← Chapters

အပိုင်း (၅၄၂)

Vol. 37 Ch. 542

အပိုင်း (၅၄၂)

Vol. 37 Ch. 542

ကောင်းကင်လျှို့ဝှက် နန်းဆောင်ဟူသော စကားလုံးကို ရေရွတ်လိုက်ချိန်မှာတော့ ဟောခန်းတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။ ဟုတ်ပေသည်။ ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင် ဖြေရှင်း၍ မရသည့်အရာဟူ၍ လောကကြီးထဲ၌ တည်ရှိနေလေသည်လား။ အကယ်၍ ဖြေရှင်း၍ မရသည်ဆိုပါက အရင်းအမြစ် မလုံလောက်ခြင်းကြောင့်သာ ဖြစ်လေလိမ့်မည်။

နိရယ အင်ပါယာသည် မြေအင်မော်တယ်လောကကြီးနှင့် ကြီးမားလှသည် အမုန်းတရားများ တည်ရှိနေသည် ဆိုလျှင်တောင်မှ ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်၏ မျက်နှာဖြင့် ကူညီပေးမှာ သေချာ၏။

သို့ပေမဲ့ လက်ရှိအချိန်မှာတော့ နိရယအင်ပါယာသည် ရောရုဝပြည်အကြောင်း သိရှိရဲ့လား၊ မသိရှိဘူးလား ဆိုသည်မှာ အရေးကြီးကိစ္စရပ် ဖြစ်လာခဲ့၏။ သူတို့သိသလောက်ဆိုလျှင် နိယရအင်ပါယာသည် သေဆုံးပြီးနောက် ပြန်လည်ရှင်သန်နိုင်သည့် လူတစ်ယောက်လည်း မဟုတ်ချေ။ ထို့ကြောင့်ပင်လျှင် နိရယအင်ပါယာကို မည်သူမှ လေးလေးနက်နက် မထားခြင်းဖြစ်၏။ သူမ၌ မည်မျှများပြားသည့် ဝှက်ဖဲများ ရှိနေမည်ကို သူမသာလျှင် သိပေလိမ့်မည်။

"နိရယအင်ပါယာကသာ ရောရုဝပြည် အကြောင်းမသိဘူးဆိုရင် ကောင်းကင်လျှို့ဝှက်နန်းဆောင်ကနေ အရင်းအမြစ်များများနဲ့ သတင်းအချက်အလက်တွေ ဝယ်ယူဖို့ပဲ ရှိတော့တယ်။ " ထိုအကြီးအကဲအမျိုးသမီးသည် အလျင်စလိုဖြင့် ဝင်ကာပြောဆိုလိုက်၏။

"ဒါဆိုရင် ကျုပ်တို့ ခရီးတစ်ခု ထွက်ရတော့မှာပေါ့ "

အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် အကြီးအကဲသည် ဝင်ရောက်ကာ ပြောဆိုလိုက်သည်။

"တကယ်လို့ သန်းတစ်ထောင်မှ တစ်ခုပဲ ဖြစ်နိုင်တဲ့ အခွင့်အရေးမျိုး ဆိုရင်တောင် ကျုပ်တို့ အရှုံးပေးလို့ မဖြစ်ဘူး။ ပြီးတော့ နက်နဲအလင်းလောကရဲ့ ရောရုဝက ကျိန်းသေပေါက် အချိန်အကြာကြီး ငြိမ်နေမှာ မဟုတ်ဘူး။"

ထိုအသံ ထွက်ပေါ်လာခဲ့ပြီးနောက် အားလုံးတို့သည် ပြန်လည်ကာ တိတ်ဆိတ်ငြိမ်သက်သွားပြန်၏။ ခဏလောက် ကြာပြီးသည့်နောက် အကြီးအကဲအမျိုးသမီးသည် လည်ချောင်းကိုဟန့်ကာဖြင့် ပြောလိုက်၏။ "ကျွန်မတို့ ကောင်းကင်လျှို့ဝှက် နန်းဆောင်ကို သွားပြီးတော့ နိရယအင်ပါယာရဲ့သတင်းကို သွားမေးကြတာပေါ့"

"ကောင်းပြီ"

ဟောခန်းထဲတွင် ရှိနေသည့် လူများကလည်း ခေါင်းညိတ်လိုက်ကြ၏။ ခဏကြာပြီးသည့်နောက် တစ်ယောက်ချင်းစီတိုင်းသည် သိုလှောင်လက်စွပ်တစ်ကွင်းစီကိုု ချွတ်ကာဖြင့် အကြီးအကဲအမျိုးသမီးဆီသို့ ပေးလိုက်ကြသည်။

"နိရယအင်ပါယာ သို့မဟုတ် နက်နဲအလင်းလောကကြီးရဲ့ ရောရုဝ နှစ်ခုလုံးက အရေးကြီးတဲ့ အရာတွေပဲလေ။ ဘာပဲဖြစ်ဖြစ် ကျုပ်တို့ လုပ်နိုင်သလောက် လုပ်ရမယ်။"

"စိတ်ချ … ကျွန်မနားလည်ပါတယ်"

အကြီးအကဲအမျိုးသမီးက ခေါင်းညိတ်လိုက်၏။ သိုလှောင်လက်စွပ်များကို လက်ခံပြီးနောက် သူမသည် ရှေ့ဆီသို့ လှမ်းတက်လိုက်၏။ သူမ၏ ပုံပန်းသွင်ပြင်သည် ချက်ချင်းဆိုသလိုပဲ ပျောက်ကွယ်သွားခဲ့၏။ ထိုအချိန်မှာတော့ သူမသည် တည်နေရာမိုင်တစ်ထောင် အကွာအဝေးသို့ ရောက်ရှိနေပြီ ဖြစ်၏။ ခဏလောက်အတွင်းမှပဲ ဤအမျိုးသမီးသည် ထပ်မံကာ ပျောက်ကွယ်သွားခဲ့ပြန်၏။ သူမထွက်ခွာသွားသည်ကို ကြည့်ရှုပြီးနောက် ဟောခန်းထဲရှိ လူများသည် မျက်မှောင်ကုတ်လိုက်မိကြ၏။ သူမအနေဖြင့် ကောင်းမွန်သည့် သတင်းအချက်အလက်များကို ရယူလာပါစေဟု သူတို့ တောင်းဆု ပြုမိကြသည်။

ဤအတောအတွင်း နက်နဲအလင်းလောကရှိ တံခါးပိတ်ကျင့်ကြံရာ ဟောခန်းတစ်ခုထဲတွင် လူသုံးယောက်သည် မျက်နှာချင်းဆိုင် ထိုင်လျက် ရှိနေ၏။

"အင်း အချိန်တွေ ကြာမြင့်ခဲ့ပြီပဲ။ နိရယအင်ပါယာ ဘယ်နေရာမှာ ရှိတယ်ဆိုတဲ့ သတင်းကို အခုထိ မရသေးဘူး။ သူမ တစ်နေရာရာမှာ ပုန်းနေတာပဲ ဖြစ်ရမယ်" ဟောခန်းအတွင်းမှာတော့ အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် လူသည် လေးနက်တည်ကြည်သည့် အသံဖြင့် ပြောဆိုလိုက်သည်။

ထိုသူ၏ နာမည်သည် စုရှန်းလော် ဖြစ်သည်။ ထိုသူသည် နှစ်ပေါင်းများစွာကတည်းက ရောရုဝပြည်တွင် နေထိုင်ခဲ့သည့် လူပေါင်းများစွာထဲမှ တစ်ယောက်ပင် ဖြစ်လေ၏။ ရောရုဝပြည်တွင် ရာထူးမြင့်မြင့်မားမားကို ယူဆောင်ထားခဲ့ပြီး စိတ်ဝိညာဥ်အလောင်းကောင် မဟုတ်သော်လည်း ရောရုဝအရှင်၏ ယုံကြည်မှုကို အများဆုံး ရယူထားသော လူတစ်ယောက်လည်း ဖြစ်၏။ ထို့ကြောင့်ပင်လျှင် ယနေ့အချိန်တွင် ဤနေရာ၌ ထိုင်နေနိုင်ခြင်း ဖြစ်၏။

"နိရယအင်ပါယာက နိရယလောကတစ်ခုလုံးကို တည်ထောင်ထားနိုင်ခဲ့တယ်။ သူမက ချွင်းချက်မရှိ အားကောင်းတဲ့ စွမ်းဆောင်ရည်ကို ထုတ်ဖော်ပြသခဲ့တယ်။ နှစ်ပေါင်းတစ်သောင်းအတွင်းမှာ သူမက အစစ်အမှန် အင်မော်တယ် အဖြစ်ကို တက်လှမ်းနိုင်ခဲ့တယ်။ ဒီတော့ အလားအလာနဲ့ ပါရမီကို အထင်သေးလို့ မဖြစ်ဘူး။ " ချပ်ဝတ်နှင့်လူက ပြောဆိုလိုက်သည်။

"ဖြစ်နိုင်တာက"

တခြားသော သူနှစ်ယောက်ကို ထပ်မံကြည့်ရှုရင်း ချပ်ဝတ်နှင့်လူက ဖြေးညင်းစွာ ပြောလိုက်၏ ။ "သူကို အချိန်လုံလုံလောက်လောက် ပေးမယ်ဆိုရင် ကျုပ်တို့ အရှင်နဲ့တောင် နှိုင်းယှဥ်လို့ ရနိုင်တယ်။ "

စုရှန်းလော်သည် ချပ်ဝတ်နှင့်လူကို အသာလှည့်ကြည့်လိုက်သည်။ "တာအိုရောင်းရင်း … ခင်ဗျားကိုကြည့်ရတာ သူမကို အရမ်းကြီး အထင်ကြီးနေတဲ့ပုံပဲ။ ကျုပ်တို့အရှင်က သာမန်ထက်ပိုတဲ့ စွမ်းဆောင်ရည်ကို ပိုင်ဆိုင်တဲ့ လူတစ်ယောက်လေ။ နိရယအင်ပါဟာတစ်ယောက် လိုက်မီနိုင်တဲ့ အရာမျိုး မဟုတ်ဘူး။”

“ကျုပ်တို့အရှင်က ဒီအဆင့်ကို ရောက်ဖို့အတွက် နှစ်သန်းချီလောက် ကြာမြင့်ခဲ့တယ်။" ချပ်ဝတ်နှင့်လူ သည် လေးနက်တည်ကြည်စွာ ပြောလိုက်၏။ သူ၏ အသိပညာအရ သူတို့၏အရှင်သည် နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့ပြီး ၎င်း၏ စွမ်းအင်သည် နိရယအင်ပါယာထက် အများကြီး သာလွန်၏။ သို့ပေမဲ့ နိရယအင်ပါယာသည် တကယ့်ပင် ထူးချွန်သည့် အမျိုးသမီးတစ်ယောက်ဖြစ်၏။ သူမသည် အချိန်အနည်းငယ်သာ ကျင့်ကြံခဲ့သော်လည်း ကျိန်းသေပေါက် ပိုမိုမြင့်မားသည့် ကျင့်ကြံခြင်းအဆင့်ကို ပိုင်ဆိုင်နေ၏။ ထို့ပြင် ကန့်သတ်ထားသည့် လောကငယ်လေး ထဲတွင် နေထိုင်နေခြင်း ဖြစ်၏။ တူညီသည့်လောကတွင်သာ နေထိုင်ပါက သူမ၏ အားအင်သည် သူတို့၏ အရှင်ထက် မည်သို့မှ နိမ်ကျလိမ့်မည် မဟုတ်ကြောင်း သူက ယုံကြည်မိ၏။

"နိရယအင်ပါယာအကြောင်းကို ကျုပ် သေသေချာချာ လေ့လာခဲ့တယ်။ သူမဆီမှ ငရဲလောကရဲ့ နည်းစနစ် တစ်ချို့ ရှိနေတယ်။" စုရှန်းလော် ဝင်ရောက်ကာ ပြောဆိုလိုက်သည်။

" နိရယအင်ပါယာက အချိန်မတန်သေးတာကို ခံစားမိလို့နေမယ်။ သူမရဲ့ ကျင့်ကြံခြင်းကို အစွန်းစုံအထိ ထုတ်ဖော် မပြသသေးတာလည်း ဖြစ်နိုင်တယ်"

ချပ်ဝတ်နှင့်လူက ပြောဆိုလိုက်၏။ “ဥပမာအားဖြင့် ပြန်လည်မွေးဖွားခြင်း လမ်းခြောက်သွယ်ပဲ။ ဒါက ကျုပ်တို့အရှင်တောင် ပိုင်ဆိုင်ခြင်းမရှိသေးတဲ့ နိရယလောကရဲ့ ပန်းပဲနည်းစနစ်တစ်ခုပဲ။ နိရယအင်ပါယာက အစောကြီးကတည်းက ဒါကို ကျွမ်းကျင်နှင့်နေပြီ။ ဒီတော့ ငရဲလောကနဲ့ ပတ်သက်တဲ့ အမွေအနှစ် တော်တော်များများကို သူမ ကိုင်ဆောင်ထားမယ်ဆိုတာ တွေးကြည့်ရုံနဲ့ သိသာတယ်။ "

ချပ်ဝတ်နှင့်လူ ပြောပြီးပြီးချင်းမှာပဲ စုရှန်းလော်သည် တိတ်ဆိတ် ငြိမ်သက်သွားခဲ့၏။ ပြန်လည်မွေးဖွားခြင်း လမ်းခြောက်သွယ်သည် သူ့အား တကယ်ပင် နားလည်စေခဲ့၏။ မည်သူမှသည် ဤရတနာ၏ တန်ဖိုးကြီးမားပုံကို လျစ်လျူမရှုနိုင်ချေ။

"ရောရုဝအင်ပါယာက ပြန်လည်မွေးဖွားခြင်း လမ်းခြောက်သွယ်ကို ကိုင်ဆောင်ထားတယ်။ အခုသူမက ပျောက်ခြင်းမလှ ပျောက်ကွယ်သွားခဲ့ပြီ။ ကျုပ်တို့ သူ့ကို ရှာဖွေနေတာ နေ့နေ့ညည ကြာခဲ့ပြီ။ ဒါပေမဲ့ ဘာသဲလွန်စမှ မရဘူး။ ဘာသတင်း ရသေးလဲ" စုရှန်းလော်က မေးမြန်းလိုက်၏။

"ဘာမှမရှိပါဘူး။ "

ချပ်ဝတ်နှင့်လူသည် ခေါင်းကို အသာခါယမ်းလိုက်သည်။ "မကြာသေးခင်တုန်းက မြေအင်မော်တယ်လောကရဲ့ ထာဝရ အစစ်အမှန်အင်မော်တယ်က နိရယအင်ပါယာနဲ့ တိုက်ခိုက်ခဲ့တယ်တဲ့။ နိရယအင်ပါယာက ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိပြီးတဲ့နောက်မှာ အဆက်အသွယ် ပြတ်တောက်သွားတာပဲ။ ဒီနေ့အထိ သူမဘယ်ကိုရောက်နေလဲဆိုတာ ဘယ်သူမှ မသိဘူး။ "

"ကျုပ်တို့ ရောရုဝပြည်က မြေအင်မော်တယ်လောကနဲ့ အခုမှ ပေါင်းစပ်တာ ဆိုတော့ နိရယအင်ပါယာကို ရှာဖွေဖို့ဆိုတာ ကောက်ရိုးပုံထဲ အပ်ပျောက်ရှာရသလိုပဲ။" ချပ်ဝတ်နှင့်လူသည် မည်သို့မှမနေနိုင်ပဲ လက်ကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိ၏။

သူ၏ မျက်လုံးထက်တွင်အေးစက်သည့် အလင်းတန်းများ ထွန်းတောက်လာခဲ့၏။ နိယရအင်ပါယာသည် ကျိန်းသေပေါက် ချွင်းချက်မဲ့ ပါရမီရှင်တစ်ယောက်ဖြစ်ကြောင်း သူ ခံစားမိ၏။ သူတို့သည် အံ့အားသင့်လောက်အောင် အားကောင်းသော်လည်း အချိန်အတိုင်းအတာတိုအတွင်း အင်မော်တယ် ဖြစ်လာလိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ နိယရအင်ပါယာမှာတော့ ခြားနားလို့ နေခဲ့၏။ သူမသည် ငရဲလောက၏ အမွေအနှစ်များကို ကိုင်ဆောင်ထားခဲ့၏။ သူမ ရရှိသည့် အမွေအနှစ်များသည် မည်မျှ များပြားကြောင်း မည်သူမှ မသိရှိခဲ့ချေ။

ရောရုဝပြည်၏ အားနည်းချက်များကို နားလည်ခဲ့ပါက ကျိန်းသေပေါက် နက်နဲအလင်းလောကထဲတွင် ရှိနေသည့် လူပေါင်းများစွာတို့သည် အန္တရာယ်သက်ရောက်မှာ သေချာ၏။ နိရယအင်ပါယာသည် အဆင့်ချိုးဖျက်ပြီး အန္တိမအဆင့်သို့ ရောက်ရှိသွားသည်နှင့် သူတို့သည် တစ်ဖက်လူကို ယှဥ်ပြိုင်ရန် ခက်ခဲသွားပေလိမ့်မည်။ ထို့အပြင် သူမသည် ပြန်လည်မွေးဖွားခြင်း လမ်းခြောက်သွယ်ကိုလည်း တုပ သန့်စင်နိုင်ခဲ့ပြီ ဖြစ်၏။ ဤတန်ဖိုးကြီးလှသော ရတနာသည် တခြားသော သက်ရှိများကို အသာစီးမှ ယှဥ်ပြိုင်တိုက်ခိုက်ရန်အတွက် သင့်တော်သည့် ရတနာပင် ဖြစ်လေသည်။

ဝိညာဥ်များကို ရင်ဆိုင်တိုက်ခိုက်သည့် နေရာတွင် တကယ့်ကို ကောင်းမွန်လှည့် လက်နက်တစ်ခုလည်း ဖြစ်လို့နေခဲ့၏။ သူမသည်သာ ထိုလက်နက်ကို ကိုင်ဆောင်ထားပါက မည်သူမှသည် လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ချေ။ ခြေတစ်လှမ်း မှားသွားသည်နှင့် သူတို့သည် အေးစက်သည့် ပြန်လည်မွေးဖွားခြင်း စက်ဝန်းထဲသို့ တွန်းပို့ခံရမှာဖြစ်ပြီး ထာဝရရှင်သန်နိုင်ခြင်း၏ အသိအမြင်များ ပျောက်ကွယ်သွားပေလိမ့်မည်။ ပြန်လည် မွေးဖွားခြင်း လမ်းခြောက်သွယ် လက်နက် နှင့် ရင်ဆိုင်ရခြင်းသည် ဟာသမဟုတ်ချေ။

"ဒါဆိုရင် ဘာနည်းလမ်းမှ မရှိတော့ဘူးပေါ့" စုရှန်းလော်သည် မေးခွန်းထုတ်လိုက်၏။ သူသည် မျက်မှောက်ကုတ်နေမိ၏။

"အင်း မြေအင်မော်တယ်လောကက သက်ရှိတွေဆီကရတဲ့ သတင်းအချက်အလက်တွေအရဆိုရင် နိရယအင်ပါယာက မှောင်မဲနေတဲ့ လောကကြီးတစ်ခုကနေ စစ်သည်တွေကို ဆင့်ခေါ်တတ်တယ်တဲ့။ ကျုပ်ထင်တာက သူမက လောကငယ်တစ်ခုကို ထိန်းချုပ်နိုင်တာပဲ ဖြစ်ရမယ်။ ဒီတော့ လောကငယ်တစ်ခုမှာ သွားပြီးတော့ ပုန်းအောင်းနေတာလည်း ဖြစ်မယ်" ချပ်ဝတ်နှင့်လူက ပြောဆိုလိုက်၏။

စုရှန်းလော်၏ အမူအရာက ပြောင်းလဲသွား၏။ သူတို့၏အရှင် ပြောဆိုခဲ့သည့် လောကဟူသည့်စကားကို သူက ခပ်ရေးရေး မှတ်မိလိုက်၏။ ချပ်ဝတ်နှင့်လူ၏ ပြောစကားကို ကြားရသည့် အချိန်မှာတော့ သူသည် ရုတ်တရက် ထကာအော်ဟစ်လိုက်မိသည်။ "ငရဲလောကလား"

All Chapters