အခန်း (၁၄၇)
Vol. 10 Ch. 147
"ကူညီကြပါ! မဟုတ်ဘူး!” ကောင်မလေးက ဖန့်ရှောင်နွမ် သူမထံ ထပ်မံချဉ်းကပ်လာသည်ကိုမြင်ပြီး သနားညှာတာရန် တောင်းပန်ခဲ့သည်။ "တောင်းပန်ပါတယ် ငါမှားသွားတာ ငါသိပါပြီ။ ငါ ဘာမှ မပြောသင့်ပါဘူး ငါ…”
ဒါပေမယ့် ဖန့်ရှောင်နွမ်က သူမအား ထိုကဲ့သို့ လွှတ်ပေးရန် မရည်ရွယ်ခဲ့ပေ။
ပတ်ဝန်းကျင်က ကောင်လေးတွေက ဒါကိုမြင်တော့ သူမကို မတားရဲတော့ပေ။ သူတို့ဘာသာ တွေးနေကြတာက သူမက ဒီလို နူးညံ့ ချစ်ဖို့ကောင်းပြီး သေးငယ်တဲ့ ကျောင်းရဲ့ အလှလေးလား။ ဒါက အရမ်းကြောက်စရာကောင်းတယ်။
ကွင်းပြင်တွင် ရုန်းရင်းဆန်ခတ်ဖြစ်မှုက ကျောင်းခေါင်းဆောင်များကို လျင်မြန်စွာ သတိပေးခဲ့သည်။
“ကျောင်းသူ/သားတွေ အုပ်စုဖွဲ့ တိုက်ခိုက်နေကြတယ်။ သူတို့ကို ခွဲထုတ်ဖို့ နည်းလမ်းမရှိဘူး။ ရဲကိုခေါ်၊ ရဲကိုအမြန်ခေါ်လိုက်။”
ထို့နောက် ကျောင်းခေါင်းဆောင် ငါးယောက်က ကွင်းပြင်တွင် တစ်ယောက်ပြီး တစ်ယောက် ပေါ်လာပြီး ကျောင်းအုပ်ကြီး၏ နောက်မှ လိုက်လာကြသည်။
ဒါပေမယ့်လည်း ကျောင်းအုပ်ကြီးက ကွင်းအလယ်မှာ အဖိုးကြီးရပ်နေတာကို တွေ့တော့ ကျောင်းသားတွေကို ပြစ်တင်ဆုံးမဖို့ သူ မနှောင့်ယှက်ခဲ့ပါပေ။ သူ ထိတ်လန့်တကြား ကမန်းကတန်း ဦးညွတ်ပြီးပြောလိုက်သည်။ “နေ နေကောင်းကျန်းမာပါရဲ့လား သခင်ကြီး ကျီ ”
သခင်ကြီး ကျီ ဒေါသထွက်နေသည်။ ကွင်းပြင်ရှိ ဆရာများနှင့် ကျောင်းသူ/သားများအားလုံး ရှေ့မှာ သူရှေ့ကို လှမ်းလာပြီး ကျောင်းအုပ်ကြီးအား ပါးရိုက်ဖို့လက်ရွယ်လိုက်သည်။
လူတိုင်း ကြက်သေသေသွားကြသည်။ ဖန့်ရှောင်နွမ်ရဲ့ "အဖေ" က ကျောင်းအုပ်ကို လူတိုင်းရှေ့မှာ ရိုက်လိုက်တာလား။ မယုံနိုင်လောက်စရာပဲ။
"မင်းရဲ့ကျောင်းဖိုရမ်မှာ ဖန့်ရှောင်နွမ် အကြောင်းတင်ထားတဲ့ ပို့စ်တွေကို မြင်ပြီးပြီလား" သခင်ကြီး ကျီ မေးလိုက်သည်။
ကျောင်းအုပ်ကြီးက အမြန်တောင်းပန်လိုက်သည်။ “တောင်းပန်ပါတယ် သခင်ကြီး ကျီ။ ကျွန်တော် ဒါကို ကောင်းကောင်း မကိုင်တွယ်ခဲ့မိတာပါ။ ကျေးဇူးပြုပြီး ကျွန်တော့်ကို အပြစ်ပေးပါ!"
“ငါ့ချွေးမက ကျောင်းမှာ နာနာခံခံနဲ့ စာသင်နေတာ။ သူ ငါ့ကို အစားအသောက်တစ်နပ် လိုက်ကျွေးဖို့ ခေါ်သွားတာကို လူတွေက ငါ့ကို သူ့ရဲ့ sugar ဒယ်ဒီလို့ ပြောနေကြတယ်။ အပြစ်ပေးရမှာလား။ မင်းကို အလုပ်ထုတ်ပစ်လိုက်တာက သိပ်ကို သက်တောင့်သက်သာ ရှိလိမ့်မယ်!” သခင်ကြီး ကျီရဲ့အသံ ထွက်ပေါ်လာသည်။
လူတိုင်း အဖိုးကြီးရဲ့ စကားလုံးများထဲက အဓိကချက်စာလုံးများကို ဖမ်းမိခဲ့ကြသည်။ ဖန့်ရှောင်နွမ်၊ ချွေးမ၊ သခင်ကြီး ကျီ၊ ကျောင်းအုပ်ကို အလုပ်ထုတ်မယ်။
ကျောင်းအုပ်ကြီးက ထပ်ခါတလဲလဲ တောင်းပန်လိုက်သည်။ "တောင်းပန်ပါတယ်၊ ကျွန်တော်တို့... ဒါကို CEO ကျီ ဆီ အစီရင်ခံဖို့ လုပ်ထားပါတယ်။ ဒီအဆင့်အထိ တက်လာလိမ့်မယ်လို့ ကျွန်တော်တို့ မမျှော်လင့်ထားမိဘူး။”
"သခင်ကြီး ကျီ ကျေးဇူးပြုပြီး စိတ်လျှော့ပါ။ ဒီကိစ္စအတွက် သခင်လေးကို သေချာရှင်းပြပေးပါ့မယ်။”
အနီးနားရှိ ကျောင်းသားခေါင်းဆောင်တွေက ဖန့်ရှောင်နွမ် အတွက် စိုးရိမ်ပူပန်မှုပြရန် ပြေးလာပြီး သူမအတွက် တစ်ခုခုဖြစ်လာမည်ကို စိုးရိမ်ကြသည်။ တစ်ခုခုဖြစ်ခဲ့ရင် သူတို့အလုပ်တွေ ထိခိုက်လိမ့်မယ်။
ဒါပေမယ့် ဖန့်ရှောင်နွမ် အရိုက်ခံရသည်ကိုမြင်သောအခါ ကျောင်းသားခေါင်းဆောင်တွေက သူတို့ရဲ့လမ်းကိုရပ်တန့်ကာ "မဒမ်လေး" လို့ကြောက်လန့်တကြား အော်လိုက်ကြလေသည်။
သခင်ကြီးကျီက ဖန့်ရှောင်နွမ်ရဲ့ လက်တွေမှာ သွေးတွေနဲ့ သူမရဲ့ လက်မောင်းများပေါ်တွင် ခြစ်ရာများကို မြင်တွေ့ခဲ့ရသည်။ "ငါ့ချွေးမ တစ်ခုခုဖြစ်ခဲ့ရင်..... မင်းတို့ ကျောင်းခေါင်းဆောင်တွေ အကုန်လုံး ပျောက်သွားကြ!"
ထိုသို့ပြောပြီးနောက် သူ ဖန့်ရှောင်နွမ်ရဲ့လက်တွေကို စစ်ဆေးရန် အမြန်သွားခဲ့သည်။ “သွေးတွေ အများကြီးပဲ။ နာနေလား"
"အဖေ၊ ဒါသူများရဲ့ သွေးတွေ ကျွန်မရဲ့သွေးမဟုတ်ဘူး" ဖန့်ရှောင်နွမ် ပြောလိုက်သည်။
သခင်ကြီး ကျီ ခဏမျှ နှုတ်ဆိတ်သွားသည်။ ထို့နောက် သူပြောလိုက်သည်။ “မင်းရဲ့လက်တွေက ခွန်အားတွေ အများကြီး သုံးထားရတော့ နာနေမှာပဲ!”
လူတိုင်း ရှောခ့်ရသွားကြသည်။ အရိုက်ခံရတဲ့သူက ပိုလို့တောင် နာကျင်နေမှာပဲ။
သခင်ကြီး ကျီက သူ့ချွေးမကို သေသေချာချာ စစ်ဆေးဖို့ ဆေးရုံကို ခေါ်လာခါနီးမှာ ရဲတွေ ရောက်လာသည်။ ရဲကို ဦးဆောင်လာသူမှာ အမှန်တကယ်တော့ လျိုစစ်ယန် ဖြစ်သည်။
"F*ck အဲ့ဒါ ငါ့အစ်ကိုပဲ!" လျိုစစ်ယွီ ထွက်ပြေးချင်လာသည်။ အကယ်၍ သူမရဲ့အစ်ကိုဖြစ်သူသာ သူမ ဒီရန်ပွဲမှာ ပါဝင်ခဲ့ကြောင်း သိသွားရင် သူမ ပြီးသွားလိမ့်မည်။
လျိုစစ်ယန် ထွက်ပြေးသွားသော ပုံရိပ်ကို ကြည့်ခဲ့သည်။ သူ ကူကယ်ရာမဲ့ ခေါင်းခါလိုက်မိသည်။ ဒီမိန်းကလေးနဲ့ မဆက်ဆံခင် သူအိမ်ပြန်ရောက်တဲ့အထိစောင့်လိုက်တာက ပိုကောင်းသည်။
…
ကျီလင်းချန်က ကျီ ကော်ပိုရေးရှင်း ရုံးခန်းအဆောက်အဦး၏ အစည်းအဝေးတစ်ခုရဲ့အလယ်မှာရှိနေသည်။ ရုတ်တရက် လက်ထောက် လျိုက အစည်းအဝေးခန်းထဲသို့ ပြေးဝင်လာသည်။ "CEO၊ ရဲစခန်းကို ချက်ချင်းသွားမှဖြစ်မယ်။"
ကျီလင်းချန် မျက်မှောင်ကြုတ်လိုက်သည်။ သူ လက်ထောက်လျိုရဲ့ လုပ်ရပ်ကို သူ လွန်စွာ မကျေနပ်ပေ။ နမည်းမှောင်နေတဲ့အမူအရာဖြင့် မေးလိုက်သည်။ “ဘာဖြစ်တာလဲ၊ မင်း ဘာလို့ ဒီလောက် ကမူးရှူးထိုးဖြစ်နေတာလဲ"
လက်ထောက် လျို ပြောလိုက်သည်။ "မဒမ်က..."
လက်ထောက် လျို ဒီစကားသုံးလုံးကို ပြောပြီးနောက် ကျီလင်းချန် ချက်ချင်း ထရပ်ပြီး "အစည်းအဝေးကို ရွှေ့လိုက်ပြီ" လို့ ပြောလိုက်သည်။ သူက တခြားဘာမှ မပြောဘူး။ သူ အစည်းအဝေးခန်းမှ အမြန်ထွက်လာခဲ့သည်။
အစည်းဝေးခန်းထဲက အထက်လူကြီးတွေက တစ်ယောက်ကို တစ်ယောက် ကြည့်နေသည်။ စီအီးအိုကို ဒီလိုမြင်ဖူးတာ ဒါပထမဆုံးဘဲ။ ဒဏ္ဍာရီလာ မဒမ်က ဘာဖြစ်သွားလို့လဲ။
အားလုံးက သူတို့အချင်းချင်း ဆွေးနွေးကြပြီး ကျန်းရွေ့ကို ထိုအကြောင်း မေးကြသည်။ ကျန်းရွေ့ သာလျှင် CEO ရဲ့ဇနီးနှင့် တုံ့ပြန်ဖူးသည်။
ကျန်းရွေ့ပြောလိုက်သည်။ “ CEO ရဲ့ဇနီးက အရမ်းငယ်တယ်။ ကြည့်ရတာ ကလေးမလေးတစ်ယောက်လိုပဲ။”
ကလေးမလေးနဲ့တူတဲ့ CEO ရဲ့ဇနီးက တစ်ယောက်ယောက်ကို တကယ်ရိုက်လိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။ လူအများအပြားကို အရေးပေါ်လူနာတင်ယာဉ်ဖြင့် ခေါ်ဆောင်သွားခဲ့ရသည်။
ကျီဝမ် အဖမ်းခံလိုက်ရပြီး ဖန့်ရှောင်နွမ်လည်း အလားတူပင်။ သခင်ကြီး ကျီက သူတို့ နှစ်ယောက်ကို စိတ်ပူလို့ ရဲစခန်းကို လိုက်သွားခဲ့သည်။
အဖွဲ့ကို ဦးဆောင်သူမှာ လျိုစစ်ယန် ဖြစ်သည်။ ဒီလူက အရမ်းရဲရင့်သည်။ သူ သူ့ကို ခြိမ်းခြောက်ခဲ့သည့်တိုင် အရာရှိက သူ့ချွေးမနှင့် မြေးကို ပြတ်ပြတ်သားသား ခေါ်သွားသေးသည်။ ကံကောင်းထောက်မစွာ ဤဗိုလ်ကြီးက သူ့မြေးနဲ့ချွေးမကို သိသည်။
ရဲစခန်းသို့ ရောက်ရှိလာပြီးနောက် ဖန့်ရှောင်နွမ်နဲ့ ကျီဝမ် တို့ကို ခေတ္တထိန်းသိမ်းခဲ့သည်။ ရန်ပွဲတွင် ပါဝင်ခဲ့သည့် ကျောင်းသူတချို့ကိုလည်း ဖမ်းဆီးထားသည်။
လူစုလူဝေးဖြစ်ပြီး ထပ်ပြီး ရန်ဖြစ်ခြင်းမှ တားဆီးရန်အတွက် ခွဲထားခဲ့ကြသည်။ ကျီဝမ်နဲ့ ဖန့်ရှောင်နွမ်တို့ကို အတူတူ ထိန်းသိမ်းထားပြီး အခြားသူတွေကိုလည်း အတူတူ ထိန်းသိမ်းထားခဲ့သည်။
"လင်းချမ် ဘာလို့ဒီလိုပုံစံဖြစ်သွားတာလဲ။ နင်လုပ်လိုက်တာလား။" ဖန့်ရှောင်နွမ် မေးလိုက်သည်။
ကျီဝမ် ပြောလိုက်သည်။ “ဟုတ်တယ်။ ငါနင်ကိုပြောပြစရာရှိသေးတယ်။ လင်းချမ်က ပလပ်စတစ်ဆာဂျရီ ခွဲစိတ်မှုလုပ်ထားတာပဲဖြစ်မယ်။ သူ့နှာခေါင်းက အတုကြီး။ ပြီးတော့ သူ့ မေးစေ့အောက်မှာ တစ်ခုခုရှိနေတယ်။"