← Chapters

အခန်း (၁၅၀)

Vol. 10 Ch. 150

အခန်း (၁၅၀)

Vol. 10 Ch. 150

“ငါတို့ အသုံးချခံလိုက်ရပြီ…” လို့ တစ်စုံတစ်ယောက်က တွေးပြီး ပြောလိုက်သည်။ "လင်းချမ်က ကျောင်းရဲ့အချောအလှလေးဆိုတဲ့ ဘွဲ့အတွက် ယှဉ်ပြိုင်တုန်းက ဖန့်ရှောင်နွမ်နဲ့ ရန်ဖြစ်ခဲ့တယ်။ အဲ့အချိန်က သူမ ဖန့်ရှောင်နွမ်ကို တမင်ဆဲဆိုခဲ့တယ်"

“ဒါပေမယ့် သူမရဲ့ အမှောင်သမိုင်းကို ဖော်ထုတ်ခံရခပြီး သူမရဲ့ နာမည်ဂုဏ်သတင်းထိခိုက်ခဲ့တယ်"

"ပြီးတော့ ဖန့်ရှောင်နွမ်က ကောလဟာလတွေကို ဖယ်ရှားပြီး ကျောင်းရဲ့အချောအလှလေး ဖြစ်သွားတယ်။"

“ဒီတစ်ကြိမ်မှာတော့ သူမက ဖန့်ရှောင်နွမ်နဲ့ ကျီဝမ်တို့ကြားက ဆက်ဆံရေးအကြောင်း ကောလာဟလတွေကို ဂရုအမျိုးမျိုးမှာ ဖြန့်ခဲ့တယ်။ ပြီးတော့ သူမက ငါတို့ ကျီဝမ် အပေါ်ထားတဲ့အချစ်ကို အသုံးချပြီး ဖန့်ရှောင်နွမ် ကို တိုက်ခိုက်ခဲ့တယ်"

“လင်းချမ်ရဲ့ အမှောင်သမိုင်းကို သဘာဝအတိုင်း မြှုပ်နှံထားပြီး သူမက ကျောင်းရဲ့အချောအလှလေးရဲ့ ကာလာအစစ်အမှန်ကို ထုတ်ဖော်ပြသတဲ့ လူကောင်းတစ်ယောက်လို ရုတ်တရက်ကြီး လုပ်လိုက်တာ။ အခုမှပဲ ငါအဲ့တာကို စဉ်းစားကြည့်မိတော့မယ်…”

“ဒီနေ့၊ သူမ ကွင်းပြင်မှာ ဒီစကားတွေကို အော်ဟစ်ပြီးပြောလိုက်တော့ ငါတို့ကို ရုန်းရင်းဆန်ခတ်ဖြစ်သွားစေတယ် အဲ့တာကြောင့် ဖန့်ရှောင်နွမ်ကို ငါတို့ တိုက်ခိုက်ခဲ့တာ။ ကံကောင်းထောက်မစွာနဲ့ ဖန့်ရှောင်နွမ်က ကျွမ်းကျင်တော့ သူမကို တိုက်ခိုက်ဖို့ ငါတို့ အခွင့်မသာခဲ့ဘူး။ ဒီလိုမှမဟုတ်ရင် သူမ တကယ်ထိခိုက်သွားခဲ့ရင် ကျီ မိသားစုက ငါတို့ကို ခွင့်လွှတ်မှာမဟုတ်ဘူး"

…

အမှန်မှာ ဒီနေ့ ဘယ်သူမှ မသေဘူးဆိုရင်တောင် ကျီလင်းချန်က ရှောင်နွမ်ကို အနိုင်ကျင့်တဲ့သူတွေကို လွယ်လွယ်နှင့် ခွင့်လွှတ်ပေးဦးမှာမဟုတ်ပေ။

သခင်ကြီး ကျီက ဖန့်ရှောင်နွမ်ရဲ့ ချတဲ့စွမ်းရည်ကို ချီးမွမ်းနေဆဲဖြစ်သော်လည်း ကျီလင်းချန်၏ နှလုံးသားက နာကျင်မှုများနှင့် ပြည့်နေသည်။

အပြန်လမ်းမှာ ဇနီးဖြစ်သူရဲ့ လက်ကို ကိုင်ထားပြီး အချိန်အတော်ကြာ စစ်ဆေးခဲ့သည်။

အိမ်ပြန်ရောက်တော့ ဇနီးဖြစ်သူကို အိပ်ခန်းထဲပြန်ခေါ်သွားပြီး တံခါးကို လောခ့်ချကာ ပြောလိုက်သည်။ “မင်းရဲ့အဝတ်တွေကို ချွတ်”

“ဟင့်အင်း…” ဖန့်ရှောင်နွမ် သူမခင်ပွန်းကိုဆန့်ကျင်ပြီး ကာကွယ်ဖို့ အသင့်အနေအထား လုပ်နေသလိုမျိုးနဲ့ သူမရဲ့အဝတ်စားတွေကို ဆွဲကိုင်ထားသည်။

"လိမ္မာတယ်၊ မင်းရဲ့ခန္ဓာကိုယ်မှာ တခြားဒဏ်ရာတွေရှိမရှိ ကိုယ်ကြည့်ရအောင်" ကျီလင်းချန်က စကားပြောရင်း သူမရဲ့အဝတ်အစားတွေကို စ ချွတ်နေပြီ။

ဖန့်ရှောင်နွမ် ခေါင်းခါလိုက်သည်။ "ရှင် လိမ်နေတာ၊ ရှင် လူဆိုးလုပ်ဖို့ ကြိုးစားနေတာ!"

ကျီလင်းချန် အင်အားသုံးတော့မည်ဖြစ်သော်လည်း ရုတ်တရက် သူ့ဖုန်းမြည်လာခဲ့သည်။ သူ့မိန်းမကြောင့် စိတ်အနှောင့်အယှက်ဖြစ်ပြီး ပျာယာခတ်သွားသည်။ သူဖုန်းကို မကျေမနပ်နဲ့ ကောက်ကိုင်လိုက်သည်။ "ဟယ်လို ပြော!"

ဖန့်ရှောင်နွမ် စကားဝိုင်းကို ခိုးနားထောင်ဖို့ ကြိုးစားနေသည်။

ကျီလင်းချန်က သူမကို ညင်သာစွာ တွန်းထုတ်ပြီး ပြောလိုက်သည်။ "လိမ္မာတယ် မင်းရဲ့အဝတ်အစားတွေကို ချွတ်လိုက်"

ဖန့်ရှောင်နွမ် နှုတ်ခမ်းစူပြီးပြောလိုက်သည်။ "ဟင့်အင်း၊ မချွတ်ဘူး!"

ဖုန်း၏အခြားတစ်ဖက်တွင် လက်ထောက်လျိုက ထိတ်လန့်တုန်လှုပ်နေခဲ့သည်။ ကျောင်းကိုသွားဝယ်နေတဲ့ လမ်းတစ်ဝက်မှာလေ သူ့အဝတ်အစားတွေကို ဘာလို့ချွတ်ရမှာလဲ။ ပြီးတော့ သူက လိမ္မာတယ် မဟုတ်ဘူးလား။

သူ စိုးရိမ်တကြီးနဲ့ မေးလိုက်သည်။ “CEO… CEO ကျီ ၊ အခု ကျွန်တော့်အဝတ်တွေကို ချွတ်ဖို့လိုလို့လား”

“ငါ မင်းရဲ့အဝတ်အစားတွေကို ချွတ်ခိုင်းနေတာမဟုတ်ဘူး။ ဆက်ပြော” ကျီလင်းချန် ပြောလိုက်သည်။

လက်ထောက် လျို သက်ပြင်းချလိုက်သည်။ ဒါဆို CEO က သူ့ဇနီးလေးနဲ့ စကားပြောနေတာပေါ့။ အဲ့တာက သူ့ကို သေလောက်အောင် ကြောက်သွားစေတယ်!

သူ ဆက်ပြောလိုက်သည်။ “စီအီးအို ကျီ၊ ကျင်းတက္ကသိုလ်ကို ဝယ်လို့ပြီးသွားပါပြီ။ တရားခံက လက်ရှိမှာ ပလပ်စတစ်ဆာဂျရီဆေးရုံမှာ ဆေးကုသမှု ခံနေပါတယ်မဒမ်ကြောင့် ဒဏ်ရာရသွားတဲ့ ကျောင်းသူနှစ်ယောက်ကတော့ အရေးပေါ်ခန်းကနေ ထွက်လာပြီလို့ သိရတယ်။ ဖိုရမ်ပေါ်က မဒမ်ရဲ့ အချက်အလက်အားလုံးကို ဖျက်လိုက်ပါပြီ။ ရန်ဖြစ်တဲ့နေရာမှာ ပါခဲ့သူတွေ အားလုံးကို ဖမ်းထားလိုက်ပါပြီ။ အကြံပေးပုဂ္ဂိုလ်တွေက သူတို့ကို အာမခံပေးဖို့ လျှောက်နေတယ်။”

ကျီလင်းချန် ခပ်ပြတ်ပြတ် အသံပြုလိုက်ပြီး ဘာမှပြန်မပြောခဲ့ပေ။

လက်ထောက် လျိုက ထပ်မေးခဲ့သည်။ "CEO၊ CEOမှာ ဘာများညွှန်ကြားစရာတွေ ရှိသေးလဲ။"

ကျီလင်းချန်က သူ့အနားကိုချဥ်းကပ်လာနေတဲ့ သူ့ဇနီးလေးကို တွန်းပြီး ပြောလိုက်သည်။ "ရှောင်နွမ်၊ မင်း ကိုယ့်စကားကိုနားမထောင်ရင် ကိုယ် မင်းကို ရိုက်မှာနော်!"

"ဟမ့်၊ ရှင် ကျွန်မကို မရိုက်ပါဘူး။ ကျွန်မက ရှင့်ရဲ့ မိန်းမ။ ရှင် ကျွန်မ ကောင်းကောင်းမွန်မွန် ဆက်ဆံရမယ်!" ဖန့်ရှောင်နွမ် ကျီလင်းချန်ရဲ့ ခါးကို ဖက်လိုက်ပြီး ချွဲကာပြောလိုက်သည်။

လက်ထောက် လျို ကိုယ့်ဘာသာကိုယ်တွေးခဲ့သည်။ 'စီအီးအို ဒီမဒမ်လေးကို ဘာမှ မလုပ်နိုင်တဲ့ပုံပဲ'

ကျီလင်းချန် သူ့ဇနီးလေးရဲ့ ရန်စမှုကြောင့် စိတ်တိုလာသည်။ သူ ပြောလိုက်သည်။ “ရန်ပွဲမှာ ပါတဲ့သူတွေအားလုံးကို နှင်ထုတ်မယ်။ ကောလဟာလတွေ တင်ထားတဲ့သူတွေကို ထုတ်ပယ်ပစ်ရုံတင်မကဘူး ရဲစခန်းကိုလည်း ပို့မယ်။ ပို့စ်ကို like ပေးထားတဲ့သူ ၁၀ယောက် အပါအဝင် ပိုစ့်မှာ မှတ်ချက်တွေ ရေးတင်ပြီး မဒမ်ကိုစော်ကားထားတဲ့သူတွေ အားလုံးကို ရှေ့နေရဲ့စာတစ်စောင် ဆီပို့။ ဘာမှ မလုပ်ခဲ့တဲ့ သူတွေကိုလည်း မောင်းထုတ်မယ်။ အထုပ်တွေထုပ်ပြီး ထွက်သွားခိုင်းလိုက်”

လက်ထောက် လျိုပြောလိုက်သည်။ "ဟုတ်ကဲ့!"

ဖန့်ရှောင်နွမ် သူမအတွက် ရပ်တည်ပေးနေတဲ့ အမျိုးသားကို ကြည့်လိုက်သည်။ ခါးသီးတယ်လို့ ခံစားရတယ်။ သူမ ဝန်ခံခဲ့သည်။ "ယောကျ်ား၊ ကျွန်မ ရှင့်ကိုအရမ်းသဘောကျတယ်!"

ကျီလင်းချန် ဤဝန်ခံချက်ကြောင့် ဝမ်းသာသွားသည်။ သူ့စိတ်တွေ ချက်ချင်း တိုးတက်လာသည်။ သူ သူ့ရဲ့ ချစ်စရာကောင်းတဲ့ ဇနီးလေးကို ကြည့်ဖို့ ခေါင်းငုံ့လိုက်သည်။ လူတစ်စုက ဝိုင်းပြီး သူမကို အနိုင်ကျင့်နေကြတဲ့ ပုံရိပ်က သူ့စိတ်ထဲမှာ ပေါ်လာခဲ့သည်။

ဒီနေ့ ရုံးကထွက်လာပြီး တစ်နေ့ခင်းလုံး သူ့မိန်းမနဲ့ အိမ်မှာနေခဲ့သည်။

ဖန့်ရှောင်နွမ်က သူမရဲ့အဝတ်တွေကို ဘယ်လိုမှ ချွတ်မှာမဟုတ်ဘူးလို့ ပြောခဲသည်။ သူမယောကျ်ားက လူဆိုးတစ်ယောက်ဖြစ်ဖို့ ကြိုးစားနေတယ်လို့ သူမပြောခဲ့ပေမယ့် တကယ်တမ်းကတော့ သူမရဲ့ယောကျ်ား သူမရဲ့ နောက်ကျောက အမာရွတ်တွေ မြင်သွားမှာကို စိုးရိမ်နေခဲ့တာပင်။

"ယောကျ်ား၊ ရှင်ဒီနေ့ တကယ် လူဆိုးကြီးပဲ။ ကျွန်မ ရေချိုးမို့။ ရှင် ဘာလို့ အတင်းကြီး ဝင်လာတာလဲ" ဖန့်ရှောင်နွမ် ဒေါသတကြီးဖြင့် ခင်ပွန်းဖြစ်သူကို မေးလိုက်သည်။

ကျီလင်းချန်ရဲ့ လည်စလုတ်က လှုပ်ရှားသွားသည်။ "ကိုယ် အထဲမဝင်လာဘူးဆိုရင် မင်းရဲ့နောက်ကျောမှာ ဒဏ်ရာရထားတာကို ကိုယ့်ကိုပြောပြမှာလား။"

ဖန့်ရှောင်နွမ် သူမရဲ့နှုတ်ခမ်းကို ဖိရင်းပြောလိုက်သည်။ “ကျွန်မ ရှင့်ကို စိတ်မပူစေချင်ဘူး”

ကျီလင်းချန် ကုတင်ကို ပုတ်လိုက်သည်။ "ဒီကိုလာပြီး လှဲလိုက်"

ဖန့်ရှောင်နွမ် နာခံစွာ လျှောက်သွားလိုက်ပြီး ကုတင်ပေါ်မှာ လှဲလျောင်းလိုက်သည်။

ကျီလင်းချန်က သူ့မိန်းမရဲ့ ညအိပ်ဂါဝန်ကို မတင်လိုက်သည်

"ယောကျ်ား၊ ကျွန်မ အတွင်းခံ အရင်ဝတ်လိုက်ဦးမယ်။" ဖန့်ရှောင်နွမ် ရုတ်တရက် သူ့ကို တားလိုက်သည်။

ကျီလင်းချန် ပြောလိုက်သည်။ "မင်းတစ်ကိုယ်လုံးကို ကိုယ်မြင်ဖူးပြီးသား။ ဒါက သိပ်မကြာပါဘူး ”

အဲဒါနဲ့ ဇနီးဖြစ်သူရဲ့ ညအိပ်ဂါဝန်ကို မလိုက်ပြီး သူမရဲ့တင်ပါးကိုဖုံးပေးဖို့ စောင်ကို ဆွဲခြုံပေးခဲ့သည်။

All Chapters