အခန်း (၁၄၈)
Vol. 10 Ch. 148
ဖန့်ရှောင်နွမ် အံ့အားသင့်စွာဖြင့် မေးလိုက်သည်။ "သေစမ် ဒါအမှန်ပဲလား"
“ဟုတ်တယ် ဒါအမှန်ပဲ။ စောစောက သူ့မျက်နှာကို ငါချိန်ထားတာ။ သူ့မျက်နှာက ပုံပျက်နေတယ်!” လို့ ကျီဝမ် ပြန်ဖြေလိုက်သည်။
ဖန့်ရှောင်နွမ် ကျီဝမ်ကို လက်မထောင်ပြလိုက်သည်။ "ရှောင်ဝမ်၊ ဒီတစ်ခေါက်တော့ အခုကစပြီး နင့်ကို အိမ်မှာ ကာကွယ်ပေးမယ်။"
ကျီဝမ် သူ့ဆံပင်ကို ဘဝင်ခိုက်စွာလှန်လိုက်သည်။
သခင်ကြီး ကျီကို အချုပ်ထဲမထည့်ထားသော်လည်း သူခွေးခြေတစ်ခုကို တံခါးဆီသို့ ရွှေ့လိုက်ပြီး သူတို့နဲ့အတူအဖော်နေပေးနေခဲ့သည်။
"ရှောင်နွမ်၊ မင်းက လုံးဝကို မနူးညံ့ဘူး။ မင်းက နည်းနည်းလေး သွေးဆူလွန်းတယ်!” သခင်ကြီး ကျီ ပြောလိုက်သည်။ သူ့ချွေးမနဲ့ ဟာသလုပ်ဖို့ စိတ်ကူးရှိနေသေးသည်။
ကျီဝမ်က ဖန့်ရှောင်နွမ်ရဲ့မျက်နှာကို ညွှန်ပြပြီး ဝမ်းနည်းစွာ ပြောလိုက်သည်။ "အဖိုး၊ အဖိုးကို ကျွန်တော်ပြောပြီးပြီ။ သူမရဲ့အသွင်အပြင်ကြောင့် လှည့်စားမခံနဲ့လို့။ များသောအားဖြင့် သူမက အရမ်းရက်စက်တယ်!”
ဖန့်ရှောင်နွမ်က ကျီဝမ်ရဲ့တင်ပါးကို ကန်ပြီးနောက် သူမရဲ့ပုံရိပ်ကို ပြန်လည်ကယ်တင်ရန် ကြိုးစားခဲ့သည်။ “အဖေ၊ ကျွန်မက အိမ်မှာဆို အရမ်း နူးညံ့တာ။ ကျွန်မရဲ့ဒေါသကို အဖေ ဘယ်တုန်းက မြင်ဖူးလဲ။ ကျွန်မက နူးညံ့သိမ်မွေ့ပြီး နာခံတတ်ပါတယ်!”
“သူတို့ ကျွန်မရဲ့စိတ်ကိုမဆွခဲ့ဘူးဆိုရင် ကျွန်မ ဒေါသထွက်မှာ မဟုတ်ဘူး။ ဒါ့ပြင် ဘယ်သူက အလကားနေရင်း ဒေါသထွက်မှာလဲ ဟုတ်တယ်မလား” သူမပြောလိုက်သည့်တိုင် အနည်းငယ် အပြစ်ရှိသလို ခံစားရသည်။
သခင်ကြီး ကျီ ခေါင်းညိတ်ပြလိုက်သော်လည်း ဒုတိယအတွေးတွင် သူပြောလိုက်သည်။ “အဲဒါ မမှန်ဘူး။ ငါတို့ ဘယ်လောက်ပဲ ဒေါသထွက်နေပါစေ ငါတို့ ဒီလောက် မရက်စက်သင့်ဘူး!"
ရန်ဖြစ်နေတဲ့အချိန်မှာ သူမက မိန်းကလေးတွေရဲ့ ဆံပင်ပေါင်းများစွာကို ဆွဲပြီး သူမ၏မျက်နှာကို မြေပြင်နဲ့ပင် ပွတ်ခဲ့သည်။
ဖန့်ရှောင်နွမ် လျင်မြန်စွာ နာခံချင်ယောင်ဆောင်ကာ ပြောလိုက်သည်။ "အိုး၊ အဖေ၊ ဒါဖြင့် ကျွန်မကို ပြောပါဦး။ သူတို့ပြောတာက ကြောက်စရာကောင်းတယ်။ ကျွန်မတို့ သူတို့ကို မရိုက်သင့်ဘူးလား"
သခင်ကြီး ကျီက အဲဒီလူတွေ ပြောတာကို တွေးပြီး မကူညီနိုင်ဘဲ ဒေါသထွက်ခဲ့သည်။ သူ စိတ်လှုပ်ရှားစွာ သူ့ရဲ့လမ်းလျှောက်တုတ်ကို မြှောက်ပြီး ပြောလိုက်သည်။ "ငါတို့ သူတို့ကို ရိုက်သင့်တာပေါ့!"
သူတို့ကို အခန်းကပ်ရပ် အချုပ်ခန်းထဲထည့်ထားသည်။ ဘေးဘက် အချုပ်ခန်းထဲက ကျောင်းသူတွေက သူတို့ပြောနေတာကို ကြားတော့ အားလုံး ပဟေဠိဖြစ်သွားကြသည်။ ဖန့်ရှောင်နွမ်က အဖိုးကြီးကို “အဖေ” လို့ ခေါ်လိုက်တာကို သူတို့ ရှင်းရှင်းလင်းလင်း မြင်ခဲ့ရပေမယ့် ကျီဝမ်က ဘာလို့ အဖိုးကြီးကို “အဖိုး” လို့ ခေါ်တာလဲ။ ဖန့်ရှောင်နွမ်က ကျီဝမ်ရဲ့ ချစ်သူ မဟုတ်ဘူးလား။ သူတို့ရဲ့ဆက်ဆံရေးက ဘာတွေလဲ။
ဒါပေမယ့် အခင်းဖြစ်ပွားရာနေရာကို ရောက်လာတဲ့ နောက်လူကတော့ လူတိုင်းကို ရှောခ့်ရသွားစေခဲ့သည်။
ကျီလင်းချန် ရောက်လာသည်။ သူ့မိန်းမကို ခေါ်ထုတ်ဖို့ ရဲစခန်းကို ကိုယ်တိုင်ကိုယ်ကျ ရောက်လာတာ။ ဟုတ်ပါတယ်၊ သူလည်း ဒီရောက်လာပြီဆိုကတည်းက သူ့တူကိုလည်း ထုတ်ပေးဖို့ပင်။
ဒီကိုလာတဲ့လမ်းမှာ ဖြစ်ပျက်ခဲ့တာတွေကို သူသိလိုက်ရသည်။
"စီအီးအို ကျီ၊ ဒါက ရဲစခန်းမှာ မဒမ် ဘယ်လိုရောက်သွားရတယ်ဆိုတာပါပဲ " လက်ထောက် လျိုက ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်ကို ရှင်းပြခဲ့သည်။
ကျီလင်းချန်ရဲ့ အမူအရာက တစ်ပုံစံတည်းပဲ။ သူ “သူမ ဒါဏ်ရာရသွားလား” လို့ မေးလိုက်သည်။
လက်ထောက် လျိုက ပြန်ဖြေခဲ့သည်။ “ကျွန်တော် ဒဏ်ရာရမယ်လို့ မထင်ပါဘူး။ ကျန်တဲ့သူတွေကတော့ ဒဏ်ရာရထားကြတယ်။”
ကျီလင်းချန် မေးလိုက်သည်။ “ဒါတွေကို ဘယ်သူက ကြိုးကိုင်ထားတာလဲ”
လက်ထောက် လျို ပြန်ဖြေလိုက်သည်။ "လင်းချမ် ပါ"
ကျီလင်းချန်ရဲ့ အမူအရာက မည်းမှောင်သွားသည်။ "ထပ်ပြီးတော့ လင်းမိသားစုပဲလား" ထို့နောက်သူ ဆက်ပြောခဲ့သည်။
“ကျင်းတက္ကသိုလ်ကို ချက်ချင်ဝယ်လိုက်။ ပြီးရင် ဖန့်ရှောင်နွမ်ရဲ့ နာမည်အောက်မှာ ထားလိုက်။ ဒါကို ပြည်သူတွေဆီ အသိပေးလိုက်။” ထိုသို့ပြောပြီးနောက် ကျီလင်းချန် ကားပေါ်မှ ဆင်းလာခဲ့သည်။
လက်ထောက် လျိုက CEO ဘာကိုဆိုလိုတယ်ဆိုတာကို နားလည်သည်။ သူ သူ့မိန်းမကို ကာကွယ်ဖို့ စပြီးလုပ်နေပြီ။
ကျီလင်းချန် ရဲစခန်းကို ရောက်လာခဲ့သည်။
"သား၊ မင်းရောက်လာပြီလား " သခင်ကြီး ကျီက သူ့သားကို ပျော်ရွှင်စွာ နှုတ်ဆက်လိုက်သည်။
အချုပ်ခန်းထဲ ရောက်နေတဲ့ ကျောင်းသူတွေက ဘယ်သူ ရောက်လာတယ်ဆိုတာကို မြင်သွားတော့ သူတို့ရှောခ့်ရသွားကြပြီး မေးရိုးတွေ ကြမ်းပြင်ပေါ်ပြုတ်ကျသွားကြသည်။ ကျီလင်းချန်က စီးပွားရေးလောက၏ ဘုရင်ဖြစ်ပြီး သူတို့ရဲ့အတန်းချိန်အတွင်း စကားစမြည်ပြောကြသည့် ဘာသာရပ်တစ်ခုဖြစ်သည်။ ထိုလူကြီးက ကျီလင်းချန်ရဲ့အဖေ ဖြစ်သည်။
ဒါပေမယ့် ဒါက ထိတ်လန့်စရာ အကောင်းဆုံးအရာတော့ မဟုတ်ပါချေ။
အချုပ်ခန်းထဲမှာ ပိတ်လှောင်ခံထားရတဲ့ ဖန့်ရှောင်နွမ် ကို သခင်ကြီး ကျီက လက်ညှိုးထိုးပြပြီး ပြောလိုက်သည်။ "မင်းက ဘယ်လိုယောကျ်ားလဲ။ မင်းမိန်းမ ကျောင်းမှာ အနိုင်ကျင့်ခံရတယ်။ မင်း ဒီကိုရောက်ဖို့ အချိန်တော်တော်ယူရတယ်ပေါ့!”
ရှောခ့်ရသွားပြီး! လူတိုင်း ရှောခ့်ရသွားကြသည်။
လူအုပ်ထဲက တစ်ယောက်ယောက်က ရုတ်တရက် တိုးတိုးလေးပြောခဲ့သည်။ "ဖန့်ရှောင်နွမ်က တကယ်လက်ထပ်ထားတာပဲ ပြီးတော့ သူမ ယောကျ်ားက..."
အားလုံးရဲ့အကြည့်တွေက စီးပွားရေးလောကရဲ့ ဘုရင်ဆီရောက်သွားကြသည်။
ကျီလင်းချန်က အချုပ်ခန်းရှေ့မှာ ရပ်ကာ ဒဏ်ရာရနေတဲ့ တိရိစ္ဆာန်လေးတစ်ကောင်လို ကောက်ကွေးနေတဲ့ သူ့ဇနီးကို ကြည့်လိုက်သည်။ "မင်း ရန်ဖြစ်ခဲ့တာလား"
ကျီလင်းချန်ရဲ့ အသံကိုကြားတော့ ဖန့်ရှောင်နွမ် ချက်ချင်းစိတ်မကောင်းဖြစ်သွားသည်။ သူမရဲ့နှာခေါင်းက ပူလောင်လာပြီး ပါးပြင်ပေါ်သို့ မျက်ရည်တွေ စီးကျလာသည်။ သူမနှုတ်ခမ်းစူပြီး ခေါင်းညိတ်ခဲ့သည်။
ကျီလင်းချန် ထပ်မေးလိုက်သည်။ "မင်းနိုင်လား။"
ဖန့်ရှောင်နွမ် ပိုလို့တောင် စိတ်မကောင်းဖြစ်သွားသည်။ ခေါင်းညိတ်ရင်း ကျယ်လောင်စွာငိုရင်း မျက်ရည်တွေကို သုတ်လိုက်သည်။ သူမ အပြစ်လုပ်ခဲ့မိသလိုပဲ။ အနိုင်ကျင့်ခံရတဲ့သူက တခြားသူမဟုတ်ဘဲ သူမလိုပင်။
ကျီဝမ် ကြက်သေသေသွားသည်။ ဖန့်ရှောင်နွမ် ရုတ်တရတ် ထငိုလာလိမ့်မယ်လို့ သူ မမျှော်လင့်ထားပေ။ “ဒေါ်လေး၊ မငိုပါနဲ့။ ငါ့ဦးလေး ဒီမှာရောက်နေပြီ မဟုတ်ဘူးလား"
ကျီလင်းချန်မှာ သူမကို ချော့ဖို့ ရည်ရွယ်ချက်မရှိပေ။ သူပြောလိုက်သည်။ “အနိုင်ရတာကို မင်းက ဘာလို့ ငိုနေတာလဲ
ဖန့်ရှောင်နွမ် ငိုယိုပြီး ချွဲခဲ့သည်။ "ရှင် ကျွန်မကို စိတ်ဆိုးသွားမှာစိုးလို့" နောက်ဆုံးတော့ သူမက သူမရဲ့ယောကျ်ားကိုပြဿနာရှာနေတုန်းပဲ။ သူ ဒေါသထွက်ပြီး သူမကို မုန်းသွားမှာကို ကြောက်သည်။ သူမယောကျ်ားက သူမကို မုန်းသွားမှာကို တွေးလိုက်သောအခါတွင် သူမ နှလုံးသားထဲ ဖော်မပြနိုင်သော နာကျင်မှုကို ခံစားခဲ့ရသည်။ အဲဒါကြောင့် သူမ ထိန်းမနိုင်သိမ်းမရ စငိုတော့သည်။