အခန်း (၁၄၉)
Vol. 10 Ch. 149
ကျီလင်းချန်က သူ့ဇနီး ထိုကဲ့သို့ ငိုကြွေးနေသည်ကို မြင်သောအခါ သူ့နှလုံးသား နာကျင်သွားသည်။ သူမကို ပွေ့ဖက်ပြီး နှစ်သိမ့်ပေးချင်လာသည်။ သူဘယ်လိုလုပ်ဒေါသထွက်နိုင်မှာလဲ။ သူပြုံးပြီး သူ့မိန်းမကို လက်ပြလိုက်သည်။ "ဒီကိုလာ"
ဖန့်ရှောင်နွမ် နောက်ပြန်ဆုတ်သွားပြီး ခေါင်းယမ်းလိုက်သည်။ "ကျွန်မ ကြောက်တယ်။"
သခင်ကြီး ကျီ ပြောလိုက်သည်။ "ရှောင်နွမ်၊ မင်းရဲ့သတ္တိက ဘယ်ရောက်သွားတာလဲ။ လင်းချန်ကိုတွေ့တော့ မင်းဘာလို့ကြောက်နေတာလဲ။"
ကျီလင်းချန်ရဲ့ အကြည့်က ဇနီးဖြစ်သူ၏ လက်မောင်းပေါ်ရှိ ဒဏ်ရာတွေပေါ် ရောက်သွားသည်။ သူ့မျက်လုံးတွေ မည်းမှောင်သွားပြီး သူ့စိတ်တွေ ချက်ချင်း နစ်မြုပ်သွားသည်။ ယခု သူက အန္တရာယ်ရှိတဲ့ သားရဲတစ်ကောင်လို ဖြစ်နေပြီး သူ့မျက်လုံးတွေက သွေးဆာနေသည်။
ဖန့်ရှောင်နွမ် အလွန်သတိထားမိသည်။ ခင်ပွန်းသည်၏ အမူအရာပြောင်းလဲသွားသည်ကို သူမချက်ချင်းသတိပြုမိသော်လည်း သူမကို စိတ်ဆိုးသွားသည်ဟုထင်ခဲ့သည်။ သူမ မထိန်းနိုင်တော့ဘဲ ကျယ်လောင်စွာ ငိုပစ်လိုက်သည်။
ကျီဝမ် မျက်မှောင်ကြုတ်လိုက်သည်။ "ဘာဖြစ်နေတာလဲ။ နင်ဘာလို့ ထပ်ငိုနေပြန်တာလဲ"
"ယောကျ်ား၊ ကျွန်မမှားသွားပါတယ်" သူမ ရှိုက်ငိုနေသည်။ ဖန့်ရှောင်နွမ်က သူမရဲ့အမှားကို ဝန်ခံပြီး ငိုနေခဲ့သည်။
ရဲအရာရှိက သည်းမခံနိုင်တော့ပေ။ သူ အချုပ်ခန်းတံခါးကိုဖွင့်ပြီး ဖန့်ရှောင်နွမ်ကို လွှတ်ပေးလိုက်သည်။
ဒါပေမယ့် ဖန့်ရှောင်နွမ်က မထွက်ရဲပေ။ ခင်ပွန်းသည်၏ ဆူပူခြင်းကို ခံရမှာကို ကြောက်သည်။
ကျီဝမ် မေးလိုက်သည်။ "နင် ထွက်မှာလား မထွက်ဘူးလား။ နင် မထွက်ရင် ငါထွက်မယ်။"
ရဲအရာရှိက ကျီဝမ်ကို နောက်ဘက်ပြန်တွန်းပြီး ပြောလိုက်သည်။ "မင်း အာမခံမရသေးဘူး။ မင်းထွက်လို့မရဘူး။"
ကျီဝမ် ပြောစရာစကားမဲ့သွားသည်။ သူ ကျီလင်းချန် ကို လက်ညှိုးထိုးပြပြီး ပြောလိုက်သည်။ "သူက ကျွန်တော့် ဦးလေးအရင်း!"
ရဲအရာရှိက ကျီလင်းချန်ကို ကြည့်ပြီးတော့ သူကိုင်ထားတဲ့ စာရွက်စာတမ်းတွေကို ကြည့်လိုက်သည်။ “ဒါပေမယ့် CEO ကျီ က သူ့မိန်းမကို အာမခံပေးဖို့ ဒီကိုလာတာ။ သူ့တူကို အာမခံမပေးထားဘူး။”
ကျီဝမ် နှလုံးကြေကွဲသွားသည်။ အပိုင်းပိုင်းကွဲထွက်သွားတာ။
လင်းချန်က သူ့ဇနီးရဲ့နာကျင်စွာ ငိုနေတဲ့အသံကို ကြားသောအခါ သူ့ နှလုံးသားသည်လည်း နာကျင်လာသည်။ သူ အချုပ်ခန်းထဲသို့ ရိုးရိုးရှင်းရှင်း လျှောက်သွားပြီး သူ့ဇနီးရှေ့မှာ ရပ်လိုက်သည်။ ဇနီးသည်၏ မျက်နှာပေါ်ရှိ မျက်ရည်တွေကို သုတ်ဖို့ လက်လှမ်းခဲ့ပြီး အတော်လေးကို နူးညံ့စွာ ပြောလိုက်သည်။ “လိမ္မာတယ်။ မငိုနဲ့တော့ ဟုတ်ပြီလား"
ဖန့်ရှောင်နွမ် နှုတ်ခမ်းစူပြီး မငိုတော့ပေ။
ထိုမှသာ ကျီလင်းချန်က သူမလက်ကို ညင်သာစွာ ဆုပ်ကိုင်လိုက်သည်။ သူ ထိုဒဏ်ရာများကို ဂရုတစိုက်ကြည့်ကာ သူ့မျက်လုံးများတွင် နာကျင်မှုများဖြင့် ပြည့်နှက်နေသည်။
ဖန့်ရှောင်နွမ် ရှိုက်နေသည်။ "ယောကျ်ား၊ ကျွန်မကိုမုန်းလား"
ကျီလင်းချန် ပြန်ဖြေလိုက်သည်။ "မင်းကို မုန်းနေတာက ကိုယ့်နှလုံးသားကို ဒီလောက်ထိ ထိခိုက်နာကျင်စေမှာ မဟုတ်ဘူး"
ဒါကိုကြားတော့ ဖန့်ရှောင်နွမ် ဒါကို ကြာကြာမထိန်းနိုင်တော့ပေ။ သူမလက်နှစ်ဖက်ကိုဖွင့်ကာ ခင်ပွန်းဖြစ်သူ၏ ရင်ခွင်ထဲပစ်ဝင်ကာ စတင် ငိုပြန်သည်။
ခဏကြာတော့ ဖန်ချီနဲ့ မြို့တော်ဝန် ကျီ ရောက်လာခဲ့သည်။
သူတို့ နှစ်ယောက်ကို မြင်တော့ ရဲအရာရှိက အလျင်အမြန် အလေးပြုပြီး နှုတ်ဆက်လိုက်သည်။ "မြို့တော်ဝန် ကျီ၊ မဒမ် ကျီ ဘာလို့ဒီကိုရောက်လာကြတာလဲ"
မြို့တော်ဝန် ကျီ က ကျီဝမ်ကို ညွှန်ပြလိုက်သည်။ "သူ့ကို အာမခံပေးဖို့"
ကျီဝမ်က အနည်းငယ် စိတ်ဆိုးတဲ့လေသံနဲ့ ပြောလိုက်သည်။ "အဖေ၊ အမေ၊ နောက်ဆုံးတော့ ဒီရောက်လာပြီပေါ့။ ကျွန်တော့်ကို မြန်မြန် အာမခံပေး!"
ဘေးက ကျောင်းသူတွေ ပါးစပ်မပိတ်နိုင်လောက်အောင် ရှောခ့်ရသွားကြသည်။ သူတို့ရဲ့ဆက်ဆံရေးက ဘာတွေလဲ။
ဖန်ချီက သူ့ယောက်မလည်း ဒီမှာရှိနေပြီး ငိုနေတာကို တွေ့သွားသည်။ သူမ စိုးရိမ်လွန်သွားပြီး သူမရဲ့သားကို မေ့သွားသည်။ သူမ ဖန့်ရှောင်နွမ်ဆီကို တည့်တည့်လျှောက်သွားပြီး မေးလိုက်သည်။ "ရှောင်နွမ်၊ ဘာဖြစ်လို့လဲ။ ငါ့ကိုမခြောက်ပါနဲ့။ ဘာလို့ ဒီလို ငိုနေတာလဲ။ နာသွားလို့လား ငါ့ကိုပြောပါဦး!"
ဖန့်ရှောင်နွမ်မှာ ကလေးဆန်တဲ့စိတ်ရှိသည်။ သူမ ကျီလင်းချန်ကို ဖက်ထားကာ လွှတ်ဖို့ငြင်းဆန်ခဲ့သည်။ ရှိုက်ကြီးတငင် ငိုရင်း သူမ ပြောလိုက်သည်။ “ယောက်မ ကျ ကျွန်မ… အဆင်ပြေပါတယ်”
ဖန်ချီက သူမကို မယုံပေ။ သူမ ဒီလိုမျိုး ငိုနေတာ သူမ ဘယ်လိုလုပ် အဆင်ပြေတာဖြစ်မှာလဲ။ သူမစိုးရိမ်တကြီးနဲ့ မေးလိုက်သည်။ “အမှန်အတိုင်းပြော။ ငါ့ကို စိတ်မပူနဲ့။ ဘာဖြစ်တာလဲ"
ကျီဝမ် သူ့အမေရဲ့လက်ကို လှမ်းဆွဲလိုက်သည်။ “အမေ၊ အမေ့ရဲ့သားက ဒီမှာ ရှိနေသေးတယ်လေ။ အမေ့ရဲ့သားက ကျွန်တော်နော်!"
ဖန်ချီက ကျီဝမ်ကိုတောင် မကြည့်ပေ။ သူမ သူ့ကို တွန်းဖယ်လိုက်ပြီး ဖန့်ရှောင်နွမ်ကို စိုးရိမ်တကြီး ကြည့်နေသည်။
ရှင်းပြခဲ့တဲ့သူက ကျီလင်းချန်ဖြစ်သည်။ “မရီး ရှောင်နွမ် အဆင်ပြေပါတယ်။ သူ ကျွန်တော့်ကိုမြင်ပြီး ငိုနေတော့တာ။ သူချွဲပြနေတာလေ "
ဖန်ချီ ပြောစရာစကားမရှိ ဖြစ်သွားခဲ့သည်။
ထို့နောက် မငိုတော့ဘဲ ဖန့်ရှောင်နွမ်က သဘောတူကာ ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ် ယောက်မ ကျွန်မ အဆင်ပြေတယ်။ ကျွန်မ ရန်ဖြစ်တာ နိုင်လာတယ် "
မြို့တော်ဝန် ကျီက အာမခံလုပ်ငန်းစဉ်များကို ပြီးမြောက်ခဲ့ပြီး သားဖြစ်သူနှင့်အတူ ထွက်လာခဲ့သည်။
ကျီမိသားစု၏ မိသားစုဝင် ခြောက်ယောက်လုံး ရဲစခန်းမှ အတူတကွ ထွက်ခွာသွားခဲ့ကြသည်။
အချုပ်ခန်းထဲမှာ ပိတ်လှောင်ခံထားရတဲ့ ကျောင်းသူတွေက အချိန်အတော်ကြာ စကားမပြောခဲ့ကြပေ။ အခုတော့ သူတို့အားလုံး မှားသွားပြီဆိုတာကို နားလည်သွားပြီ။
ဒီနေ့ သူတို့ သိလိုက်ရတဲ့ သတင်းက မြို့တော်တစ်ခုလုံး တုန်လှုပ်သွားလောက်အောင် လုံလောက်သည်။
ပထမအချက်က ဖန့်ရှောင်နွမ်မှာ Sugar ဒယ်ဒီ မရှိဘူး။ အဖိုးကြီးက သူမရဲ့ ယောက္ခထီး။
ဒုတိယအချက်ကတော့ ကျောင်းရဲ့အချောအလှလေးက လက်ထပ်ထားပြီးသား။ သူမယောကျ်ားက ကျင်း မြို့တော်က စီးပွားရေးလောကရဲ့ဘုရင်ဖြစ်တဲ့ ကျီလင်းချန်။
တတိယအချက်က၊ ဆွဲဆောင်မှုအရှိဆုံးမင်းသားက အရာရှိတစ်ဦးရဲ့ သားဖြစ်ရုံသာမက ချမ်းသာတဲ့မိသားစု၏ အမွေဆက်ခံသူလည်းဖြစ်သည်။
စတုတ္ထအချက်မှာ ဆွဲဆောင်မှုအရှိဆုံးမင်းသားနဲ့ ကျောင်းရဲ့အချောအလှလေးတို့က နေ့တိုင်း တွဲသွားတွဲလာလုပ်နေကြတာ မဟုတ်ဘူး ဘာလို့လဲဆိုတော့ သူတို့မှာ ဆက်ဆံရေးတစ်ခုရှိတယ် ဒါပေမယ့် သူတို့က မိသားစုတွေ။ သူတို့က အဒေါ် နဲ့ တူ ဖြစ်သည်။
ဒီအချက်တွေကို တွေးပြီးတော့ အားလုံး အံသြသွားကြသည်။ ဖိုရမ်တွင် တင်ထားသော အကြောင်းအရာကို လူတိုင်း မှတ်မိကြသည်။ ဘယ်လောက်ရယ်စရာကောင်းပြီး အဓိပ္ပါယ်မဲ့လိုက်လဲ။