အပိုင်း (၅၄၄)
Vol. 37 Ch. 544
ကောင်းကင်မူလလောကကြီး၏ တော်၀င်သဲကန္တာရမြို့အတွင်းမှာတော့ များပြားလှသည့်ကျင့်ကြံသူများသည် တစ်ဖွဲဖွဲနှင့် တိုးတက် ရောက်ရှိလာကြသည်။
အဓိကအကြောင်းအရာအားဖြင့် ကောင်းကင်မူလလောကကြီးထဲတွင် ယင်စိတ်၀ိညာဥ်များ ပေါများလာခြင်း ကြောင့် ဖြစ်၏။ သတ်ဖြတ်၍လည်း မရနိုင်သလို အနိုင်ယူ၍လည်း မရနိုင်သောကြောင့် တော်၀င်သဲကန္တာရ မြို့မှလွဲ၍ မည်သည့်နေရာမှသည် လုံခြုံသည့် နေရာဟူ၍ မရှိတော့ချေ။
ယင်စိတ်၀ိညာဥ်များသည် ခဏတာ ငြိမ်သက်တိတ်ဆိတ်သွားကြောင်း သူတို့ သိရှိခဲ့သည်ဆိုလျှင်တောင်မှ လက်ရှိအခြေနေတွင် အပြင်သို့ ရဲရဲ၀ံ့၀ံ့မသွားရဲကြချေ။
နက်နဲအလင်းလောကကြီးဆီမှ ရောရု၀ပြည်သားများ ၀င်ရောက်တိုက်ခိုက်မည်ဆိုလျှင် မည်သို့လုပ်မည်နည်း။ သူတို့အနေနှင့် မြေအင်မော်တယ်လောကကြီးကိုပင် ကြံ့ကြံ့ခံ မခုခံနိုင်ခဲ့ချေ။ ပိုမိုကာ အားကောင်းသည့် နက်နဲအလင်း လောကကြီးဆိုလျှင် ပိုမိုကာ စိုးပေလိမ့်မည်။
“ကျုပ်နောက်ဆုံးတော့ တော်၀င်သဲကန္တာရမြို့ကိုရောက်လာခဲ့ပြီ။ “
လက်ရှိအချိန်မှာတော့ လူတစ်ယောက်သည် အဝေးဆီမှ အသာလှမ်းလျှောက်လာ၏။ သူသည် အဖြူရောင် မာဖလာကို လည်ပင်း၌ ပတ်ထားပြီး တကယ့်ကိုကြည့်ကောင်းသည့် ဟန်ပန်အမူအရာမျိုးရှိ၏။
၄င်းသည် လူကြီးလူကောင်းတစ်ယောက်နှင့် ဆင်တူလှ၏။ ကံဆိုးစွာဖြင့် သူ့အနား ပတ်၀န်းကျင်တွင်ရှိနေသော လူများသည် သူ့ကို လုံးဝမမြင်သလို လျစ်လျူရှုထားကြသည်။
ကောင်းကင်လျှို့၀ှက်နန်းဆောင်ရှေ့သို့ ရောက်၍ အထဲသို့ လှမ်း၀င်ရန်ပြင်ချိန်မှာတော့ နန်းဆောင်ထဲတဆွင် တစ်စုံတစ်ယောက်ရှိနေပြီး အပြင်တွင်လည်း အခြားတစ်ယောက်က စောင့်နေကြောင်း မြင်လိုက်ရသည်။ ခဏကြာပြီးနောက် အပြင်၌ စောင့်နေသူသည် တစ်စုံတစ်ခုသော ခွင့်ပြုချက်ကို ရရှိသွားပုံဖြင့် အထဲသို့ လှမ်းဝင်သွားလေ၏။
ထိုသူသည် အထဲသို့ လှမ်းဝင်ပြီးနောက် လေးလေးစားစား ဦးညွတ်လိုက်သည်။ “ဂျူနီယာက ကောင်းကင်နန်းဆောင်သခင်ကို ဂါရဝပြုပါတယ်“
“ထာ၀ရအစစ်အမှန်အင်မော်တယ်လား။”
လီယွင်သည် ၀င်ရောက်လာသူကို လှမ်းကာကြည့်ရှုလိုက်၏။ သူ၏ နှုတ်ခမ်းပါးထက်တွင် အပြုံးတစ်ခုက ဖြစ်တည်လာခဲ့၏။ လက်ကိုအသာမြှောက်ကာပြောလိုက်၏။ “အင်း လာထိုင်အုံးလေ ။ လုပ်ရိုးလုပ်စဥ် တွေလုပ်မနေပါနဲ့”
“ကျေးဇူးပါ စီနီယာ”
ထာ၀ရအစစ်အမှန်အင်မော်တယ်သည် ခပ်မတ်မတ်ရပ်လျက်ရှိ၏။ ပြီးနောက်သူ၏ ဘေးတစ်ဖက်တွင်ရှိသည့် တိုင်ချူးကိုလှမ်းကာ ကြည့်ရှုလိုက်သည်။
တိုင်ချူးသည်အသာဦးညွတ်ကာ နှုတ်ဆက်လိုက်၏။ “မြေအင်မော်တယ်လောကထဲကိုမလာခင်က ကြီးမားတဲ့ကပ်ဘေးကြီးကို ရင်ဆိုင်ခဲ့ရတယ်။ စီနီယာရဲ့ အကူအညီအတွက် ကျုပ်အရမ်းကို ကျေးဇူးတင်ပါတယ်။”
“ဟမ်”
ထိုစကားကိုကြားသည့်အချိန်မှာတော့ တိုင်ချုးသည် ရှက်ရွံ့သလိုခံစားမိ၏။ သူသည် လောက၀တ်အရ ပြန်လည် ပြောဆိုလိုက်သည်။ “အင်း ... ဘာမှတော့မဟုတ်ပါဘူး။ ကျုပ်လုပ်သင့်တဲ့အရာပါပဲ။ “
သူသည် ကောင်းကင်လျှို့၀ှက်နန်းဆောင် သခင်မဟုတ်ပေ။ ထို့ကြောင့် ဤကဲ့သို့သော မြှောက်ပင့်စကားများသည် သူ့အတွက်အသားမကျသလိုဖြစ်နေ၏။ တစ်ဖက်လူ၏ အားအင်အဆင့်ကို သူသေသေချာချာသိရှိပြီးဖြစ်၏။ အန္တိမကျင့်ကြံသူအဆင့်ဆီသို့ရောက်ရန် အချိန်ကြာလိမ့်မည်မဟုတ်ပေ။
ပိုမို၍အရေးကြီးသည်မှာ ရောရုဝမှလူများ ဤလောကဆီသို့ လိုက်လာနိုင်ခြင်းမှာ သူ့ကြောင့်ဖြစ်ကြောင်း တစ်ဖက်လူ မသိရှိခြင်းပင်။ အကယ်၍ သိရှိသည်ဆိုပါက ဤသို့ လေးစားနေလိမ့်မည် မထင်ချေ။ တိုင်ချူးသည် သတိပြန်၀င်လာပြီးသည့်နောက် ထာ၀ရ အစစ်အမှန် အင်မော်တယ်ကို လှမ်းကြည့်လိုက်၏။ ပြီးနောက် လီယွင်ဘက် သို့လှည့်ကာ လေးလေးစားစား ပြောလိုက်၏။
“ဧည့်သည်ရောက်လာပြီဖြစ်တဲ့အတွက် ဒီမှာဆက်နေဖို့ မသင့်တော်တော့ပါဘူး။ ဂျူနီယာ့ အနေနဲ့ ဒီတစ်လောအတွင်း ဒဏ်ရာတွေလည်း ပြန်ကောင်းသွားပြီဆိုတော့ ကျုပ်သွားပါတော့မယ်။ “
တိုင်ချူးသည် အသာလှည့်ထွက်သွားရန်ပြင်၏။ ခြေထောက်ကိုအသာမြှောက် လိုက်ချိန်မှာပဲ လီယွင်က ဖြေးညင်းစွာ ပြောလိုက်သည်။
“အလျှင်လိုစရာမလိုဘူးလေ။ ခင်ဗျားတို့ နှစ်ယောက်က တူညီတဲ့ ရည်မှန်းချက်ရှိတယ်ဆိုမှတော့ ဒီနေရာမှာနေဖို့ အတွက် ပြဿနာမဟုတ်ပါဘူး။ ပြီးတော့ ထာ၀ရ အစစ်အမှန်အင်မော်တယ် ... သူကလည်း ခင်ဗျားရဲ့ အကူအညီကို လိုလိမ့်မယ်။ “
“ဟမ်”
ထာ၀ရအစစ်အမှန်အင်မော်တယ်၏ မျက်နှာတစ်ခုလုံးသည် ရုတ်တရက် အေးခဲသွားခဲ့၏။ ပြီးသည့်နောက် သူသည် ပျော်ရွှင်သွားမိ၏။ စီနီယာ၏ အားအင်အဆင့်ကို သူအစောကြီးထဲက မြင်ခဲ့ပြီးပြီဖြစ်သည်။ အဆင့်တူ ကျင့်ကြံသူတစ်ယောက်ကိုပင် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိအောင် ပြုလုပ်နိုင်ခဲ့သူဖြစ်သည်။ ထိုကဲ့သို့သော စွမ်းဆောင်ရည်သည် ရှင်းပြဖို့မလိုအောင် အားကောင်းမှာ သေချာ၏။
စီနီယာ၏ အကူညီကိုသာ သူရရှိသည် ဆိုပါက မြေအင်မော်တယ်လောကကြီးကို ကူညီကယ်တင်၍ ရမှာဖြစ်၏။ ထို့အပြင် ရောရု၀ပြည်၏ မသေနိုင်သော အလောင်းကောင်များ ကိစ္စ၏ ပြဿနာကို အဖြေရှာနိုင်သည် ဆိုပါက နက်နဲအလင်းလောကကြီးကို တန်ပြန်တိုက်ခိုက်ဖို့ဆိုသည်မှာ ပြဿနာမဟုတ်နိုင်တော့ချေ။
“စီနီယာပြောတာအမှန်ပါပဲ။ အလျှင်မလိုဘူးဆိုရင် ဒီမှာခဏနေပါအုံး။ နက်နဲအလင်းလောက က လူတွေ ရောက်လာပြီဆိုမှတော့ ကောင်းကင်မူလလောကကြီးနဲ့ မြေအင်မော်တယ်လောကတို့က တစ်စုတစ်စည်းနဲ့ စည်းစည်းလုံးလုံး ရှိနေသင့်တယ်လေ။ ဒါမှ ပြင်ပရန်သူတွေကို ခုခံနိုင်မှာပေါ့။ “ ထာ၀ရ အစစ်အမှန်အင်မော်တယ်က လေးလေးနက်နက်နှင့် အကြံပြုလိုက်သည်။
“အင်း”
တိုင်ချူးသည်ခဏလောက်စဥ်းစားပြီး ပြန်ပြောလိုက်၏။ “ဒီလိုဆိုမှတော့ ကျုပ်အရှက်မရှိ ဒီမှာနေရတော့မှာပေါ့”
ပြောပြီးသည့်နောက် သူသည် ထာ၀ရ အစစ်အမှန်အင်မော်တယ်ဆီသို့ အကြည့်ရွှေ့လိုက်၏။ တိုင်ချူးသည် ထာ၀ရ အစစ်အမှန်အင်မော်တယ် တစ်ယောက် ကောင်းကင်လျှို့၀ှက်နန်းတော်သို့ ရောက်ရှိလာခြင်းမှာ အဘယ့်ကြောင့်ဖြစ်ကြောင်း သိချင်နေမိသည်။ မည်သည့်သတင်းအချက်လက်များကို ၀ယ်ယူမည်နည်းက စိတ်၀င်စားစရာပင်။
“စီနီယာ”
ထာ၀ရအစစ်အမှန်အင်မော်တယ်သည် အချိန်အတော်ကြာ တိတ်ဆိတ် မနေခဲ့ချေ။ တိုက်ရိုက်ဆိုသလိုပင် ပြောဆိုလိုက်သည်။ “ပြင်ပလောကကလူတွေ ရက်အနည်းငယ်အတွင်း အရှုပ်အထွေးတွေ လုပ်တော့မယ်ဆိုတာ သိပါသလား။ အထူးသဖြင့် မြေအင်မော်တယ်လောကကိုပေါ့။ “
“ခင်ဗျားဆိုလိုတာက ရောရု၀ပြည်လား”
လီယွင်ကအသာလှောင်ပြုံးလိုက်၏။ ထာ၀ရအစစ်အမှန်အင်မော်တယ်၏ အတွေးကိုသူကသိရှိပြီးဖြစ်၏။ ထာ၀ရ အစစ်အမှန်အင်မော်တယ်သည် စိတ်ထဲတွင် များပြားလှသည့် မေးခွန်းများတည်ရှိနေသည်ဆိုသော်လည်း ကျိန်းသေပေါက် ရောရု၀ပြည်နှင့် ပတ်သက်သည့်အကြောင်းအရာကိုသာ ဦးစားပေး မေးမြန်းနေ၏။
“အရာအားလုံးက စီနီယာရဲ့ အသိအမြင်အောက်က မလွတ်မြောက်နိုင်ပါဘူး။" ထာ၀ရအစစ်အမှန် အင်မော်တယ်သည် ခေါင်းညိတ်ပြီးတိုက်ရိုက်ဆိုသလိုပင် ၀န်ခံလိုက်သည်။
“ဟုတ်တယ် ကျုပ်သိတယ် ။ ပြီးတော့ နက်နဲအလင်းလောကကြီး နဲ့ မြေအင်မော်တယ် လောကကြီး တို့က ကျုပ်ကြောင့် ပေါင်းစပ်ခဲ့တာလေ။ “
လီယွင်က အသာပြောလိုက်သည်။ ဤကိစ္စသည် လောကကြီးတစ်ခုထဲတွင် ရှိနေသည့် သက်ရှိသတ္တ၀ါ အားလုံး သိရှိပြီးဖြစ်၏။ ထို့ကြောင့် သူ၀န်ခံခြင်း ၊ မ၀န်ခံခြင်းမှာ အရေးမကြီးလှပေ။
“စီနီယာ၏ အားအင်အဆင့်ကို ကျုပ်တကယ်ချီးကျူးမိပါတယ်။ “
ထာ၀ရအစစ်အမှန်အင်မော်တယ်၏ နှလုံးခုန်သံများသည် မြန်ဆန်လာခဲ့၏။
ကောင်းကင်လျှို့၀ှက်နန်းဆောင်သခင် ဤကိစ္စကို အသိအမှတ်ပြုခြင်းသည် မြေအင်မော်တယ်လောက အတွက် ကောင်းမွန်သည့်အရာပင်ဖြစ်၏။ နက်နဲအလင်းလောက၏ ပြဿနာသည် မည်မျှကြီးမားကြောင်း နန်းဆောင်သခင် ကျိန်းသေပေါက် ကြိုတင်ကာ သိရှိပေလိမ့်မည်။ သို့ပေမဲ့ စီနီယာသည် ပေါင်းစပ်မှုကို ပြုလုပ်ခဲ့ပြီး ဖြစ်၏။ ထို့ကြောင့် ကျိန်းသေပေါက် စီနီယာ ၌ နည်းလမ်းတစ်ခုခု ရှိရပေလိမ့်မည်။
“အင်း … ကျုပ်က ရောရု၀ပြည်ကို မျက်နှာ သာပေးနေတယ်လို့ ထင်နေတာလား။” လီယွင်က မေးမြန်းလိုက်သည်။
“ဂျူနီယာအနေနဲ့ ဒီလိုအတွေးမျိုး မတွေးရဲပါဘူး။ ဒါပေမဲ့ ရောရု၀ပြည်ရဲ့ သတ္တ၀ါတွေက အရမ်းကိုရက်စက် လွန်းတယ်။ သူတို့က အလောင်းကောင်တွေကိုလည်း ထိန်းချုပ်နိုင်တယ်လေ။ ဒီနည်းလမ်းက သဘာ၀ရဲ့ နည်းလမ်းတွေနဲ့ ဆန့်ကျင်နေတယ် မဟုတ်လား။ “
“ရောရု၀ပြည်ရဲ့ နတ်ဘုရားစွမ်းအားတွေကို ချိုးဖျက်နိုင်တဲ့ နည်းလမ်းတစ်ခုခု စီနီယာ သိလားဆိုတာ မေးချင်ပါတယ်။ “
ထာ၀ရအစစ်အမှန်အင်မော်တယ်သည် လေးလေးနက်နက် မေးမြန်းလိုက်၏။ အသင်္ချေများပြားလှသည့် လောက အသီးသီးတွင် သေဆုံးပြီးနောက် အခြားသော တစ်စုံတစ်ယောက်၏ ထိန်းချုပ်မှုကို ခံချင်သူဟူ၍ မည်သူ ရှိသနည်း။
ပြန်လည်မွေးဖွားခြင်းစက်၀န်းထဲသို့ ဆင်းသက်ရန်မဆိုနှင့် သူတို့၏ နောက်ဘ၀ အခြေနေသည် တခြားသော တစ်စုံတစ်ယောက်၏ စိတ်ဆန္ဒပေါ် မူတည်နေမည်ကို မည်သို့မှ မနှစ်မြို့ကြချေ။ သူတို့သာ အသက်ရှင်တုန်း အင်မော်တယ်ဘုရင်အဆင့်ဆီသို့ ရောက်ရှိမည်ဆိုပါက ရောရု၀ပြည်တစ်ခုလုံးကို ပြောင်းပြန် လှန်ပစ်ဖို့ဆိုသည်မှာ ဖြစ်နိုင်ဖွယ်ရာ ကိစ္စပင်။
ရောရု၀ပြည်သည် တကယ့်ကို စုတ်ပြတ်နေသည့် သတ္တဝါများနှင့် ဖွဲ့စည်းထားခြင်းဖြစ်၏။ အသင်္ချေ များပြားသည့် လောက အသီးသီးတို့သည် ထိုသူတို့ပေါ်ပေါက်လာသည်နှင့်တစ်ပြိုင်နက် ၀ိုင်း၀န်း သတ်ဖြတ်ရမည်မှာ သဘာ၀ပင် ဖြစ်၏။
“အင်း .. ဒါ ၀ိညာဥ်ဆင့်ခေါ်ခြင်းပုတီးလုံးကြောင့်ပဲ။”
လီယွင်က အသာပြောလိုက်သည်။ “ရောရု၀ပြည်ရဲ့ လျှို့၀ှက်ရတနာတစ်ခုပဲ။ ဒီအရာက အင်မော်တယ်ဘုရင် အောက်မှာရှိတဲ့ ကျင့်ကြံသူအားလုံးကို ထိန်းချုပ်နိုင်စွမ်းရှိတယ်။ ဒါပေမဲ့ အင်မော်တယ် ဘုရင်အဆင့်ကို ရောက်သွားပြီဆိုရင် အဲဒီ လျှို့၀ှက်ရတနာက အသုံးပြုလို့ အကျိုးသက်ရောက်မှု မရှိတော့ဘူး။ ငရဲလောကကြီး ထိပ်ဆုံးအခြေအနေမှာ ရှိခဲ့တုန်းက ၀ိညာဥ်ဆင့်ခေါ်ခြင်း ပုတီးလုံးတွေ အများကြီးရှိခဲ့တာပေါ့။ ဒါပေမဲ့ ငရဲလောကကြီး ပျက်စီးသွားတဲ့နောက်မှာ အဲဒီ ပုတီးလုံးတွေ ပျောက်ခြင်းမလှ ပျောက်သွားခဲ့တယ်။ နက်နဲအလင်းလောကရဲ့ ရောရု၀ပြည်ထဲမှာ တစ်ချို့ရှိနေတာပဲ။”
“ဟမ်”
ထိုစကားကိုကြားသည့်အချိန်မှာတော့ တိုင်ချူးနှင့် ထာ၀ရ အစစ်အမှန် အင်မော်တယ်သည် မျက်ခုံးကိုပင့် လိုက်မိ၏။ တစ်ချို့ .... တစ်ချို့ဆိုသည်မှာ တစ်ခုတည်းမဟုတ်ပေ။ ၀ိညာဥ်ဆင့်ခေါ် ခြင်းပုတီးလုံးတစ်ခုတည်းကပင်လျှင် ကြောက်မက်ဖွယ်ရာကောင်းလှ၏။ အများကြီးသာရှိမည်ဆိုပါက ပိုမိုကာ ကြောက်မက်ဖွယ်ရာ ကောင်းပေလိမ့်မည်။
ရောရု၀ပြည်သည် မည်မျှများပြားသည့် အလောင်းကောင်များကို ဆင့်ခေါ်မည်နည်းကို မည်သူမှ မသိရှိကြပေ။ အင်မော်တယ်ဘုရင်အဆင့်အောက်တွင် ရှိနေသည့် စွမ်းအားမြင့်ကျင့်ကြံသူဟူ၍ အကန့်အသတ်နှင့်ရှိသော်လည်း အင်မော်တယ်ဘုရင်ဆိုသည့် စွမ်းအားမြင့်ကျင့်ကြံသူမှာ အနည်းငယ်သာလျှင် ရှိ၏။
သူတို့၏ လောကနှင့် နှိုင်းယှဉ်သုံးသပ်ရမည်ဆိုလျှင် ၀ိညာဥ်ဆင့်ခေါ်ခြင်းပုတီး၏ လက်အောက်မှ လွတ်မြောက်နိုင်သူဆို၍ ကောင်းကင် လျှို့၀ှက်နန်းဆောင်သခင်သာ ရှိပေလိမ့်မည်။ တခြားမည်သူမှ ၀ိညာဥ်ဆင့်ခေါ်ခြင်းပုတီး၏ အမိန့်အာဏာအောက်ကိုလွတ်မြောက် နိုင်လိမ့်မည်မဟုတ်ချေ။ အားလုံးသော သူတို့သည် သေဆုံးသွားပြီးနောက် လွတ်မြောက်နိုင်မှုမရရှိဘဲ ရောရု၀ ပြည်သို့ ၀င်ရောက်ပေလိမ့်မည်။
“စီနီယာကို မေးချင်ပါတယ်။ ရောရု၀ပြည်ထဲမှာ ဝိညာဉ်ဆင့်ခေါ်ခြင်းပုတီးလုံး ဘယ်လောက်များများရှိလဲ။ ကျုပ်တို့ ဒါတွေကို အကျိုးသက်ရောက်မှုမရှိအောင် ဘယ်လိုလုပ်ရမလဲ။ ပြီးတော့ ဒါတွေကို ဘယ်လိုဖျက်ဆီးရမလဲ။” ထာ၀ရအစစ်အမှန်အင်မော်တယ်သည် မြန်မြန်ဆန်ဆန်ပဲ မေးမြန်းလိုက်သည်။