← Chapters

အပိုင်း (၅၄၃)

Vol. 37 Ch. 543

အပိုင်း (၅၄၃)

Vol. 37 Ch. 543

ငရဲလောက … မူရင်းငရဲလောကကြီးသည် ကြောက်မက်ဖွယ်ရာကောင်းပြီး လောကပေါင်းများစွာတို့ကို လွှမ်းမိုးနိုင်ခဲ့သော လောကကြီးတစ်ခုဖြစ်ပြီး လောကအသီးသီးတို့နှင့် တိုက်ပွဲတွင် ရှုံးနိမ့်ပြီးနောက် ငရဲလောက၏ အရှင်သည် သေဆုံးသွားခဲ့သည်။

ယခု ပြောဆိုနေသည့် နိရယအင်ပါယာ ဆင့်ခေါ်သော လောကသည် ငရဲလောက ဖြစ်နေမည်လား။ မဟုတ်နိုင်ပေ။ ထိုမျှ ကြမ်းတမ်းလွန်းသည့် လောကကြီးသည် အစစ်အမှန် အင်မော်တယ်တစ်ယောက်၏ ထိန်းချုပ်မှုအောက် ရောက်ရှိလိမ့်မည် မဟုတ်ချေ။ ပုံစံတူ သန္ဓေလောကငယ် တစ်ခုသာလျှင် ဖြစ်ပေလိမ့်မည်။

"ငရဲလောကဖြစ်ဖြစ်၊ မဖြစ်ဖြစ် ကိစ္စမရှိဘူး။ နိရယအင်ပါယာက အဲမှာပုန်းနေပြီး ထွက်မလာဘူးဆိုရင် ဘယ်မှာ သွားရှာရမလဲ" စုရှန်းလော်သည် မျက်မှောင်ကုတ်မိလိုက်၏။ သူသည် လေးလေးနက်နက် တွေးတောနေမိ၏။

“အင်း … ဘယ်လိုရှာရမှန်းတောင် မသိတော့ဘူး"

ဟောခန်း၏ ဘေးတစ်ဖက်တွင်ရှိနေသည့် အမဲရောင် မြူများအတွင်းရှိ လူက လှမ်းကာပြောလိုက်၏။ သူသည် တခြားသောလောက တစ်ခုတွင် ရပ်တန့်နေသကဲ့သို့ပင်။ ၎င်း၏ ခန္ဓာကိုယ်သည် ဝေဝေဝါးဝါးပင် ဖြစ်၏။ ဝင်လာစဥ်ကတည်းက သူသည် တိတ်ဆိတ်ငြိမ်သက်စွာ တည်ရှိနေ၏။ မထင်မှတ်ထားလောက်အောင်ပင် လက်ရှိအခြေအနေတွင်မှ ဝင်ရောက်ကာ ပြောဆိုခဲ့သည်။

"ကျုပ်တို့ ဘာလုပ်ရမှာလဲ" စုရှန်းလော်သည် အသာသက်ပြင်းချလိုက်မိ၏။ အရှင်သည် တံခါးပိတ်ကျင့်ကြံနေပြီး အင်မော်တယ်ဘုရင်အဆင့်ကို ချိုးဖျက်နိုင်ရန် ပြင်ဆင်နေ၏။ ထို့ကြောင့် ပြန်ထွက်လာရန် အချိန်အနည်းငယ် ကြာမြင့်မှာ ဖြစ်သည်။ သွားရောက်ကာ နှောက်ယှက်ခြင်းသည် သင့်လျော်သော ကိစ္စရပ်မျိုး မဟုတ်ချေ။ နိရယအင်ပါယာ မည်သည့်နေရာတွင် ရှိသည်ကို ရှာဖွေမတွေ့မချင်း သူ့ကို လာရောက်မပြောဆိုရန် အရှင်က တားမြစ်ထားသည် မဟုတ်ပါလား။

"ကောင်းပြီ "

စုရှန်းလော်သည် တစ်စုံတစ်ခုက်ု စဥ်းစားမိသွားပုံပေါ်၏။ သူ၏ မျက်လုံးများက လင်းလက်သွားခဲ့၏။ "ကျုပ်သာ မှတ်မိတာ မှန်မယ်ဆိုရင် ကောင်းကင်မူလလောကကြီးထဲမှာ ရှိနေတဲ့ ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်က အရာအားလုံးကို သိရှိတဲ့လူတဲ့။ သူသာ လှုပ်ရှားရင် နိရယအင်ပါယာ ဘယ်မှာရှိလဲဆိုတာ သိလိမ့်မယ်။ နိရယအင်ပါယာ အစစ်အမှန် အင်မော်တယ်ဖြစ်လာတာ ကောင်းကင်လျှို့ဝှက် နန်းဆောင်ရဲ့ ကူညီမှုကြောင့်တဲ့။ ဒီလိုလူရှိနေမှတော့ ဘာကိစ္စကျုပ်တို့က အပင်ပန်းခံပြီးတော့ နိရယအင်ပါယာကို လိုက်ရှာနေမှာလဲ”

“ဟမ်"

ချပ်ဝတ်နင့်လူသည် ခေါင်းကို အသာမော့ကြည့်လိုက်၏။ သူ၏ မျက်လုံးထဲ၌ အံ့အားသင့်သည့် အမူအရာများ ဖြစ်တည်လာခဲ့သည်။

"ခင်ဗျား ဘာပြောနေတယ်ဆိုတာ သိရဲ့လား။ ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်က ကျုပ်တို့ ရောရုဝပြည်ရဲ့ အန္တိမ ကျင့်ကြံသူသုံးယောက်ကို သတ်ဖြတ်ပစ်ခဲ့တာလေ။ အခု ခင်ဗျားက သူ့ဆီသွားပြီး အကူအညီ တောင်းချင်နေတာလား။ "

ချပ်ဝတ်နှင့်လူက နှာခေါင်းရှုံ့လိုက်၏။ ပြီးနောက် ပြောလိုက်၏။ "သူက ကျုပ်တို့ကို ဘယ်လို ကူညီမှာလဲ။ သူသာ ကျုပ်တို့ကို သတင်းအမှားတွေ ပေးလိုက်မယ်ဆိုရင် ကျုပ်တို့လက်ရွေးစင် တပ်သားတွေအားလုံး သေကုန်မှာပေါ့။ ဒါဆိုရင် ဘယ်လိုလုပ်မလဲ"

အတိတ်တုန်းက သူတို့သည် သေဆုံးခြင်း၊ ရှင်သန်ခြင်း မည်သည့်အရာကိုမှ ဂရုစိုက်လိမ့်မည် မဟုတ်ချေ။ ထို့အပြင် သူတို့သည် သေဆုံးခြင်း မရှိကြချေ။ လက်ရှိအခြေအနေမှာတော့ ခြားနားသွားခဲ့ပြီ ဖြစ်၏။ ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်သည် သူတို့ကို သတ်ဖြတ်ရန် နည်းလမ်း ပိုင်ဆိုင်နေ၏။ ထို့ကြောင့် လွယ်လွယ်ကူကူ သုတ်သင်ပစ်နိုင်၏။ အရှင် တံခါးပိတ်ကျင့်ကြံတုန်း သူတို့အနေဖြင့် ကောင်းကင်လျှို့ဝှက် နန်းဆောင်ကို သွားရောက် ပြဿနာမရှာခြင်းက အကောင်းဆုံးဖြစ်ပေလိမ့်မည်။

"ဒီလိုကျယ်ပြောတဲ့ လောကကြီးထဲမှာ ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်ကလွဲရင် ဘယ်သုက နိရယ အင်ပါယာကို ရှာနိုင်မယ်လို့ ခင်ဗျားထင်လဲ။ "

စုရှန်းလော်၏ အမူအရာသည် အေးစက်သွား၏။ ပြီးနောက် သူသည် စိတ်ဆုံးဖြတ်ထားသလို အေးစက်စက် ပြောလိုက်၏။ "ကျုပ်တို့တာ မစူးစမ်းဘူးဆိုရင် ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်က ကျုပ်တို့အပေါ် ရန်ငြိုးထားလား၊ မထားဘူးလား ဘယ်လိုသိမှာလဲ။ တစ်စုံတစ်ယောက်ကို အရင်စေလွှတ်ပြီးတော့ အတည် ပြုရမယ်။ ဒါဆိုရင် အဆင်ပြေတာပဲ မဟုတ်လား။ "

စုရှန်းလော်သည် အမှတ်တမဲ့ဖြင့် ပြောလိုက်၏။ သူသည် ဤအချက်ကို စဥ်းစားမိ၏။ ထို့ကြောင့် သိပ်ပြီး မစိုးရိမ်လှချေ။

“တစ်စုံတစ်ယောက်ကို စေလွှတ်ပြီးတော့ အတည်ပြုမယ် ဟုတ်လား။ "

ချပ်ဝတ်နှင့်လူသည် နှာခေါင်းကို ရှုံ့လိုက်၏။ ပြီးနောက် အသာပြောလိုက်၏။

"ခင်ဗျားရဲ့လူက ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲ ဝင်သွားတာနဲ့ တစ်ခါတည်းအသတ်ခံရမယ်လို့ ကျုပ်ထင်တယ်"

အန္တိမကျွမ်းကျင်သူ သုံးယောက်ကို သတ်ဖြတ်ပြီးနောက် ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်၏ အားအင်အဆင့်ကို သူက သိရှိခဲ့ပြီး ဖြစ်၏။ ရောရုဝပြည်ပေါ်တွင် တစ်ဖက်လူသည် မကောင်းသည့်စိတ်ရှိနေပါက ရောရုဝပြည်၏ လူများသည် အထဲကိုမဆိုနှင့် တော်ဝင်သဲကန္တာရမြို့အနီးသို့ ချဥ်းကပ်ရုံဖြင့် အသတ်ခံရမှာ သေချာသည်။

"ခင်ဗျား"

စုရှန်းလော်၏ မျက်နှာတစ်ခုလုံးက ပျက်ယွင်းသွားခဲ့၏။ သူ၏ ခွန်းတုံ့ပြန်ချင်၏။ သို့ပေမဲ့ မည်သည့်စကားမှ မဆိုနိုင်ချေ။

ထောင့်တစ်ခုတွင်တော့ အမဲရောင် မြူတစ်ခုက ရင်သိုင်းလျက် ရှိနေ၏။ ထိုသူ၏ မြူများသည် တဖြည်းဖြည်းနှင့် ကြည်လင်ရှင်းလာခဲ့ပြီး ပုံပန်းသွင်တစ်ခု ဖြစ်လာခဲ့၏။ တောက်ပသည့် အလင်းတန်းများသည် ဟောခန်းတစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့၏။ စုရှန်းလော်ကဲ့သို့ အန္တိမကျင့်ကြံသူပင်လျှင် ငြိမ်ငြိမ်သက်သက် နေထိုင်ရန် ဆုံးဖြတ်လိုက်ရသည်။ သူသည် ပါးစပ်ကို မဟရဲတော့ချေ။

"ခင်ဗျားတို့နှစ်ယောက် ရန်ဖြစ်မနေနဲ့တော့ "

အမဲရောင်လူသည် အေးစက်စက် ပြောဆိုလိုက်၏။ "ကောင်းကင်လျှို့ဝှက် နန်းဆောင်အရှင်ရဲ့ လက်ရှိရပ်တည်မှုက သိသာထင်ရှားနေတယ်။ ဒါပေမဲ့ နက်နဲအလင်းလောကကြီး ဆိုတာက အရှုပ်အထွေးတွေကြားကနေ သူ့ရဲ့ လွှမ်းမိုးမှုအောက် ရောက်လာတဲ့ အရာတစ်ခုပဲ။ ပြီးတော့ သူက အန္တိမကျင့်ကြံသူသုံးယောက်ကို သတ်ဖြတ်ပြီးတဲ့နောက်မှာ ရောရုဝပြည်ကို ဆက်ပြီး ပစ်မှတ်မထားဘူး။ ဒီတော့ ကျုပ်တို့အတွက် ညိနှိုင်းလို့ရတဲ့ အခြေအနေတစ်ခု ရှိနိုင်သေးတယ်။ "

ထိုစကားကိုကြားသည့်အချိန်မှာတော့ တခြားသောနှစ်ယောက်တို့သည် တိတ်ဆိတ်ငြိမ်သက်စွာဖြင့် ခေါင်းကို ညိတ်လိုက်ကြ၏။ ဤအရာသည် အမှန်ပင်ဖြစ်၏။

ကောင်းကင်လျှို့၀ှက်နန်းဆောင်သခင် ထုတ်ဖော်ပြသခဲ့သည့် အားအင်အဆင့်ကို ကြည့်ရှုမည်ဆိုလျှင် ရောရု၀ ပြည်တစ်ခုလုံးကို သုတ်သင်ရှင်းလင်းဖို့ ဆိုသည်မှာ အားအင်သိပ်ပြီး စိုက်ထုတ်စရာပင် မလိုချေ။

အဘယ့်ကြောင့်ဆိုသော် အန္တိမကျင့်ကြံသူ သုံးယောက်ကိုတောင်မှ လွယ်လွယ်ကူကူနှင့် သတ်ဖြတ်ခဲ့သည် မဟုတ်ပါလား။ တခြားတစ်ဖက်က ပြောရမည်ဆိုလျှင် ကောင်းကင်လျှို့၀ှက် နန်းဆောင်သခင်သည်သာ အားစိုက်ထုတ်သည် ဆိုပါက ရောရု၀အရှင်ကိုပင် သတ်ဖြတ်ကောင်းသတ်ဖြတ်ပစ်နိုင်၏။ သူတို့၏ စိုးရိမ်ပူပန်မှု များသည် တကယ့်ကို အဓိပ္ပာယ်မဲ့လှ၏။

ထို့ကြောင့်ပင်လျှင် ရောရု၀ပြည်အရှင်သည် တစ်ဖက်လူ၏ နောက်လိုက်မဖြစ်ချင်သောကြောင့် အဆင့်ချိုးဖျက်ရန် ကြိုးစားနေခြင်းဖြစ်သည်။ သူသည် တခြားသောသူ၏ ထိန်းချုပ်မှုအောက်သို့ ရောက်နိုင်သော အခြေအနေကိုရှောင်ရှားချင်ခြင်းဖြစ်သည်။

“တာအိုရောင်းရင်း ..... ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီ သွားတာက အဆင်ပြေနိုင်မယ်လို့ တကယ် ထင်လား” စုရှန်းလော်သည် စိတ်လှုပ်ရှားစွာဖြင့် မေးမြန်းလိုက်၏။

“စမ်းကြည့်မှ သိနိုင်မှာပေါ့” အမဲရောင်များနှင့်လူသည် ထူးမခြားနားသလို ပြောလိုက်၏။ သူသည် ထိုကဲ့သို့ ပြောဆိုလိုက်သည် ဆိုမှတော့ ကျိန်းသေပေါက် ဆုံးဖြတ်ခဲ့ပြီးဖြစ်ပုံပေါ်သည်။

ချက်ချင်းဆိုသလိုပင် စုရှန်းလော်၏ မျက်နှာပေါ်တွင် ပျော်ရွှင်သည့်အရိပ်အယောင်များ ဖြစ်တည်လာခဲ့၏။ သူက မြန်မြန်ဆန်ဆန်ပြောဆိုလိုက်၏။

“ကျုပ်လူတစ်ချို့ကို စီစဥ်ပြီး ကောင်းကင်လျှို့၀ှက်နန်းဆောင်ဆီကို စေလွှတ်လိုက်မယ်။ ပြီးတော့ နိရယ အင်ပါယာ ဘယ်မှာရှိလဲဆိုတာကို စုံစမ်းခိုင်းလိုက်မယ်။ “

“ကောင်းပြီ”

အမဲရောင်မြူများနှင့်လူသည် တင်းမာခက်ထန်သည့်လေသံဖြင့်ပြောလိုက်သည်။ “ရောရု၀ပြည်ရဲ့ အင်အားစုတွေကို ၀င်ပြီး မရှုပ်ထွေးဖို့ သေသေချာချာ မှာကြားထား။ မြေအင်မော်တယ်လောက ကြီးရဲ့ တချို့လူတွေကိုရွေးချယ်လိုက်။ ပြီးတော့ ရောရု၀ပြည်ရဲ့ လူတွေအစား သူတို့ကို လှုပ်ရှားခိုင်းလိုက်”

ဤနည်းလမ်းသည် ရောရု၀ပြည်၏ ဆုံးရှုံးမှုကို အနည်းဆုံးဖြစ်အောင် ပြုလုပ်နိုင်သည့် နည်းလမ်းပင်ဖြစ်၏။ ကောင်းကင်လျှို့၀ှက်နန်းဆောင်သခင်သည် သတ်ဖြတ်ပစ်မည်ဆိုလျှင်တောင်မှ သေဆုံးသူမှာ သူတို့၏ လူမဟုတ်ဘဲ မြေအင်မော်တယ်လောကမှ လူသာလျှင် ဖြစ်ပေမည်။

“စိတ်ချပါတာအိုရောင်းရင်း။ ကျုပ်နားလည်ပါပြီ” စုရှန်းလော်သည် ခေါင်းညိတ်လိုက်၏။ သူသည် ဦးညွတ်ပြီးနောက် မြန်မြန်ဆန်ဆန် ဆိုသလိုပဲ စီစဥ်စရာရှိသည်များကို စီစဥ်ရန် ထွက်ခွာသွားခဲ့သည်။

All Chapters