← Chapters

အခန်း (၁၄၅)

Vol. 10 Ch. 145

အခန်း (၁၄၅)

Vol. 10 Ch. 145

ဖန့်ရှောင်နွမ်၏ နူးညံ့ပြီး ပွေ့ပိုက်ချင်စရာကောင်းတဲ့အသွင်အပြင်က ရက်စက်ခြင်း၏ အရိပ်အမြွက်ကို ထင်ရှားလာစေသည်။ “ဟုတ်တယ်!”

နာရီဝက်လောက်ကြာတော့ အဘိုးကြီးတစ်ယောက် ကျောင်းကွင်းပြင်ကို ရောက်လာခဲ့သည်။

အိမ်တော်ထိန်းက သခင်ကြီးကျီနဲ့ ကျောင်းကွင်းပြင်ဆီ အဖော် လိုက်ပေးခဲ့သည်။ ဒီတစ်ခါတော့ သူက ပြဇာတ်တွေကြည့်ဖို့အတွက် ကြိမ်တုတ်တစ်ချောင်းတောင် တမင်ယူလာခဲ့သည်။ သူ့ခြေထောက်တွေက သွက်လက်ပြီး ကြိမ်တုတ်တောင် မလိုပေ။ ဒါပေမယ့် ဒါက သူ့ရဲ့အဆင့်အတန်းကို ထုတ်ဖော်ပြသရာမှာ အလွန်ကောင်းမွန်တာကြောင့် သူနဲ့အတူ သယ်ဆောင်လာခဲ့သည်။

အိမ်တော်ထိန်းက tuxedo ဝတ်ထားပြီး သခင်ကြီးကျီ နောက်သို့ လိုက်ခဲ့သည်။ “သခင်မလေးက သခင်ကြီးကို နောက်တစ်ခေါက်စားဖို့ ခေါ်သွားချင်တာကြောင့် ဖြစ်နိုင်တယ်နော် သခင်ကြီး”

"ဟာဟား၊ ဒါကတကယ်ဆိုရင် ငါ့ချွေးမက အရမ်းတော်တာပဲ!" ဒီစကားကိုကြားတော့ သခင်ကြီး ကျီအရမ်းပျော်သွားသည်။ တကယ်တော့ သူလည်း ဒီလိုပဲ ထင်ခဲ့တာ။

“ငါတို့မိသားစုက အရမ်းစိတ်ချမ်းသာစရာကောင်းနေတုန်းပဲ။ မိန်းကလေးငယ်ငယ်လေးကို ငါတို့မိသားစုနဲ့ လက်ထပ်ခွင့်ပေးလိုက်ရင် အေးချမ်းတဲ့ဘဝနဲ့ ရှင်သန်နိုင်မှာမဟုတ်ဘူးလို့ ငါတို့ထင်ခဲ့တာ”

"ဒါပေမယ့် အခု ရှောင်နွမ် ပြောင်းရွှေ့လာကတည်းက ငါတို့ဘဝက ပိုအဆင်ပြေလာပြီ" သခင်ကြီက သူမ စတင်ပြောင်းရွှေ့စဉ်က သူ ခံစားခဲ့ရသော မပျော်ရွှင်ဖြစ်မှုကို မေ့လျော့နေခဲ့သည်။

ရှောင်နွမ် လွန်ခဲ့သည့် အကြိမ်အနည်းငယ်က အရသာရှိတဲ့ အစားအစာကို စားဖို့ သူ့ကိုဘယ်လိုခေါ်ခဲ့လဲ တွေးတောလိုက်သောအခါတွင် သူ အထူးပျော်ရွှင်နေသည်။ သူ ထပ်ပေါင်းပြောလိုက်သည်။ “ငါအရင်က ရေခဲမုန့်နဲ့ စပ်တဲ့မုန့်တွေကို တစ်ခါမှတောင် မစမ်းစားကြည့်ဖူးဘူး။ စကားမစပ်၊ အိမ်တော်ထိန်း၊ မင်း pop-tarts စားဖူးလား။ အဲဒါကို ပါးစပ်ထဲထည့်ပြီးသွားရင် ချိုမြိန်မှုက ထူးထူးခြားခြား ပေါက်ကွဲထွက်လာတာ။ အရမ်းစိတ်ဝင်စားစရာကောင်းတယ်။ အရင်တုန်းက ငါအဲ့တာကို မကြားဖူးဘူး။”

“ရှောင်နွမ် ငါတို့မိသားစုနဲ့ တွဲခဲ့တဲ့အတွက် ဝမ်းသာမိတယ်။ ဒီလိုမှမဟုတ်ရင် ဒီအစားအစာတွေကို ငါဘယ်တော့မှ စမ်းစားကြည့်လို့ ရမှာမဟုတ်ဘူး။ အရသာရှိပြီး စိတ်ဝင်စားစရာကောင်းတဲ့ အရသာတွေကို ငါ ဘယ်လောက်များ လွဲချော်ခဲ့ပါလိမ့်"

“လမ်းဘေးမှာ အခွံမာရေသတ္တဝါရောင်းတဲ့ဆိုင်တွေလည်းရှိတယ်။ အနံ့အရသာလည်း ကောင်းတယ်။ အဲဒါတွေစားပြီးရင် ပါးစပ်က ထုံသွားတာ။ သူတို့က အရသာရှိတယ်!”

"ရှောင်နွမ်က နောက်တစ်ခါတော့ သူ ငါ့ကို ညဈေးရောက်အောင် ခေါ်သွားပေးမယ်လို့ ပြောထားတယ် " ညဈေးက ဗီဒီယိုကို ငါ့ကိုပြတယ်။ တကယ်အသက်ဝင်တာပဲ!”

“ဒီကလေးက တကယ်ကို ဝတ္တရားကျေပွန်တဲ့ကလေး။ သူက ငါ့ရဲ့ ဒုတိယသားထက် အများကြီး သားသမီးဝတ္တရားကျေတယ်!”

သခင်ကြီး ကျီက ဖန့်ရှောင်နွမ်ကို တစ်ချိန်လုံး ချီးမွမ်းနေခဲ့သည်။ အိမ်တော်ထိန်းတောင် သူ့စကားတွေထဲက ဂုဏ်ယူနေမှုနဲ့ ကျေနပ်မှုတို့ကို ကြားနိုင်သည်။

“မဒမ်လေးက သာမန်မိသားစုက သမီးတွေနဲ့ မတူဘူး။ သူမက အမြဲတမ်း ကျီစယ်တတ်ပြီး လိုတဲ့အခါမှာထုတ်သုံးဖို့လှည့်ကွက်တွေလည်း အများကြီးရှိတယ်။”

"မှန်တယ်။ သူမက ကျီမိသားစုရဲ့ချွေးမပဲ " သခင်ကြီး ကျီ ဂုဏ်ယူစွာပြောလိုက်သည်။ "လင်းချန် ရှောင်နွမ်ကိုလက်ထပ်ပြီးကတည်းက ဒီကလေးမလေးက ဖန်ချီကို အနိုင်ရရုံတင်မကဘူး၊ သူက ငါ့ကိုလည်း အများကြီးပြန်စဉ်းစားစေခဲ့တယ်။ သူမက လင်းချန်ရဲ့ ပင်ကိုအမူအကျင့်တွေကိုတောင် ပြောင်းလဲသွားစေခဲ့တယ်!”

"အရင်က လင်းချန် တစ်ယောက်ယောက်ကို ပြုံးပြနေတာကို မြင်ဖူးလား။ အခု သူ့ကို ကြည့်လိုက်။ ရှောင်နွမ် ကို မြင်တိုင်း သူ အရမ်းပျော်ပြီးပြုံးနေတာ!”

သခင်ကြီး ကျီ စကားပိုပြောလေလေ ရှောင်နွမ်က တကယ်ကို ကြီးမြတ်တယ်လို့ ခံစားလာလေလေပင်။ ဒါပေမယ့် ရုတ်တရက် တစ်ခုခုကို တွေးမိသွားပြီး ပြောလိုက်သည်။ “ဒါက ထူးဆန်းတယ်။ ဒီနေ့ စမ်းစားကြည့်ဖို့ ရှောင်နွမ်က ဘာအစားအစာတွေကိုများ စီစဉ်ထားမလဲ"

ခဏကြာတော့ ကျောင်းခေါင်းလောင်းသံ မြည်လာသည်။ အတန်းပြီးသွားပြီ။

ဖန့်ရှောင်နွမ်နဲ့ ကျီဝမ်တို့ စာသင်ခန်းမှ ထွက်လာပြီး ကွင်းပြင်ဆီသို့ လျှောက်လာခဲ့ကြသည်။

"ရှောင်နွမ်၊ ရှောင်ဝမ်၊ သခင်ကြီး ကျီ နင်တို့ကို ကွင်းပြင်မှာ စောင့်နေတုန်းပဲ။ နင်တို့အရင်သွားလိုက်။ ငါအဝတ်အစားလဲလိုက်ဦးမယ်။ ငါ မကြာခင် လိုက်လာခဲ့မယ်!" လျိုစစ်ယွီက သူတို့နှစ်ယောက်ကို ပြောလိုက်သည် ။

သူတို့ နှစ်ယောက် ကွင်းပြင်ထဲ ရောက်သွားကြသည်။ကွင်းပြင်အလယ်မှာ ရပ်နေတဲ့ အဖိုးကြီးကို မေ့နေဖို့ဆိုတာ မဖြစ်နိုင်ပေ။

"အဲဒါ ငါ့အဖိုးဟုတ်လား" ကျီဝမ် ကွင်းလယ်ကို ညွှန်ပြပြီး မေးလိုက်သည်။ “အိမ်တော်ထိန်းလည်း ပါလာတာပဲ”

ဖန့်ရှောင်နွမ်လည်း သူတို့ကိုမြင်သည်။ "အဖေ!"

သခင်ကြီးကျီက သူမအသံကိုကြားပြီး လှည့်ကြည့်လာသည်။ သူ့ချွေးမနဲ့ သူမဘေးက ကပ်စီးနဲ မြေးလေးကို ချက်ချင်းတွေ့လိုက်ရသည်။

"ရှောင်နွမ်၊ ငါ နင့်ကို လာကြိုဖို့ ရောက်နေတာ!" သခင်ကြီးကျီရဲ့ကြိမ်တုတ်က သူ၏ လမ်းလျှောက်နှုန်းကို ထိခိုက်စေသည်ဟု စတင်ညည်းညူလာသည်။ သူ ချက်ချင်းပင် တုတ်ကိုမကာ ဖန့်ရှောင်နွမ် ဆီသို့ အမြန်လျှောက်သွားလိုက်သည်။

သူ့လက်ထဲက ကြိမ်တုတ်က ရှေးခေတ် သူရဲကောင်းတစ်ယောက်ရဲ့ လက်ထဲက ဓားတစ်လက်လို ဖြစ်နေသည်။ ကွာခြားချက်မှာ သူရဲကောင်းကြီးရဲ့ ဓားကို သူ့ခါးမှာ ချိတ်ဆွဲထားလေ့ရှိပြီး သခင်ကြီး ကျီကတော့ ၎င်းကို ကိုင်ထားသည်။

ဖန့်ရှောင်နွမ် ထိုနေရာသို့ သွားခဲ့ပြီး မရေမတွက်နိုင်သော မျက်လုံးအစုံတွေက သူမကို စိုက်ကြည့်နေကြသည်။ “အဖေ” လို့ အသံကျယ်ကျယ်ဖြင့် အော်လိုက်ရာ မျက်လုံးတွေက သူမဘက်သို့ ပိုလှည့်ကြည့်လာကြသည်။

သခင်ကြီးက ဖန့်ရှောင်နွမ်နဲ့ ပျော်ရွှင်စွာ တွေ့ဆုံခဲ့သည်။

ကျီဝမ်က သခင်ကြီး ကျီကိုမြင်ပြီး "အဖိုး" လို့ ပြုံးပြီး ချိုသာစွာ အော်လိုက်သည်။

"ခွေးသား!" သခင်ကြီး ကျီက လမ်းလျှောက်တုတ်ကိုယူကာ ကျီဝမ်ရဲ့ဖင်ကို ရိုက်လိုက်သည်။ "ဘာလို့ ငါကိုချိုချိုသာသာနဲ့ နှုတ်ဆက်နေတာလဲ။ မင်း မင်းအဖိုးကို ရှက်နေတာလား"

ကျီဝမ် ခေါင်းခါပြီး တင်ပါးကို ပွတ်ကာ ရှင်းပြလိုက်သည်။ “မဟုတ်ပါဘူး အဖိုးရာ။ အိုး အဒေါ့် ကိစ္စတွေ အရင်ရှင်းသွားအောင် အဖိုး ကူညီပေးသင့်တယ်!”

သခင်ကြီး ကျီ ပဟေဠိဖြစ်သွားသည်။ “ဘာကို ရှင်းရမှာလဲ"

သူတို့နှစ်ယောက် မဖြေခင်တွင် ကွင်းပြင်ရှိလူတွေက စိတ်ပါလက်ပါ ဆွေးနွေးနေကြသည်။

"မြန်မြန်လေး ကြည့်လိုက်၊ မနေ့က ဖန့်ရှောင်နွမ်နဲ့ အတူရှိခဲ့တဲ့ အဖိုးကြီး မဟုတ်ဘူးလား"

“ဟုတ်တယ် အဲ့ဒါ သူပဲ။ ဒါပေမယ့် သူမ သူ့ကို အဖေလို့ ခေါ်လိုက်တာ။ သူမရဲ့အဖေက ဘယ်လိုဖြစ်ပြီး အရမ်းအသက်ကြီးနေတာလဲ”

"အဲ့ဒီအဖိုးကြီးက ငါ့ရဲ့ဆွဲဆောင်မှုရှိတဲ့ မင်းသားလေး ကို ဘာလို့ ရိုက်ရတာလဲ။ သူက ဖန့်ရှောင်နွမ်ရဲ့အဖေမဟုတ်ဘူးလား။ သူနဲ့ ဘာဆိုင်လို့လဲ"

All Chapters