← Chapters

အပိုင်း (၅၄၀)

Vol. 37 Ch. 540

အပိုင်း (၅၄၀)

Vol. 37 Ch. 540

“ဟုတ်... ဟုတ်ပါတယ်။ တိုင်ချူးက သူ မသေဘူး” တခြားတစ်ဖက်က ကြည့်မည်ဆိုလျှင် ချပ်ဝတ်နှင့်လူသည် စိုးရိမ်ပူပန်နေသည့် အမူအရာမျိုးဖြစ်၏။ သူသည် ကျန်သော စကားလုံးများကို မည်သို့ ဆက်လက်ကာ ပြောဆိုရမည်ဖြစ်ကြောင်း စဉ်းစားလျက် ရှိ၏။

“ပြောရမယ်ဆိုရင် တိုင်ချူးနောက်ကို လိုက်သွားတဲ့ အန္တိမကျင့်ကြံသူ သုံးယောက်လုံးက တစ်ခါတည်း သေဆုံးသွားခဲ့ကြတယ်” ချပ်ဝတ်နှင့်လူသည် ပျက်ယွင်းလျက်ရှိနေသည့် မျက်နှာအမူအရာမျိုးဖြင့် လှမ်းကာ ပြောလိုက်သည်။

ပြောရမည်ဆိုလျှင် သူကိုယ်တိုင်ပင်လျှင် တိုင်ချူးနှင့် တိုက်ခိုက်စဉ်က ကြီးမားသော ဒဏ်ရာကို ရရှိခဲ့သည်။ ထို့အတူ တိုင်ချူးသည်လည်း ဒဏ်ရာများနှင့်အတူ မနည်းထွက်ပြေးသွားခဲ့ရ၏။ အဘယ်သို့ အခြေအနေတစ်ခုကို ပြောင်းပြန်လှန်ကာ တိုင်ချူးက တိုက်ခိုက်သွားသနည်း။

ကြည့်ရသည်မှာ တိုင်ချူးသည် အခြေအနေ တစ်ခုလုံးကို ပြောင်းပြန်လှန်ခဲ့သည်သာမက ကြီးမားသည့် အရာကြီးကို ပြုလုပ်ခဲ့သည့်ပုံပင်ပေါ်၏။ အန္တိမကျင့်ကြံသူ သုံးယောက်တို့သည် သေဆုံးသွားခဲ့ကြ၏။ ထိုကဲ့သို့ အရာမျိုး ဖြစ်လာမည်ဟု မည်သူက ထင်မှတ်မိမည်နည်း။

“အကုန် သေဆုံးသွားတာ ဟုတ်လား”

နောက်ဆုံးစကားကို ကြားရသည့်အချိန်မှာတော့ ရောရုဝအရှင်သည် နှလုံးသားတစ်ခုလုံး အေးစက်သွားခဲ့၏။ သူသည် တင်းမာခက်ထန်စွာ မေးမြန်းလိုက်၏။ “ဘယ်လိုဖြစ်ပြီး သေသွားရတာလဲ”

ရောရုဝပြည်မှ လူများသည် မသေမျိုးများပင် ဖြစ်လေ၏။ ၎င်းတို့သည် မည်သို့မှ မသေဆုံးနိုင်ခဲ့သည့် လူများပင်။ သူတင်သာမက အဆင့်နိမ့် ကျင့်ကြံသူများပင်လျှင် ဤကဲ့သို့ အရာမျိုးကို ပိုင်ဆိုင်၏။ ရုတ်တရက် ၎င်း၏ အန္တိမ ကျင့်ကြံသူသုံးယောက်တို့ သေဆုံးသွားခဲ့ကြောင်း ကြားရချိန်မှာတော့ သူသည် မည်သို့မှ လက်မခံနိုင်သလို ဖြစ်နေမိသည်။

“တကယ့်ကို မှန်ပါတယ်။ တာအိုရောင်းရင်း သုံးယောက်လုံးက တကယ်ပဲ သေသွားခဲ့ကြတယ်” ချပ်ဝတ်နှင့်လူက ဝင်ရောက်ကာ ပြောဆိုလိုက်၏။ ဤကဲ့သို့သော ကိစ္စရပ်မျိုးသည် သူ့ကို တကယ်ပင် အံ့အားတသင့် ဖြစ်စေခဲ့၏။ ရောရုဝပြည်မှ သက်ရှိသတ္တဝါများသည် ပြိုင်ဘက်ကင်း မဟုတ်ပုံပေါ်၏။ အနည်းဆုံး လူသုံးယောက်တို့ သေဆုံး သွားခဲ့သောကြောင့်ပင်။

“သူတို့ ဘယ်နေရာမှာ သေသွားတာလဲ” ရောရုဝပြည်၏ အရှင်က မေးမြန်းလိုက်၏။

“ကောင်းကင်မူလလောကကြီး တော်ဝင်သဲကန္တာရမြို့မှာပါ” ချပ်ဝတ်နှင့်လူသည် ထိုစကားစုကို ရေရွတ်လိုက်သည်။

“ကောင်းကင်မူလလောက၊ တော်ဝင်သဲကန္တာရမြို့ ဟုတ်လား” ရောရုဝပြည်၏ အရှင်သည် မျက်လုံးများ မှေးကျဉ်းသွား၏။ သူ့အတွက် ထိုနေရာသည် ရင်းနှီးတာထက်ပင် ပိုလျက်ရှိနေ၏။ ထို့အပြင် မြေအင်မော်တယ် လောက သို့မဟုတ် ခရမ်းရောင်နက်နဲလောက မည်သည့်နေရာတွင် ရှိနေသော သက်ရှိသတ္တဝါမဆိုသည် တော်ဝင် သဲကန္တာရမြို့အား နတ်ဘုံနတ်နန်း တစ်ခုအဖြစ် သုံးသပ်ခဲ့ကြ၏။

အဓိကအကြောင်းအရာအဖြစ် မြို့ထဲတွင် နေထိုင်နေသည့် ကြောက်မက်ဖွယ်ရာ စွမ်းအင်အဆင့်ကို ပိုင်ဆိုင်ပါသော ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင် ရှိနေသောကြောင့်ပင်။ ဤလူသည် မတရားဆန်းကြယ်လွန်း၏။ ၎င်းသည် မည်သည့် အားအင်အဆင့်ကို ပိုင်ဆိုင်ကြောင်း မည်သူကမှ သေသေချာချာ မသိရှိခဲ့ချေ။

လူပေါင်းများစွာတို့၏ သုံးသပ်ချက်ကို ပြန်လည်ကာ ကြည့်ရှုမည်ဆိုလျှင် တော်ဝင် အင်ပါယာ တစ်ယောက်အဖြစ် သုံးသပ်၍ရသည်။ သို့ပေမဲ့ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သည် ထိုထက်ပိုမိုသည့် အားအင်အဆင့်ကို ထုတ်ဖော်ပြသခဲ့၏။ လူပေါင်းများစွာတို့သည် ၎င်းတို့၏အထင် မှားယွင်းခဲ့ကြောင်း သိရှိခဲ့၏။

ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်၏ အားအင်အဆင့်ကို မည်သူမှသည် ရဲရဲတင်းတင်း မခန့်မှန်းနိုင်ခဲ့ချေ။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သည် ပြိုင်ဘက်ကင်းသည့် စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက် ဖြစ်ကြောင်း အားလုံးက သတိပြုရန် လိုအပ်၏။ ထိုလောက်ဆိုလျှင် လုံလောက်ပြီ ဖြစ်သည်။

“ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်က ဝင်ပြီး တိုက်ခိုက်ခဲ့တာလား” ရောရုဝအရှင်သည် တီးတိုးရေရွတ် လိုက်၏။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သည်သာ တကယ်တမ်း ပါဝင်နေသည်ဆိုလျှင် ဤကိစ္စမှာ မရိုးရှင်းတော့ချေ။ သူသည် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်၏ အားအင်အဆင့်ကို အထင်သေးမိခဲ့ပုံပေါ်၏။ ကြည့်ရသည်မှာ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သည် လောကကြီးများ၏ ပေါင်းစပ်မှု နောက်ကွယ်တွင် ရှိနေသည့် စွမ်းအားမြင့် ကျင့်ကြံသူပင် ဖြစ်ရပေလိမ့်မည်။

“အရှင်... တစ်စုံတစ်ယောက်ကို ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီကို သွားခိုင်းပြီး ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင် အကြောင်း စုံစမ်းရင်ကော” ချပ်ဝတ်နှင့်လူက မေးမြန်းလိုက်၏။

“အလျင်မလိုနဲ့”

ရောရုဝအရှင်သည် လက်ကို ယမ်းခါလိုက်၏။ သူသည် လေးလေးနက်နက်နှင့် သက်ပြင်းရှည်ကြီးကိုချပြီး အသာပြောလိုက်သည်။ “အမိန့်ကို ထုတ်ပြန်လိုက်။ ရောရုဝရဲ့ လက်ရွေးစင် တပ်ဖွဲ့တွေ အကုန်လုံး ပြုမူဆောင်ရွက်နေရာကနေ ချက်ချင်း ရပ်ကြ”

“အမ်” ချပ်ဝတ်နှင့်လူသည် ချက်ချင်းဆိုသလိုပဲ တုံ့ပြန်လိုက်မိ၏။

မြေအင်မော်တယ်လောကကြီးသည် ရောရုဝပြည်၏ လက်ထဲသို့ သက်ဆင်းတော့မှာ ဖြစ်သည်။ အဘယ်ကြောင့် သူတို့၏အရှင်သည် ဤကဲ့သို့သော အခြေအနေမျိုးတွင် အနောက်သို့ ဆုတ်ခွာရန် ပြောဆိုရသနည်း။ ဤအရာသည် အရှင်၏ လုပ်ပုံကိုင်ပုံ နည်းလမ်းမျိုး မဟုတ်ပေ။

“ဘာလို့လဲ … ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်ကြောင့်လား” ချပ်ဝတ်နှင့်လူသည် အသာမေးမြန်းလိုက်သည်။

“ငါ့ရဲ့ အလိုလိုသိစိတ်အရဆိုရင် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်က မရိုးရှင်းဘူး။ သူက လောကပေါင်း မြောက်များစွာတို့ကို ပေါင်းစည်းခဲ့တယ်။ လက်ရှိအချိန်မှာ အလျင်လိုစရာ မရှိသေးဘူး။ ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်က အင်မော်တယ်ဘုရင်တစ်ယောက် မဟုတ်ဘူးဆိုရင် ကိစ္စမရှိဘူး။ တကယ်လို့ အင်မော်တယ် ဘုရင်တစ်ယောက်ဖြစ်ပြီး လောကကြီး ပေါင်းစပ်မှုရဲ့ နောက်ကွယ်က အဓိက အင်အားစုသာဆိုရင် ပြဿနာက ပိုပြီး ကြီးလာလိမ့်မယ်”

“ငါတို့ လှမ်းလိုက်တဲ့ ခြေလှမ်းတိုင်း၊ ခြေလှမ်းတိုင်းက ချောက်ထဲကို ဦးတည်နေတာမျိုး ဖြစ်နိုင်တယ်လေ။ ခြေလှမ်းတစ်ချက် မှားသွားတာနဲ့ ရှောင်လွှဲလို့ မရတဲ့ ကပ်ဘေးကြီးကို ကြုံရမယ်။ ဒီတော့ ရောရုဝပြည်ရဲ့ ကံကြမ္မာကို ထမ်းပိုးထားတဲ့ ခြေလှမ်းမျိုးကို သေသေချာချာ သတိထားပြီးမှ လှမ်းသင့်တယ်”

“လက်ရှိ အခြေအနေမှာ ငါကိုယ်တိုင် ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီကို သွားပြီး လည်ပတ်မယ်။ ကောင်းကင် လျှို့ဝှက်နန်းဆောင်သခင်က တကယ်တမ်း ဘယ်သူဖြစ်တယ်ဆိုတာ ငါ သေသေချာချာ ကြည့်ရှုရမယ်” ရောရုဝအရှင်၏ ချဉ်းကပ်မှုသည် တကယ်ပင် သတိအပြည့် ဖြစ်နေသည်ဟု ဝန်ခံရမှာဖြစ်၏။

ဆန်းကြယ်လွန်းလှသည့် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်နှင့် ရင်ဆိုင်ရသည့် အချိန်တွင် သူသည် အဆင်ခြင်မဲ့ ပြုလုပ်၍ မရနိုင်ခဲ့ချေ။ သူ၏ နောက်လိုက် သုံးယောက်တို့ သေဆုံးခဲ့ပြီးသည့်နောက် သူသည် စုံစမ်းစစ်ဆေးမှုကို မပြုလုပ်သည်ဆိုပါက ကျိန်းသေပေါက် သိက္ခာကျစရာ ကိစ္စရပ်မျိုး ဖြစ်လာပေလိမ့်မည်။

“ဒါပေမဲ့ ရောရုဝပြည်ရဲ့ အန္တိမလမ်းစဉ် ကျင့်ကြံသူ သုံးယောက်တို့ သေဆုံးသွားခဲ့ပြီ။ ဒီကိစ္စကို ကျုပ်တို့ လျစ်လျှူရှုထားမယ်ဆိုရင် ရောရုဝပြည်ရဲ့ ဂုဏ်သိက္ခာကို သက်ရောက်လာလိမ့်မယ်” ချပ်ဝတ်နှင့်လူက တီးတိုးရေရွတ် လိုက်၏။

“ရောရုဝပြည်ရဲ့ ဂုဏ်သိက္ခာ ဟုတ်လား”

ရောရုဝပြည်၏ အရှင်သည် နှာခေါင်းကို ရှုံ့လိုက်၏။ ပြီးနောက် သူသည် အထင်အမြင်သေးစွာ ပြောလိုက်သည်။ “အသက်ထက် ပိုပြီးအရေးကြီးတဲ့ ဂုဏ်သိက္ခာတရားဆိုတာ ဘယ်မှာ ရှိတာလဲ။ အသက်ရှင်နေသေးသရွေ့ ရောရုဝပြည်ရဲ့ ဂုဏ်သိက္ခာတရားက မထိခိုက်သေးဘူး။ အရင် ငရဲလောကရဲ့ ခေါင်းဆောင်က အင်မော်တယ်အင်ပါယာ တစ်ယောက်လေ။ နှစ်ပေါင်းများစွာ ကြာမြင့်ပြီးတဲ့နောက်မှာ အခု သူ့ရဲ့ ဂုဏ်သိက္ခာက ဘယ်ရောက်နေလဲ”

ထိုစကားစုကို ကြားရသည့် အချိန်မှာ‌တော့ ထိုချပ်ဝတ်နှင့်လူသည် အသာ တိတ်ဆိတ်ငြိမ်သက်သွားခဲ့၏။ သူ၏အရှင် ပြောဆိုသည်မှာ မှန်ကန်ကြောင်း သူက သိရှိ၏။ ဘာမှန်းမသိသည့် ဂုဏ်သိက္ခာကို ထမ်းပိုးထားရင်း ဆန်းကြယ်လွန်းလှသည့် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်ကို ရန်ပြုမိသည်ဆိုပါက ကျိန်းသေပေါက် ဉာဏ်ရှိသည့် ကိစ္စရပ်မျိုး ဟုတ်လိမ့်မည် မထင်ပေ။

ထို့အပြင် သူတို့သည် တစ်ဖက်လူအကြောင်းကို ဘာမှ မသိချေ။ ခန့်မှန်း၍ မရနိုင်သည့် ရန်သူတစ်ယောက်ကို သွားရောက်ကာ ရန်ပြုမိသည်ဆိုပါက ရောရုဝပြည်တစ်ခုလုံး တစ်ဖက်လူ၏ လက်တစ်ချက်နှင့်ပင် ပျက်စီးရန် လုံလောက်သည့် အခြေအနေမျိုးပင်။ ရောရုဝပြည်တွင် ရှိနေသည့် သက်ရှိများသည် ပြန်လည် မွေးဖွားနိုင်စွမ်း ရှိကြသော်လည်း သူတို့ ရင်ဆိုင်နေရသည့် လူအပေါ်တွင် မူတည်လျက် ရှိ၏။

အန္တိမ ကျင့်ကြံသူ တစ်ယောက်သည် လွတ်လွတ်လပ်လပ်နှင့် ပြုမူဆောင်ရွက်၍ ရသည်ဆိုသော်လည်း တစ်ဖက်လူသည် အင်မော်တယ်ဘုရင် တစ်ယောက်သာ ဖြစ်သည်ဆိုပါက ကျိန်းသေပေါက် ကွာခြား သွားခဲ့ပြီဖြစ်၏။ အင်မော်တယ်ဘုရင် တစ်ယောက်သည် သူတို့ကို သတ်ဖြတ်ပစ်ရန် ရေတွက်လို့ မရအောင် များပြားလှသည့် နည်းလမ်းများကို ပိုင်ဆိုင်မှာ သေချာသည်။

ဝိညာဉ်ဆင့်ခေါ်ခြင်း ပုတီးစေ့၌ ပြစ်ချက်များ တည်ရှိလို့ နေခဲ့၏။ သေဆုံးပြီးသားသူများကို ပြန်လည် ရှင်သန်လာနိုင်ရန် အခြေအနေတစ်ခု ပေးနိုင်သည်ဆိုသော်လည်း အင်မော်တယ်ဘုရင် အဆင့်အောက်တွင် ရှိနေသည့် ကျင့်ကြံသူများကိုသာလျှင် တတ်နိုင်၏။ ထို့ကြောင့် အင်မော်တယ်ဘုရင်အဆင့် စွမ်းအားမြင့်ကျင့်ကြံသူသာ ထွက်လာသည်ဆိုပါက အရာအားလုံးသည် ပျက်စီးခြင်းအဖြစ်သို့ ရောက်ရှိပေလိမ့်မည်။

လက်ရှိ ရောရုဝပြည် နှင့် အတိတ်တုန်းက ငရဲလောကတို့သည် တူညီသည် မဟုတ်ချေ။ အခြေခံတစ်ခုလုံး ကွာခြားလျက် ရှိနေ၏။ ဝိညာဉ်ဆင့်ခေါ်ခြင်းပုတီးသည် သူတို့ ပိုင်ဆိုင်သမျှ အရာအားလုံးထဲမှ အားအကောင်းဆုံးတစ်ခု ဖြစ်သည်ဆိုသော်လည်း ရောရုဝပြည်၏ အားအင်အဆင့်သည် နှစ်ဆ ပိုမိုကာ တိုးတက်လာခြင်းတော့ မဟုတ်ချေ။

“အခုအချိန်မှာ ခဏလောက် အနားယူကြမယ်။ ဒီအတောအတွင်း တံခါးပိတ် ကျင့်ကြံမယ်။ အင်မော်တယ်ဘုရင် အဆင့်ကို အရမ်းနီးကပ်နေပြီလို့ ခံစားချက်တွေ ရနေတယ်” ရောရုဝပြည်၏ အရှင်သည် တည်ငြိမ်စွာဖြင့် ပြောဆိုလိုက်၏။

“ကောင်းပါပြီ” ချပ်ဝတ်နှင့်လူက ဦးညွတ်လိုက်၏။ ပြီးနောက် ဖြည်းဖြည်းချင်း နောက်သို့ ဆုတ်ခွာသွားသည်။

အခြားတစ်ဖက်တွင်တော့ အမဲရောင်ဝတ်စုံနှင့်လူသည် အသာဦးညွတ်ကာဖြင့် ထွက်ခွာသွားရန် ပြင်လိုက်၏။ သို့ပေမဲ့ ထွက်ခွာသွားရန် ပြင်လိုက်သည့် အချိန်မှာပဲ ရောရုဝပြည်အရှင်၏ အသံကို သူက ကြားလိုက်ရ၏။

“ဒီအတောအတွင်း မြေအင်မော်တယ်လောကမှာရှိတဲ့ နိရယအင်ပါယာ ဘယ်နေရာမှာရှိလဲဆိုတာ ကြိတ်ပြီး ရှာဖွေလိုက်။ သူမကိုသာ ခေါ်လာနိုင်မယ်ဆိုရင် အရမ်းကောင်းမှာပဲ။ မဟုတ်ဘူးဆိုရင် ငါ့ကို ဘာသတင်းမှ လာမပေးနဲ့တော့” ရောရုဝပြည်၏ အရှင်သည် တင်းမာခက်ထန်သည့် လေသံဖြင့် ပြောလိုက်သည်။

နိရယအင်ပါယာသည် ပြန်လည်မွေးဖွားခြင်း လမ်းခြောက်သွယ်ကို ဖန်တီးခဲ့တည်းက သက်ဆိုင်သည့် အမွေအနှစ်ကို ရရှိပြီးသား ဖြစ်ပေလိမ့်မည်။ ပြန်လည်မွေးဖွားခြင်း လမ်းခြောက်သွယ် ဆိုသည်မှာ ကျိန်းသေပေါက် အရာအားလုံးထက် ပိုမို အားကောင်းသည့် အမွေအနှစ် ဖြစ်၏။

ထိုနိရယအင်ပါယာကိုသာ သူ ဖမ်းဆီးနိုင်သည် ဆိုပါက ကျိန်းသေပေါက် သံသယရှိစရာမလိုဘဲ ပိုမိုကာ အားကောင်းလာမှာဖြစ်၏။ အချက်အလက်အားဖြင့် ထိုကဲ့သို့ အကျိုးကျေးဇူးများကို ရရှိပြီးသည့်နောက် အင်မော်တယ်ဘုရင်အဆင့်အဖြစ် တက်လှမ်းနိုင်မည့် အခွင့်အရေးကို ပိုင်ဆိုင်ပေလိမ့်မည်။

All Chapters