအားလုံးကို ရှင်းပြဖို့ ကိုယ်တိုင်ရောက်လာတဲ့အခါကျရင် ရှောင်နွမ် နဲ့ ပတ်သက်တဲ့ ကောလာဟလတွေ ပျောက်ပျက်သွားလိမ့်မယ်။"

"ဒါပေမယ့် နင့်ကို ငါဝေဖန်စရာတစ်ခုရှိတယ်။ ဘာကြောင့် ညသန်းခေါင်မှာ ပိုစ့်တင်ရတာလဲ။ နင့်ကိုယ်ပိုင်အကောင့်ကိုတောင် မသုံးရဲတာ။ အဲဒီပို့စ်တွေတင်ဖို့အတွက် နင်အကောင့်အသစ်တစ်ခုကို တမင်ဖွင့်ခဲ့တာပဲ။"

“ငါတို့ အိပ်ဖို့ လိုအပ်တယ်။ အိပ်ရာကနိုးလာတဲ့အခါ ချက်ချင်းဆိုသလို စုံစမ်းစစ်ဆေးမှုတွေ လုပ်ခဲ့ရတယ်။ တကယ်ကို ပင်ပန်းတယ်!”

ဖန့်ရှောင်နွမ်က တိတ်တိတ်လေး နေပေးဖို့ လျိုစစ်ယွီကို အချက်ပြလိုက်သည်။ သူမ လေးလေးနက်နက်ပြောလိုက်သည်။

“စစ်ယွီ၊ အတန်းဖော်တစ်ယောက်အနေနဲ့ သူ့ဖိနပ်ထဲမှာ ငါတို့ကိုယ့်ကိုယ်ကို စိတ်ကူးကြည့်သင့်တယ်။ နိုက်ကလပ်မှာ အလုပ်လုပ်ရတာ အရမ်းပင်ပန်းတယ်လေ။ ညအချိန်က သူမပိုစ့်တင်ဖို့ တစ်ခုတည်းသော အချိန်ပဲ။ ကြုံတွေ့ခဲ့ရတဲ့ အဆင်မပြေမှုအတွက် သူမကို အပြစ်တင်လို့မရဘူး။ ညဆိုင်းအလုပ်လုပ်တဲ့ပုံက ဘာလဲဆိုတာ ငါတို့နားလည်သင့်တယ်!”

ဖန့်ရှောင်နွမ်ရဲ့ စကားတွေက ရွဲ့နေပြီး လင်းချမ်ရဲ့ ဒေါသက ချက်ချင်း မြင့်တက်လာသည်။

"မှန်တယ်။ နင်ပြောတာက အဓိပ္ပါယ်ရှိတယ်" လျိုစစ်ယွီ သဘောတူခဲ့သည်။ သူမ စိတ်လွတ်သွားတော့မယ့် လင်းချမ်ကို ကြည့်ကာ စဥ်းစဥ်းစားစားမေးလိုက်သည်။

"လင်းချန်၊ နင် မနေ့ညက အရမ်းအလုပ်ကြိုးစားခဲ့တာပဲ။ နင်အရက်သောက်ပြီး ဧည့်သည်တွေကို ကုမ္မဏီကို ထားထားပြီး တစ်ချိန်တည်းမှာ လူတိုင်းကို ဖျော်ဖြေဖို့ ပို့စ်တင်ရမှာပဲ။ ငါ နင့်ကို ဒီလို မပြောသင့်ပါဘူး။ တောင်းပန်ပါတယ်။ နောက်တစ်ကြိမ်မှာ နင် ဆက်ကြိုးစားပြီး ပေါက်ကွဲအားပြင်းတဲ့ သတင်းတွေကို တင်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ တစ်ကျောင်းလုံးကိုယ်စား ငါက ကြိုပြီး ကျေးဇူးတင်ပါတယ်နော် "

“အား! နင်တို့တွေ သေခြင်းတရားကို ဖိတ်ခေါ်နေကြတာပဲ!" လင်းချမ် ရှေ့သို့ လျှောက်သွားကာ လျိုစစ်ယွီကို ရိုက်တော့မည်။

ဖန့်ရှောင်နွမ် ဉာဏ်ထက်သွားသည်။ သူမ ကျော်တက်သွားပြီး လင်းချမ်ရဲ့ လက်ကို လှမ်းဆွဲလိုက်သည်။ သူမခြေထောက်ကို မြှောက်လိုက်ပြီး သူမရဲ့ ဝမ်းဗိုက်အောက်ပိုင်းကို ကန်လိုက်သည်။ ထို့နောက် သူမလက်ကို လိမ်ကာ စားပွဲပေါ် တွန်းတင်လိုက်သည်။ သူမရဲ့ အခြားလက်တစ်ဖက်က အရှိန်အဟုန်ဖြင့် လိုက်လာကာ ခေါင်းကိုရိုက်ပစ်ခဲ့သည်။ သူမ ချောမွေ့စွာ ရွေ့လျားနေပြီး မလိုအပ်သော လှုပ်ရှားမှုများ မပြုလုပ်ခဲ့ပေ။ စာသင်ခန်းထဲက ကျောင်းသူ/သားတွေ ရှောခ့်ရသွားကြပြန်သည်။

ဖန့်ရှောင်နွမ်က ဘယ်လိုတိုက်ရမယ်ဆိုတာ တကယ်ကိုသိသည်။

ဆရာမက စာသင်ခန်းထဲ ဝင်လာကာ ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့ အဖြစ်အပျက်ကို တားခဲ့သည်။

လင်းချမ်က ဖန့်ရှောင်နွမ်နဲ့ ပေါင်းသင်းခြင်းမှ မည်သည့်အခါမျှ အကျိုးအမြတ်မရခဲ့ပေ။

လျိုစစ်ယွီက ကျီဝမ်ရဲ့ ဘယ်ဘက်မှာထိုင်ပြီး ဖန့်ရှောင်နွမ်က သူ့ရဲ့ညာဘက်မှာထိုင်ခဲ့သည်။ သူ သူတို့နှစ်ယောက်အတွက် မြန်မြန်လက်ခုပ်တီးပေးခဲ့သည်။ "ဝိုး ငါ နင်တို့နှစ်ယောက်ဘေးမှာ ထိုင်ရတာ အသုံးမဝင်သလို ခံစားရတယ်!"

သူတို့ နှစ်ယောက် ခုဏက ပြင်းပြင်းထန်ထန် ရန်ဖြစ်နေကြပြီး သူ ကူညီဖို့ လုံးဝခုန်မဝင်နိုင်ခဲ့ပေ။

ဖန့်ရှောင်နွမ်က ဘယ်လိုတိုက်ခိုက်ရမယ်ဆိုတာ သိတဲ့အတွက် ဒါက အထူးပဲ မှန်ကန်သည်။ သူ တိုက်ခိုက်ဖို့တောင် မလိုအပ်ဘဲ ဘေးကနေသာ ကြည့်နေရသည်။ သူ ဖန့်ရှောင်နွမ်ကို လေးလေးနက်နက် ကြည့်ပြီး သူမကို ဆက်ဆံပုံကိုလည်း ပြောင်းလဲခဲ့သည်။ “ဒေါ်လေး ဆရာမ မလာခဲ့ရင် သူ့ရဲ့ လက်ကိုချိုးပစ်မှာလား”

All Chapters